Saturday, August 11, 2007

အရူးများမဖတ်ရ…ဖတ်သူများမရူးရ…(၁)

အရူး (၁)…
မျက်နှာမှာသနပ်ခါး ပါးကွက်ကြီးကြီးကွက်ထားတယ်….ရဲရဲနီနေတဲ့ နှုတ်ခမ်းက တတွတ်တွတ်ရွတ်လို့ … .မကျေနပ်တာတွေလဲပါတယ်…. ကျိန်ဆဲနေတာလဲကြားရတယ်…. သီချင်းတွေလဲ ဆိုနေတယ်….။ စိုက်ကြည့်သွားတဲ့ သူတွေကို မျက်စောင်းထိုးလိုက်တယ်….။

အလိုတော်….ဟိုကောင်မလေးတွေများ…. အကျီအကောင်းကို တမင်အပေါက် ဖောက်ဝတ်တော့ ကြည့်ကောင်းနေကြတယ်….ကျုပ်မှာ ဒီတစ်ထည်တည်းရှိလို့  ပြဲစုတ်နေတာကြတော့ နှာခေါင်းရှုံ့  သွားကြတယ် ….. အံ့ရော…. အံ့ရော…..။ ဘာလဲ…..ဟား….ဟား…. မနာလို ဖြစ်နေကြလား….ကျုပ်လို စိတ်ရှိတိုင်း ပြောခွင့်မရှိလို့  လေ……ကျုပ်ကို အရူးတဲ့….ဟား….ဟား…..အရူးဆိုတာ နာမည်သာဆိုးတာ နင်တို့ လို….........။ ကျုပ်လွယ်အိတ်ထဲမှာ အစုံပါတယ်….ကျူပ်စိတ်နဲ့ 
တွေ့ တာလေးတွေဆို ကောက်ထည့်ထားလိုက်တာဘဲ….. စာရေးဆရာဆိုတဲ့လူကြီးတွေက ကျုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့  “အရူးလွယ်အိတ်” ဆိုလားဘာလား….ပြောသံကြားမိသေးတယ်…..။ ကျုပ်က စိတ်ပျော်ရင် ပါးစပ်ဆိုင်းတီးပြီး ကွေးနေအောင် ကလိုက်တာပဲ….. DJ မလိုဘူး .... KTV ဆိုင်သွားဖို့ မလိုဘူး….Club မှာ member ၀င်ဖို့ မလိုဘူး…..။ လောကကြီးမှာ ပိုက်ဆံဆိုတာကို လုံးဝ ဂရုမစိုက်တာ ကျုပ်ပဲ…..။ ကျုပ်အတွက် ငွေဆိုတာ ဘာမှတန်ဖိုးမရှိဘူး…..။ ဟော…. စားသောက်ဆိုင်က ကောင်လေး ကျုပ်ကို ထမင်းကျန် ဟင်းကျန်လေးတွေ လာပေးပြီ….( ဒါတောင် တချို့ ဆိုင်တွေက ၀က်စာပြန်ရောင်းရတာ ပိုက်ဆံရလို့  ကျုပ်ကိုမကျွေးနိုင်ဘူးတဲ့….. ကျူပ်ကို မောင်းထုတ်ကြသေးတယ် ) ။ ရော့…ခွေးပိန်မ….စား….မင်းတ၀က်….ကျုပ်တ၀က်…..အညီအမျှဘဲနော်….လာမလုနဲ့ …. ကျုပ်က လူကောင်းတချို့ ထက် စိတ်ကောင်းရှိပါတယ်….အင်း….ဒါကြောင့် ကျုပ်ကို ဦးနှောက်မကောင်းတဲ့အရူးလို့  ခေါ်ကြတာဖြစ်မယ်……။

အရူး (၂)…
ဘောလုံးတစ်လုံးကို လူ ၂၀ က၀ိုင်းလုပြီး ၂ ယောက်က အပေါက်က စောင့်နေကြတယ်…. အဲဒါကို အဖေနဲ့  အဖေ့သူငယ်ချင်းတွေက TV ကထိုင်ကြည့်ုပြီး အော်ဟစ်နေကြတယ်….. ဟိုကကြားရတာလဲ မဟုတ်ဘဲနဲ့ …. အသံစုံ ထွက်အောင် အော်နေကြတယ်…..။ ပြီးတော့ အနိုင်အရှုံးတွေတွက်နေကြတယ်…..။ ပြီးတော့….ပြောသေးတယ်…. “လောင်းထားမှ ကြည့်ရတာ အရသာရှိတာတဲ့…..” “ လောင်းထားလိုကြည့်ရတာ” ဆိုတဲ့လူလဲပါသေး…။ ကမ္ဘာ့ဖလားပွဲမှာ တချက်မှ ၀င်မကန်လိုက်ရဘဲ ဒဏ်ရာရသွားတဲ့ လူတွေလဲရှိသေးဆိုဘဲ….။ အမေကတော့ “ငါ့ကို လောင်းကြေးမထပ်တာ နင့်အဖေကိုကျေးဇူးတင်” တဲ့….။ ပွဲတွေကလဲ ညတိုင်းလိုလို ရှိတယ်…. ကန်တဲ့သူတွေသာပြောင်းသွားတယ်….. လောင်းတဲ့လူတွေက မပြောင်းသွားဘူး….။ ကြည့်ပါဦးဗျာ…. နှုတ်ခမ်းမှာ သွေးတွေထွက်လို့ …. ကစားသမားတွေ ဒဏ်ရာတွေရကုန်ပြီ…. မနေနိုင်တဲ့ ညီလေးက ၀င်ပြောတယ်…. “ အဖေရယ်….သူရို့  ကို ဘောရုံး တစ်ယောက်တစ်လုံးစီပေးလိုက်ပါဂျာ…… သူရို့ လုနေရတာ တနားပါတယ်….”ဟုတ်တယ်…. ကျွန်တော်လဲ သနားတယ်….. ဘောလုံးကစားသမားတွေကိုရော…. ဘောလုံးပွဲကို ကစားနေကြတဲ့ လူတွေကိုရောပေါ့…..။


အရူး (၃)…
ဂေါက်သီးတလုံးကို တုတ်တချောင်းနဲ့  ကျင်းပေါက်ထဲကို မ၀င်ဝင်အောင် ရိုက်သွင်းနေကြတယ်…..။ တုတ်ကလဲ နံပါတ်အမျိုးမျိုးပါလား......ဒီကစားနည်းကြောင့် ဗိသုကာတွေခမျာ တော်တော်ဦးနှောက်စားကြရတယ်....။ ညီနေပြီးသားမြေကြီးကို ကုန်းတွေဖြစ်အောင် လုပ်ရတယ်.... ချိုင့်တွေလုပ်ရတယ်..... ရေကန်တွေတူးပေးရတယ်.... shape အမျိုးမျိုးရှိတဲ့ သဲကျင်းတွေတူးပေးရတယ်..... သဲကျင်းတောင် ရိုးရိုးနဲ့ ရှယ် (deep) ဆိုပြီး ခွဲပြီး ထည့်ပေးရတယ်..... မြက်စိုက်တဲ့ လူတွေလဲ မသက်သာဘူး.....Green , fair-way , rough ဆိုပြီး သူ့ နေရာနဲ့ သူ ကွဲပြားအောင်စိုက်ပေးရတယ်.....။ လူဆိုတဲ့ လူတွေက လွယ်နေတာကို တော်တော်ခက်အောင် လုပ်တတ်ကြတာပဲ......။ ဂေါက်ရိုက်တဲ့ လူတွေကလဲ ဒီကစားနည်းကို တော်တော်လက်တွေ့ ကြတယ်......။ အိမ်က မိန်းမက တခုခုမှာလိုက်တာကိုသာ မေ့မယ်....။ ဘယ်ကျင်းမှာ ဘယ်သူက ဘယ်နှစ်ပတ် ပတ်လိုက်တာ...... ဘယ်နှစ်ချက် ရိုက်လိုက်တာ..... ဆိုတာတော့ ဘယ်အချိန်ကောက်မေးမေး အလွတ်ရတယ်......။ ရိုက်ရုံဘဲလားဆိုတော့ မဟုတ်ဘူး..... လောင်းကြေးလေးက ပါသေး.....။ ဒီလိုနဲ့ ဘဲ ဂေါက်သီးလုံးတစ် လုံးကို ကျင်းပေါက်ထဲ မ၀င်ဝင်အောင် ကြိုးစားရင်း .... မိုးလင်းကနေ မိုးချုပ်သွားကြတယ်.....။

P.s.အရူး (၄)…နှင့် (၅) ကို ယနေ့ (သို့ ) မနက်ဖြန်ဆက်ပါမည်....။

4 comments:

ဇနိ said...

အရူး (၄)…နှင့် (၅) ကို စောင့်နေပါတယ်။

hnin said...

လေ့လာရေးက ဘယ်မှာ ကွင်းဆင်းတာလဲဟင်။ နောက်တစ်ခါ သိုးလေးကိုလည်း ခေါ်ပါ...

Anonymous said...

လေးမရေ.. အရူး (၂) နဲ့ (၃) ကြိုက်တယ်ဗျို့း)

(ဘောလုံးတစ်လုံးကို လူ ၂၀ က၀ိုင်းလုပြီး ၂ ယောက်က အပေါက်က စောင့်နေကြတယ်)
== အဟား ဒါဖတ်ပြီး ရီနေတယ် ။

Layma said...

ဇနိ……စောင့်သွားတာကျေးဇူး…. အရူးစပယ်ရှယ်လစ်လို့  အော်သွားတာလဲ ကျေးဇူး….။
နှင်းနှင်း……အရူး ၁ အတွက် တာမွေ အ၀ိုင်းနားမှာကွင်းဆင်းပြီး… ၂ အတွက် TV မှ sport channel မှာလေ့လာပါတယ်… ၃ အတွက်တော့ ဒညင်းကုန်းဂေါက်ကွင်းသို့  အလည်အပတ်ထွက်ခြင်း နဲ့  golf game ကစားခြင်းဖြင့် ဗဟုသုတ စုဆောင်းပါတယ်…. နောက်ဆိုရင် သိုးလေးကို ခေါ်ပါ့မယ်…။
မဂျစ်….. ဟုတ်ပ…မဂျစ်ရယ်…. ရူးပ….ရယ်စရာကောင်းပ….နော်….။