Monday, September 24, 2007

မိုး ရွာ နေ သည် ...

ကနဦးအစက ... မိုးသည် ... တစ်ပေါက် နှစ်ပေါက် ...

ထို့ နောက် ... တဖျောက်ဖျောက် ...

ထို့ နောက် ... ရွာလိုက်သည်မှာ ... မစဲတော့ ...

ရေမှုန်ရေမွှား ... အစအနလေးများမှသည်...

ရေစက်ရေပေါက်ကြီးများ အဖြစ် အသွင်ကူးပြောင်း ...

ထီးလှလှလေးများ ... မိုးစက်ကြမ်းများကို အံမတုနိုင်တော့ ...

မိုးစက်များ၌ ရေပါ၏ ...

ရေပါတော့ ရေကြီး၏ ...

လမ်းပေါ်က ရေကန်ကြီးထဲတွင် ... ပျက်နေသောကားများ ...

ရုန်းထွက်ရန်ကြိုးစားနေသော ကားများ .....

လမ်းလျှောက်နေသောလူများ ...

ရေခံနေသူများ ...

ဟိုမှ ဒီသို့  မျောပါနေသော ... ရာဘာဖိနပ် ၊ သားရေဖိနပ် ၊ ဒေါက်ဖိနပ်များ ...

ဆော့ကစားနေသော ကလေးငယ်များ ...

သူတို့ အားလုံး မိုးမိနေကြသည် ...

ဟိုဘက်နားက ကလေးတစ်အုပ် ... ကဗျာရွတ်နေကြသည် ...

ဟော ... ဟော ... နားထောင် ကြည့် လိုက် စမ်း...

“ မိုး...မိုး....ဘာလို့ရွာ ...

ဖား ... အော်လို့...ရွာ ...။

ဖား ... ဖား ... ဘာလို့အော် ...

မြွေ ... ကိုက်လို့ ... အော် ...။

မြွေ ... မြွေ ... ဘာလို့ ကိုက် ...

ငါ့ ၀မ်းပူဆာ မနေသာလို့ ... ကိုက် ...။ ”

2 comments:

သန့်ဇော်မင်း said...

မမလေးရေ.. လောလောဆယ် အခြေအနေ အရ
မိုးရွာပါစေလို့ ဆုတောင်းနေတယ်ဗျို့...

Layma said...

wwg, thanks...
ကိုသန့်...မိုးရွာတော့ အ၀တ်တွေခြောက်ဘူးကွယ်...။