မောင်လေး… ညီမလေးတို့ ရေ … ရန်ကိုရန်ချင်းမတုံ့ နှင်းကြရဘူးနော် … ၊ ကိုယ့်ကိုချစ်တဲ့သူတွေကို ကိုယ်ကပြန်ပေးဆပ်နိုင်ရမယ် … ၊ ရန်သူကိုလဲ မိတ်ဆွေဖွဲ့ နိုင်ရမယ်နော် … ဒါမှ မင်းတို့ ဘ၀ … အားလုံးဘ၀ …သာယာအေးချမ်းလိမ့်မယ်…၊လူ့ဘ၀ဆိုတာ ခဏလေးပေမယ့် တို့တွေသီကြွေးရတဲ့ သီချင်းတွေက အများကြီးပါ….၊ ပျော်စရာ …ငိုစရာတွေနဲ့ …သံစဉ်တွေ အခါခါကျော့နေရမယ့် လောကကြီးမှာ တနပ်စားတော့ တွေးလို့ မဖြစ်ဘူးနော် …၊ လှပတဲ့သီချင်းလေးတွေ အခါခါကျော့နိုင်ဖို့  အတူတူရေးစပ်ကြပါစို့ နော် …။
“ မုန်းတေးတစ်ခါကျော့လျှင် … ချစ်တေး…တစ်ခါ…နှစ်ခါ…သုံးခါ…လေးခါ …အခါခါကျော့စေချင်ပါသည် … …အခါခါကျော့စေချင်ပါသည် …”မောင်လေး…ညီမလေးတို့ ရေ ….တစ်ခါမုန်းဖူးရင် အခါခါပြန်ချစ်နိုင်ဖို့ ကြိုးစားပါ … ၊ တစ်ခါယူဖူးရင် အခါခါပြန်ပေးနိုင်ဖို့  စဉ်းစားပါ …၊ တစ်ခါမှားဖူးရင် အခါခါ အမှန်သိနိုင်ဖို့  အားထုတ်ပါ …. ။
“မောင်လေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ … ညီမလေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ …”
……….
……….
“တစ်ကျော့ …. နှစ်ကျော့ …ကျော့ကျော့…. တေး….ကိုသီ … ”
9 comments:
အဲဒါ အနော်တို့ လူပျိုတုန်းက သီချင်းပေါ့း))
ထတော့ ထချင်တယ် ကျိုးမှန်း သိသွားမှာစိုးလို့ 
မမလေးရေ... ဖတ်ရင်းနဲ့ ရင်ထဲမှာ ဆိုနင့်နင့်ကြီး ဖြစ်လာတယ်ဗျာ..။ လက်တလော တိုင်းပြည်အခြေအနေနဲ့ ဆက်ပြီးတွေးမီသွားလို့ထင်တယ်။ လိုရာဆွဲတွေးတာလို့တော့ မထင်နဲ့နော်..။
"ရောင်နီလာနေပြီ … အချိန်ကျနေပြီ … မောင်လေးတို့  … ညီမလေးတို့  ထသင့်ပြီ "
"တို့ အိမ်ကို ရန်စလာတဲ့သူတွေကို အဖေကဓါးဆွဲလို့  … မောင်လေးကတုတ်ကိုင်ပြီး ရင်ဆိုင်ခဲ့ကြတော့ အမေနဲ့  တို့ ညီမတွေက နောက်ကနေခါးထောက်လို့ "
"တို့ အိမ်လေးယိုင်နဲ့  အိုဟောင်းလို့  ရောင်းစားခံရတော့မယ် ….၊ အမြန်ပြန်လာပါတော့ … မောင်လေး … ညီမလေးတို့ ရယ် "
"တစ်ခါမုန်းဖူးရင် အခါခါပြန်ချစ်နိုင်ဖို့ ကြိုးစားပါ … ၊ တစ်ခါယူဖူးရင် အခါခါပြန်ပေးနိုင်ဖို့  စဉ်းစားပါ …၊ တစ်ခါမှားဖူးရင် အခါခါ အမှန်သိနိုင်ဖို့  အားထုတ်ပါ …."
ဒီစာသားလေးတွေ တအားကြိုက်တယ်ဗျာ....
အရေးအသားကော၊ အတွေးအခေါ်ကော အရမ်းကောင်းတယ် လေးမ။
ဒီစာကိုဖတ်တာ တစ်ကျော့နှစ်ကျော့ မကတော့ဘူး ။ ဒီသီချင်းကို ကျနော်ငယ်ငယ်က ရေဒီယိုမှာ မကြာမကြာ ကြားဖူးတယ်။ tv မှာလည်း ကြည့်ခဲ့နားထောင်ခဲ့ဖူးတယ်ထင်တယ်။
“မောင်လေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ … ညီမလေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ …” ဒီစာသားလေးကိုပဲ မှတ်မှတ်ထင်ထင် ရှိတယ်။ ကျန်တာတွေက အမှတ်တမဲ့ပါပဲ ။
ကောင်းကောင်းမမှတ်မိသလို ကောင်းကောင်း မခံစားမိဘူး။ ခုလို မျိုး မတွေးမိဘူး ။ ခု ဒီလို စပ်ဆပ်တွေးပြီး ပါးပါးလေးရေးပြလိုက်မှပဲ တကယ့်ကို ထိထိရှရှ ခံစားရတယ်။ ကျနော် ပိုပြီး ခံစားလို့ရအောင် ဒီသီချင်းကို လိုက်ရှာမိတယ် ။ တလောကမှ ထွက်ထားတဲ့ မြို့မသက်ရှိငုတ်တုတ်ပွဲ အခွေ (ကျနော်ကတော့ live show ကို ဒီလိုပဲခေါ်ချင်တယ် )ထဲမှာ သွားတွေ့တယ်။
ဒါနဲ့ သီချင်းကို ဖွင့်နားထောင်ရင်းနဲ့ နောက်တစ်ခါ ထပ်ဖတ်မိတယ်။ မ၀သေးလို့ စာကို နောက်တစ်ခါ ထပ်ဖတ်ပြီး သီချင်းကို နောက်တစ်ခါ ထပ်နားထောင်မိတယ်။ တစ်ခေါက်ပြီးတစ်ခေါက်ပါပဲ ။ ကျေးဇူးတင်တယ်ဗျာ ။ ကိုသန့်ဇော်မင်း ပြောသွားတာ ဟုတ်တယ်။ ဒီစာကို ဖတ်ပြီး လက်ရှိ အခြေအနေကိုပဲ မြင်ပြီး နိုးကြားမိတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ... ရောင်နီနဲ့  ...မင်းတို့ နိုးထချင်း …ဒွန်တွဲနေသင့်တယ် မဟုတ်လားဟင်...။” အဲဒီစာသားကို ကြိုက်တယ်ဗျာ။ ဒီစာက Label မှာဆို thinkings from songs လို့ တောင် ထည့်လို့ရဦးမယ်ထင်တယ် ။သီချင်းဆိုတာ နားထောင်တာချင်တူတာတောက် နားလည်တာချင်းမတူဘူးနော်။ အသံကြားတာချင်းတူတာတောင် ခံစားတာချင်း မတူကြဘူး။
ဒီစာ အတွက် တကယ် ကျေးဇူးဗျာ။ ဂျယ်ရီတော့ ဒီတစ်ခါ မနောက်နိုင်တော့ဘူး ။ ထိမိသွားလို့ဗျ ။ တကယ်ပဲ ။
မမလေးရေ... အရမ်းကောင်းတယ်လို့ပဲ ပြောတော့မယ်။ အပေါ်မှာ အစ်ကိုတွေပြောခဲ့ကြတာ ပြည့်စုံနေပြီလေ။ ခုနောက်ပိုင်း တစ်ပုဒ်ဆို တစ်ပုဒ် ထိထိ မိမိ... အဲဒါ အရမ်းကောင်းတယ်။
မျှားပြာ … ဒီလိုဆိုလဲ နေသာသလိုနေပါရှင် ….။
ကိုသန့် … လေးမ ပေးထားတာတွေကို ရအောင်ယူသွားတဲ့ အတွက်ရော … လက်ဆောင်ပြန်ပေးခဲ့တဲ့အတွက်ရော ကျေးဇူးပါ…။
ကိုဘုရင့်နောင်… မနေ့ က လေးမ မျက်နှာကြက်နဲ့  ခေါင်းနဲ့ ဆောင့်ပါတယ်… လေးစားရပါသော … မှတ်ချက်ရေးခဲသော …. ကိုဘုရင့်နောင်က အဲဒီလိုလေးရေးပေးသွားလို့ ပါ…..ကျေးဇူး ….။
ဂျယ်ရီ …. သီချင်းရှိတဲ့နေရာပြောသွားတာ ….အခါခါကျော့အောင် ဖတ်သွားတာ….အကြံပေးသွားတာ… အရာအားလုံးအတွက် …. ကျေးဇူးအထူး … ။
နှင်းနှင်း …..ညီမလေးရေ ….ထပါတော့ …အဲ…ယောင်လို့ … ကျေးဇူးနော်..သိုးလေး….ပျော်ရွှင်ပါစေ…။
လေးမရေ ..
အိက လေးမရဲ့ fan အသစ်ပေါ့.. မအိမ့်ဆီက တစ်ဆင့်လာလည်တာ ^.^
ဒီ စာ လေး ရေးတဲ့ လေးမ ကို ကျေးဇူးတင် ကြောင်းပြောမလို့..
ဖတ်လို့သိပ်ကောင်းတယ် .. အတွေးနဲ့ သီချင်းလေးနဲ့ ရောထားတာ ..
2 in 1 ကော်ဖီတစ်ခွက်သောက်ရသလိုပါပဲ.. သိပ်ကြိုက်တာပဲ
လေးမလည်း နွေးထွေးပျော်ရွှင်ပါစေနော် .. ^.^
မအိရေ…ကျေးဇူးတင်ပါတယ် .. . မအိဆီလာလည်တာ post တွေက multiply မှာနော် … ဟုတ်လား…Blog မှာမတင်ဘူးလား…ပျော်ရွှင်ပါစေရှင်…။
Post a Comment