Monday, September 03, 2007

August လမှာ အကြိုက်ဆုံး…

ရေးပြီးတဲ့ထဲက ... အကြိုက်ဆုံး ၅ ပုဒ်ကို ... ပြောပါလို့  ...ကိုဘုရင့်နောင်က ... ဒီလို Tag လို့  ... ဟောဒီလို လေး ... ရေးခဲ့ပြီးပါပြီ … ။ ဒါပေမယ့် ... အမြော်အမြင်ကြီးမားတဲ့ “လေးမ” က ... မေ၊ ဇွန် ၊ဇူလိုင် ၃ လစာထဲက ရွေးပါတယ် …Aug ထဲကနောက်တစ်ခေါက် ရွေးပါမယ်လို့  ... ရေးခဲ့ပါတယ် … ( အမှန်တော့ အမြော်အမြင်ကြီးတာ မဟုတ်ပါဘူး ... နောက် ၃ လလောက်နေရင် ... ဘယ်သူမှ မရေးခိုင်းလဲ ကိုယ့်ဟာ ကိုယ် ရေးမလို့ ။ ) အခုတော့ ခင်မင်ရသော….မလေးက ဒီလို tag သောကြောင့် Aug လမှာရေးခဲ့သမျှထဲက အကြိုက်ဆုံး ၅ ပုဒ် ကိုရွေးပါမယ်…။
(လေးမရဲ့ Blog လေးဖြစ်တည်မှုကို label ၁၂ ခု ၊ post ၄၈ ပုဒ် ပြည့်တဲ့ နေ့ က မှတ်တမ်းတင်ခဲ့တာပါ...)
၂။
သနပ်ခါးပန်းပြောတဲ့ “ သနပ်ခါးပန်း”
( လောကမှာ “သနပ်ခါးပန်း” နဲ့ တူတဲ့ အမျိုးသမီးတွေရှိနေတဲ့အကြောင်းလေးပါ...)
၃။ အရူးများမဖတ်ရ…ဖတ်သူများမရူးရ…(၁) နှင့် (၂)
( အရူးသုတေသန စာတမ်းပါ...)
၎။
အလင်း
( ကိုမိုးညိုရဲ့ မှတ်ချက်က စကားကိုပြန်သုံးရမယ်ဆိုရင်... ၁၃ ကွာတဲ့ အလင်းပါ ... နောင် အသက် ၄၅ ကျော်ရင် အလင်းကပြောင်းနိုင်ပါသေးတယ် ...)
( သီချင်းက အကြားအာရုံကတဆင့် ... နှလုံးသားကို ရိုက်ခတ်လာတဲ့အခါ ... ထွက်ပေါ်လာတဲ့ ပဲ့တင်သံကို ... ဝေမျှထားပါတယ်...)

အရင်တစ်ခေါက်က လူ ၁၂ ယောက်လောက်ကို ဒုက္ခပေးပြီးပြီဖြစ်လို့ ... ဒီတစ်ခေါက်တော့ တစ်ယောက်ကိုပဲ အလုပ်ပေးပါတော့မယ်….။
“တေလေသီတဲ့သက်ငြိမ်တေးသွားမှာ......ငါတို့တွေ .....ပွား များ သက် ၀င် နေဦးမယ် ...” လို့  ကိုငှက်ကို လွမ်းပြတဲ့ ကဗျာဆရာ ၊ “သားကြီးလာရင် ဘာလုပ်မလဲ” လို့ မေးပြီး … သီရိမင်္ဂလာဈေးထဲကို ဆွဲခေါ်သွားတဲ့ ရာသီဥတုအုပ်စုထဲက ရဲရဲဖြူတဲ့ Blogger ကို Tag ပါတယ်….အားရင်ရေးပေးပါရှင် ….။

3 comments:

Anonymous said...

လေးမရွေးထားတာတွေ အကုန်ကြိုက်တယ်။ သနပ်ခါးပန်းကတော့ အကြိုက်ဆုံးပဲ။

Layma said...

ကျေးဇူးပါမလေး….. မလေးက ပန်းချစ်သူကိုး….ဟီး…လေးမလဲကြိုက်တယ်….

moe nyo said...

tag သည်ကို ရေးပြီးကြောင်းပါခင်ဗျာ ... ကျေးဇူးတင်ပါတယ် ... heart touching songs ကိုလည်း ထပ်ရေးပါဦး ...
လေးစားစွာဖြင့်
မိုးညို