
Monday, September 24, 2007
မိုး ရွာ နေ သည် ...

Posted by
Layma
at
5:00 PM
2
comments
Labels: Seasonal Post, Wondering
Sunday, September 23, 2007
သူရဲကောင်းများ နှင့် တွေ့ ဆုံခြင်း ( ဇာတ်သိမ်း)...
“... ကျွန်မ မရွေးချယ် တတ်တော့ဘူး ...၊ ရှင်တို့အားလုံး ပြန်ကြတာပဲ ကောင်းပါတယ်....”

Posted by
Layma
at
8:17 AM
4
comments
Labels: Pieces
Saturday, September 22, 2007
သူရဲကောင်းများ နှင့် တွေ့ ဆုံခြင်း ...(ပ)
လက်ညောင်းသွားပြီ... နောက်နေ့ မှ ဆက်တော့မည် .....။
Posted by
Layma
at
6:00 PM
2
comments
Labels: Pieces
Friday, September 21, 2007
လမ်းပေါ်က … ကချေသည်…
မိုးတွေက…စို
တကိုယ်လုံးမှာ… ရေတွေရွှဲ
မျက်ရည် … တွဲလဲ …။
အချမ်းရယ် … ပို
လမ်းမှာ … ငို
ပန်းသလို
နွမ်းသလိုနဲ့ …
လှိုက်ဖို ရွှေရင်အသည်း…
မယိုင်လဲအောင်
ထိုင်လှဲ ချင်တယ် …။
ကချေသည်…
ကချေသည်…
ယူကျုံး…မရ
သို့သော်…
လူလုံးလှအောင် …

Posted by
Layma
at
5:00 PM
4
comments
Labels: Poem
Thursday, September 20, 2007
ကျွန်တော် နှင့် စူးစမ်းခြင်း ...

Posted by
Layma
at
6:12 PM
8
comments
Labels: Link to the past, Pieces
Tuesday, September 18, 2007
လှိုင် (သို့ မဟုတ်) စာဆိုရှင် ...

Posted by
Layma
at
6:00 AM
13
comments
Labels: Thinking from History
Saturday, September 15, 2007
မွေးရပ်မြေ ...
ရှေးရှေးတုန်းက မွေးရပ်မြေ ...
“လေးမ” ရဲ့ ... ဇာတိချက်ကြွေ မွေးရပ်မြေကို ...တချိန်က “မဟာရန်ကုန်” ...၊ “ရန်ကုန်ရွှေမြို့ တော်ကြီး” ... ဟုခေါ်ပါတယ်...။ ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ... မြန်မာနိုင်ငံ၏ မြို့ တော်ဟု... သတ်မှတ်ခံ ခဲ့ရသော မြို့ ဖြစ်ပါတယ်...။ ရန်ကုန်မြို့ ဟာ ... မြန်မာနိုင်ငံတောင်ပိုင်း...၊ မြစ်ဝကျွန်းပေါ်ဒေသမှာ တည်ရှိတဲ့အတွက် ... အထက်ပိုင်းမှာရှိတဲ့ မြို့ များထက် ရာသီဥတု မျှတ ပါတယ်...။ တတိယမြန်မာနိုင်ငံကို တည်ထောင်တဲ့ ... ဦးအောင်ဇေယျက “ရန်အပေါင်း ကုန်စင်ပြီ” ဆိုတဲ့ အတိတ်နမိတ်နဲ့  ... “ဒဂုံ” ကို “ရန်ကုန်” လို့ အမည်ပြောင်းခဲ့ပါသတဲ့....။ “လေးမ” က ... “ငွေကုန်” လို့ ... အမည်ထပ် ပြောင်းပေးလိုက်ချင်တယ်... ။ ရန်ကုန်မြို့ ကို ... အလောင်းဘုရားလက်ထက်ကစပြီး ... အောက်မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးအချက်အချာ ဗဟို ဌာန အဖြစ် ... သတ်မှတ်ခဲ့ကြတယ်...တဲ့....။ ၁၈၈၅ မှာ မြန်မာနိုင်ငံကို ... ဗြိတိသျှတို့ သိမ်းပိုက်ပြီးတော့ လည်း ...ဒီလိုပဲဆက် သတ်မှတ်ခဲ့ကြတယ် ...။ ရန်ကုန်မြို့ ရဲ့ အတိတ်မှာ ကိုလိုနီစနစ်ရဲ့ ဆိုးမွေတွေ ...၊ ဂျပန် ခေတ်ရဲ့ နာကျည်းဖွယ်ရာတွေ ထင်ဟပ်နေသလို ... လွတ်လပ်ရေးရ အောင် ကြိုးပမ်းပေးခဲ့တဲ့ ... အာဇာနည် တွေရဲ့ အရိပ်တွေကလည်း ... မမေ့နိုင်အောင် လွှမ်းခြုံထားပါတယ်...။ “....ငါတို့ စစ်မြေပြင်ကို ထွက်ရမယ်... ဆင်းရဲမယ်... ငတ်မယ်... အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်....” ဆိုတဲ့ ... ဗိုလ်ချုပ်ရဲ့ အမှာစကားကို ... ဖေဖေက “တော်လှန်ရေးပန်းခြံ” ရှေ့မှာ ... “လေးမ”ကို ... ရွတ်ဆိုပြ ခဲ့တယ် ... ။ ရွှေတိဂုံဘုရားခြေရင်းက “အာဇာနည်ဗိမာန်” ကိုညွှန်ပြပြီး ... အာဇာနည်တွေ လုပ်ကြံခံခဲ့ရတဲ့ ...သွေးစွန်းခဲ့သော ၁၉ ဇူလိုင် အကြောင်း ... ပြောပြခဲ့တယ်...။ ၁၉၀၁ ဒီဇင်ဘာမှာ ဆောက်လုပ်ခဲ့တဲ့ ... တိရစ္ဆာန်ဥယျာဉ် ကြီးထဲမှာ ... တိရစ္ဆာန်လေးတွေကို ... ချစ်တတ်အောင် သင်ယူခဲ့ရတယ် ... ။ “လေးမ” ငယ်ငယ်ကတော့ အကောင်တွေ အစုံပဲ... အများကြီးပဲ ... ။ မှတ်မှတ်ရရ... လူဝံကြီးက ငုံထားတဲ့ရေတွေနဲ့  လှမ်းထွေးလို့  ... လန့် ဖျား ဖျားသွား သေးတယ်...။ ငါးပြတိုက် မှာလဲ ... ငါးလေးတွေ ... လိပ်လေးတွေနဲ့  စကားပြောခဲ့ဖူးတယ်...။ ရွှေတိဂုံဘုရားနဲ့  ပြည်သူလွှတ်တော် ကြားမှာ ...ရှိနေတဲ့... ကျယ်ပြန့် တဲ့ ... ပြည့်သူ့ ရင်ပြင်ကြီး အတွက် စီမံကိန်းဆွဲခဲ့တဲ့ သူတွေကို ... ကျေးဇူးတင်စရာ ကောင်းတယ်... ။ အမြင်ပိတ်ဆို့ မှု မရှိတော့ဘူး ...။ ရင်ပြင်သာ မရှိ ခဲ့ရင် ...အဆောက်အဦ အမြင့်ကြီး တွေ ... ရောက်လာပြီး ... အမြင် ရသကို ... ဖျက်ဆီးဦးတော့မှာ....။ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီး ကတော့ ... shopping mall တွေ ... ဘယ်လောက်များများ ... ပန်းပန်လျက်ပါတဲ့ ...။ ကမ္ဘာလှည့်ခရီးသည်တွေကလည်း မြန်မာပြည်ရောက်ရင် ... ဗိုလ်ချုပ်ဈေးကိုတော့ ... ရောက်အောင်ဝင်ကြ တယ် ... ။ စက်လှေကားတွေ ... ဓါတ်လှေကားတွေ ... တပ်ဆင် ထားတဲ့ ... သူတို့ဆီက ... အဆင့်မြင့် ကုန်တိုက်ကြီးတွေနဲ့ မတူဘဲ ... မြေပြင်ညီမှာ ရုံတွေခွဲပြီး ဆောက်လုပ် ထားတဲ့ ... ဗိုလ်ချုပ်ဈေးထဲမှာ ... လှည့်ပတ် ဈေးဝယ်ရတာ ... အရသာ အသစ် ... ဖြစ်တယ် ထင်ပါရဲ့ ...။ ရန်ကုန်မှာ ...တန်ခိုးကြီးစေတီပုထိုး တွေကတော့ အများကြီးပဲ ... ။ “လေးမ” ... မြန်မာပြည်က မခွာနိုင်ရတဲ့ အကြောင်းတွေ ထဲမှာ ... “ရွှေတိဂုံ” ဘုရားကို ... ရင်ပြင်တော်ပေါ်က ထိုင်ပြီးဖူးရတဲ့ ပီတိကို ... အဆုံးရှုံးမခံနိုင် တာလည်း ... တစ်ခုအပါအ၀င် ပါပဲ ... ။ ရန်ကုန်မြို့ မှာ လေ့လာစရာ ... လည်ပတ်စရာတွေ ...အများကြီးကျန်သေးပေမယ့် ... “လေးမ” ... ဒီလောက်ပဲ ရေးပါရစေ ...။
ဇာတိမြို့ ကလေးနဲ့ ပတ်သက်လို့ ... မှတ်သားထားတာလေးတွေကတော့...
၁၉၀၁ ဒီဇင်ဘာတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် စဆောက် ... ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Hotel ဖွင့် ...၊၁၉၀၃ တွင် ရွှေတိဂုံ ဘုရားပေါ် ကျားတက် ...၊၁၉၀၅ ဒီဇင်ဘာ တွင် Rangoon ( Yangon) Electric Tramway and Supply Co. အိမ်မီးထွန်းရန်နှင့် ဓါတ်ရထားအတွက် လျှပ်စစ်ဓါတ်အား စပေး ...၊ ရန်ကုန်သို့  မော်တော်ကားများ စတင်ရောက်ရှိ...၊ ရန်ကုန် တရားလွှတ်တော်ရုံးချုပ် စဆောက် ... ၊ ၁၉၀၇ ဒီဇင်ဘာ ၁၉ တွင် ရန်ကုန်မြို့ လမ်းများ၌ ရေနံဆီမီးတိုင်များအစား လျှပ်စစ်မီးများစထွန်း... ဒီလမှာပဲ ရန်ကုန်မြို့  မြေအောက် တယ်လီဖုန်းကြိုးများစတင်တပ်ဆင်...၊
ဖော်ပြပါအချက်အလက်များကို ရွက်နုဝေမဂ္ဂဇင်းတွင် ဦးမြဟန်ရေးသားသော “မြန်မာပြည်ဒိုင်ယာရီ” မှကူးယူထားပါသည် ....။
????????
နောင်နှစ်ပေါင်း ( ??? ) ကြာလေသောအခါ ...မွေးရပ်မြေ ...

Posted by
Layma
at
11:23 PM
13
comments
Labels: Tag
Friday, September 14, 2007
Wooden Architecture Forum- Japan-Myanmar
29 September 2007 ( Saturday)
2:00 pm
Myanmar Engineering Society (MES) building , Hlaing Campus , Yangon .
Papers
- Wooden Architecture in Myanmar ( Sun Oo - Senior Registered Architect , AMA)
- Conservation of Timber Buildings in Myanmar ( Khin Maung Maung - CEC , MES)
- Comparative Structural Analysis of Traditional & Modern Timber Roofs ( Saw Htwe Zaw - Structure Engineer , MES )
- Role of Timber in Recent Building Projects ( Chaw Kalayar - Architect , AMA )
Organized by Myanmar Engineering Society (MES) & Association of Myanmar Architects ( AMA )
CPD points will be given to the participating registered architects.
Posted by
Layma
at
3:54 PM
0
comments
Labels: News
Wednesday, September 12, 2007
ဆောင်းအိပ်မက် ...
ဒီဇင်ဘာအိပ်မက်...
ရန်ကုန်ဆောင်းကို အနွေးထည်ပါးပါးနဲ့  ရင်ဆိုင်ခဲ့လို့  မန္တလေးဆောင်းကို အနွေးထည်ထူမပါပဲ တိုက်ပွဲဝင်လိုက်ရတယ်... အမေ (သို့ မဟုတ်) “ငွေ” အမြန်လာပါ...လို့  သံချောင်းခေါက် လိုက်ရတယ်...။ မေမေ ၀ယ်ပေးတဲ့ ပြင်ဦးလွင်က ဆွယ်တာရောင်စုံ သိုးမွှေးဦးထုပ်နဲ့  ရှိုးပေးချင်ပေမယ့် အသားပတ်တော့ ခေါင်းငုံ့ ထားရတယ်...။ “ဆောင်း”တွင်းမှာ စောင်ထဲကမထွက်ချင်တဲ့ ရောဂါက အတော်ဆိုးတယ် ...။ အတန်းလဲ မတက်ချင်ဘူး ... စောင်ထဲမှာပဲနေချင်တယ်....။ အားတင်းပြီးအပြင်ထွက် လိုက်တော့လဲ .. နွေးသွား တာပဲ...။ နေက ပြင်း လှသည်လေ ...။
မှတ်မှတ်ရရ ၁၉၉၉ ဒီဇင်ဘာ ၂၅ ရက်က... သိပ်အေးတဲ့ ဆောင်းပဲ ... ပိတ်ရက်ဆိုတော့ ... ရတနာပုံ မှာ တိုက်ကား သွားမောင်းဖို့  ... သူငယ်ချင်း ၃ ယောက် ... ဆိုင်ကယ်တစ်စီးနဲ့ ထွက်ခဲ့တယ်... ။ ထွက်ကတည်း က “မိ” နဲ့  ကတောက်ကဆ ဖြစ်ပြီး ... စိတ်က သိပ်မကြည်ဘူး ... ။ ပုသိမ်ကြီး အကျော်လောက် ရောက်တော့ ဆိုင်ကယ် ၂ စီးဘေးက လိုက်လာပြီ....။ ဆိုင်ကယ်တစ်စီးကို ကောင်မလေး ၃ ယောက်စီးတော့ အစ ခံရပြီပေါ့... ။ စရင်းစရင်း ခေါင်းစည်းအပြာလေး ... စီးထားတဲ့ “လေးမ” ကို “အလယ်ကအဒေါ်ကြီးက ဘယ်တုန်းက ခေါင်းပေါက် တာတုန်း...” လို့ လဲ ဆိုရော ... လက်ထဲက ... စားလက်စ “ဆမူဆာ” နဲ့  လှမ်းပေါက် လိုက်တယ် ... ။ အဲဒါအကြီးအကျယ်မှားတာပဲ ... ဘော်ဒါတွေဖြစ်သွားကြရော ... ဘယ်လို ဖြစ်သွားတာလဲ...သိချင်လား... ပြောပြဘူး ....။ ဒီလိုနဲ့  အစ်ကိုသူငယ်ချင်း ၄ ယောက်ရခဲ့တယ်...။ မန်းလေးမှာ ကျောင်းတက် ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ... ယောက်ျားလေးသူငယ်ချင်းဆိုလို့ .... ဒီ ၄ ယောက်ပဲ .... ဒါအကုန်ပဲ ....။ “တာရာပွကြီး” ဖတ်ပြီး “တခွိခွိ”ရယ်တတ်တဲ့အရွယ်မှာ . “နှလုံးသား အာဟာရ ” နဲ့ “ကုတ်အကျီင်္(ဘာသာပြန်)” ကို သူတို့က ... လက်ဆောင်ပေးခဲ့တယ်... ။ သူတို့ ပြောပြတဲ့ အကြောင်းအရာတွေထဲမှာ ... “နေတိုးအဖွဲ့ ” ဆိုတာလဲပါတယ် ... ။ သူတို့က ပြောတယ်.... “ ညည်းတို့ က.... ဒို့ ညီလေးတွေ လိုပဲ ” တဲ့ ....။ နောက်တစ်နှစ် ဆောင်းရောက်တော့ ... “ ညည်းတို့  အဆောင်ရှေ့ ဂစ်တာလာ တီးမယ်...” ဆိုပြီး ... ညဘက်ကြီး ... ဆိုင်ကယ် တတီတီ နဲ့ ရောက်လာတယ် ... “ ၀ို့ ...ဒီဇင်ဘာ....” ဆိုတဲ့ သီချင်းနဲ့  ဆောင်းညကိုကြိုဆိုခဲ့ကြတယ်....။ “လေးမ” တို့ ၃ ယောက်ကတော့ ... ၀ရန်တာမှာ မီးပိတ်ပြီး ... ဖျာလေးခင်း စောင်လေးခြုံလို့  ... ငုတ်တုတ်လေးထိုင်ပြီး အားပေးခဲ့ကြတယ် ... မိုးလုံးမှိုင်း. .. ရွှေတောင် ပံ. ... ဟန်နီ...စတဲ့ သီချင်းကောင်းလေး တွေကို ... ဂစ်တာသံ သန့် သန့် နဲ့  ... သံပြိုင်အော်သွားကြတာ ..ဒီနေ့ အထိ မှတ်မိ နေတုန်းပဲ ...။ ဒါက မက်ခဲ့ဖူးတဲ့ ဆောင်းတွင်း အိပ်မက်တစ်ခုပဲ ....။
တန်ဆောင်တိုင်အိပ်မက်
အဲဒီနေ့ က လပြည့်နေ့ မရောက်ခင်တစ်ရက်အလို ...။ မီးရှူးမီးပန်းတွေ အမျိုးမျိုးကို တပွေ့ တပိုက်ကြီးပိုက်ပြီး “သူ” ရောက်လာတယ်.... မီပန်းတွေအတူတူလွှတ်ကြတယ် ... မီးကျည်တွေက ရင်ထဲမှာလဲ ... အပြင်က မီးပန်းတွေနဲ့  ... အပြိုင်အဆိုင်ပဲ ...။ မီးပုံးပျံလေးကို မီးတိုက်ကြတယ်... မှိုင်းဝအောင်စောင့်ရင်း မီးပုံးပျံကို ... ကိုင်ထားတဲ့ လက်ဖျားတွေက ... တဆတ်ဆတ်တုန် နေခဲ့တယ် ...။ တအိအိတက်သွားတဲ့ ... မီးပုံးပျံလေးနဲ့ အတူတူ... လူကလဲ မိုးပေါ်မှာ မြှောက်နေသလိုပဲ ... ။ စိတ်နဲ့ လူနဲ့ မကပ်ပေမယ့် ... ခဏခဏပြုံးပြမိတယ် ... မကြာမကြာဆုံတဲ့ မျက်လုံးတစ်စုံကို ရှောင်လွဲရင်းနဲ့  ခိုးကြည့်မိတယ်....။ အဲဒီလို သိပ်ကို သိမ်မွေ့ ကဗျာဆန် နေတဲ့ အချိန်မှာ ... ရင်ခုန်စရာ မကောင်းလိုက်ပုံက... အဖျက်သမား “မိ” က ... ပြောင်စပ်စပ်မျက်နှာနဲ့  ... ဘေးမှာ ရှိနေတယ်....။ အဲဒီလိုညမျိုးတွေသာ ... ပြန်ရခဲ့မယ်ဆိုရင် ...“မိ”ရေ... ငါ့အိပ်မက်ထဲမှာ နင်လဲပါလို့ရ ပါသေးတယ်...။
ဆောင်းတွင်းအိပ်မက်တွေကနေ ... လန့် နိုးလာတော့ ... ဆောင်းကုန်သွားပြီ ...။ နောက်နှစ် ဆောင်းတွေ ရောက်တိုင်း ... ဆောင်းအိပ်မက်တွေ ကတော့ မက်နေရဦးမှာပဲ ... ။ ။
ဆောင်းကိုဆက်ချမ်းသင့်တဲ့ သူများကတော့ ...
၁။ ကိုရန်အောင်
၂။ ကိုဘုရင့်နောင်
၃။ ကိုမျှားပြာ
အားတဲ့အချိန် ... ရေးချင်စိတ်ရှိတဲ့အချိန် ...ရေးပေးပါရှင် ...။

Posted by
Layma
at
9:03 PM
14
comments
Labels: Link to the past, Tag
Sunday, September 09, 2007
လေလွင့်ခရီးသည်ရဲ့ အပြာရောင်ကျောပိုးအိတ် …
“ဖေ နဲ့  မေ” ကို ကန်တော့ပြီး ... ကျွန်တော့်ကို ပုခုံးပေါ်လွယ်လိုက်တယ် ...။ သူ့ အမေရဲ့ ရင်ခွင်ထဲကို ခေါင်းတ ချက် ဝှေ့လိုက်ပြီး ... “ကျန်းမာရေးဂရုစိုက်နော် အမေ” လို့  ... တိုးတိုးလေး ရေရွတ်လိုက်တယ် ... ။သူ့ အမေရဲ့ မျက်ရည်စက်တွေကို တစ်ချက်ငေးပြီး ... ကောင်လေး ... တွေခနဲ ... ဖြစ်သွားတယ် ... ။ ဒါပေမယ့် “ငါ သွားရ မယ် ... သွားမှဖြစ်မယ် ... ငါမသိသေးတာတွေကို ရှာဖွေဖို့ အတွက် ... ငါ...သွားကို သွားရမယ်... ” လို့  ကိုယ့်ကိုယ်ကို ... အားတင်းပြီး ... အမေ့ရဲ့ မျက်ရည်တွေကို ..နှုတ်ဆက်လိုက်တယ် ..ကျောခိုင်းလိုက်တယ် ...။ ခပ်လှမ်းလှမ်းရောက် တဲ့အခါ .... ကောင်လေးက ... သူလျှောက်ခဲ့ဖူးတဲ့ ... ပြေးဆော့ခဲ့ဖူးတဲ့ ...ချန်ထားရစ်ခဲ့ တဲ့ ... မြေနီလမ်းလေးကို နှုတ်ဆက်တဲ့အနေနဲ့  ... ပြန်လှည့်ကြည့် လိုက်တယ် ... ။ မျက်ရည်တွေဝေ့နေတဲ့ ... ကောင်လေးရဲ့ မျက်ဝန်းတွေကို ... ကျွန်တော် မြင်လိုက်ရတယ် ...။
အ၀တ်အစား သုံးလေးစုံ ... ၊ မရှိမဖြစ် အသုံးအဆောင်လေး တချို့ နဲ့ ... မိသားစုဓါတ်ပုံလေးတစ်ပုံ... ရည်းစား မဟောင်း တဟောင်း လေးရဲ့ ... ဓါတ်ပုံလေးညှပ်ထားတဲ့ ... ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ကို ... သယ်ပိုး ပေး ထားတဲ့ ကျွန်တော့်ရဲ့လက်ကို ... တင်းတင်းဆုပ်ကိုင်ပြီး ... ခြေလှမ်းကျဲကြီးတွေနဲ့ ... ကောင်လေး ခရီးဆက်ခဲ့ ပါတယ် ..။
အဆုံးမဲ့မိုးသားထဲကို ..... ငါပျံသန်းခဲ့….
ကောင်လေးမှာ ... ခရီးစဉ်မရှိဘူး... ခရီးဆုံးမရှိဘူး ... လမ်းညွှန်မရှိဘူး ... အဆုံးမရှိတဲ့ ကောင်းကင်ကြီးထဲမှာ ပျံသန်းနေတဲ့ ငှက်တစ်ကောင် လိုပဲ ... ကောင်လေးလဲ ပျံသန်းနေတယ် ...။ လောကကြီးအကြောင်းကို သိဖို့  ...နေရာစုံကို... ရွက်လွှင့်ခဲ့တယ် ... ထောင့်ပေါင်းစုံက လေ့လာခဲ့တယ် ... ။ ကောင်လေးရဲ့ သိလိုမှုတွေ က အဆုံးမသတ် နိုင်ဘူး ...။ စူးစမ်းမှုတွေက အားရတယ် မရှိဘူး ...။ ကျွန်တော်လဲ ကောင်လေးနဲ့ အတူ သင်ယူခဲ့တယ် ...။
တနေရာကထွက်ခဲ့ရင် ... ကောင်လေးဘယ်ကို ခရီးဆက်ဦးမလဲ... ဘယ်လောက်ကြာမလဲ ... ဘယ်လို အဆုံး သတ်မလဲ .... ကျွန်တော် တိတ်တိတ်လေး စောင့်ကြည့်ရင်း ... ရင်မောနေခဲ့ရတယ် ...။
ရက်စက်တဲ့ လမ်းများ အဝေးမှာ ... ခေါ်သံတွေကြား …. ပြေးထွက်ခဲ့ ငြင်းမရပါလား ...
ကောင်လေးလျှောက်ခဲ့တဲ့... လမ်းတိုင်းက မချောမွေ့ ဘူး ... ။ လမ်းကြမ်းတွေပေါတယ် ... ချိုင့်တွေ ပေါတယ် ... စိန်ခေါ်မှုတွေပေါတယ် ... ရက်စက်မှုတွေစောင့်နေတယ် ... ။ ရှောင်သွားလို့ မရဘူး ... ထွက်ပြေးလို့ မရဘူး ... ငြင်းဆန်ခွင့် မရှိဘူး ... ။ ကြံ့ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့  ရင်ဆိုင်ခဲ့ရတယ် ... ။ အကြိမ်ကြိမ် ပြိုလဲတော့မလိုဖြစ်ခဲ့တယ် ... ။ ဒါပေမယ့် ခုချိန်ထိ ကောင်လေး လဲမကျသေးဘူး ...။
အဖြူရောင် မင်းရဲ့ဘ၀လေး .....
တခါက ... ကောင်လေးရဲ့ ဒိုင်ယာရီ စာအုပ်လေးကို ... ကျွန်တော်မေးကြည့်တယ် ... ။ ကောင်လေးက ချစ်သူလေးကို ဘာလို့ ထားခဲ့တာလဲ ... လို့  … ကောင်လေးကပြောတယ်တဲ့ ... ချစ်သူလေးရဲ့ အဖြူရောင်ဘ၀လေးကို ... သူ့ ကြောင့် မညစ်နွမ်းစေချင်ဘူး ... မရေရာတဲ့ ဘ၀ထဲကို ... ဝေေ၀၀ါးဝါးနဲ့ ဆွဲမခေါ်ချင်ဘူး ... လန်းဆန်း နေတဲ့ အပြုံးလေးတွေကို ..သောကတွေနဲ့ မနွမ်းသွားစေချင်ဘူး တဲ့ ...။ ဒါကြောင့်.. “နေခဲ့တော့” တဲ့ ။
ငါ့အတွက်မေတ္တာတရားတွေရှိဦးမလား....
တခါတလေ ရင်ဆိုင်ရတာတွေက ခါးသီးလွန်းလို့ .... “ငါ့အတွက် ချွေးသိပ်စရာနေရာမှ ရှိသေးရဲ့လား ... ငါ့အတွက် မေတ္တာတရားဆိုတာရနိုင်ပါ့မလား ... ” လို့ ကောင်လေးက ... ညည်းတွားတတ်သေးတယ် ...။
ဒါဟာအဆုံးသတ်ခြင်းတစ်ခုလား .... ဒါဟာအစပြုခြင်းတစ်ခုလား...
ကောင်လေးရဲ့ ကျောပိုးအိတ်လေး ကျွန်တော်ကတော့ ... အခုကောင်လေးရပ်နေတဲ့နေရာဟာ ..ကောင်လေးရဲ့ ခရီးဆုံးသွားတာလား ... နောက်တစ်ခုကို စဖို့ အားယူနေတာလား ... ဘယ်တော့မှ မခန့်မှန်းနိုင်ခဲ့ ဘူး ။ ကောင်လေး ကိုယ်တိုင်လဲ သေချာမသိဘူး ... ။
လေလွင့်ခြင်းလမ်းမများ ….. လေလွင့်ခြင်းလမ်းမများ…..လေလွင့်ခြင်းလမ်းမများ
ဘာပဲဖြစ်ဖြစ် လေလွင့်နေတဲ့ ကောင်လေးရဲ့ .... အရောင်လွင့်နေတဲ့ ကျောပိုးအိတ်တစ်လုံးအဖြစ် .. လေလွင့် နေရတာ ... ကျွန်တော်သိပ်ကျေနပ်ပါတယ် ... ။ ။

Posted by
Layma
at
6:50 PM
5
comments
Labels: 2 in 1 style, Heart touching songs
Saturday, September 08, 2007
အထူးသတင်း
( ဘယ်က ဘယ်လို ဘာကို ... ရှင်းရမှန်းတောင် မသိဘူး…အဟမ်း…ဟမ်း….နိုင်ငံရှော် စုံထောက်ကြီးကလဲ ချောင်း နေတယ် ဆိုတော့ … အပြောအဆို ဆင်ခြင်မှ …)
ရှင်းလင်းပွဲကို ... စိတ်ဝင်တစား တက်ရောက်လာကြသူများကို ကျေးဇူးတင်ပါသည် …။ ဒီကနေ့ .ရှင်းလင်းပွဲကို “ သမိုင်းဆိုင်ရာ ရှင်းလင်းပွဲ ” လို့ လဲ အမည်တပ်နိုင်ပါတယ်…။ ရေးဖြစ်ခဲ့တဲ့ ပုဂံဇာတ်လမ်းနဲ့  ပတ်သက်ပြီး .. ရှင်းချင်တာပါ …။ ဒီဇာတ်လမ်းကို ရုပ်ပြ …၊ ၀တ္ထု ၊ သမိုင်း မှတ်တမ်းများမှာ ... အတော်များများ ရင်းနှီးပြီးသား ဖြစ်ပါတယ်…။ ဒီဇာတ်လမ်းမှာ ရုပ်ရှင်စကားနဲ့  ပြောရရင် ... အဓိက မင်းသားနဲ့ မင်းသမီး ( ကာယကံရှင် တွေလို့ ပြောချင်တာပါ ) က ... “စောယွန်း” နဲ့  “ရွှေအိမ်သည်” ပါ …။ “လေးမ” ရေးထားတဲ့ ကျန်စစ်မင်း … အပယ်ရတနာ နဲ့  … ပဋိက္ခရား … တို့ ဟာ...ဇာတ်ပို့ နေရာက လူတွေပါ …။ ရုပ်ရှင်မှာ ဇာတ်လမ်းပီပြင်ဖို့  ... ပို့ ပေးရတဲ့ ဇာတ်ရုပ်တွေကလဲ ... အရေးကြီးပါတယ်….။ ရာဇ၀င်မှာ ... မင်း...တွေအများကြီးရှိသလို ... သားတော်သမီးတော်တွေလဲ ... အများကြီးရှိခဲ့ပါတယ် ... ။ မင်းတွေ ... မိဖုရားတွေက ... အကြောင်း အမျိုးမျိုးနဲ့ ... ရာဇ၀င်မှာ နာမည်ထင်ခဲ့ကြပေမယ့် ... သမီးတော်တွေထဲက သမိုင်းမှာ မှတ်မှတ်သားသား ကျန်ရစ်ခဲ့တာ ... ရှားပါတယ် … ။ “ရွှေအိမ်သည်”မင်းသမီးမှာလဲ ... ပဋိက္ခရားမရှိခဲ့ရင် ... ကျန်စစ်မင်းနဲ့  အပယ်ရတနာလို ... ဘ၀အရေးကို ကိုင်တွယ်ဖြေရှင်းသွားတဲ့ ... မိဘတွေသာ မရှိခဲ့ရင် ... ရာဇ၀င်မှာ “ပုဂံနှင်းဆီ” လို့  ... ထင်ရှားကျန်ရစ်ခဲ့ဖို့ ဆိုတာ ... ခက်ပါတယ် ….။ ဒါကြောင့်...ဇာတ်ပို့ တွေ နေရာကနေ “လေးမ” တွေးကြည့် ... ရေးကြည့်တာဖြစ်...ပါတယ် ။ အသေအချာ ထပ်ပြောရရင် ... “လေးမ” ရေးတာ သမိုင်းမဟုတ်ပါဘူးရှင် ... ။ သမိုင်းက ပေးတဲ့အတွေး ... ရာဇ၀င်ထဲမှာ မထားရစ်ခဲ့နိုင်တဲ့ ... အတွေးတွေပါ ။ အဲဒီအတွေးတွေက အဖြူရောင်သက်သက်ပါ ...။ သမိုင်းကို တွန်းလှန်ဖို့  ... သင်ရိုးညွှန်းတန်းတွေကို ဆန့် ကျင်ဖို့ ... လုံးဝမရည်ရွယ်ပါဘူး ။ “လေးမ” တို့ သင်ခဲ့ရတဲ့ ... ကျန်စစ်မင်းကြီးက ... အလွန်တော်…အလွန်မြင့်မြတ် ပါတယ် …တကယ်လဲ တိုင်းပြည်အပေါ်ကျေးဇူးကြီးပြီး ... လေးစားထိုက်ပါတယ် …. လေးလဲ လေးစားပါတယ် ..။ ဒါပေမယ့် ... ကျန်စစ်မင်းကြီး ... ဒီလို လေးစားခံရဖို့  စတေးခဲ့ရတဲ့ ... ဇနီး နဲ့သမီး ကို တွေးကြည့်မိတယ် ... သူတို့ ပျော်ရဲ့လားလို့  …။ ဒါကြောင့် “အပယ်ရတနာ”ကို ... ရေးမိတယ် … ။ ပဋိက္ခရားကရော ... သူလဲ ချစ်တတ်တဲ့ အသည်းနှလုံးနဲ့ လူပဲလေ ... အချစ်မှာမျက်စိမှ မရှိဘဲ ...ချစ်မိသွားတာတော့ ဘယ်တတ်နိုင်ပါ့မလဲ ... ။ ဒီတော့ ...သူ...ဘယ်လိုများနေမလဲလို့ ... တွေးမိတယ် …ရေးချမိတယ် …။ ကျိန်စာကိုထည့်လိုက်တာကတော့ ... စိတ်မကောင်းလို့  ...။ ဘာကိုစိတ်မကောင်းလဲ ဆိုတော့ ... shopping center တွေကိုသွားရင် ... နိုင်ငံခြားသားတွေနဲ့  လက်ချင်းချိတ်ပြီး ... ရုပ်ပျက်ဆင်းပျက် ကဲပြနေတဲ့ ... မြန်မာမတချို့ ကို ... ခဏခဏတွေ့ နေရလို့ ပါ ...။ တစ်နေ့ ကလဲ feel မှာဆုံတယ် ...။ နိုင်ငံခြားသားကမုန့် စားနေတယ် … ဗမာမက ဂါဝန်နဲ့ …ဒါလင်..ဘာညာနဲ့ ရှေ့မှာ ကိုးယိုး ကားယား လာလုပ်နေတယ် ...။ မျက်နှာလွဲလိုက်ပေမယ့် ... မနေနိုင်တဲ့မျက်လုံးက ... ထောင့်ကပ်ပြီး ခိုးကြည့်လိုက်တော့ ... ပိုက်ဆံတစ်ထပ်တောင်းပြီး ... city mart ဘက် ... ထွက်သွားတာတွေ့ ရတယ် ….။ ရင်နာတယ် ... စိတ်ပျက်တယ် ... ကဲ့ရဲ့တာမဟုတ်ဘူး ... ။ ချစ်လို့ ယူထားကြရင်လဲ ... ဗမာပြည်မှာ ... ဗမာတွေရဲ့ မျက်စိရှေ့မှာ ... အမြင်မရိုင်းအောင်တော့ ... နေသင့်တယ်ထင်တယ် … ။ ဒါမျိုးတွေ တွေ့ ရဖန် များလာတော့ ... ပဋိက္ခရား များ ... ကျိန်စာတိုက်သွားလေသလားလို့  ... သံသယ၀င်မိတယ် ... ။ မျိုးချစ်စိတ်နဲ့ ... ဆိုင်တာမဆိုင်တာတွေ ... လုံးဝ ထည့်မပြောဘူး ... အမြင်မတော်တာကို ပြောတာ ….။ “ကျန်စစ်မင်းရဲ့မေတ္တာ” ကတော့ “လေးမ” ကြီး ... မှ သိတဲ့ အသိ...။ ဆရာမကြီးဒေါက်တာမတင်ဝင်း ရေးတဲ့ “ မင်း၁၀ပါးရာဇ၀င်” ကိုဖတ်ပြီးမှ သိတဲ့အသိကို ဆက်ပွားလိုက်တာ ... ။ ငယ်ငယ်က ကျက်ခဲ့ရတာက တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲအောင် ... သမီးတော်ကို စောယွန်းနဲ့  ... လက်ဆက်စေသည် ... ဆိုတာ လောက်ပဲ သိတယ် … စောယွန်းက ဘာလဲ ... စောယွန်းနဲ့လက်ဆက်ရင် ... ဘာလို့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲတာလဲဆိုတာ ... မသိခဲ့ဘူး ... အခုကြီးမှ....သိတယ် ... ။ဒါကြောင့် “လေးမ” လိုပဲ သမိုင်းကို စိတ်ဝင်စားတဲ့သူ ... မသိသေးတဲ့သူတွေရှိရင် ... သိရအောင်လို့  ... ရေးချလိုက်တယ် … သေချာ တွေးကြည့် လိုက်တယ် ...။ ပြောချင်တာကတော့ ဒီလောက်ပါပဲရှင် ...။
ဒီပုဂံဇာတ်လမ်း ဒီမှာ အဆုံးသတ်ပါပြီလို့ ပြောရင်းနိဂုံးချုပ်ပါတယ်…။
မေး - ပဋိက္ခရား က ဒီလို တကယ်ကျိန်ခဲ့တယ်လို့ ထင်ပါသလား...
ဖြေ - မသိပါဘူး …
မေး - ပဋိက္ခရားနဲ့ ရွှေအိမ်သည် ဘယ်မှာချိန်းတွေ့ ကြပါသလဲ...
ဖြေ - မသိပါဘူး...
မေး - ပဋိက္ခရားနဲ့  ရွှေအိမ်သည် ဘယ်လို ဘာသာစကားနဲ့  ပြောဆိုဆက်ဆံကြပါသလဲ...
ဖြေ -မျက်လုံးချင်းသာ စကားပြောခဲ့တယ်လို့  “မင်းကျန်စစ် ကို ချစ်တဲ့သူများ” ထဲမှာရေးထားပါတယ် ... စကားပြန် မုတ္တမသား အဖိုးအိုကတဆင့် လက်ဆောင်ဆက်တယ်လို့ ရေးထားပါတယ်...
မေး - ကျန်စစ်မင်းမှာ သမီးတစ်ယောက်ထဲရှိတာလား...
ဖြေ - သမီးတစ်ယောက် သားတစ်ယောက်ပဲရှိပါတယ်...
မေး - စောယွန်းဟာ သူ့ အဖေ စောလူးလို ယုတ်မာပါသလား...
ဖြေ - စောယွန်းသည် စာပေသမားတစ်ယောက်ဖြစ်ပြီး သိမ်မွေ့ ပါသည်...
မေး-မျက်မှောက်ခေတ်တွင် မြန်မာအမျိုးသမီးများ နိုင်ငံခြားသားများနှင့် လက်ထပ်ခြင်းကို ကန့် ကွက်ပါသလား...
ဖြေ - အရည်အချင်းရှိသော မင်းကောင်းမင်းမြတ်ဟုမြင်ပါသည်...
မေး - အပယ်ရတနာကို ဘယ်လိုမြင်ပါသလဲ...
ဖြေ - ဇနီးကောင်းတစ်ယောက်ပါ...
မေး - ရွှေအိမ်သည်ကို ဘယ်လိုမြင်ပါသလဲ ...
ဖြေ - ကြံ့ခိုင်သော မိန်းမသားတစ်ယောက်...
မေး -နောက်ဆုံးမေးခွန်းပါ … ဒီဇာတ်လမ်းတစ်ခုလုံးကို ခြုံငုံသုံးသပ်မိသော မလေးမရဲ့ အမြင်ကို တိုတိုနဲ့ လိုရင်းဖြေပါ ...
ဖြေ -အတိုဆုံး အရှင်းဆုံး အမြင်ကိုပြောရရင်...
ဖတ်ရှုသွားကြသော... ပြည်တွင်းပြည်ပမှ ... bloggers များနှင့် စိတ်ဝင်စားသူများအားလုံးကို ...ကျေးဇူးတင် ပါတယ်ရှင် … ။ ။

Posted by
Layma
at
7:03 PM
10
comments
Labels: News, That's what I wanna say
Friday, September 07, 2007
ကျန်စစ်မင်း၏ မေတ္တာ …
ရတနာရေ ... လူဆိုတာအမျိုးမျိုးရှိတယ် ... ။ နန်းတွင်းမှာဆို ပိုဆိုးသေး ... ။ ကျုပ်“မင်း”လုပ်တာကို အလိုတူ တဲ့သူ ရှိသလို ... မကြည်ဖြူတဲ့သူ လဲရှိတယ် ... ။ အစဉ်အလာသမားတခိျု့ က ... အနော်ရထာမင်းရဲ့ မိျုးဆက် ကို မှ ... ပုဂံပြည့်ရှင် ဖြစ်စေချင်တယ် ... အဖေရဲ့ထီးနန်းဟာ သားအတွက်ပဲ ဖြစ်ရမယ်လို့ ... ယုံကြည် ထားကြတယ် ... ။ တချို့ ကတော့ တိုင်းပြည်အုပ်ချုပ်တာ ... အုပ်ချုပ်နိုင်တဲ့ အရည်အချင်းပြည့်ဝဖို့ ပဲလိုတယ် လို့ ...ယူဆတယ်...။ ဒီတော့ အမြင်မတူတဲ့ အုပ်စုနှစ်စု ရန်ဆောင်ကြပြီပေါ့ ...။ နန်းတွင်းမှာတင်မကဘဲ ...သူတို့ နဲ့  နီးစပ် ပတ်သက်ရာ တွေက တဆင့် ... အရပ်သူအရပ်သား တွေထဲကို ... ဒီပဋိပက္ခ က ... စိမ့်ဝင်ပြီး သဘောထားတွေ ကွဲလွဲနေကြတယ် ... ။ ဒီအခြေအနေတွေကို ... တိုင်းပြည်ဥသျှောင်ဖြစ်တဲ့ ကျုပ်လို ဘုရင်က မျက်နှာလွဲနေလို့ ရမတဲ့လား ... ။ အနော်ရထာရဲ့ ထီးနန်းကို ဆက်ခံဖို့  သားစောလူးမရှိတော့ ပေမယ့် ... စောလူးရဲ့သားအရင်း ... အနော်ရထာရဲ့ မြေး ... “စောယွန်း” ... ရှိနေသေးတယ်လေ ... ။ ကျုပ်..စောယွန်းကို လက်စတုံးပစ်လို့ ရတယ် ... အကျဉ်းစံ အိမ်နိမ့်စံ ထားလို့ ရတယ် ... ဒါပေမယ့် ကျုပ်က အဲလို မညစ်ပတ်ဘူး ... ကျုပ်တစ်နပ်စားမကြံဘူး ... ကျုပ်တို့ ဟာ ကိုယ့်သမိုင်းကိုယ်ရေးကြရတာ ... ကျုပ်သမိုင်း ကို ... ကျုပ်မဖျက်ဘူး ... ။ ကျုပ်ကိုလိုလားတဲ့ အုပ်စုက ... ကျုပ်သွေးသားကိုဘဲ နောင်ပုဂံမင်းအဖြစ် ... လက်ခံ ချင်တယ် ...။ ဒီတော့ နှစ်ဘက်လုံးကျေနပ်အောင် ကျုပ်စီမံရတော့မယ် ... ။ပြည့်ရှင်မင်းတစ်ပါးအနေနဲ့ ကျုပ်ကို မလိုလားတဲ့သူတွေကို ... ကျုပ်နှိပ်ကွပ်လို့ ရတာပဲ ... ဒါပေမယ့် ကျုပ်မလုပ်ဘူး .. ဒီလိုလုပ်လိုက်ရင် သားကောင်းတွေရှားကုန်လိမ့်မယ် ... ။ “စောယွန်း”ကို ... မသိချင်ယောင်ဆောင်ပြီး ... ကျုပ်သွေးသားကို ထီးနန်းပေးလိုက်ရင်လဲ ရတာပဲ ... ။ ဒီလိုဆို ပြည်သူတွေ နှစ်ခြမ်းကွဲကုန်ကြမယ် ... ။ အိမ်ကြက်ချင်း ခွပ်ရင်..အိမ်နာတယ် ... ။ ကျုပ်ကြောင့်တော့ ဒီလို အဖြစ်မခံနိုင်ဘူး ... ။ ဒီတော့ ကျုပ်သမီး“ရွှေအိမ်သည်” နဲ့  အနော်ရထာမြေး “စောယွန်း”ကို လက်ဆက်ပေးပြီး ... သူတို့ ရဲ့ရင်သွေး ( နောင်အခါ အလောင်းစည်သူဖြစ် လာသည်) ကို ... ထီးနန်းအပ်လိုက်တာဟာ ... အုပ်စုနှစ်စုလုံး လက်ခံကျေနပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ ... ။ ပြည်သူတွေကျေနပ်မှ... စည်းလုံးမယ် ... စည်းလုံးမှညီညွတ်မယ် ... ညီညွတ်မှ သွေးညှီနံ့ ကင်းမယ် ... သွေးညှီနံ့ ကင်းမှ ပြည်သာမယ် ... ပြည်သာမှ ညီညာမယ် ... အရာအားလုံးဟာ အပြန်အလှန် ဆက်စပ်နေတယ် ...။
တိုင်းသူပြည်သားတွေကို ... စည်းလုံးညီညွတ်စေချင်တာ ....၊ သွေးချောင်းမစီးစေချင်တာ ...၊ ပြည်သူတွေ ကြားက အမုန်းမီးတွေကို ငြိမ်းသတ်နေရလို့  ... တိုင်းပြည် တိုးတက်မှု နှောင့်နှေးမှာကို စိုးရိမ်တာ….ဒါတွေဟာ တိုင်းသူပြည်သားတွေ အပေါ်ထားတဲ့ ကျုပ်“ကျန်စစ်မင်း”ရဲ့ မေတ္တာပါပဲ ....။ ။

Posted by
Layma
at
7:09 AM
5
comments
Labels: Thinking from History
Tuesday, September 04, 2007
မန်းမှတ်တမ်း …
*MTU main road *
ဒီ လမ်းမကြီးပေါ်မှာ ... “လေးမ” ခြေရာတွေ ... ထင်ကျန်ရစ်ပါတယ်...( အခုတော့ ပျက်ကုန်ရောပေါ့ )…..။
ဒီလမ်းမကြီးပေါ်မှာ ... စက်ဘီးကလေးနဲ့  “လေးမ”…. လမ်းဖြတ်ကူးတဲ့ မြွေတွေကို ..ခဏခဏ ရပ်စောင့် ခဲ့ရတယ်…..။
ဒီလမ်းမကြီးပေါ်မှာ... “လေးမ” …ကျောက်စိမ်းရောင် စူပါကပ်လေး ...ဟိုယိုင်ဒီယိုင် ဖြစ်အောင် စီးခဲ့တယ် …။
ဒီလမ်းမကြီးပေါ်မှာ ... dream ဆိုင်ကယ်ထက်…. “မိ” ခါးကို တင်းတင်းဖက်ပြီး ….. ကျောင်းတက် ခဲ့တယ်….။ ဆိုင်ကယ် အိပ်ဇော လောင်ထားတဲ့ အမာရွတ်ကလဲ ... ဒီလမ်းပေါ်မှာပဲ ရခဲ့တာ…..။
ဒီလမ်းမကြီးပေါ်မှာ ... နှင်းတွေဝေတဲ့ မလင်းတလင်း ... ဆောင်းမနက်ခင်းတစ်ခုမှာ ... “လေးမ”….. မှောက်ရက် လဲ ခဲ့တယ် …..။ ဇာတ်လမ်းတွေထဲကလို ဆွဲထူမယ့်သူ ... မရှိခဲ့ပါဘူး….။ အိပ်ပုတ်မ “မိ” ကလဲ အိပ်နေတုန်းပါ….။ “လေးမ” မငိုခဲ့ပါဘူး …. ဒူးမှာ သွေးစက်လက်နဲ့ ... မုန့် တီသုတ် ၂ ပွဲစားခဲ့ပါတယ်…..။ ( အကြောင်းရင်း …. မုန့် တီသုတ်မှာ အလွန်စားကောင်းသောကြောင့် ….. သူများတွေထက်ဦးအောင် ပန်းကန် အသစ်ဖြင့်စားချင်သောကြောင့်…. အပြေးအလွှား ပြေးထွက်လာရာမှ အရှိန်မထိန်းနိုင်ဘဲ ကတ္တရာလမ်းပေါ် ဟတ်ထိုးလဲကျ ဒူးပြဲရခြင်းဖြစ်၏…..)
ဒီလမ်းမကြီးဘေးက ... တမာပင်တွေ ကြားထဲမှာ…..အတွဲတွေ….(သူများတွေ) ….. လမ်းလျှောက် နေတာကို ပြောင်ခဲ့ ဖူးတယ်…… ( တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ်…မောင်ရယ်…လို့ ….) ။
ဒီလမ်းမကြီးပေါ်မှာ … ည ၆ နာရီ … အဆောင်ပိတ်ချိန်ကျရင် …. မခွဲနိုင်မခွာရက် လည်တလှည့်လှည့်နဲ့  အဆောင်ထဲဝင်သွားတဲ့ အဆောင်သူလေးတွေနဲ့ …. လမ်းမပေါ်ကနေ လက်တပြပြ ကဲပြနေတဲ့ ကိုကိုတွေကို … ၀ရန်တာကနေငေးကြည့် …အာလူးကြော်ဝါး … ဟားတိုက်ဝေဖန်ရင်း … ညနေခင်းတွေကို ကုန်ဆုံးစေ ခဲ့တယ်…..။
*workshop ရှေ့က လမ်းပါ…..။*
ဒီလမ်းပေါ်ကနေ ... ညာဘက်ကိုကွေ့ ပြီး ရှေ့နဲနဲဆက်သွားလိုက်ရင် “လေးမ” တို့ ရဲ့ ... ပညာရေနို့  သောက်စို့ ရာ ... ဗိသုကာဌာနလေးကို ရောက်ပါမယ်… ။ ဗိသုကာဌာနက သီးသန့်  ဌာနလေး …။ လွတ်လွတ် လပ်လပ် ….. အေးအေးဆေးဆေး……. သောင်းကျန်းချင်တိုင်း သောင်းကျန်း လို့  ရတယ် ……။
ဒီဇိုင်းစတီရီယို room လို့ ခေါ်တဲ့ ... အခန်းထဲမှာ ... ပုံတွေဆွဲခဲ့ကြတယ် … ။ အခန်းထဲမှာ တစ်ယောက်က သီချင်းတစ်ပုဒ် စအော်လိုက်ရင် ... ကျန်တဲ့သူတွေက နောက်ကဆက်အော်ပြီး ... ပုံတွေဆွဲ ကြတယ်……။ ပုံဆွဲရင်းခေါင်းရှုပ်လာရင် ... အလယ်က courtyard ထဲက ... မြက်ခင်းဘေးမှာ သွားထိုင်ပြီး ... အကြံထုတ်လို့ ရတယ် ... “မိ” နဲ့ ရန်ဖြစ်ရင်လဲ ထွက်ထိုင်ပြီး စိတ်ကောက်လို့ ရတယ် ... ။
ရှားရှားပါးပါး exhibition တစ်ကြိမ်လုပ်ခွင့်ရခဲ့တယ် … ။ အဆောင်မှူးရဲ့ ခွင့်ပြုချက်နဲ့  ဌာနမှာ ပွဲအတွက် ညဘက်ကြီး ပြင်ကြဆင်ကြ ရတာ ပျော်စရာကြီး……။ Exhibition ကိုလာကြည့်တဲ့ ကျောင်းသူကျောင်းသား တွေကို သိသလိုလို တတ်သလိုလိုနဲ့  လျှောက်ရှင်းပြရတာ အရသာရှိလိုက်တာ ….(အမှန်ကဘာမှ သိပ်မသိ သေးတဲ့ ဒုတိယနှစ်ပဲ ရှိသေးတယ် )။
ဒီ Building
* Main Building*
ဒီအဆောင်ကြီးက main building လို့ ခေါ်တဲ့ အဆောက်အဦကြီး….။ ဒီအဆောက်အဦကြီးရဲ့ အောက်ထပ်မှာ ဆရာကန်တော့ပွဲ….. မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေ ... လုပ်ခဲ့တယ်…. ။

Posted by
Layma
at
9:30 PM
12
comments
Labels: Link to the past
ခြေလှမ်း...
အမိန့် အရ
လေးမ
“ တိုးဆိတ်
ညင်သက်…
နှင်ရခက်သည်….၊
သခင့်ခြေလှမ်း
ဖွဖွမြန်းလို့ 
စမ်းလို့ ဝင်ရောက်
“ငါ” ကြောက်ခဲ့လဲ…....။ ။”

Posted by
Layma
at
6:34 PM
2
comments
Labels: Poem
Monday, September 03, 2007
August လမှာ အကြိုက်ဆုံး…
၂။ သနပ်ခါးပန်းပြောတဲ့ “ သနပ်ခါးပန်း”
၃။ အရူးများမဖတ်ရ…ဖတ်သူများမရူးရ…(၁) နှင့် (၂)
၎။ အလင်း
အရင်တစ်ခေါက်က လူ ၁၂ ယောက်လောက်ကို ဒုက္ခပေးပြီးပြီဖြစ်လို့ ... ဒီတစ်ခေါက်တော့ တစ်ယောက်ကိုပဲ အလုပ်ပေးပါတော့မယ်….။
“တေလေသီတဲ့သက်ငြိမ်တေးသွားမှာ......ငါတို့တွေ .....ပွား များ သက် ၀င် နေဦးမယ် ...” လို့  ကိုငှက်ကို လွမ်းပြတဲ့ ကဗျာဆရာ ၊ “သားကြီးလာရင် ဘာလုပ်မလဲ” လို့ မေးပြီး … သီရိမင်္ဂလာဈေးထဲကို ဆွဲခေါ်သွားတဲ့ ရာသီဥတုအုပ်စုထဲက ရဲရဲဖြူတဲ့ Blogger ကို Tag ပါတယ်….အားရင်ရေးပေးပါရှင် ….။

Posted by
Layma
at
6:42 PM
3
comments
Labels: Tag
Sunday, September 02, 2007
Why Do We Blog ???

ခပ်မှောင်မှောင် ပါးပါး အရိပ်တစ်ခု... တိုက်ပုံတလွှားလွှားနဲ့  ... စင်ပေါ်တက်လာတယ်….။ ကိုစေတန်ဂေါ့ဒ် ပါ …။ သူပြောတာတွေ နားထောင်ရင်းနဲ့  ... ရေငတ်လာတယ်… စာမေးပွဲတဖက်နဲ့  အတော်အားထည့် ထားပုံပဲ … သူက ပြောသင့်တာတွေ ပြောပြီး ပြန်ဆင်းသွားတယ်…။

“Blog ရှိလား… အော်... မရှိဘူးလား … ဒီပွဲအကြောင်း ဘယ်လိုသိပြီး ရောက်လာ တာလဲ … သူငယ်ချင်းက ဘယ်သူလဲ … Blog လိပ်စာလေး ပြောပေးပါဦး … ကျောင်းသားလား… ဘာလုပ်လဲ …”
မမောင်ရဲ့ သံစဉ်တွေပြီးတော့ ... ဖြူဖြူ ပါးပါး ရှည်ရှည် အရိပ်တစ်ခု ...တက်လာပါတယ် … ကိုမျက်လုံးပါတဲ့ … သူကတော့ ဖြည်းဖြည်း မှန်မှန်နဲ့  ... စကားတွေ အများကြီး ပြောသွားပါတယ်… ။ Blog လေးတစ်ခုလဲ လက်တွေ့ ဖန်တီးပြသွားပါတယ်…။
သိလိုသည်များကိုပြန်ဖြေတဲ့ အစီအစဉ်မှာတော့ ... နာမည်ကြီး blogger တွေ တစ်ယောက်ပြီး တစ်ယောက် အာခြောက်အောင် ဖြေသွားကြပါတယ် … ။ ကပ်သီးကပ်သပ် အမှန်အကန်မေးထားတဲ့ မေးခွန်းတွေကို တာဝန်ကျေကျေ ဖြေသွားကြတာ ချီးကျူးစရာပါ …..။
Cameramen တွေကလဲ ...ရိုက်သလား ... မမေးနဲ့  … ရှေ့က ရိုက်လိုက်…နောက်က ရိုက်လိုက် …ဘေးက ရိုက်လိုက်… ခုံပေါ်တက် ရိုက်လိုက်နဲ့ ….။ နောက်မှပဲ သူတို့ ဆီမှာ ... ပုံတွေသွားကြည့်ရဦးမယ် …။ ကိုသန့် ဇော်မင်း ကလဲ လက်ထဲက ကင်မရာလေး တဖျပ်ဖျပ်နဲ့ ... လက်စွမ်းပြနေတယ် … ဘက်ထရီ အားပြည့် မပြည့်တော့ ... ကာယကံရှင်ပဲ သိမှာပေါ့လေ …။ ဓါတ်ပုံလေးရိုက်ရင်း ဘေးက ဖြူဖြူသေးသေး ညီမလေး ၂ ယောက်နဲ့ လဲ ... စကားလက်ဆုံကျ နေလိုက်သေးတယ် … သူတို့ ဆွေးနွေးတဲ့ အကြောင်းအရာကတော့ အခုတလော လူကြည့်အများဆုံး Blog တစ်ခုနဲ့ ပတ်သက်ပါတယ် … ကိုသန့်ကတော့ တစ်ခေါက်ပဲသွားပြီး …. နောက်မသွားတော့ဘူးဆိုလား…. သိပ်တော့မကြားလိုက်ပါဘူး ….။ သူတို့ အုပ်စုထဲမှာ ... အနှင်းလို့ ခေါ်တဲ့ မနှင်းမိုးဝေလဲ ရှိတယ် ထင်ပါရဲ့...။
၃ နာရီခွဲကျော် သွားပြီ … ကိုစေတန်ဂေါ့ဒ် က မေးခွန်းတွေကို ဖြေနေရတုန်း …။ ဗိုက်က အတော်ဆာလာပြီ… “လေးမ”တစ်ယောက်ထဲ ဆာတာမဟုတ်ဘူး… ဘေးက blogger ညီမလေးဆီကလဲ ….ဂြီ..ဂြီ... တဲ့ အသံၾကား ရတယ် … “လေးမ” လဲ အသံမထွက်လာခင် အမြန်ပြန်မှ ... ဆိုပြီး ကံစမ်းမဲ အစီအစဉ်ကို မစောင့်တော့ဘဲ ထပြန်လာခဲ့ပါတယ် ….။
…………………………………………………….
Myanmar Bloggers Society ဆိုတဲ့ အသိုက်အမြုံလေး ... ခုလိုပဲ စည်းစည်းလုံးလုံးနဲ့  အဓွန့်ရှည်ပါစေ….။
လူငယ် များရဲ့ အတွေးအခေါ်တွေ … ပညာတွေ … မျှဝေပေးလိုမှုတွေ ... လွတ်လပ်စွာ အတောင်ဖြန့်လို့  ပေါ့ပါးစွာပျံသန်းနိုင်ကြပါစေ ….လို့ လှိုက်လှိုက်လှဲလှဲဆုတောင်းရင်း ... စက်တင်ဘာ ၁ရက်နေ့  မှာ ကျင်းပခဲ့တဲ့ Why Do We Blog ? ဆိုတဲ့ ပွဲလေးကို မှတ်တမ်းတင်လိုက်ပါတယ်ရှင် ….။ ။
လေးမ

Posted by
Layma
at
7:07 PM
10
comments
Labels: News
2 comments:
Post a Comment