Thursday, September 20, 2007

ကျွန်တော် နှင့် စူးစမ်းခြင်း ...

ကျွန်တော်နေရတဲ့ နေရာလေးက ရှုပ်ပွနေတာပဲ ... ။ ဒါပေမယ့် နွေးထွေးလုံခြုံမှုရှိတယ် ... ။ ကျွန်တော်တို့ အမျိုးတွေထက် ကျွန်တော်တို့က ပိုပြီး သားသားနားနား ... နေရတယ် ... ။ အဖေ နဲ့ အမေ ကြိုးစားပမ်းစား ဆောက်ထားတဲ့ အိမ်လေးထဲမှာ ... ကျွန်တော်တို့ ညီအစ်ကို ၃ ယောက် ..မကြောင့်မကြ နေနိုင်ကြတယ် ... ။ အချိန်တန်ရင် အဖေ နဲ့ အမေ ကျွေးတာ စားရုံပဲ ... ။ ညရောက်ရင် အမေ့ရင်ခွင်ထဲမှာ အိပ်ရုံပဲ ... ။ တစ်ခုတော့ရှိတယ်ဗျာ ... ကျွန်တော်တို့ အိမ်လေးနားကို ကောင်မလေး တစ်ယောက် ... မကြာခဏ လာလာ ချောင်းနေတယ် ... ။ သူ့ မှာ ဘာအကြံ ရှိလဲလို့ တွေးပူနေရတယ် ... ။
ကျွန်တော် ... လောကကြီးအကြောင်း သိပ်သိချင်တာပဲ ... ။ အထူးသဖြင့် ... အဖေ နဲ့အမေ ဘယ်ကိုသွားပြီး ဘာတွေလုပ်နေကြလဲ ၊ ကျွန်တော်ရော ဘယ်လိုပုံစံမျိုး နဲ့ ... စွန့် စားနိုင်မလဲဆိုတာ သိပ်သိချင်တယ် ... ။ အစ်ကိုကြီး နဲ့ ညီလေးလဲ ကျွန်တော့်လိုပဲ ... သိချင်ကြတယ်ဗျ ...။ ဒါပေမယ့် သူတို့က ကြောက်တတ် တယ် ... ။ ကျွန်တော်ကတော့ မကြောက်ပါဘူး ... နောက်လဲ ဒီလောကကြီးထဲမှာ ကျင်လည်ရမှာပဲ ... ။ တစ်ခုပဲ ... ကျွန်တော် အရွယ်မရောက်သေးဘူး ... ။
ဒီနေ့ ... အဖေ နဲ့ အမေ အစောကြီးထွက်သွားတယ် ... ။ကျွန်တော် အိမ်အကာ ပေါ်ကို ... ကြိုးစားတက်လိုက် တယ် ... ။ အကာနှုတ်ခမ်းသားပေါ်ကနေ လောကကြီးကို အားပါးတရကြည့်လိုက်တယ် ... ။ ကျွန်တော့် ပတ်ဝန်းကျင်ကို ပထမဆုံး မြင်ရတဲ့ နေ့ပဲ ... ရေတွေ ... ပိုက်လုံးကြီးတွေ ... အဖြူရောင် အခဲ ... အ၀ါရောင်အခဲ တွေ ... တွေ့ ရတယ်ဗျ ...။ နောက်ပြီးတော့ ... “အား.....အမေရေ....” ... ကျွန်တော် အရှိန်လွန်ပြီး ဟိုးအောက်ကို ပြုတ်ကျသွားတာဗျ ... ၊ လေထဲမှာဗျာ ... အေးခနဲပဲ ...။ ကျွန်တော် ရေတွေစိုနေတယ် ... ။ ကျွန်တော် အော်ပြီး အကူအညီတောင်းကြည့်တယ် ... ဘယ်သူမှရောက်မလာဘူး ...။ ခဏကြာတော့ အဖေပြန်လာတယ် ...။ ကျွန်တော့်ကို မမြင်ဘူးဗျာ ... အိမ်ထဲတန်းဝင်သွားတယ် ... ။ အစ်ကိုကြီး နဲ့ ညီလေးတော့ ကောင်းကောင်းစားနေရပြီပေါ့ ... ။ ကျွန်တော်ကတော့ ခေါင်းကိုမော့ပြီး ... အသားကုန် အော် နေရတယ် ... ။ မိန်းမကြီး တစ်ယောက်ရဲ့ စူးစူးဝါးဝါး အော်သံကို ... ကြားလိုက် ရတယ် ...။ ကျွန်တော့်ကို ရုတ်တရက် တွေ့ လိုက်ရလို့ ... လန့်သွားတာလေ ... ။ သိပ်မကြာခင်မှာပဲ လူကြီးတစ်ယောက် ရောက်လာ တယ်... သိပ်ကြင်နာတဲ့ လူကြီးဗျ ... ။ ကျွန်တော့်ကို အိမ်ပြန်ပို့ ပေးတယ် ... ။
အခုဆိုရင် ... ကျွန်တော် ... နွေးထွေးတဲ့ အမေ့အိမ်လေးထဲမှာ အေးအေးလူလူ ... ပြန်နေနေရပြီ ... ။
ကျွန်တော့် နာမည် လည်း ... မှတ်ထားကြပေါ့ ....။ နာမည်ဆိုပေမယ့်လဲ ... ကျွန်တော့်မှာ ကိုယ်ပိုင်နာမည် ရယ်လို့  သတ်သတ်မှတ်မှတ် မရှိပါဘူး ... ။ အားလုံးက ကျွန်တော်တို့  အမျိုးအနွယ်ကို ... ကိုယ်စားပြုတဲ့ နာမည်တစ်ခုပဲ ပေးထားတယ် ...။ အဲဒီ နာမည်ဟာ ခင်ဗျားတို့နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ ...။ ကျွန်တော့် နာမည်က “စာကလေး” တဲ့ ... ။ ။
နောက်ဆက်တွဲ ။ ။
လေးမ စာအုပ်သေတ္တာရှင်းရင်း အပိုင်းအစ (၃) လို့ နာမည်တပ်ထားတဲ့ ငယ်ငယ်က မှတ်စုစာအုပ်လေးကို တွေ့ တယ် ...။ ငယ်ငယ်က အရူးထပြီး ရေးထားတဲ့ ( ခုလဲ အရူးထပြီး ရေးနေတုန်းပါပဲ ) စာအတိုအစလေးကို အမှတ်တရအဖြစ် ပြန်ကူးလိုက်တာပါ ...။ အဲဒီတုန်းက ဘယ်သူမှ မသိအောင် ဟိုနားဖွက် ဒီနားဖွက်နဲ့ ရေးခဲ့တဲ့ အတိုအစလေးတွေကို ခုတော့ သတ္တိကောင်းစွာနဲ့  online မှာတင်ပါတယ် ...။ ဒီအတိုအစလေးရဲ့ အဆုံးက လေးမရဲ့ လက်မှတ်လေးအောက်မှာ ၉၅ လို့ တွေ့ ပါတယ် ...။ လေးမ ၁၅ နှစ်သမီးတုန်း က ရေးထား တာ ပေါ့ ...။ အဲဒီတုန်းက လေးမတို့ အိမ်..ရေချိုးခန်းထဲမှာ စာမလေးတစ်ကောင်အသိုက် ဆောက် ... စာကလေးတွေပေါက် ... အပျံသင်.. ပျံတတ်သွားတဲ့အထိ အိမ်မှာနေသွားကြတယ် ...။ စာပေါက်စလေးတွေက ခဏခဏပြုတ်ကျလို့  အသိုက်ထဲပြန်တင်ပေးရတာလဲ ခဏခဏပဲ ...။ သူတို့ကို သွားချောင်းရတာလဲ အမော...။ နောက်တော့ သူတို့ မရှိတော့ဘူး ။ သူတို့ကို ...သတိရလို့ ...ဒီပို့ စ်လေးကို ရေးဖြစ်ခဲ့တာ ပါ ...။

8 comments:

Anonymous said...

အပိုင်းအစ တွေအများကြီး ရှိမယ်ထင်တယ်။ ဖွက်ထားတာတွေ ထက်တင်ပါအုံး လေးမ။

thamudayanwe said...

ကောင်းတယ်..
ငယ်ကတည်းက..ပိုးပေါ့..

သန့်ဇော်မင်း said...

ဒီကောင်တွေ ပြုတ်ကျတာ ဘာမှ မဖြစ်တာတော်သေးတယ်နော်။

မျှားပြာ said...

အို အို ....
အိမ်ကို ပြန်ရောက်သွားတယ်နော်
တော်သေးတာပေါ့ ရင်တထိတ်ထိတ်နဲ့

Anonymous said...

ချစ်စရာလေး မလေးမ :)

Anonymous said...

ပုံရိပ်ပြောသလိုပဲ.. ချစ်စရာလေး ဟယ် ။ လေးမက ၁၅နှစ်သမီးတည်းက အရေးက ကောင်းတာကိုးး)

Layma said...

ကိုဘုရင့်နောင်... အပိုင်းအစတွေဆိုတော့ ပျောက်ကုန်ပြီ.. ထပ်တင်လိုက်ပြီ...။

မမသမုဒယ ... ဟုတ် မမ... ပိုးက မွေးရာပါ...။

ကိုသန့် ... ဘာမှမဖြစ်ကြဘူး..ခဏခဏ ပြုတ်ကျတာပဲ ..။

ကိုမျှားပြာ ... စာကလေးရဲ့ စွန့်စားခန်းပေါ့ရှင် ...။

မပုံရိပ် ... လေးမ ကိုပြောတာလားဟင်...။

မဂျစ် ... ရှင်း၂ပြောပါလား... စာကလေးလား...လေးမလား...။

eithu said...

အိတော့ ရေးထားတဲ့ပုံလေးကို က ချစ်ဖို့ကောင်းတယ်ထင်တာပဲ လေးမရဲ့ ..လေးမကတော့အပြင်ပိုချစ်ဖို့ကောင်းမယ်ပုံပဲ ..

မုန့်လေးဘာလေး ကျန်ယင်လည်း ကျွေးလို့ရပါတယ်နော် .. :P

တကယ် ဒီစာကလေး (ဟုတ်ဘူး) စာလေး ကို တော့ ကြိုက်သွားပြီ .. ဖတ်လို့ကောင်းတယ် ..