Sunday, September 02, 2007

Why Do We Blog ???

၁၁ နာရီစမယ်မှန်း သိပေမယ့် ...ဘာတွေရှုပ်မှန်းမသိအောင် ရှုပ်နေလို့ ...၁နာရီထိုးမှ ရောက်သွားပါတယ် ။ ရောက်တဲ့အချိန်မှာ ၀ါးတီးအစီအစဉ်က ပြီးသွားပြီ… ကော်ကော်လဲ မသောက်လိုက်ရတော့ဘူး … ။ သူများတွေ လက်ထဲမှာ ကိုင်ထားတဲ့ ... စာအုပ်ဝါ၀ါလေးလဲ မရတော့ဘူး… ။ ယောင်လည် ယောင်လည် ... ဟိုကြည့် ဒီကြည့်နဲ့ ... ၀င်သွားတော့ ...Plastic sheet အဖြူကြီးနားမှာ ...လူတွေတပြုံကြီး တွေ့ တယ်…။ စာအုပ်ထဲမှာ ကူးရေးတဲ့ သူတွေကကူးရေး …၊ ဓါတ်ပုံရိုက်တဲ့သူတွေက ရိုက်ဆိုတော့… ဘာတွေများရေးထားလဲ အနားတိုးကြည့်လိုက်တော့ …Oh….my god !! Blogger တွေရဲ့ အော်တိုတွေပါလား… စာသားတွေပါတယ်… လိပ်စာတွေ ပါတယ် … လက်မှတ်တွေ ပါတယ် …။ ဘယ်ရမလဲ … “လေးမ” လဲ လူရှင်းအောင်စောင့်ပြီး ...ကမန်းကတန်းလေး ကောက်ခြစ်ပြီး ... ခြေရာလက်ရာ ချန်ခဲ့တာပေါ့ …။ ဒုတိယပိုင်းစပြီတဲ့…..
ခပ်မှောင်မှောင် ပါးပါး အရိပ်တစ်ခု... တိုက်ပုံတလွှားလွှားနဲ့  ... စင်ပေါ်တက်လာတယ်….။ ကိုစေတန်ဂေါ့ဒ် ပါ …။ သူပြောတာတွေ နားထောင်ရင်းနဲ့  ... ရေငတ်လာတယ်… စာမေးပွဲတဖက်နဲ့  အတော်အားထည့် ထားပုံပဲ … သူက ပြောသင့်တာတွေ ပြောပြီး ပြန်ဆင်းသွားတယ်…။
တက်ရောက်လာတဲ့သူတွေ အလှည့်ရောက်ပြီတဲ့ … မေးတော့မယ်တဲ့ …။ မိုက်ကြီးနဲ့  လူကြီးတစ်ယောက် ...ရယ်လို့ မောလို့  … ။ သေချာအောင် နောက်နားက... blogger ညီမလေးကိုမေးကြည့်တော့... ကိုစိုးဇေယျ တဲ့ … လိပ်စာလေးတောင်ပြောပြလိုက်သေး … ။
“Blog ရှိလား… အော်... မရှိဘူးလား … ဒီပွဲအကြောင်း ဘယ်လိုသိပြီး ရောက်လာ တာလဲ … သူငယ်ချင်းက ဘယ်သူလဲ … Blog လိပ်စာလေး ပြောပေးပါဦး … ကျောင်းသားလား… ဘာလုပ်လဲ …”
ဒီလို…ဒီလိုတွေ …တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ…. ဘုရား….ဘုရား…အနားရောက်လာပြီ… “လေးမ”ကို... အာရုံမကျပါစေနဲ့ … လက်ဖျားတွေတောင် အေးလာတယ်… မေးလာရင် Blogလိပ်စာ ပြောရတော့မယ် … ပြောလိုက်ရင် ...လူကြားသူကြားထဲ ....“လေမန်း”လို့ ခေါ်လိုက်ရင် အရှက်ကွဲတော့မယ်…ထပြန်ရင် ကောင်းမလား … ခေါင်းငုံ့ ပြီး ...အသက်ပြင်းပြင်းရှူလိုက်တာ... အဲဒီသတင်းထောက်ကြီး ဟိုဘက်လွှင့်သွားရော ….။ တော်ပါသေးရဲ့ … ။
မမယ်လိုဒီမောင်ကတော့ ... ကြော့ကြော့မော့မော့လေး...အရွှန်းဖောက်လို့  ...အကျိုးအပြစ်တွေ သုံးသပ်ပြသွားပါတယ် … ။ Blog လိပ်စာထည့်ရိုက်ထားတဲ့ ...လိပ်စာကဒ်လေးကိုလဲ ကြွားသွားသေးတယ်…။

မမောင်ရဲ့ သံစဉ်တွေပြီးတော့ ... ဖြူဖြူ ပါးပါး ရှည်ရှည် အရိပ်တစ်ခု ...တက်လာပါတယ် … ကိုမျက်လုံးပါတဲ့ … သူကတော့ ဖြည်းဖြည်း မှန်မှန်နဲ့  ... စကားတွေ အများကြီး ပြောသွားပါတယ်… ။ Blog လေးတစ်ခုလဲ လက်တွေ့ ဖန်တီးပြသွားပါတယ်…။

သိလိုသည်များကိုပြန်ဖြေတဲ့ အစီအစဉ်မှာတော့ ... နာမည်ကြီး blogger တွေ တစ်ယောက်ပြီး တစ်ယောက် အာခြောက်အောင် ဖြေသွားကြပါတယ် … ။ ကပ်သီးကပ်သပ် အမှန်အကန်မေးထားတဲ့ မေးခွန်းတွေကို တာဝန်ကျေကျေ ဖြေသွားကြတာ ချီးကျူးစရာပါ …..။

Cameramen တွေကလဲ ...ရိုက်သလား ... မမေးနဲ့  … ရှေ့က ရိုက်လိုက်…နောက်က ရိုက်လိုက် …ဘေးက ရိုက်လိုက်… ခုံပေါ်တက် ရိုက်လိုက်နဲ့ ….။ နောက်မှပဲ သူတို့ ဆီမှာ ... ပုံတွေသွားကြည့်ရဦးမယ် …။ ကိုသန့် ဇော်မင်း ကလဲ လက်ထဲက ကင်မရာလေး တဖျပ်ဖျပ်နဲ့ ... လက်စွမ်းပြနေတယ် … ဘက်ထရီ အားပြည့် မပြည့်တော့ ... ကာယကံရှင်ပဲ သိမှာပေါ့လေ …။ ဓါတ်ပုံလေးရိုက်ရင်း ဘေးက ဖြူဖြူသေးသေး ညီမလေး ၂ ယောက်နဲ့ လဲ ... စကားလက်ဆုံကျ နေလိုက်သေးတယ် … သူတို့ ဆွေးနွေးတဲ့ အကြောင်းအရာကတော့ အခုတလော လူကြည့်အများဆုံး Blog တစ်ခုနဲ့ ပတ်သက်ပါတယ် … ကိုသန့်ကတော့ တစ်ခေါက်ပဲသွားပြီး …. နောက်မသွားတော့ဘူးဆိုလား…. သိပ်တော့မကြားလိုက်ပါဘူး ….။ သူတို့ အုပ်စုထဲမှာ ... အနှင်းလို့ ခေါ်တဲ့ မနှင်းမိုးဝေလဲ ရှိတယ် ထင်ပါရဲ့...။

၃ နာရီခွဲကျော် သွားပြီ … ကိုစေတန်ဂေါ့ဒ် က မေးခွန်းတွေကို ဖြေနေရတုန်း …။ ဗိုက်က အတော်ဆာလာပြီ… “လေးမ”တစ်ယောက်ထဲ ဆာတာမဟုတ်ဘူး… ဘေးက blogger ညီမလေးဆီကလဲ ….ဂြီ..ဂြီ... တဲ့ အသံၾကား ရတယ် … “လေးမ” လဲ အသံမထွက်လာခင် အမြန်ပြန်မှ ... ဆိုပြီး ကံစမ်းမဲ အစီအစဉ်ကို မစောင့်တော့ဘဲ ထပြန်လာခဲ့ပါတယ် ….။
အကြံပြုချက် ။ ။
၁။ Blog စာအုပ်ထုတ်ဝေခြင်းဖြင့်ရရှိသော အကျိုးအမြတ်များကို လှူဒန်းသောအခါ ... တစ်နေ့ လျှင် နာရီ ၂၀ blog ရေး၍ ၄ နာရီသာအိပ်သော ကိုညီလင်းဆက်ကို အက်ပီတွန်ဝိတ်ဂိမ်း နှင့် ကိုစေတန်ဂေါ့ဒ်ကို ကယ်လီစပွန်လှူဒါန်းသင့်....။
၂။ ညီမလေး ဘာညာမှလွဲ၍ ... အခြားသော blogger များ ... လေထန်သော ကွင်းပြင်တွင်... တစ်ယောက်ထဲ မနေသင့် ...။
…………………………………………………….
Myanmar Bloggers Society ဆိုတဲ့ အသိုက်အမြုံလေး ... ခုလိုပဲ စည်းစည်းလုံးလုံးနဲ့  အဓွန့်ရှည်ပါစေ….။
လူငယ် များရဲ့ အတွေးအခေါ်တွေ … ပညာတွေ … မျှဝေပေးလိုမှုတွေ ... လွတ်လပ်စွာ အတောင်ဖြန့်လို့  ပေါ့ပါးစွာပျံသန်းနိုင်ကြပါစေ ….လို့ လှိုက်လှိုက်လှဲလှဲဆုတောင်းရင်း ... စက်တင်ဘာ ၁ရက်နေ့  မှာ ကျင်းပခဲ့တဲ့ Why Do We Blog ? ဆိုတဲ့ ပွဲလေးကို မှတ်တမ်းတင်လိုက်ပါတယ်ရှင် ….။ ။
Blogger မောင်နှမများအားလုံးကို ခင်မင်လေးစားလျက်…
လေးမ
P.s. သက်ဆိုင်သူများစိတ်မဆိုးကြေး..... စိတ်ဆိုးတဲ့သူ မုန့် ဝယ်ကျွေး....ပုံတွေကို ဒီမှာ နဲ့ ဟောဒီမှာ...ပဲသွားကြည့်တော့နော်..။

10 comments:

Tesla said...

ဓါတ်ပုံဘယ်နေရာက ရိုက်သွားလည်း ဆိုတာကြည့်သွားတယ်..။ ဘေးနားမှာ ကောင်မလေး နောက်တယောက်လည်း ရှိတယ်ဆိုတာ မှတ်သွားတယ်.။ ဒုတိယပိုင်း အချိန်ဆို တာကိုပါ ထည့်တွက်လိုက်မယ်.။ စိုးဇေယျ လှည့်ထွက် သွားတဲ့ နေရာကိုလည်း သိတယ်.။ ယုံလားတော့ မသိဘူး ခမ်းမထဲ ၀င်လာတဲ့ လူမပြောနဲ့ ပုရွက်ဆိတ်တောင် မလွတ်အောင် ဓါတ်ပုံတွေ ရိုက်ထားတယ်.။ ပြန်ရှာလိုက်ယုံပါပဲ..။ ဟော့ဒီမှာ မလေးမ ဖြစ်ပါတယ် ဆိုတဲ့ ပို့စ်မတက် လာစေချင်ရင် မုန့်အမြန် လာကျွှေးပါ..။ :P

သန့်ဇော်မင်း said...

ကိုတက်ရေ.. ဟုတ်သဗျ...
ကျွန်တော်နဲ့ နှင်းမိုးဝေ၊ မောင်ပွတ်ရဲ့ကိုယ်စားလှယ်၊ စိတ်ကူးတို့ ပြောနေတာတွေကို ကြားတယ်ဆိုတော့..
ခန်းမရဲ့ အလယ်၊ အနောက်နားမှာဗျို့.. ..
ဟဲဟဲ.. မမလေး.. ခုလို့ တိတ်တိတ်လေး လာသွားလို့ ဘယ်ရမလဲ
ကျွန်တော်ဗျာ.. မမလေးရဲ့ လက်မှတ်လေးတွေလို့ အားလုံးကို လိုက်မေးနေတာ.. မတွေ့ကြဘူး... ဆိုလို့...
စိတ်ဆိုးတယ်... ဟင်းဟင်း..

Layma said...

ကိုTesla…. ခြေရာခံပုံခံနည်းကတော့ တကယ့်နိုင်ငံရှော်တွေ အတိုင်းပါပဲ … ။ ပုရွက်ဆိတ်မလွတ်ပေမဲ့ လေးမ လွတ်ရင်လွတ်မှာပေါ့… ဟီး…စတာပါ…. မုန့် လာကျွေးသွားတယ်လေ…. မုန့် လေပွေမရဘူးဆိုတော့ ဘာကျွေးရမှန်းမသိတော့ဘူး….။

ကိုTzm…. ဟဲ…ဟဲ … ကိုသန့် တို့ ဘေးနားမှာပဲထိုင်နေတာလေ… မတွေ့ ဘူးလား… နောက်တခါ အတင်းအုပ်ရင် ဆင်ခြင်ပါ… မမလေးမို့ လို့ ပေါ့ကွာ … တခြားသူဆိုရင်တော့…။

သန့်ဇော်မင်း said...

မမလေး.. ကျွန်တော်သိပါတယ်... စုံထောက်လုပ်လိုက်တော့...
ပွဲနေ့တုန်းကတော့ မသိဘူး...
လိုက်ရှာလိုက်ရတာ... :P
ယုဆဂိကိုတော့ ဦးသိန်းမိတ်ဆတ်ပေးလို့ တွေ့လိုက်တယ်

ကျွန်တော့်ဆီမှာရှိတဲ့ မမလေးဓာတ်ပုံက မျက်နှာမမြင်ရဘူး.. :D
တခြားပုံတွေကို ကျွန်တော်သွားမယူရသေးဘူးနော်.. ယူပြီးပို့ပေးမယ်..

Layma said...

မျက်နှာမမြင်ရတာကောင်းပါတယ်….။

သန့်ဇော်မင်း said...

အင်း.. မျက်နှာပါတဲ့ ပုံကို ရအောင် ရှာဦးမှာ..
ဆီမီနာမှာ ရိုက်တဲ့ ပုံ အားလုံးပေါင်း ၃၀၀၀ ကျော်တယ်..
မယုံမရှိနဲ့.. ယင်ကောင်တောင် မလွတ်ဘူး.. တကယ်
:D

sisain said...

ဓာတ်ပုံအားလုံး ကိုင်ထားတဲ့သူက ဘာမှမပြောရဘူး။ မောင်တက်တို့၊ သန့်သန့်တို့ ဒီမှာ လေထွားနေကြတယ်။

ဘလော့ခ်ပွဲ လာသွားတာ ခုမှသိပါတယ်။ ကောင်းပါ့-

Saturngod said...

ကယ်လီစပွန် က ဘာလုပ်မလို့လဲ... iPod ဖြစ်ဖြစ်.. PS3 ဖြစ်ဖြစ်... ဒါမှ မဟုတ်ရင်လည်း PDA တစ်လုံးလောက်ဆိုရင် ကျေနပ်ပါတယ်.. Laptop ပေးလို့လည်း စိတ်ဆိုးဘူး... ကယ်လီစပွန်က ချောင်းဆိုးပျောက်ဆေးရည်မဟုတ်လား.. ရေးရင်းနဲ့တောင် ချောင်းဆိုးချင်လာပြီ...

Layma said...

ကိုသန့် ….ယင်ကောင်မှမရှိတာ … စုံထောက်ကြီးကလဲ ဇွဲမလျှော့ပါလား ….။

ကိုစစ်အိမ်….ဂလိုလား… သူတို့ လက်ထဲမှာ ဘာမှမရှိဘဲနဲ့  လေးမ ကို ခြောက်စားလုပ်နေကြတာပေါ့ …။ဟွန်း..ဟွန်း… လုံးဝမကြောက်တော့ဘူး ….။

ကိုစေတန် …. “သင့်ရင်သွေးကို အစားစားချင်စိတ်ဖြစ်အောင် ကယ်လီစပွန်တိုက်ပါ” လို့ ကြော်ငြာတာတွေ့ ဖူးလို့  … ဟီး … Laptop လား..ဘယ်နှစ်လုံးလိုချင်လဲသာပြောလိုက် … ရစေရမယ် …။

Anonymous said...

bracket necessities rearranged clarify arising dreamlab kandivali esbs incur lending reasonable
lolikneri havaqatsu