Monday, July 30, 2007

Hello....

“ တီ…တီ…” “hello ”
“ ငယ်လေးလား…” “ဟုတ်ကဲ့….”
“ ကို….ပါ….။ အသံကိုမှတ်မိလား…” “ ဟင့်အင်း….”
“ ဖုန်းဆက်တာအနှောင့်အယှက်ဖြစ်လား…”
“ ရပါတယ်….”
..................................................
“ တီ…တီ…” hello
“ ငယ်လေးလား…” “ဟုတ်….”
“ထမင်းစားပြီးပြီလား…” “ ဟုတ်ကဲ့….”
“ ဘာဟင်းနဲ့ စားလဲ….” “ကြက်….”
“ ကြိုက်လို့ လား….” “ ဒီလိုဘာပဲ….”
“ တရုတ်စာ….ယိုးဒယားစာ…ချစ်တီးဟင်း…ဗမာဟင်း….ဘာကြိုက်လဲ…”
“ ဘာမှကြိုက်ဘူး…ထမင်းစားဖို့ လိုအပ်လို့  စားတာပါ….ကြိုက်လို့ မဟုတ်ဘူး….”
..................................................
“ တီ…တီ…” “ hello ”
“ ငယ်လေးလား…” “ဟုတ်….”
“ ငယ်လေးက ထမင်းမကြိုက်တော့ ဘာကြိုက်လဲ…” “ မုန့် …ကြိုက်တယ်…”
“ ကလေးလဲ မဟုတ်ဘဲနဲ့ ….”
“ ဟင်…မုန့် ဆိုတာ ကလေးတွေ အတွက်ပဲလား….လူကြီးစားလို့ မရဘူးလား….”
“ ဒါဆို ဘာမုန့် တွေ ကြိုက်လဲ….”
“ မြန်မာမုန့် ….မုန့် စိမ်းပေါင်း…မုန့် ဘိုင်းတောင့်….ထန်းသီးမုန့် …ကရေကရာ….ခေါက်မုန့် ….ရေမုန့် …ကောက်ညှင်းပေါင်း….”
“ ဒါဆို ငယ်လေး စားဖို့  လာပို့ မယ်နော်….”
“ ဟင့်အင်း…နေပါစေ….”
“ ကြိုက်တတ်တာလေးတွေ ပို့ ပေးချင်လို့ ပါ…”
“ ရပါတယ်….”
..................................................

“ တီ…တီ…” “ hello ”
“ ငယ်လေးလား…” “ဟုတ်….”
“ ဘယ်လို သီချင်းတွေကြိုက်လဲ…”
“ နားထောင်ကောင်းရင်ကြိုက်တယ်…”
“ ထီးဆိုင် ကြိုက်လား…” “ ဟုတ်…”
“ ဒါဆို ၀ယ်ပေးမယ်…” “ မုန့် ဖိုးကျန်သေးတယ်….”
“ ဟင်..ဘာပြောတာလဲ….” “ ကိုယ့်ဖာသာ ၀ယ်မယ်လို့ …”
“ လက်ဆောင်ပေးချင်လို့ ပါ…” “ ဟင့်အင်း…”
“ ဒါဆို ငယ်လေးကို နားထောင်စေချင်တဲ့ သီချင်းလေးတွေ selection သွင်းပေးမယ်နော်….”
“ သဘောပဲ….”
..................................................
“ တီ…တီ…” “ hello ”
“ ငယ်လေးလား…” “ဟုတ်….”
“ အရေးကြီးတဲ့ စကားလေးပြောချင်လို့  ….. မှာကော်ဖီသွားသောက်ရအောင်…”
“ဟင့်အင်း…”
“ ဖုန်းထဲက ပြောလို့ မကောင်းဘူး…”
“ ရတယ်…ဖုန်းထဲကပဲပြော…”
“ ကို….က အလေးအနက်ပြောချင်တာ….ပေါ့သွားလိမ့်မယ်…”
“ ဒါဆိုပြောနဲ့ တော့…..ဆိုင်တော့မလိုက်နိုင်ဘူး….”
“……..ဒါဆို အခုမုန့် လာပို့ မယ်….၁၅ မိနစ်အတွင်းရောက်အောင်လာမယ်….မုန့် ဆင်းယူနော်….”
.................................................

“ တီ…တီ…” “ hello ”
“ အငယ်လား…”

“ဟုတ်….”
“ ဘယ်သွားနေလဲ…”
“……..”
“ တယောက်ထဲလား….ဘယ်သူပါလဲ….”
………………
“ တီ…တီ…” “ hello ”
“ အငယ်လား…”
“ဟုတ်….”
“ ပြန်လာပြီလား…” “ဟုတ်ကဲ့….”
“ ဘယ်နားရောက်နေပြီလဲ….”
“ အ၀ိုင်းမှာ….”
“ ဘယ်အ၀ိုင်းလဲ….”
………………
“ တီ…တီ…” “ hello ”
“ အငယ်လား…”
“ဟုတ်….”
“ ဘယ်မှာလဲ…”
“ အခု ဘယ်နေရာမှာလဲ….”
“ ပြည်လမ်းပေါ်မှာ….”
..................................................
“ တီ…တီ…” “ hello ”
“ ဒေါ်ငယ်လေးလား…”
“ဟုတ်ပါတယ်….”
“ ရုံးမှာ အရေးပေါ် အစည်းအဝေးလုပ်မယ်….၁၅ မိနစ်အတွင်း ရောက်အောင်လာပါ….”
..................................................
“ တီ…တီ…” “ hello ”
“ ဒေါ်ငယ်လေးလား…”
“ဟုတ်ပါတယ်….”
“ ဟိုနေရာက အဲဒီရုံးကိုဝင်ပြီး……အဲဒါဝင်ယူခဲ့ပါ…..”
..................................................

“ တီ…တီ…” “ hello ”
“ ဒေါ်ငယ်လေးလား…”
“ဟုတ်ပါတယ်….”
“ တခြားလူတွေ ဆက်သွယ်လို့ မရလို့ …..ဒေါ်ငယ်လေးပဲ ရုံးကို အမြန်လာခဲ့ပါ….”
..................................................
သူငယ်ချင်း sparrow မှ “ danger of mobile phone….especially for lady ရေးပေးပါ အစ်မ ”

လို့  ပြောထားတာကြာပါပြီ….ဘာရေးရမှန်းမသိတာနဲ့  မရေးဖြစ်ခဲ့ဘူး…..။ မနေ့ က cbox ကို sparrow လာလည်တော့မှ ရေးဦးမှပဲဆိုပြီး စိတ်ကူးပေါက်သလို ထရေးလိုက်ပါတယ်…..။ Mobile phone ကို နုနယ်တဲ့ ကလေးငယ်တွေ အသုံးပြုရင် မှတ်ဥာဏ်ချို့ ယွင်းစေပြီး ၊ မိုးရွာနေတဲ့ အချိန်သုံးရင်လဲ မိုးကြိုးပစ်တတ်တယ် လို့ မှတ်သားဖူးပါတယ်….။ “လက်ကိုင်ဖုန်းဘက်ထရီ ပေါက်ကွဲမှုကြောင့် တရုတ်တွင် လူတစ်ဦးသေဆုံး ”လို့  လဲဂျာနယ်တစောင်မှာ ဖတ်ဖူးပါတယ်……။ အခြားသော danger များကိုလဲ စိတ်ဝင်စားရင် google search မှာရှာနိုင်ပါတယ်….။
တချို့ တွေ အတွက်တော့ “Love story on mobile ” ဆိုတဲ့ အဖြစ်လေးတွေ ကြုံနိုင်သလို တချို့ လူတွေ အတွက် ဖုန်းဟာ ချည်နှောင်ထားတဲ့ ကြိုးတစ်ချောင်းနဲ့  တူပါတယ် လို့ “ လေးမ ” က တွေးပြလိုက်တာပါ…..။ sparrow ကျေနပ်နိုင်ပါစေ…။ ။

6 comments:

Sunday, July 29, 2007

“အလှ”အကြောင်း….ကြားခဲ့ရတဲ့ စနေ ၊ တနင်္ဂနွေ

စနေ
စနေနေ့ က “လေးမ” မြန်မာနိုင်ငံ ဗိသုကာများအသင်းရဲ့ Seminar ကို တက်ရောက်ခဲ့ပါတယ်…။ ပထမပိုင်းမှာ ဆရာဦးထွန်းသန်းက “ကျွန်တော်နားလည်သော ဗိသုကာပညာ ” ၊ ဒုတိယပိုင်းတွင် ဦးကျော်ထွန်းမှ “Sustainable architecture ” ဟူသော စာတမ်းများကိုဖတ်ကြားခဲ့ကြပြီး တက်ရောက်လာသော ဗိသုကာများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်….။ တက်ရောက်လာသော လူငယ်ဗိသုကာများနှင့် ကျောင်းသူကျောင်းသားများအတွက် အလွန်တန်ဖိုးရှိသော ဗိသုကာ ဘာသာစကားများကို အားပါးတရ နားထောင်ခဲ့ကြရပါသည်…..။ ဗိသုကာတို့  ဖန်တီးပေးရသောအလှ (အမြင်ရသ) ပိုင်းဆိုင်ရာ အယူအဆများကိုလဲ အသေအချာ နားလည်ခဲ့ရပါတယ်….။
J.Ruskin ၏ Architecture is the rightly placing of sculptures and paintings. ဟူသောအယူအဆ ၊ A. Loos ၏ Ornamentation is Crime ဟူသောအယူအဆ ၊ Do not construct the decoration . Decorate the construction . ဟူသော အတွေးအခေါ်များနှင့် အတူ ၊ စွမ်းအင် အလဟသမဖြစ်စေသော ၊
ပတ်ဝန်းကျင် ကို မထိခိုက်စေသော ဒီဇိုင်းများဖြစ်ရန် ဗိသုကာများတွင် တာဝန်ရှိကြောင်း အသိတရားများနှင့် .....Regional character, National character စသောလက်ရာဟန်များ အကြောင်း တွေးတောစရာ တပွေ့ တပိုက်နှင့် …..၁၈ ရာစုနှစ်သည် ကမ္ဘာမှာ ဗိသုကာပညာ အနိုင်ကျင့်ခံခဲ့ရသော အချိန်ဟူသော ဆရာ၏ စကားတခွန်းကို အထပ်ထပ် ကြားယောင်ရင်း ကမောက်ကမ တွေးနေကျ အတွေးတွေနဲ့ ……၊ မြန်မာမှာ လက်ရှိ သွားနေတဲ့ Architecture trend ဟာ Client-architecture ပါလို့  ပြောသွားတဲ့ သုံးသပ်ချက်တခုကို အပြန်ပြန် အလှန်လှန် စဉ်းစားရင်း…..လေးမ အိမ်ပြန်ခဲ့ပါသည်….။
ကြားဖြတ်သတင်း
စနေမနက်က အိမ်တွင် မနက် ၅နာရီက ၀ါဆိုသင်္ကန်းကပ်….ထို့ နောက် ဘုရားတက်…ပြီးနောက် Seminar တက်….ပြန်ရောက်တော့ Post တပုဒ်ဖတ်….Seminar ကပါလာသောအတွေးများ….Post မှပေးသော အတွေးများဖြင့် “လေးမ” ပလန်လက်သွားသောကြောင့် cbox မှာ နေမကောင်းဟု ရေးခဲ့ရခြင်းဖြစ်ပါသည်….။
တနင်္ဂနွေ
ကုမ္ပဏီတစ်ခု၏ Skin care နဲ့ color care ဆိုင်ရာ product အသစ်များ မိတ်ဆက်တဲ့ ပွဲတစ်ခုကို “လေးမ” စပ်စပ်စုစုရောက်ခဲ့ပြန်ပါတယ်…။ စိတ်ဝင်စားစရာ မေးခွန်းလေးတွေနဲ့  မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားပါတယ်….Skin care ပိုင်းကိုပြောတဲ့ အခါ…. “မွဲခြောက်ခြောက်မျက်နှာ…၀က်ခြံတင်းတိတ်ရှိတဲ့ မျက်နှာနဲ့  အသားအရေကြည်လင်တဲ့မျက်နှာ….ဘယ်လိုမျက်နှာကိုမြင်ချင်လဲ….” ဆိုတဲ့ မေးခွန်းတွေနဲ့ 

အတူ “ကိုယ့်ချစ်သူကို အခုဘဲဝယ်ပေးလိုက်ပါ ” လို့  တိုက်တွန်းရင်း မိတ်ဆက်သွားပါတယ်…။ ကောင်ကလေးတွေတော့ မျက်ခုံးလှုပ်စရာပါဘဲ….။ ကောင်မလေးတွေလဲ မချောင်ရှာပါဘူး….ယောက်ျားနဲ့  မိန်းမ အသားအရေချင်းလုံးဝမတူတဲ့ အတွက် ယောက်ျားလေးတွေက Facial Foam (for men) ကို သုံးရမယ့်အကြောင်း သိုင်းသိုင်းဝိုင်းဝိုင်း တင်ဆက်သွားပြန်ပါတယ်…..။ Color care ပိုင်းကတော့ အရောင်တွေခြယ်ပြတာပါ….။ မော်ဒယ်လေးတယောက်ကို ခြယ်ပြတာပါ….။ မခြယ်ခင်နဲ့  ခြယ်ပြီး တော်တော် ရုပ်ကွာသွားတာကိုတွေ့ ရပါတယ်…..။ လေးမ ကတော့ နုနုငယ်ငယ် မော်ဒယ်လေးကို ကြည့်ပြီး “ ငါတော်တော် အိုသွားပြီ ” လို့ တရားရခဲ့ပါတယ်…..။ Skin ကိုတော့ သေသေချာချာ ထိန်းသိမ်းရတော့မယ် ဆိုတဲ့ အတွေးနဲ့  Facial Foam (For men) တဗူး ၀ယ်ပြီး အိမ်ပြန်ခဲ့ပါတယ်….။ ။

4 comments:

Friday, July 27, 2007

သို့ ….သူငယ်ချင်း…

သို့ ….သူငယ်ချင်း
သူငယ်ချင်းရေ….
လောကကြီးက ပြောင်ချော်ချော်နဲ့ ….
ကံကြမ္မာက ဗရုတ်ကျလိုက်တာနော်….
ငါ့ ရည်မှန်းချက်တွေ နင်ပိုင်ဆိုင်လို့ …
နင်ဖြစ်ချင်တာတွေ ငါဖြစ်နေခဲ့ရပြီ…..
နင်နေချင်တဲ့ဘ၀မျိုးမှာ ငါနေပျော်နေသလို
ငါမျှော်မှန်းခဲ့တဲ့ အရည်အချင်းတွေနဲ့ 
နင်ပျော်အောင်နေလိုက်ပါ……။
တချိန်တုန်းကတော့…
ဒို့ နှစ်ယောက်တတွဲတွဲ…ဘယ်တုန်းကမှမခွဲခဲ့ကြဘူးနော်….
အခုတော့ ရှင်ကွဲ ကွဲ…..
နောက်တော့ သေကွဲ…ခွဲကြရပြန်ဦးတော့မယ်…..။
နင်လား…ငါလား….
ဘယ်သူအရင် ကျန်ခဲ့မှာလဲ…..

ကျန်ခဲ့ရင်ဘဲဖြစ်ဖြစ်......မချန်ခဲ့ခင်ဘဲဖြစ်ဖြစ်....
လမ်းကြုံတဲ့အခါ ဖတ်ဖြစ်အောင်.....
မန်းမြေက လမ်းတွေပေါ်မှာ ပဲ့ကြွေခဲ့တဲ့ရက်စွဲလေးတွေကို.....
“ငါ” .... ဒိုင်ယာရီတွေ ရေးထားတယ်.....
အလွမ်းပြေမလား...အလွမ်းဝေမလားတော့....မသိဘူး...
ငါ ကတော့ ပျော်စရာတွေဘဲ ရေးထားတယ်....
မျက်ရည်ဝေတဲ့ ညတွေ ၊ အခဲမကျေတဲ့ “လ”တွေကို တမင်တကာချန်ထားခဲ့တယ်......
ဝေဒနာဆိုတာ တမ်းတကောင်းတဲ့ အရာမှမဟုတ်ဘဲ.....သူငယ်ချင်းရယ်.....။ ။
မှ.....လေးမ
ကဗျာလဲမဟုတ်ဘူး....စာလဲမဟုတ်ဘူး.....ဘာမှန်းလဲသိဘူး.....။ လေးမ သူငယ်ချင်းကို ပြောပြချင်တာလေးတွေပါ....။ ။

3 comments:

Wednesday, July 25, 2007

အချစ်ငှက်

မဂျစ်ရဲ့ လျှောက်ခြစ်ထဲမှာ “အချစ်ဆိုတာ.. အတောင်ပံနဲ့ငှက်လား...” လို့ မေးထားလို့  ရေးဖြစ်ခဲ့ဖူးတဲ့ ခပ်ညံ့ညံ့ကဗျာတပုဒ်ကို ခပ်လန့် လန့်  နဲ့ ပဲတင်လိုက်ပါတယ်....
“အချစ်ငှက်”
Photo Sharing and Video Hosting at Photobucket
ငါ့ရင်ထဲကို
အချစ်ငှက်လေး
မဖိတ်ခေါ်ဘဲ ၀င်လာဖူးတယ်.....။
ငါ့ရဲ့အချစ်ကို
ရယူပြီးတော့
မနှင်သော်လဲ ပြန်လို့ သွားတယ်.....။
လွမ်းလို့ ကျန်ရစ်
ငါ့အဖြစ်ကို
အချစ်ငှက်လေး
သိပါရဲ့လား သိခဲ့လား.....။ ။

6 comments:

Tuesday, July 24, 2007

AMA ၏လှုပ်ရှားမှု


မြန်မာနိုင်ငံဗိသုကာများအသင်းမှ Green Architecture နှင့် Architecture as I understand it ခေါင်းစဉ်များဖြင့် Seminar ကို မြန်မာအင်ဖိုတက် တွင် ဇူလိုင် ၂၈ မွန်းလွဲ ၂ နာရီ တွင်ကျင်းပမည်ဖြစ်ကြောင်း......။ ။ (၂၀ရက်နေ့  မြန်မာ့အလင်းသတင်းစာမှ)

2 comments:

Sunday, July 22, 2007

ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ဒု )

ဒိုင်ယာရီစာမျက်နှာ (၈) ။ ။
Scene (4 )_
ဒီတခါ ဒီဇိုင်းက Library……။ ပုံစံငယ်ပါတင်ရမည်….။ အခန်းထဲက အ၀တ်သေတ္တာ ၊ စာကြည့်စားပွဲ ၊ ခုတင် ပေါ်မှာ ပုံစံငယ်ပြုလုပ်ရန် ပလတ်စတစ်ပြားများ ၊ ပြတင်းပေါက် နေရာတွင်ကပ်ရန် စတစ်ကာ အညို အနက် ၊ လွှ ၊ ဓါး ၊ သံပေတံ ၊ ဇာဂနာ ၊ spray ဗူး ၊ ကော်ရည် ၊ ATM ကော် ၊ ကော်ရည်သုတ်ရန် စုတ်တံ ၊ Drawing များ စတဲ့ ပိုင်ဆိုင်မှုများက အပြည့်အ၀ နေရာ ယူထားပါသည်……။
“ မိ…နင်ဟာလေ….model ချိုးရပါမယ်ဆိုမှ ဒီဇိုင်းကို အ၀ိုင်းကြီးထုတ်တယ်…. တော်တော် မြွေဖမ်းချင်တယ်…..”

“ငါက နင့်လို လေးထောင့်မှ မကြိုက်တာ.....ငါက နူးညံ့ပျော့ပျောင်းတဲ့ လိုင်းကွေးတွေပဲ ကြိုက်တယ်.... နင်သာ ကျောင်းပြီးတော့မယ် square ကနေကို မထွက်တော့ဘူး......”
“ဟဲ့.....ငါက simple ကြိုက်တာ....လက်တွေ့ ဆန်တာ....မာရေကျောရေ ဒီဇိုင်း sense ရှိတာမဟုတ်ဘူး.....နားလည်လား.....”
ဒီလိုနဲ့  မိရဲ့ library အ၀ိုင်းကြီးကို ငြင်းရင်းခုံရင်း နှစ်ယောက်သား model ချိုးကြတယ်......။ အကွေးကြီးရအောင် ပလတ်စတစ်ပြားကို မူရင်းစကေးထက် ဘယ်လောက်ပိုဖြတ်ရမလဲတွက်......၊ စောင်နဲ့  ပတ်.....အပေါ်ကမီးပူနဲ့ ဖိပြီး အပူပေး.....ပျော့သွားတဲ့ အချိန်မှာ ထိုင်ခုံ အ၀ိုင်းလေးမှာ ပြေးကပ်ပြီး ပုံသွင်းရတယ်....။ တကြိမ်မရ နောက်တကြိမ်ထပ်ကြိုးစားရင်း ..... နောက်ဆုံးတော့ မိ ရဲ့ library အ၀ိုင်းကြီး အောင်မြင်စွာ ပုံဖော်နိုင်ခဲ့ပါတယ်.....။ “လေးမ” ရဲ့ ပထမနှစ်ကတည်းက အိမ်ကထည့်ပေးလိုက်တဲ့ မုံရွာချည်စောင်လေးလဲ မီးကျွမ်းသွားပါတယ်....နောက်တော့ ခွေးသားအမိ လက်ထဲထည့်လိုက်ရပါတယ်......။


Scene (5)_
“ ဟေ့….လေးမ တို့  ပုံတွေ ပြီးပြီလား….”
“ ဘယ်ပြီးဦးမလဲ ဟာ ”
“ ငါတို့ လဲ မပြီးဘူး….ဆရာမကို ဂျူရီ ရက်ရွှေ့ ခိုင်းကြရအောင်….”
“ ကောင်းတယ်…..ကောင်းတယ်…..လူစုလိုက်….”
“ အာခီတွေ….အခန်းနံပါတ် (…..) ကိုလာခဲ့ကြပါ…..အရေးပေါ် meeting ”
အဆောင်ရဲ့ ဟိုဘက်ထောင့်…..ဒီဘက်ထောင့်မှ ဟိုဘက် wing ဒီဘက် wing မှာနေသူများသို့ …..အပေါ်ထပ်ဝရန်တာမှ အောက်ထပ်ဝရန်တာသို့  အသံပေးလိုက်တော့ ၅ မိနစ်အတွင်းမှာ လူစုပြီးသားဖြစ်သွားပါတယ်…..။
( တခါကလဲ အုပ်စုလိုက် အတန်းလစ်လို့  ပါချုပ်ဆီမှာ လက်မှတ်ထိုးပြီး အဆောင်ရှေ့မှ ပါချုပ်အိမ်အထိ ပြေးခိုင်းခြင်းဖြင့် အပြစ်ပေးခံခဲ့ရပါတယ်…..ပါချုပ်ကြီး ပြောတာကတော့ တစ်ယောက်ထဲ အတန်းလစ်တာ အပြစ်မရှိဘူး…..အုပ်စုဖွဲ့ တာက အပြစ်ကြီးတယ်တဲ့…..ဒါပေမယ့် လေးမ တို့ က အမှတ်မရှိဘူး….အမြဲတမ်းအုပ်စုလိုက် တိုင်ပင်ပြီးလုပ်တယ်……စည်းလုံးညီညွတ်တာမဟုတ်ဘူး….. သူခိုး သေဖော် ညှိတာ )
၅ မိနစ်လောက် တိုင်ပင်ပြီးတာနဲ့  ဆရာမ အိမ်ကို တအုပ်စုလုံး ချီတက်ကြပါတယ်……။
သေခါနီးမျက်နှာလေးတွေနဲ့  ဆရာမကို ဘယ်လိုပဲ သနားအောင် ပြောပြော အသည်းမာလှတဲ့ ဆရာမက လုံးဝရက်မရွှေ့ ပေးတဲ့အပြင် ပြောရမယ့် နံပါတ်စဉ်ကိုတောင် မဲနှိုက်ခိုင်းလိုက်သေးတယ်……။ ပြန်ရောက်တော့ အစည်းအဝေးပြန်ထိုင်ကြတယ်…..။
“ ဘယ်လို လုပ်ကြမလဲ…”
“ ငါကတော့ လုံးဝမတင်ဘူး…”
“ ငါလဲ အကျခံလိုက်တော့မယ်….မတင်ဘူး….”
“ ဒါဆို တစ်ယောက်မှ ဂျူရီ မ၀င်နဲ့ ….သဘောတူလား….”
“ ယောက္ခမက အဆောင်ကို လိုက်လာမှာပေါ့….”
“ ဟဲ့….ဆရာမက အပျိုကြီးဟာကို…..”

“ အေးလေ….အပျိုကြီးမို့ လို့ ပြောရဲတာပေါ့….”
“ ဒါပေမယ့် ဆရာမ မွေးထားတဲ့ ခွေးကြီး ငညို ရှိတယ်လေ….ဟာ..ဟ ”
“ ဟဲ့….အရေးကြီးပါတယ်ဆိုမှ…..။ ဆရာမ အဆောင်ကို လိုက်လာလို့  ငါတို့ ကိုတွေ့ ရင် ပွဲကြမ်းမှာ…..အဲတော့ ငါတို့ တောခိုမယ်…..”
“ ဘာ….”
“ အော်….အနောက်ဘက်က သရက်တောထဲမှာ သွားပုန်းမယ်လို့  ပြောမလို့ ပါ….”
“ အဆောင်မှာ ၂ ယောက်လောက်တော့ နေခဲ့….အခြေအနေ ကောင်းပြီဆိုရင် သရက်တောထဲကို လာအကြောင်းကြား…..ကျန်တဲ့သူတွေက ထမင်းချိုင့်နဲ့  မနက် ၈ နာရီကတည်းက သရက်တောကို သွားကြမယ်……အပြန်ကျမှ ဆရာ့အိမ်မှာ သွားတောင်းပန်မယ်……ဆရာက ဆရာမလောက် ဒေါသမကြီးတော့ ပြသနာမရှိဘူး….ဆရာမကိုတော့ ၃ ရက်လောက်နေမှ တောင်းပန်မယ်….”

“ OK….good ”
လေးမ နဲ့  မိ ကအဆောင်မှာနေခဲ့တယ်…..။ ကျန်တဲ့သူတွေက သရက်တောထဲမှာ….။
ဂျူရီနေ့ မှာ .....
“ လေးမတို့ ….နင်တို့  ဆရာမ အဆောင်အောက်ရောက်နေပြီ…..”
“ အမယ်လေး….မှန်းထားတဲ့ အတိုင်းပါပဲလား…..လုပ်ကြပါဦး….ငါတို့ ကို အပြင်ကသော့ခတ်သွား…..မဖြစ်သေးဘူးဟ….ဆရာမကလဲ ငါတို့ လိုပဲ ဟိုဘက်ဝရန်တာကနေ ကျော်ပြီးဝင်လာရင် ကွိကနဲမိမှာ…..ပဲပဲတို့  အခန်းထဲမှာ ပုန်းနေမယ်….”
ပဲပဲက လေးမ နဲ့ မိကို အခန်းထဲထည့်ပြီး အပြင်ကသော့ခတ်သွားတယ်…..။
ဆရာမကတော့ သော့ခတ်ထားတဲ့ အာခီိခန်းတွေကို တခန်းချင်းလိုက်ကြည့်ပြီး ဒေါကန်ကန်နဲ့  ပြန်သွားတယ်….။ ညနေ ဆရာ့အိမ်မှာ သွားတောင်းပန်တယ်….။ လေးမ တို့ကအဲလိုပဲ…..။ လုပ်ချင်တာလုပ်ပြီးရင် ထိုင်ကန်တော့နေကျ….။ ။
ဒါတွေကတော့ ဖြတ်သန်းခဲ့ဖူးတဲ့ ဗိသုကာ ကျောင်းသူဘ၀ရဲ့ Scene လေးတွေပါ….။ နောက်ရက်တွေမှာ စိတ်ပါရင် အတိတ်က ရက်စွဲလေးတွေကို ထပ်ပြီးချိတ်ဆက်ပါဦးမည်…။

2 comments:

Saturday, July 21, 2007

ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ပ )

ဒိုင်ယာရီစာမျက်နှာ (၈) ။ ။
Scene (1)_
မနက် ၃ နာရီ လောက် သန့် စင်ခန်းတွေဘက်ကို ငိုက်စိုက်ငိုက်စိုက် လျှောက်လာရင်း ယိုင်တိယိုင်တိုင် လျှောက်လာတဲ့ အရိပ် တစ်ခုနဲ့  ဖြတ်ခနဲ ဆုံတယ်…..။ မော့ကြည့်ပြီး လျော့တိလျော့ရဲ ပြုံးပြလိုက်တယ်…..ထမင်း ၂ ရက်မစားရတဲ့ အသံနဲ့  “ ပုံတွေ ပြီးပြီလား....” တဖက်က အရိပ်က ခေါင်းခါပြီး “ ပြီးသေးပါဘူးဟာ…..”
“ ဒါဝဋ်ကြွေးပဲ အချစ်ရယ်….” သီချင်းသံတိုးတိုး ခြေသံ တရှပ်ရှပ် ကြားရတယ်…..။ အာခီ ကျောင်းသူတစ်ယောက်ဆိုတာ သေချာတယ်…. “ ဟေ့..ဘယ်လို လဲ အခြေအနေ ကောင်းလား” …..။

“ ငါတော့ interior တစ်ပုံပဲ ဆွဲတော့မယ်….အားလုံးပေါင်းမှ ၈ ရွက်ပဲ ပြီးတယ်..... section လဲမပြီးသေးဘူး… .တတ်နိုင်ဘူး…ဒီလောက်ပဲ ရမယ်ဟေ့….”
Scene (2)_
“ကြောင်ကလေးက နားရွက်ထောင် ပညာရှိယောင်ဆောင်….”
“လေးမ….နင်ဘာတွေ အော်နေတာတုန်း…..နင်အရမ်းအိပ်ချင်နေပြီ…..ခဏအိပ်လိုက် ”
“ No….”

“ ဟာ…..လေးမ…..နင်…အိပ်ငိုက်ငိုက်နဲ့  လျှောက်ဆွဲကုန်ပြီ….ဒီနားမှာ နင်….ပြတင်းပေါက် မဖောက်ဘူးဆို….ဘာလို့  ပြတင်းပေါက်တွေ ဆွဲထားတာတုန်း….”
“ ဟာ…..သေရော….လုပ်ကြပါဦး…. ဘရိတ်ဓါး…ဘရိတ်ဓါး ….ဘယ်ရောက်နေပါလိမ့်….”
“ နင် မခြစ်နဲ့ ….ပေါက်ကုန်မယ်….ငါဖျက်ထားပေးမယ်…..သယ်ရင်းလေး ခဏအိပ်လိုက်….”
“ ငါ ၁၅ မိနစ်ပဲ အိပ်မယ်……၁၅ မိနစ်ပြည့်ရင် ငါ့ကိုနှိုးနော်…..မနှိုးရင် သေခန်းပြတ်ပဲနော်….ငါ ဘာမှမပြီးသေးဘူး…..သေချာနှိုးနော် “မိ” .....”
ပြောပြောဆိုဆို Drawing Board နောက်က နေရာလွတ်ကျဉ်းကျဉ်းလေးမှာ စောင်လေးပိုက်ပြီး ခွေခွေလေး အိပ်လိုက်တယ်….
“ သယ်ရင်းလေး….ထတော့….၁၅ မိနစ်ပြည့်ပြီ…..”
“ ရှင်….ဆရာ…..သမီး နောက်ဆို ဒီလိုမဖြစ်အောင် ဒီဇိုင်းကို စောစောထုတ်ပါ့မယ်….ဆိုင်ကယ်တစ်စီးနဲ့  လျှောက်လည်မနေတော့ပါဘူး…” ငုတ်တုတ်ထထိုင်ပြီး တတွတ်တွတ်ရွတ်လိုက်တယ်….။
“ ဟဲ့….ယောင်နေပြန်ပြီ…..မျက်စိဖွင့်စမ်း…” ပခုံးကနေ ဆွဲလှုပ် ခံလိုက်ရတယ်….။
“ တော်ပါသေးရဲ့ “မိ” ရယ်…..နင်နှိုးလိုက်လို့ …..ငါ့ကို ဂျူရီမှာ ဆရာက ကွိုင်နေတာဟ….”
Scene (3)_
“ ဒေါက်….ဒေါက်….ဒေါက်….အခန်းရှင်တို့ …”
“၀င်ခဲ့ပါ…..စေ့ထားတယ်….”

“ နင်တို့ ဖို့  စားဖိုဆောင်ကဟင်းထုတ်လာတယ်….နင်တို့  ထမင်းစားကတ်တွေ ငါတို့ ပဲ ယူထားပေးမယ်….ထမင်းကတော့ ၀ယ်စားမှာ မဟုတ်လား….စားပြီးရင် ပန်းကန်တွေ ထားထားလိုက်…..ငါတို့  လာယူ့ပြီး ဆေးပေးမယ်…..”
“ ကျေးဇူးဘဲဟာ…..ငါတို့  ဂျူရီ ပြီးရင် နင်တို့  ပန်းကန်တွေ ငါတို့  တပတ်တိတိ ဆေးပေးမယ်နော်….. ဒါနဲ့  ညကျရင် ငါတို့ ကို လာကူဦးနော်……”
“ အေးပါ…..ငါက ဘောင်ခတ်ပေးမယ်….”
“ ငါက ပြတင်းပေါက်တွေ အနက်ခြယ်ပေးမယ်…..”
“ ငါက စာတွေရေးပေးမယ်….”
“ Good….good….thanks ”
“ ဒေါ်ခင်စန်းရေ…..ထမင်း ၅၀ ဖိုး….” ၀ရန်တာထွက်ပြီး အဆောင်ရှေ့က ထမင်းဆိုင်ကို အသံကုန်ခြစ်ပြီး လှမ်းအော်လိုက်တယ်…..။
ထမင်းရပြီ ”
ဝရန်တာမှာ ကျစ်ကြိုးနဲ့  ချည်ထားတဲ့ ရေပုံးအသေးလေးထဲကို ပိုက်ဆံ ၅၀ ထည့်ပြီး အောက်ချပေးလိုက်တယ်…..။ ဒေါ်ခင်စန်းက ပိုက်ဆံ ၅၀ ကိုယူပြီး ထမင်းထုတ်ကို ပုံးထဲပြန်ထည့်ပေးလိုက်တယ်……။ ဒီလိုနဲ့  တနပ်စာတော့ အဆင်ပြေသွားပြန်ပြီ…..။ ။

ခက်ဆစ်
ဂျူရီ = ဒီဇိုင်းစာမေးပွဲ ဖြေဆိုခြင်း ၊ မိမိဆွဲထားသော ပုံများကို Board တွင်ကပ်၍ ဆရာများနှင့် ကျောင်းသားများအား မိမိ ဒီဇိုင်းကို ရှင်းလင်းပြောဆိုရခြင်း ၊ ဆရာများ၏ ဝေဖန် အကြံပေး…ဆုံးမ မှုကို ခံယူရခြင်း ….။
ဘရိတ်ဓါး= Tracing စာရွက်ပေါ်တွင် မင်ဖြင့်ဆွဲထားသည်ကို ဖြတ်ရန် ထုတ်လုပ်ထားသောခဲဖျက်မှာ ဈေးကြီးခြင်း ၊ ဖျက်ရတာ ကြာခြင်းကြောင့် Eagle တံဆိပ် ဘရိတ်ဓါးကို လေးပိုင်းချိုး၍ မင်ဖျက်ရန် အသုံးပြုရသဖြင့် ပုံဆွဲအထောက်အကူပစည်း…..။

(ညွှန်ကြားချက်အရ ဖြည့်စွက်ခြင်း)
ထမင်း ၅၀ ဖိုး= လွန်ခဲ့သော ၆ နှစ်ခန့် က ၅၀ ကျပ်တန်မြန်မာငွေစက္ကူဖြင့် ၀ယ်ယူနိုင်၍ ၉၅ပေါင်သာရှိသော လူနှစ်ဦး ၀လင်စွာစားသုံးနိုင်သော ထမင်း.....။

5 comments:

Friday, July 20, 2007

သိခဲ့ရဲ့လား….

“ ……ကလေးလေး သိပ်ချစ်တယ်….ကို ဒါလေးဘဲ ပြောတတ်တယ်နော……ဘယ်အချိန်ဘယ်လို စကာ ကိုယ်ချစ်သွားမှန်းမသိပေမယ့် ……….”
ဒီသီချင်းစာသားလေးကို “လေးမ” သိပ်ကြိုက်ခဲ့တာ…. ထူးအိမ်သင်ရဲ့ “စကားလုံးတွေ သိပ်မလိုဘူး…” ထဲကလေ….။ အခုတော့ ဖြိုးကြီး ပြန်ဆိုထားတယ်……။


“ လူတစ်ယောက်ကို ဘယ်တုန်းက စချစ်သွားခဲ့သလဲလို့  အတိအကျ မသိဘူးဆိုတဲ့လူတွေကို ကျွန်တော်တော့ အံ့သြတယ် ” စာမျက်နှာ ၁၉၉ (ချစ်သူလား…စကားတစ်ပွင့် ပွင့်ခဲ့တယ် - ဂျူး)
ဖတ်ဖြစ်ခဲ့တုန်းကတော့ စကားပွင့်တွေကြားမှာ နစ်မျောနေခဲ့လို့  ဒီစာကြောင်းလေးကို အမှုမဲ့ ၊ အမှတ်မဲ့ ပဲ…….။ တနေ့ က “ အချစ်ဆိုတာ ကြိုးနဲ့ သီဖို့ မလိုတဲ့ ပန်းကလေးများ ”ဆိုတဲ့ ၀တ္ထုတိုလေးမှာ ဒီလို အတွေးလေး ပြန်တွေ့ ရတော့မှ ဆရာမ ဂျူး ရဲ့ အမြင်လေးကို သတိထားမိသွားတယ်…..။

“ ချစ်သူတစ်ယောက်ကို ဘယ်အချိန်က စချစ်သွားမှန်းမသိဘူး ဆိုတဲ့လူတွေ တော်တော်ညံ့တာပဲဟု ကျွန်မထင်ပါသည်။ သည်လောက်အရေ့းကြီးသည့် အပြောင်းအလဲတစ်ခုကို သူတို့ ဘာကြောင့် သတိမထားမိကြတာလဲ။” စာမျက်နှာ ၂ (အချစ်ဆိုတာ ကြိုးနဲ့ သီဖို့ မလိုတဲ့ ပန်းကလေးများ-ဂျူး)
ဒီလိုဆိုတော့လဲ “ဂျူး ”ပြောတာဟုတ်သားပဲ…….။ ဘ၀မှာ သမရိုးကျ မဟုတ်ဘဲ ထူးထူးခြားခြား တစုံတရာ ဖြစ်ပျက်သွားတာကို တကယ်မသိလိုက်ကြဘူးလား……။ မသိချင်ယောင်ဆောင်ခဲ့ရတာလား……..။ မသေချာလိုက်တာလား……။ စာရေးဆရာတွေ…..သီချင်းရေးဆရာတွေက သူတို့ ရဲ့ အတွေးတွေ ၊ အယူအဆတွေ ခံစားချက်တွေကို ကလောင်တံ ( Typing ) နဲ့  အသက်သွင်းလိုက်တဲ့ အခါ “လေးမ” တို့  စာဖတ်သူတွေက ကိုယ့်ကိုယ်ကို ပြန်မေးစရာတွေ ၊ တွေးစရာတွေ ၊ သုံးသပ်စရာတွေ ရလာတတ်ပါတယ်…….။ အချစ်တစ်ခုတည်းမှ မဟုတ်ပါဘူး……။ အရာရာတိုင်းမှာ တခုခုပြောင်းလဲသွားတိုင်း သတိထားခဲ့မိပါရဲ့လား…….။


“သိခြင်း ၊ မသိခြင်း
ပုစ္ဆာရှင်းဖို့ 
ထိုင်ရင်း ၊ ငိုင်ရင်း
တွေးခြင်းတွေ စတယ်…။
တခါတုန်းဆီက
အပြုံးတွေ
အရှုံးတွေ
(ငါ) မသိခဲ့တာလား…
မရှိခဲ့တာလား…။
တခါတုန်းဆီက
ရခဲ့ဖူးတာတွေ
မရခဲ့ဖူးတာတွေ
(ငါ) သိဖို့  ရှက်ခဲ့သလား
ရှိဖို့  ခက်ခဲ့သလား…။
(ငါ) တွေးဆဲ မေးဆဲ
မရဲတရဲ ဖြစ်နေတုန်းမှာဘဲ
ငါ့နားကိုကပ်
တိုးတိုးလေး “မှတ်” …တဲ့
“You have No Extra Time”….။ ။

4 comments:

Tuesday, July 17, 2007

အာဇာနည်ဗိမာန်


Source: from yanaung.blogspot.com and google search

( အာဇာနည်ဗိမာန်အား ကျွမ်းကျင်ပညာရှင် ရှုထောင့်မှ မဟုတ်ဘဲ သာမာန်ပြည်သူတစ်ဦး အနေဖြင့် ဗိသုကာရှုထောင့်မှ ရှုမြင်ကြည့်ပါသည်……။ )
ရွှေတိဂုံဘုရားရဲ့ ခြေရင်း မြောက်ဘက်မုခ်အနီးမှာ ရှိတဲ့ အာဇာနည်ဗိမာန်ကို “လေးမ” ဘုရားတက်တိုင်း ကားပေါ်ကနေ မြင်သလောက် လှမ်းကြည့်မိနေကျပါ……။ ပြီးတော့ တခုခုကို တွေ့ ရနိုးနဲ့  ရှာမိတတ်တယ်……။ ဘာကိုရှာမိမှန်းလဲ မသိ…….။ ကားဖြတ်သွားတုန်း ကြည့်ရတာဆိုတော့ ကြည့်ရတာလဲ အားမရဘူး……။ ဒီအသက် ဒီအရွယ်အထိ ဗိမာန်ရှိတဲ့နေရာကို တခါမှ မရောက်ဖူးသေးဘူး…….။ တနေ့ တော့ သွားဖြစ်အောင် သွားဦးမည်…….။ အာဇာနည်တွေ အေးချမ်းပါစေ……ငြိမ်းချမ်းပါစေတော့လို့  ဘုရားရိပ်နဲ့  အနီးဆုံးမှာ နေရာပေးခဲ့လေသလား…….။ ရွှေတိဂုံဘုရား ၊ တော်လှန်ရေးပန်းခြံ ၊ သွေးဆေးကန် ၊ လွှတ်တော် ၊ ရင်ပြင် ၊ အာဇာနည်ဗိမာန် စတဲ့ နိုင်ငံရဲ့ အရေးပါတဲ့ အထင်အရ အဆောက်အအုံတွေကို တဆက်တစပ်တည်း တစုတဝေးတည်း ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်လဲ ပါမှာပါ……။ ဗိမာန်ကိုတည်ဆောက်ထားတဲ့ မြေနေရာကို ကြည့်မိပြန်တော့ မြေညီမဟုတ်……ကုန်းမြင့်ကလေး……ထို့ ကြောင့် တချို့ က အာဇာနည်ကုန်း ဟုလဲ ခေါ်ခဲ့ကြတယ်……..။ ရှေးမြန်မာတွေက တောင်ကုန်းပေါ်မှာ ဘုရားတည်ကြတယ်…….ဂရိ တွေက ကုန်းမြင့်ပေါ်မှာ temple ဆောက်တယ်…...ကုန်းမြင့် မရှိရင် ခုံမြင့် ကြီးပေါ်မှာ ဘုရားကျောင်းတွေ ဆောက်ခဲ့ကြတယ်……။ ရည်ရွယ်ချက်က ကုန်းမြင့်ပေါ်က အဆောက်အဦးပေါ်ကို လွယ်လင့်တကူ မရောက်ဘဲ လှေကားတွေနဲ့  တက်လာစေချင်တာ…….လှေကားတထစ်တက်တိုင်း လေးနက်တဲ့ခံစားချက်တွေ ၊ ဦးညွတ်မှုတွေ ၊ ၀ပ်တွားမှုတွေ ၀င်လာစေချင်တာ……..။ ဗိမာန်ပေါ်ရောက်ဖို့  ဓါတ်လှေကား မရှိဘူး…….ကျယ်ပြန့် တဲ့ လှေကားထစ်တွေကို တထစ်ချင်းတက်လာရတယ်…….။ တက်လာရင်းနဲ့  ဗိမာန်ကို လှမ်းမြင်နေရတယ်…….မြင်နေရင်းနဲ့  လေးစားမှု ၊ ဦးညွတ်မှု ၊ နှမြောတသဖြစ်မှု စတဲ့ ခံစားချက်တွေက ရင်ထဲမှာ တခုပြီးတခု နေရာယူလာနိုင်တယ်……..။ အ၀င်ဝ မုခ်ဦးတွေကလဲ ဦးညွတ်နေတဲ့ပုံစံ အတွင်းကိုကွေးထားတော့ ၀င်လာကတည်းက ဦးညွတ်ပြီးသား……။ ဗိမာန်က ရဲရင့်မှုကို ကိုယ်စားပြုတဲ့ အင်္နီရောင်……..။ အနီရောင် block က ၉ခု….. ထူးထူးခြားခြား block တစ်ခုမှာ ကြယ်ဖြူတစ်ခုရှိနေတယ်…… ။ နိုင်ငံလွတ်လပ်ရေးအတွက် လမ်းပြကြယ်လို့ များ ညွှန်းဆိုချင်သလား……..။ ပြည်သူတို့ ၏ ရင်ထဲတွင် အမြဲလင်းလက်တောက်ပနေမည့် ကြယ်စင် လို့ များပြောချင်တာလား………။ ငယ်စဉ်ကတော့ ဗိုလ်ချုပ်ရဲ့ အရိုးအိုးရှိတဲ့ နေရာလို့  သူများပြောတာကြားဖူးတယ်………။ ဗိသုကာ ဘာသာစကားနဲ့  ပြောရရင်တော့ ကြယ်ရှိနေတဲ့ နေရာဟာ တခြားနေရာတွေထက် ပိုထူးခြားသွားတဲ့ အတွက် ဒီဇိုင်းကို unity ရှိစေတယ်……..။ ဗိမာန်ရဲ့ Form က vertical နဲ့  horizontal effect ကိုညီညွတ်အောင် ပေါင်းစပ်ထားတယ်…..။ ငြိမ်သက်လဲလျောင်းသွားပြီ ဖြစ်ပေမယ့် ရှင်သန်နေတုန်းပဲ ဆိုတဲ့ အဓိပါယ်များလား……။ တကယ်လဲ ရှင်သန်နေခဲ့တာ အနှစ် ၆၀ ရှိသွားပါပြီ……..။ ဆက်လက်ပြီးတော့လဲ ရှင်သန်နေဦးမှာပါပဲ………။ ။

P.S. အဝေးကနေကြည့်ရင်း “လေးမ” ခံစားမိနေကျ အတွေးလေးတွေကို ရေးချရုံသက်သက်ပါပဲ………။ ဒီဇိုင်းထုတ်ခဲ့တဲ့ ဗိသုကာ ဆရာ ဦးဆန်းဦးကတော့ ဒီထက် လေးနက်တဲ့ design concept တွေနဲ့  ပုံစံထုတ်ခဲ့တာပါ…….။

8 comments:

Sunday, July 15, 2007

စကားစုလေးတစ်ခု

ဂျူး ရေးသော အချစ်ဆိုတာ ကြိုးနဲ့ သီဖို့ မလိုတဲ့ ပန်းကလေးတွေနှင့် အခြားဝတ္ထုတိုများ မှ
မျက်ရည်တစ်စက်မိန်းမ ” ကိုဖတ်ပြီးနောက်…….
အသက် ၃၉-၄၀ အရွယ် OG မမတစ်ဦး၏ အမ်အက်စ်စီ ကျောင်းသား ဆရာဝန် တစ်ဦး အပေါ် မျက်ရည်တစက်ကျရာမှ အကြောင်းပြုပြီး တွယ်တာမိတဲ့ တဖက်သတ် သံယောဇဉ်ကို မျက်ရည်တစက်ဖြင့် အဆုံးသတ်ပေးထားသော ၀တ္ထုတိုလေးဖြစ်သည်……။ တဖက်သတ်ဆိုပေမယ့်လဲ “လေးမ” ကတော့ အကြောင်းရှိလို့  အကျိုးဖြစ်လာခဲ့တာလို့  မြင်တယ်……..။ မိန်းမတွေက ရက်စက်မှု ၊ ဥပေက္ခာပြုမှုတွေကို ရင်ဆိုင်နိုင်ပေမယ့် ဂရုစိုက်ခံရမှု ၊ အလေးထားခံရမှုတွေကို ခံနိုင်ရည်မရှိကြဘူး…..။
“ ရှင်စဉ်းစားကြည့်ပေါ့ ။ ကျွန်မ ဘယ်လောက်အံ့သြတုန်လှုပ်သွားမလဲ ဆိုတာ ။ မျက်နှာချင်းဆိုင်မှာရှိနေသော ခွဲစိတ်ဆရာဝန် တစ်ယောက်၏ နှာခေါင်းစည်းအ၀တ်ထက်က မျက်လုံးတစ်စုံမှာ မျက်ရည်တစ်စက် ဖျတ်ခနဲတွဲခိုသွားတာကို ဘာကြောင့် ရှင်မြင်ရမှာလဲ ။ တကယ်ဆို ရှင့်မျက်လုံးအကြည့်က ခွဲစိတ်သည့် ဆောင်ရွက်မှုပေါ်မှာပဲ တစ်သမတ်တည်း ရှိနေရမှာ မဟုတ်လား ။ ကျွန်မကို လိုအပ်သည့် ကူညီမှုပေးရင်း တစ်ချိန်တည်းမှာ ကျွန်မ၏ မျက်လုံးကို ရှင်သတိထားမိနေခဲ့သည်ဆိုတော့ ကျွန်မအံ့သြမိပါသည် ။”
“…..ဘာပဲ ဖြစ်ဖြစ် အဲဒီညက ကျွန်မ၏ မျက်ရည် တစ်စက်ကို ရှင်သုတ်ဖယ်ပေးလိုက်သည့် အဖြစ်သည် ခွဲစိတ်ခုတင်မှာ အလုပ်လုပ်နေသူ အားလုံးအတွက် ပြောစမှတ်ကျန်ရစ်ခဲ့သည်…..

............
............
“ မမရဲ့ လက်လေးတွေကို ကျွန်တော် သနားလိုက်တာ ”
ဆရာဝန်မက ကျောင်းသားနဲ့ အသက်ချင်းကွာလှတာကြောင့် ကျောင်းသားရဲ့ မေတ္တာကို လုံးဝမျှော်လင့်မထားပါဘူး…..။ လိုမယ်ထင်တာလေးတွေ ပေးဆပ်ရင်း ပီတိဖြစ်နေ ခဲ့ပုံရပါတယ်……။
“အဲဒီစကားက ငါတီထွင်ခဲ့တဲ့စကားမဟုတ်ဘူးဟ ၊ ဘုန်းသက်နိုင်တို့  စကားဝိုင်းကနေ ကြားခဲ့ရတဲ့ စကားလုံး ၊ နင်က သူ့ အပေါ် ကြောင်နေတယ်တဲ့ ”
“ ခွဲစိတ်ခန်းမှာရော ၊ အပြင်မှာရော နင်က ဘုန်းသက်နိုင် အတွက်ဆို ဘာမဆိုလိုက်လျောတယ်ဆို ၊ နင်က ဘုန်းသက်နိုင်ကို ကျနေတာတဲ့ ”
“ ဘုန်းသက်နိုင်က ဘာပြန်ပြောလဲ”

“………တော်စမ်းပါကွာ ၊ ငါ့မှာ အိုတီထဲမှာ စိတ်ကျဉ်းကျပ်ရတာက တစ်မျိုး ၊ အပြင်ရောက်တဲ့အခိုက်တော့ လွတ်လွတ်လပ်လပ်လေးနေပါရစေ……တဲ့ ”
ဇာတ်လမ်းက ကျောင်းသားမှာ ရည်းစားရှိနေတယ်ဆိုရင် ဖြေသာသေးတယ်…..။ အခုတော့…...။
ကျွန်မ ရှင့်အပေါ် ထားခဲ့မိသည့် ပေးဆပ်မှုသက်သက် ချစ်ခြင်းမေတ္တာတွေကို ကြောင်သည် ဆိုသည့် စကားဖြင့် ပေါ့သွမ်းစေခဲ့ရတဲ့ အတွက် ကျွန်မ အလွန် ၀မ်းနည်းမိတာတော့ အမှန်ပါပဲ ။

မိန်းမတစ်ယောက် ( ဆရာဝန်မ မှမဟုတ်ပါဘူး….)ရဲ့ အရှက်နဲ့  ဂုဏ်သိက္ခာကို စကားစု တချို့ နဲ့  ဖြတ်ရိုက်ပစ်လိုက်တယ်…….။ တချို့  စကားတွေ ၊ အသုံးအနှုန်းတွေ က တဖက်သားကို နစ်နာပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့  တမင်တကာပြောတာ မဟုတ်ပေမယ့် တခါတလေမှာ မျှော်လင့်မထားတဲ့ ထိခိုက်မှုတွေ ဖြစ်စေတတ်ပါတယ်……။ “လေးမ” တွေးမိတဲ့ နောက်တချက်က “နံရံတွေမှာ နားတွေရှိနေပါလား” ဆိုတဲ့ တချက်…..။ ဘယ်စကားကိုမှ လက်လွတ်စပယ်မပြောမိဖို့  ကြိုးစားရဦးမယ်……။ မိန်းကလေးအုပ်စုရဲ့ စကားဝိုင်းထဲမှာ “ ဟိုကောင်…နင့်ကိုကြောင်နေတယ်” ဆိုတဲ့ စကားကသိပ်ပြသနာ မရှိပေမယ့် ယောက်ျားလေးအုပ်စုကြားမှာ ဒီစကားကြား ရတဲ့အခါမှာတော့ မိန်းမတယောက်အနေနဲ့  (ဟုတ်သည်ဖြစ်စေ……မဟုတ်သည်ဖြစ်စေ) တော်တော်သိက္ခာကျ ပါတယ်……..။ စိတ်နာစရာလဲ ကောင်းပါတယ်…..( လေးမရဲ့ အမြင်ပါ) ။ ၂၁ ရာစုနှစ်ကို ရောက်နေပေမယ့် တချို့ နေရာတွေမှာ ယောက်ျားတွေကို မိန်းမတွေ ရင်ဘောင်တန်းလို့  မရနိုင်ပါဘူး……..။ ဥပမာ ဒီလို စကားမျိုး အပြောခံခဲ့ရရင် ဘာမှ မခံစားရပဲ နေလို့ မရနိုင်ဘူး ထင်ပါတယ်…….။ ။

4 comments:

Wednesday, July 11, 2007

ရေးဖူးတဲ့ ကဗျာ…

“လေးမ ရဲ့ Blog မှာ ကဗျာလဲ မရှိဘူး” လို့  သူငယ်ချင်းတစ်ယောက်က ပြောလို့  မခံချင်တာနဲ့  သစ်ရွက်လှုပ်တိုင်း ကဗျာရေးချင်တဲ့ အချိန်က ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို သော့ခတ်ထားတဲ့ စာအုပ်ထဲကနေ သော့ဖျက်ပြီးတော့ ကူးပေးလိုက်ပါတယ်…….။ ခေါင်းစဉ်ကတော့ အခုမှ ကောက်ခါငင်ခါ ပေးလိုက်တာပါ…….။
myspace layouts, myspace codes, glitter graphics

“လေးမ နှင့် ကောင်းကင်”
“ကောင်းကင်ကို မော့ကြည့်
ငါလျှောက်မိရင် ခလုတ်တိုက်မလား……
ဒါဆိုရင်.....
မြေကြီးကို ငုံ့ ကြည့်
ငါလျှောက်ကြည့် လိုက်မယ်…….။
တခါတရံတော့.....
ကောင်းကင်ကို သတိရ
ငါတမ်းတတဲ့အခါ
ကောင်းကင်က ရယ်မော
ငါကတော့ စိတ်မော…..လို့ …….။
မကြာခဏတော့.....
ကောင်းကင်က ငါ့ကို
လက်ကမ်းလို့  ကြိုတတ်ပါရဲ့…….
ဒါပေမယ့် ငါလေ……
ကမ်းကြိုတဲ့ လက်ကို
လှမ်းခိုဖို့  ခက်နေလို့ ………။

.......
.......
.......
.......
.......
ဒီလိုနဲ့  နောက်ဆုံးတော့လဲ.....
ကောင်းကင်က ပြုံးပြ
ငါကလဲ မုန်းမရတော့
ရုန်းမရတဲ့ အချစ်တွေနဲ့ 
ငါဟာ
မိုက်မဲ…..
လှိုက်လှဲစွာ ချစ်ခဲ့တယ်…….။ ”


11 comments:

Tuesday, July 10, 2007

Ready-made စွပ်ပြုတ်

ကြက်စွပ်ပြုတ် ချက်ဖို့  “လေးမ” မနက်က ဈေးသွားခဲ့ပါသည်……။ ကြက်သားဈေးလေး မေးကြည့်တော့ ၆၀၀၀ ဈေးပါ….. ။ လေးမ က စေတနာ အလွန်ကောင်းတော့ အရသာရှိအောင် နှစ်ကောင်လောက် ပြုတ်မှ အဆင်ပြေမှာ…….။ ချိန်ကြည့်လိုက်တော့ တစ်ကောင်ကို ၇၀ သား……။ ဒါနဲ့ ဘဲ…….အမွှေးနုတ်ခံထားရတဲ့ အသက်မရှိတဲ့ ကြက်ကို တချက်ငဲ့ကြည့်ပြီး ဈေးသည်ရဲ့ မျက်စောင်းကို ကျေနပ်စွာခံယူရင်း ပြန်လှည့်ထွက် ခဲ့ပါတယ်……။ ဘယ်လိုလုပ်ရမလဲ…….ဟို လူမမာကလဲ လာလာ တောင်းနေတယ်…….။ လေးမ ကလဲ စွပ်ပြုတ်တိုက်ချင်တယ်………ဆိုတော့…..။ အကြံကောင်းရင် တချက်ပါ……။ ဟိုနားက “ ထို Mart ” မှာ အထူးစပယ်ရှယ် discount ဆိုပြီး တစ်ထုတ်ဝယ်ရင် တစ်ထုတ် အလကားရတဲ့ date expire ဖြစ်ဖို့  တလကြီးများတောင် လိုသေးတဲ့ ready-made ကြက်စွပ်ပြုတ် ထုတ်လေး တွေ ပြေး
ဝယ်လိုက်တာပေါ့………။ အခုတော့ ဒီ ready-made လေးဘဲ သောက်ဦးနော်…..။ လခထုတ်ပြီးရင်တော့ ကြက်အစစ်နဲ့  ပြုတ်တိုက်ဖို့  စဉ်းစားပေးပါမယ်…….။

ကုလားထိုင်တစ်လုံးသာ ရွေးထိုင်ပါ
အီတာလျံလူမျိုး နာမည်ကြီးအဆိုကျော် လူစီယာနို ပါဗရော့တီ (Luciano Pavarotti ) ( 1935- ) ၏ ဖခင်သည် မုန့် ဖုတ် သမားတစ်ယောက်ဖြစ်သည် ။ သို့ သော် ဂီတဘက်တွင် အလွန်ထက်သန်သည် ။ သူ့ သားကို အောင်မြင်သော ဂီတပညာရှင်တစ်ဦး ဖြစ်စေလိုသော ဆန္ဒရှိသည် ။ ထို့ ကြောင့် ငယ်ရွယ်စဉ်မှာပင် တေးဂီတ အနုရသများနှင့် ကျွမ်းဝင်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့သည် ။ ဖခင်၏ ပဲ့ကိုင်လမ်းညွှန်မှု ၊ မိမိကိုယ်တိုင် ထက်သန်တက်ကြွစွာ အားထုတ်မှုတို့ ကြောင့် ပါဗရော့တီသည် ကမ္ဘာသိ အဆိုတော်တစ်ဦးဖြစ်ခဲ့သည် ။
အောင်မြင်ခဲ့သော သူ့ ဘ၀နှင့် ဆက်စပ်၍ ပါဗရော့တီက ဤသို့ သုံးသပ်ပြောဆိုခဲ့သည် ။
“ အဖေက ကျွန်တော့်ကို အသံကောင်းလာအောင် တအားလေ့ကျင့်ခိုင်းတာ ၊ အီတလီက ကျွန်တော်တို့ ဇာတိမြို့  မိုနာဒေသမှာ အာရီဂိုပိုလာဆိုတဲ့ အဆိုသင်ဆရာ တစ်ယောက်ရှိတယ် ၊ ကျွန်တော့်လို ညာသံဘဲ ၊ သူက ကျွန်တော့်ကို တပည့် အဖြစ် လက်ခံပြီး သင်ကြားပေးတယ် ၊ အဲဒီလို တေးဂီတ လိုက်စားရင်းနဲ့  ဆရာအတတ်သင် ကောလိပ်လဲ ကျွန်တော် တစ်ဖက်က တက်လိုက်သေးတယ်ဗျ ၊ ကျောင်းဆင်းတော့ အဖေ့ကို ကျွန်တော် မေးတယ် ၊ “ အဖေ ကျွန်တော် ကျောင်းဆရာလုပ်ရမလား အဆိုတော်လုပ်ရမလား ” ဆိုတော့ အဖေကပြောတယ် ။ “ လူစီယာနို” တဲ့ ၊ “ မင်းကုလားထိုင်နှစ်လုံးထိုင်ဖို့  ကြိုးစားရင် အဲဒီကုလားထိုင်နှစ်ခုကြားထဲ လိမ့်ကျမှာပဲ ၊ မင်းဘ၀အတွက် ကုလားထိုင်တစ်လုံးပဲ ရွေးရလိမ့်မယ် ” တဲ့ ။ “အဖေပြောတဲ့ အတိုင်း ကျွန်တော် တစ်လုံးပဲ ရွေးလိုက်ပါတယ် ၊ အဲဒီနောက်မှာ ပညာသည်အဆင့်နဲ့  စင်ပေါ်စတက်ခွင့်ရဖို့  ခုနစ်နှစ်တိတိ လေ့လာရ သင်ကြားရတယ် ၊ စိတ်ညစ်စရာ စိတ်ဓါတ်ကျစရာတွေလည်း အများကြီး ကြုံရတယ် ၊ အဲဒီကမှ တစ်ခါ မက်ထရိုပိုလီတန် အော်ပရာဇာတ်ရုံကြီးမှာ ဖျော်ဖြေခွင့်ရတဲ့ အဆင့်ရောက်ဖို့  နောက်ထပ် ခုနစ်နှစ် ကြိုးစားရတယ်၊ အခုတော့ ကျွန်တော် သဘောပေါက်တယ် ၊ အုတ်စီတဲ့အလုပ်ပဲဖြစ်ဖြစ် ၊ စာရေးတဲ့ အလုပ်ပဲဖြစ်ဖြစ် ၊ ကျွန်တော်တို့ ဘ၀အတွက် ဘယ်အလုပ်ကို ရွေးချယ်ခဲ့သည်ဖြစ်စေ ၊ အဲဒီအလုပ်ထဲကို ကျွန်တော်တို့ ဘ၀တစ်ခုလုံး ထည့်ပေးနိုင်ဖို့လိုတယ် ၊ ကိုယ်ရွေးတဲ့ အလုပ်ထဲမှာ ကိုယ့်ဘ၀ကို မြှုပ်နှံနိုင်မှ အဲဒီ အလုပ်မှာ အောင်မြင်တယ် ၊ ဒါ အောင်မြင်မှုအတွက် အဓိကသော့ချက်ပဲ ၊ အဲဒီတော့ ကြိုက်တဲ့ ကုလားထိုင်တစ်လုံးကို ခင်ဗျားရွေး ၊ ပြီးတော့ အဲဒီမှာ ပြတ်ပြတ်သားသား ထိုင်ဗျ ” ။
( ဆရာဖေမြင့်၏ နှလုံးသားအာဟာရ (၂) မှကူးသည်….မူရင်း-Choose One Chair)

သူငယ်ချင်းတို့ လဲ ထိုင်ခုံတစ်လုံးဘဲ ထိုင်ကြနော်…….ဟိုမှာလဲထိုင်ချင်…..ဒီမှာလဲ လက်မလွှတ်နိုင် ဟိုဟာလေးလဲ ကြိုက်…….ဒီနေရာလေးလဲ ပါချင် ဆိုရင်တော့ …… ပြုတ်ကျလိမ့်မယ်…….။ ပြုတ်ကျခဲ့တဲ့ သူတွေလဲ မနဲတော့ဘူးနော……… ပြုတ်မကျ သေးရင်တောင် “ ဟိုပင် ဒီပင် ကူးပါလို့ ……….” ဆိုတာ ကြားဖူးမှာပါ…..၊ လေးမ ပြောချင်တာ အဲဒါဘဲ…….။ ။

2 comments:

Monday, July 09, 2007

ဆေးလိပ်သောက်သူများ မဖတ်ရ….





* Source :ကိုပြူး နှင့် မပြုံး (ကာတွန်းဝိဇ္ဇာ အလင်္ကာကျော်စွာ ဦးဘဂျမ်း)
----------------------------------------------------------------------
ဆေးလိပ်သောက်တယ်.......ကြိုက်လို့ သောက်တယ်.....ပျော်လို့ သောက်တယ်......
ညစ်လို့ သောက်တယ်......လေလို့ သောက်တယ်.......စိတ်လှုပ်ရှားလို့ သောက်တယ်........သောက်ချင်လို့ သောက်တယ်.....။
ဘာကြောင့်ဘဲသောက်သောက် မကောင်းတာတော့ အမှန်ဘဲ ( အရသာတော့ ရှိချင်လဲရှိမှာပေါ့ လေ).....။
ဆေးလိပ်သောက်ရင် ကျန်းမာရေးကို ထိခိုက်တယ် ဆိုတာတော့ လေးမ မပြောတော့ဘူး......။
ဆရာဝန်တွေဘဲ ပြောလိမ့်မယ်.........။ လေးမ ပြောချင်တာက ဆေးလိပ်သောက်ရင် သောက်တဲ့သူကိုယ်တိုင် နဲ့  သူ့ ပတ်ဝန်းကျင်ကိုထိခိုက်တယ်........သူနဲ့ ထိတွေ့ နေတဲ့ အသုံးအဆောင်တွေမှာ အနံ့ တွေ စွဲနေတတ်တယ်.......။ သူကိုယ်တိုင်မှာလဲ အနံ့  တွေစွဲနေတတ်တယ်.......ကိုယ့်ကိုယ်ကို သတိမထားမိပေမယ့် ကိုယ့်ဘေးကလူတွေက ဒီအနံ့ ကို အသက်ရှူ လမ်းကြောင်းထဲ ရှူသွင်းနေရတယ်......။ အားနာပေးလိုက်ပါ........။ ကိုယ့်အတွက်ကိုယ် မစဉ်းစားရင်တောင် ( မရှိသေးတဲ့...ရှိပြီးတဲ့ ) ရင်သွေးငယ် အတွက် စဉ်းစားပေးလိုက်ပါ.......ကိုယ်ဝန်ဆောင်ရမယ့် အမျိုးသမီးတွေမှာဘဲ ဒီတာဝန်ရှိတာ မဟုတ်ပါဘူး.........။ ဖခင်လုပ်မယ့် သူတွေမှာလဲ တာဝန်ရှိပါတယ်.......။ တခါက စီးကရက်သောက်လေ့ရှိတဲ့ ဖခင်ရဲ့ ချီပွေ့ ခြင်းခံရတဲ့.......နမ်းရှုံ့ ခြင်းခံရတဲ့ လသားကလေး ငယ်လေးတစ်ဦး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါနဲ့  အသက်ဆုံးခဲ့ဖူးပါသည်.........။ “လေးမ” ရဲ့ သူငယ်ချင်းတစ်ဦး ငယ်ငယ်က အဆုတ်တွင် ရောဂါရခဲ့ရာ သူမရဲ့အဖေက ယူကြုံးမရဖြစ်စွာဖြင့် ဆေးလိပ်သောက်ခြင်းကို အပြီးတိုင် စွန့် လွှတ် ခဲ့ရပါသည်........။ အဲဒီတော့ လေးမရဲ့ blog ကို လာလည်ကြတဲ့ ဦးဦး၊ ဒေါ်ဒေါ် ၊ ကိုကို ၊ မမ ၊ မောင်လေး ၊ ညီမလေး များနှင့် သူငယ်ချင်းများကို ခင်မင်တတ်သော လေးမ မှ ခင်မင်မိ ပါသောကြောင့် “ဆေးလိပ်သောက်ခြင်းသည် မိမိ ကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်ရှိ သက်ရှိ သက်မဲ့ များကို ထိခိုက်စေပါသည် ” လို့ သတိပေးချင်ပါတယ်.....။ ။
( ကာတွန်းလေးတင်ရင်း ကြုံတုန်း ချရာ လုပ်ကြည့်တာပါ )

5 comments:

Saturday, July 07, 2007

နောက်တမိုး (သို့ ) M.T.U မှာရွာတဲ့မိုး

ပုဂံသားက ရွာခိုင်းလို့  တမိုးတော့ ရွာပြီုးပြီ……..အခုတခါ EOT လုပ်ပေးထားတဲ့ ကျေးဇူးရှင်ကြီး ကိုရန်အောင်က “ စက်မှုတက္ကသိုလ် ကျောင်းသူဟောင်းတစ်ဦးရဲ့ မိုးရွာခဲ့သော ရက်စွဲများ ” ကိုသိချင်ပါတယ်ဆိုလို့  အတိတ်ကို အာရုံခံပြီး ကြိုးစားပမ်းစားထပ်ရွာလိုက်ရပါတယ်……။
M.T.U မှာ ရွာတဲ့မိုး…..


(အဆောင်ခေါင်မိုးပေါ်ကနေ တောင်တွေဘက်ကို လှမ်းရိုက်ထားတဲ့ ပုံပါ.......ဒီခေါင်မိုးပေါ် အဆောင်မှူးမသိအောင် ညဘက်ကြီး ခိုးတက်ပြီး “လေး” နဲ့  “မိ” ကြယ်တွေ ရေခဲ့ဖူးပါသည်......“မိ” က “လေး”
နဲ့  ရန်ဖြစ်တဲ့ အခါ ဒီခေါင်မိုးပေါ်တက်ပြီး စိတ်ကောက်တတ်ပါသည်......)




ဝရန်တာမှာ ထွက်ရပ်ပြီး…..တောင်တွေဆီကို လှမ်းကြည့်လိုက်တယ်……။ အော်…..မိုးရွာနေပါလား……“မိ….ရေ……..လာကြည့်စမ်းဟေ့…….တောင်ပေါ်မှာ မိုးရွာနေတာ သိပ်လှတာဘဲ……..”။ တောင်တွေဘက်မှာမိုးရွာနေပေမယ့် “လေးမ”တို့  အဆောင်မှာတော့ မိုးမရွာဘူး…..။ မိုးမရွာတော့ မိုးမပက်ဘူး…….မိုးမပက်တော့ ၀ရန်တာမှာ ထွက်ရပ်
လို့ ရတယ်…….၀ရန်တာမှာ ထွက်ရပ်လို့ ရတော့……. တောင်ပေါ်မှာရွာနေတဲ့မိုးကို ကြည့်ပြီး တယောက်ယောက်ကို လွမ်းလို့ ရတယ်……၊ သီချင်းဆိုလို့ ရတယ်……။
…………………..
“ မိ…..ရေ…..တိမ်ညို တိမ်မဲတွေ တောင်ပေါ်ကဖြတ်ပြီး…. ဒီဘက်ကို ရွေ့ လာ ပြီဟေ့…..ရွာတော့မယ်ထင်တယ်…….” ပြောလို့ မှမဆုံးသေး……… မိုးစက်တွေက ၀ရန်တာပေါ် လွင့်စင်ကျလာသည်………။ အခန်းတခါးကို တဒေါက်ဒေါက် ခေါက်သံကြားရပြန်တယ်………( လေထန်ကုန်းထဲကလို Let me in တော့မဟုတ်ဘူး….)..။ ပဲပဲတို့  အုပ်စု……“ငါတို့ …..မိုးရေချိုးကြမလို့ ……နင်တို့ ရော ချိုးမလား”တဲ့……။ နှစ်ခါမခေါ်ရဘူး……“ အေးလာခဲ့မယ်…….” ။ ဂျင်းဘောင်းဘီ နဲ့ ရှပ် လက်ရှည် …..အမြန်လဲပြီး…..အဆောင်ပေါ်တီကို ပေါ်က
ဝရန်တာ အကျယ်ကြီးဆီကို ချီတက်……..မိုးရေထဲမှာ……မတ်တပ်ရပ်ပြီး……..ခေါင်းမော့…….အဲဒါ…..မိုးရေချိုးတာဘဲ……။ အဆောင်မှူးကတော့……မသိရှာဘူး…..(သူလဲ မိုးအေးအေးနဲ့  ကွေးနေရှာမှာ )…..။
“ ဟယ်…ဟိုမှာ……စစ်ကိုင်းသား……စက်ဘီးကြီးနဲ့  တို့ အဆောင်ဘက်ကို လာနေတယ်…….ဘော်ဘော်တို့ ရေ…….ရန်သူလာတယ်……၀ပ်…..” ….။ လက်ရန်းကို အကာအကွယ်ပြုပြီး

ဝပ်လိုက်ရတယ်…….စပ်စုချင်စိတ်တွေက ချိုးနှိမ်လို့  မရတော့……အသာလေး ခေါင်းထောင်ပြီး ခိုးကြည့်ကြတယ်……..။ ကျေးဇူးရှင်က သစ်ပင်အောက်မှာ စက်ဘီးလေး ဒေါက်ထောက်ပြီး ကျောင်းသူတစ်ယောက်ရဲ့ အခန်း မျက်စောင်းထိုး နေရာလောက်ကရပ်ပြီး……..“ မမရေ…….မမ……မမကိုချစ်တယ်……” တဲ့……။ မိုးရွာထဲမှာလာပြီး ရောဂါသည်းပြနေတာ…….အအေးမိပြီး သေပါစေလို့  ဆုတောင်းပြီး…….“လေးမ” တို့ လဲ ကုတ်ကုတ်…..ကုတ်ကုတ် နဲ့  တပ်ဆုတ် ခဲ့ကြရတယ်……။ မဆုတ်လို့ ဘယ်ရမလဲ…….မိုးရေချိုးတာ မြင်သွား လို့ ကတော့…… ယောက်ျားလေးဆောင်က အရက်ဝိုင်းမှာ မြည်းစရာသတင်းစကား ဖြစ်သွားပြီး…… နောက်တနေ့ …..ကျောင်းသွားတဲ့အခါ ရစရာမရှိအောင် အဖဲ့ခံရမှာလေ…..။ စစ်ကိုင်းသားကတော့ မိုးရေထဲမှာ……ဝေဒနာတွေ ရုပ်သိမ်းပါဦး……” တဲ့……ကြွေလို့  ကောင်းတုန်း…….။
…………………..
အဲဒီညက…….မိုးတွေ သည်းခဲ့တယ်……။ မြေကြီးကျင်းတူးပြီး ခွေးသားလေးတွေ ပေါက်ထားတဲ့ အဆောင်ကစားကြွင်းစားကျန်တွေ စားနေကျ ခွေးမကြီးကို စိတ်ပူသွားမိတယ်…….။ မနက်နိုးလာတော့ ဘေးမှာ “မိ” မရှိဘူး……( ခါတိုင်းဆို သူက ၅ မိနစ်…၅မိနစ် ဆိုပြီး ပြန်အိပ်နေကျ)……။ မျက်နှာသစ်ပြီး
ဝရန်တာက ထွက်ကြည့်လိုက်တော့ မိုးဖွဲတွေကြားမှာ မိုးကာအကျီင်္လေးနဲ့  ကယ်ဆယ်ရေးသမား “မိ”ကိုတွေ့ ရတယ်…….။ မြေပြိုပြီး ပိတ်မိနေတဲ့ ခွေးသားပေါက်လေးတွေကို တကောင်ပြီးတကောင် ကယ်ထုတ်ပြီး အဆောင်လှေကားအောက်ကို ပို့ ပေးနေတယ်လေ…….။ “လေးမ….ရေ……. အ၀တ်ဟောင်းတွေယူခဲ့……ဒီကောင်တွေ…..သိပ်ချမ်းနေတယ်” တဲ့……။ “လေးမ” အ၀တ် ၃ ထည် ဒါနလုပ်လိုက်ရတယ်……..။ မိုးတွေစိုနေတဲ့ “မိ” က “လေးမ” အတွက်တော့ “နိုက်တင်ဂေး” လိုဘဲ……..။
…………………..
အဲဒီနေ့ က……..ရန်ကုန်က ဗိသုကာ တစ်ဦးလာပြီး ဟောပြောတယ်…….။ လူမစုံဘူး…….ကျောင်းသားတစ်ယောက်လိုနေတယ်……….မိုးကလဲ ဖွဲဖွဲရွာနေတယ်…… ဟောပြောပွဲပြီးတော့ “လေးမ” တို့ ပြန်လာကြတယ်……..ဟော…….တွေ့  ပါပြီ…..ထိုကျောင်းသား……ကောင်မလေးနဲ့  မိုးကာအကျီင်္ချင်းလဲ
ဝတ်ပြီး…….. စက်ဘီးလေးတွန်းလို့ ……မိုးရေထဲမှာ…….MTV ရိုက်နေသလား….မှတ်ရတယ်……။ သူတို့ ကို လှောင်မိပေမယ့် စိတ်ထဲမှာကျိတ်ပြီး အားကျသွားသလား…….မသေချာဘူး…… မမှတ်မိတော့ဘူး……ကြာခဲ့ပြီကိုး…..။
…………………..
နောက်ဆုံးနှစ်ရောက်ပြီ……..မကြာခင်…….သူငယ်ချင်းတွေ……ခွဲကြရတော့မယ်……။ အမှတ်တရဖြစ်အောင် မေမြို့ တက်လည်ကြတယ်………။ လည်စရာကုန်တော့ DSTA (DSIT) ကို ၀င်ကြည့်ချင်လာတယ်…….သူငယ်ချင်းတစ်ယောက်က သူ့ သူငယ်ချင်း တစ်ယောက်ရှိတယ်….. တဲ့……။ DSTA ၀င်းကြီးထဲရောက်တော့……သူတို့  အဆောင်တွေက မိုက်လိုက်တာ……

ငါတို့ အဆောင်တွေနဲ့  တခြားစီဘဲ……ဧည့်တွေ့ ဆောင်လဲ သီးသန့်  ရှိတယ်……မြင်မြင်သမျှ……ကိုယ့်ကျောင်းနဲ့ နှိုင်းယှဉ်ပြီး အားကျခဲ့ရတယ်……..။ ဧည့်မှတ်တမ်းမှာ စာရင်းပေး……သူ့ သူငယ်ချင်းကို စောင့်…….တိုက်ပုံနက်နဲ့  ပုဂ္ဂိုလ်တွေက ကွက်ကြည့် ကွက်ကြည့်…….။ သူ့ သူငယ်ချင်းကပြုံးဖြဲဖြဲနဲ့ ……ကောင်မလေးတွေ တအုပ်ကြီး သူ့ ကိုလာတွေ့ လို့  ဂုဏ်ယူ ၀ံ့ကြွား နေပုံရပါတယ်……..။ တစ်ယောက်နဲ့  တစ်ယောက် မိတ်ဆက်……… သူတို့ ချင်း စကားနဲနဲပါးပါး ပြောပြီးတော့…..ပြန်ခဲ့ကြတယ် ……..မိုးကရွာလာပြီလေ……။ ပြန်ရောက်ပြီး တစ်ပတ်လောက် နေတော့ သူငယ်ချင်းဆီကို ထိုပုဂ္ဂိုလ်ဆီက
ချစ်သ၀ဏ်လွှာရောက်လာတယ်……… မေမြို့ မှာ မိုးရွာခဲ့မိတာကိုး……..။
…………………..
“လေးမ” က “သူ” မိုးမိမှာ သိပ်ကြောက်တယ်…..သူက “လေးမ” ကို မကြင်နာပေမယ့် “လေးမ” က သူ့ ကိုသိပ်တန်ဖိုးထားတယ်………။ မိုးရွာရင် “လေးမ” မိုးစိုချင်စိုပါစေ…..သူ မစိုအောင်ကြိုးစားခဲ့တယ်……..။ “သူ” ဆိုတာ “လေးမ” ဆွဲထားတဲ့ Drawing paper တွေလေ…….။ မိုးရွာရင် Drawing Paper တွေကို ရင်မှာပိုက်……..ပြီးမှ အပေါ်ကမိုးကာအကီင်္ျထပ်ဝတ်ပြီး ကျောင်းသွားရတယ်……..။ ညပေါင်းများစွာ အိပ်ရေးပျက်ခံပြီး ဆွဲထားရတာ…..မိုးစိုလို့  ဘယ်ဖြစ်မလဲ……။
…………………..
အပြင်မှာ မိုးရွာနေတယ်……..။ ပြတင်းပေါက်ပိတ်ထားလို့  မိုးလဲမပက်ပါဘူး……။ ဒါပေမယ့် “လေးမ” မိုးတွေစိုနေတယ်……..အတိတ်က မိုးရေစက်တွေ စိုနေတယ်……။ ။

6 comments:

Thursday, July 05, 2007

အမတ်ကြီးနှင့် တိုးတိုးတိတ်တိတ်…..

မင်းကွန်းခေါင်းလောင်းကြီးနားမှာ “လေးမ” ထိုင်နေသည်........။ ပွဲထဲက ၀န်ကြီးအကျီင်္
ဝတ်ထားသော ဘဘကြီးတစ်ဦး အနားရောက်လာသည်.........။ သူ့ နားက နားကပ်ကြီးကလည်း အကြီးကြီး..... ခုခေတ်ချာတိတ်တွေတပ်သလို စိန်နားကပ်သေးသေးလေးလဲ မဟုတ်ဘူး......။ ကျောက်နားကပ် အကြီးကြီးနဲ့ ........မျက်နှာကပြုံးရွှင်ရွှင်......အကီင်္ျကြီးဖားလျားဖားလျားနဲ့  ဘဘကြီးကိုကြည့်ပြီး “လေးမ” ပြုံးစိစိဖြစ်သွား၏ .......။
အကင်းပါးလှသော ထိုဘကြီးက “ဟဲ့ သူငယ်မ.....ဘယ်အတွက်ကြောင့်....သင်ပြုံးသနည်း......”
လေး - “ ဘကြီးကလဲ ဇာတ်ကပြီး အကျီင်္မလဲဘဲ ထွက်လာတော့.....ရယ်ချင်တာပေါ့.....”
“ တယ်.....ငါ့ ကိုတောင်မသိဘူးလား ဟဲ့.......ထူးတော်မြူးသည့် ဦးပေါ်ဦး ဆိုတာငါဘဲ.......”
လေး- “ တကယ်ပြောတာလား......ဒါဆို မှန်မမှန် စစ်ဆေးမယ်.....ဒီခေတ်မှာ အတုအယောင်တွေကများလွန်းလို့ ........လွယ်လွယ်နဲ့ တော့ လက်မခံနိုင်ဘူး.....”
ပေါ်- “ စစ်ချင်ရင်လဲ စစ်လရော့ဟယ်.....ဘယ်ဘက်ကစစ်စစ်.......ညာဘက်ကစစ်စစ်.....အဖြစ်မရှိတဲ့ ဦးပေါ်ဦး မဟုတ်ဘူး.....”
လေး- “ သိပ်တော့ မခက်ပါဘူး.......ဟိုနားက ခြင်္သေ့ကြီး နှစ်ကောင်ကို ဦးပေါ်ဦးက ဘာပြောခဲ့ သလဲ....ဆိုတာလေးဘဲ မှန်အောင်ဖြေ....”
ပေါ်- “ ဟဲ့....သူငယ်မရဲ့......စစ်ဆေးတယ်လဲ ဆိုသေးတယ်.....ဒီလောက် ပြီးစလွယ်မေးရသလား.......နင်တို့ ခေတ် လူငယ်တွေ.....တယ်ခက်သကိုးကွဲ့ .......မေးလည်းမေးချင်သေး......မေးလဲမမေးတတ်ဘူး......ခြင်္သေ့ကြီး နှစ်ကောင်ကို ဘာပြောသလဲဆိုတာ ဘိုးတော်ဦးဝိုင်း မရောက်လာခင်မှာလား......ရောက်လာပြီးမှလား.......ဘယ်အချိန်မှာ ပြောတဲ့ စကားကို သိချင်တာလဲ.....”
လေး-“ နှစ်ခုစလုံးဘဲ.....အဘရာ......” (လေးမ ကလဲ ထုံးစံအတိုင်း ကိုယ်တလွဲလုပ်တာ မသိသာအောင် စကားကို လုံးချလိုက်သည် )
ပေါ်- “အိမ်း......ဘုရင် မရှိတုန်းကတော့ ကဲ့ရဲ့မလို့ ဘဲ.......ဘုရင် အနားရောက်လာပြီး.....ဟဲ့ ပေါ်ဦး....နင်က...ငါ၏ ခြင်္သေ့ကြီးများကို
ဘယ်သို့ ကဲ့ရဲ့ အံ့နည်းဆိုတော့ လဲ.......... အရှေ့ဘက်ကမ်းသို့  ခုန်တော့မည့် အသွင်ဆောင်နေကြောင်းပါ လို့ ပြောခဲ့သကွဲ့ ......”
လေး- “ ဒါဆိုရင်တော့ ဦးပေါ်ဦးအစစ် ဆိုတာ လက်ခံလိုက်ပြီ.......။ ဟား....ဟား......အမတ်ကြီးကလည်း....ဘိုးတော်ဦးဝိုင်းကို သိပ်ကြောက်တာဘဲနော်......”
ဘဘကြီးမျက်နှာမှာ ချိုရာမှတည်.....တည်ရာမှပြုံး.....ပြုံးတုံးတုံးနဲ့  တခုခုကို ဖွင့်ဟချင်တဲ့ အရိပ်အယောင်တွေ မြင်နေရသည်.......။ “လေးမ” ကလည်း အကင်းပါး ပါသည်......။
လေး-“ ဘယ်လိုတုန်း ဘဘရဲ့.....ကြောက်ရင်လဲ ကြောက်တယ်ပေါ့.....
ဝန်ခံလိုက်စမ်းပါ.......” (အဲသလို ဆွပေးလိုက်သည်.....)
ပေါ်-“ ခုမှတော့ ဦးဝိုင်းလဲ သေသွားပါပြီ....တိုးတိုးတိတ်တိတ် ပြောပြရသေးတာပေါ့ကွယ်.....ကျုပ်က...
ဦးဝိုင်းကို ကြောက်လို့ မဟုတ်ဘူး......သူငယ်မရဲ့......”
“လေးမ” မျက်လုံးပြူးသွားပြီး အယောင်ယောင်အမှားမှားနှင့် ဘေးဘီဝဲယာကို ကြည့်မိသွား၏.......။
ပေါ်- “ကျုပ်က......တကယ်တော့........ခြင်္သေ့ကြီးတွေကို ကြောက်လို့ ......”
လေး- “ ဘဘကလဲ.....အရုပ်ကြီးတွေကို......ဘာကြောက်စရာရှိလဲ........”
ပေါ်- “ ဟဲ့.......သူတို့ က အရုပ်ဆိုပေမယ့် ဘုရားနားကခြင်္သေ့လေ.......”
လေး- “ ဘာမှလဲ....မဆိုင်ဘူး.....”
ပေါ်- “ ပိန်းလှချည်လား......သူငယ်မရယ်.......ဘုရားနားနေတော့ တန်ခိုးရှိသပေါ့.....ကွဲ့ .......”
လေး- “ အော်......အဲသလို.......လား......”
“လေးမ” မျက်စိထဲတွင် ခြင်္သေ့ကြီးက တန်ခိုးဖြင့် “အားချလောင်း” ဟု မန်းမှုတ်လိုက်သောကြောင့် လက်က ခြေထောက်နေရာ ရောက်သွား၍ ခြေထောက်က လက်နေရာ ရောက်သွားသော အမတ်ကြီးဦးပေါ်ဦးကို မြင်ယောင်ကြည့်ပြီး ရယ်ချင်လှသောကြောင့် ပါးစပ်ကို အုပ်ထားရသည်......။
..........
ကျင့်သားရနေသော မျက်လုံးတစ်စုံက အလိုလို ပွင့်လာသောကြောင့် နာရီကိုကြည့်လိုက်တော့.....မနက် ၆နာရီ......။ နာရီဘေးမှာက ညက ဖတ်လက်စ “ ထူးတော်မြူးသည့် ဦးပေါ်ဦး လျှောက်ထုံးပုံပြင်များ” စာအုပ်ကလေး........။ စာအုပ်အဖုံးပေါ်က ဦးပေါ်ဦး က “လေးမ” ကို ပြုံးတုံးတုံး ကြည့်နေသည်......။ “လေးမ” ကလည်း.......သိနေတယ်နော်.....ဆိုတဲ့ ပုံစံနဲ့  အမတ်ကြီးကို ပြုံးပြလိုက်ပါသည်.....။ ။

2 comments:

Tuesday, July 03, 2007

မြန်မာအမျိုးသမီးများနေ့ ကို ဂုဏ်ပြုသောအားဖြင့်….

မြန်မာအမျိုးသမီးများနေ့ ….ဇူလိုင်လ (၃) ရက်…..ဟူသော အပြာရောင် ဆိုင်းဘုတ် အကြီးကြီးကို ရန်ကုန်မြို့ ရဲ့ အချို့ သောနေရာများမှာ တွေ့ နေရတာ တပတ်လောက် ရှိသွားပါပြီ ။ ဒီနေ့ တော့ အဲဒီနေ့ ကို တကယ်ရောက်လာခဲ့ပါပြီ…….။ International Women’s Day ကတော့ မတ်လ ၈ ရက် …….။ မြန်မာကတော့ ဇူလိုင် ၃ ရက်တဲ့……။ ဘယ်နေ့ ဖြစ်ဖြစ်ပါ….. ခုလို သတ်သတ်မှတ်မှတ် ရှိလာတယ်ဆိုတာကိုက အမျိုးသမီးတွေ နေရာရ….. အရေးပါလာတဲ့ သဘောရှိပါတယ်……..။ မြန်မာအမျိုးသမီးတွေက အခုမှ အရေးပါ အရာရောက် လာတာတော့ မဟုတ်ပါဘူး……။ နေရာတကာ အရေးပါ အရာရောက်ခဲ့တာ ကြာ….လှပါပြီ…….။ ဦးပုညက ဆဒ္ဒန်ဆင်မင်း ဇာတ်ထဲမှာ “ သူ့ မယားငိုခဲ့လျှင်….. ဟိုလူကြီးက ပျာယီးပျာယာ…..ဘဇာအရေး မတွေးမမြော် ….” လို့  သရော်ခဲ့တာကိုကြည့်ရင် မိန်းမတွေ ဘယ်လောက်အရေးပါလဲ သဘောပေါက်……။ သီပေါမင်းရဲ့ အိမ်သူသက်ထား စုဖုရားရဲ့ အရေးပါ အရာရောက်လိုက်ပုံများကတော့ ရာဇ၀င်မှာ စာတွင်ရစ်ပါပေတယ်…….။ အမျိုးသမီး စွမ်းဆောင်ရှင် စုဖုရားရဲ့ ကြီးမားလှတဲ့ ကျေးဇူး က …….မောင်ပျော်မြူးတဲ့ ဆောင်တော်ကူးတဲ့…..အလေ့အထကို ပယ်ဖျက်နိုင်ခဲ့တာပါဘဲ…….( နန်းမတော်မယ်နု…၊ ဆင်ဖြူမရှင်….စတဲ့ သြဇာ ကြီးမား မိန်းမသားတွေလည်း ရှိခဲ့…..ရှိဆဲ…..ရှိလတ္တံ့  ပါဘဲ )။ အခုခေတ်မှာလည်း မိခင်နှင့်ကလေး ၊ အမျိုးသမီးရေးရာ ၊ အမျိုးသမီး စွမ်းဆောင်ရှင်များ စတဲ့အသင်းကြီးတွေက အမျိုးသမီးတွေရဲ့ အရေး...ပြဿနာ... အ၀၀ကို တာဝန်ယူဖြေရှင်း စောင့်ရှောက်ပေးနေတယ်လို့  ပြောပါတယ်…….။ ၀မ်းမြောက်စရာ ကောင်းပါတယ်……။ ကြုံတုန်းကျောင်းတုန်းက အဖြစ်အပျက်လေးတစ်ခုကို မျှဝေချင်ပါသည်……။ “လေးမ” တို့  ဗိသုကာကျောင်းသား တွေက နောက်ဆုံးနှစ်မှာ
ဘွဲ့ ယူစစ်တမ်းလို့ ခေါ်တဲ့ Thesis လုပ်ရပါတယ်…….(တခြားမေဂျာတွေက မာစတာတန်းရောက်မှ Thesis လုပ်ရတာ)……။ ကိုယ်ကြိုက်တဲ့ အဆောက်အဦ အမျိုးအစားကို ရွေးချယ်ပြီး ဒီဇိုင်း လုပ်ပြရတာ……ကျောင်း ၊ ဆေးရုံ ၊ ပြတိုက် ၊ ကဇာတ်ရုံ …..စတဲ့ ကြိုက်တဲ့ အဆောက်အဦ ….ခေတ်နဲ့  လျော်ညီတဲ့ အဆောက်အဦ….. ကိုလေ့လာသုံးသပ်ပြီး ပုံစံထုတ်ပေးရတယ်…….။ တစ်နှစ် မှာတော့ ခေတ်ကို မျက်ခြေမပြတ်တဲ့ ကျောင်းသူတစ်ဦးက “ အမျိုးသမီးများ ရုံးချုပ် ” ကို ဘွဲ့ ယူစစ်တမ်းအဖြစ် တင်သွင်းမည့် အကြောင်း ဆရာနဲ့  ဆွေးနွေးပါတယ်…..။ ဆရာက
“ မင်း......ရုံးချုပ်က ဘာတွေလုပ်မှာလဲ……” လို့ မေးပါတယ်……။ ကျောင်းသူက တော်တော်နှင့် မဖြေ…….။ စိတ်မရှည်တော့တဲ့ ဆရာက အခုလိုပြောခဲ့ပါတယ်…….
အမျိုးသမီးများရုံးချုပ်မှာ……..ယောက်ျားတွေခေါ်ပြီး……ပါးရိုက်မှာလား…….ကွ…….” ( အဆောက်အဦမှာ ပြုလုပ်မယ့် လုပ်ငန်းဆောင်တာများကို သိမှ ဘာအခန်း တွေထည့်မယ်…… .အကျယ်အ၀န်းဘယ်လောက်ထားမယ်……ဆိုပြီး အာခီတက် က ဒီဇိုင်းထုတ်နိုင်မှာမို့ လို့  ဆရာကြီးက အခုလို ပြောခဲ့တယ်လို့  ယူဆပါတယ်…….) ။
မြန်မာအမျိုးသမီး “လေးမ” မှ အရေးပါ အရာရောက်လှသော မြန်မာအမျိုးသမီးများကို ဤ Post ဖြင့် ဂုဏ်ပြု လိုက်ပါသည်…….။ ။

2 comments:

Sunday, July 01, 2007

လွန်ခဲ့သော ၁၀ နှစ်က….

(ဇွန် ၃၀ ) မနေ့ က ၁၀ တန်းတွေ အောင်စာရင်းထွက်တယ်....။ ဂုဏ်ထူးနဲတယ်လို့  ပေါက်ပေါက်ဆုပ် ကပြောတယ်....။ ရန်ကုန်ကလူတွေပြောတာတော့ သင်္ချာလည်း သိပ်မထွက်ကြဘူးတဲ့......။ ၁၀ တန်းဖြေထားတဲ့သူတွေတော့ ငိုကြ ပျော်ကြ ဦးတော့မှာဘဲ.......။ လွန်ခဲ့တဲ့ ၁၀ နှစ်က ၁၀တန်း အောင်စာရင်းကို “လေးမ”လည်းရင်ခုန်ခဲ့ပါတယ်......။ မနက် ၆ နာရီမှာ နံစော်ညစ်ပတ်နေတဲ့ ကိုယ်လို သူလို လူတွေကြားမှာ
တိုးဝှေ့ပြီးကြည့်ခဲ့ရတယ်.......။ ရင်ခုန်တယ်သာပြောရတာ.....စိတ်က သိပ်မတက်ကြွလှဘူး.......တပြည်လုံး ၁ မှ ၁၀ ၀င်တဲ့ စာရင်းက ထွက်သွားတာကြာပြီကိုး........။ အတန်းဖော် သူငယ်ချင်း ၃ ယောက်ပါသွားတယ်.......။ မြတ်သဇင်အောင်က ၁ ၊ မေနှင်းက ၅ ၊ သော်ကြီးက ၁၀.........။ “လေးမ”က.......ဘာမှမဟုတ်....။ အောင်စာရင်းကြည့်တော့ မြန်မာစာမပါဘူး......။ ၀မ်းမနည်းပါဘူး .......စာစီစာကုံးမှ မရေးတတ်တာ......ဘယ်တုန်းကမှလဲ ဂုဏ်ထူးမရခဲ့ ဖူးပါဘူး.......။ အမေက အမျိုးတွေဆီ ဖုန်းဆက်ပြီးကြွားနေသံကြားရတော့လဲ တယ်ဟုတ်တဲ့ ငါဘာလား ဆိုပြီး ပျော်သွားတယ်......။ အရေးကြီးတာက ဘာလိုင်းလျှောက်မလဲ......ဘာဆက်လုပ်မလဲ......စဉ်းစားရပြီ......။ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ ကတော့ အခုလောက်လဲ ခေတ်မစား......၊ ပိုက်ဆံလည်းမတတ်နိုင်....၊ မိန်းကလေးလည်းဖြစ်တော့......ပယ်ချလိုက်တယ်......။ ပြည်တွင်းကကျောင်းတွေကိုဘဲ စဉ်းစားထားလိုက်တယ်.......။ ဆရာဝန်....အင်ဂျင်နီယာ....လုံးဝ
ဝါသနာမပါဘူး.......။ ဖြစ်ချင်တာက ရှေ့နေ.......။ ဆရာမ ဂျူးရဲ့ “ကြေမွ သွားသောတိမ်တိုက်များအကြောင်း” ဖတ်ပြီး ရှေ့နေရူး ရူးခဲ့တာ......။ မိဘတွေကလည်း အမှတ်စာရင်းထုတ်ပြီးမှ စဉ်းစားတဲ့......။ အမှတ်စာရင်းထုတ်ပြီးတော့ မေမေက “ သမီးရယ်....ဆေးကျောင်းလေးတက်လိုက်ပါ” တဲ့......။ ဘယ်ရမလဲ.....“လေးမ” ဘဲ.....အစကတည်းက အဖေနဲ့  စာချုပ်ချူပ်ထားတာ.....။ အတတ်နိုင်ဆုံးကြိုးစားမယ် ...... ဆေးကျောင်းမတက်ဘူး..... ဆေးကျောင်းတက်ခိုင်းမယ်ဆိုရင် ကောင်းကောင်းမဖြေဘူး.....
လို့  ဆွေးနွေးထားပြီးသား......။ ဘာလို့ ဆရာဝန် မလုပ်ချင်တာလဲဆိုတော့ ကြားကောင်းအောင် ဖြေရရင် ရွံလို့ .....အမှန်အတိုင်းဝန်ခံရရင် ကြောက်လို့ ....။ လူကိုယ်ထဲက ကလီစာတွေ......သွေးသံရဲရဲတွေကို ကြောက်လို့ ......ဆေးရုံမှာ တာဝန်ကျနေတုန်း ညကြီးအချိန်မတော် ဓါးတန်းလန်းကြီးနဲ့  လူနာရောက်လာခဲ့ရင်......ဆိုတဲ့ အတွေးကြီးက တော်တော်ခြောက်ခြားစေခဲ့တယ်.......။ နောက်တချက်က သူများကို ဆေးထိုးဖို့ ....ဓါးနဲ့ ခွဲဖို့  သတ္တိမရှိဘူး....။ ကိုယ်တိုင်သာ ဆေးရုံတက်လိုက်....ဆင်းလိုက်....ခွဲစိတ်ခံလိုက်နဲ့  အမျိုးမျိုးခံနိုင်တာ.....သူများကိုတော့ မလုပ်ရဲဘူး.......။ ဘယ်လောက်ကြောက်စိတ်ရှိလဲဆိုရင် ဆေးကျောင်းသူ အစ်မ ခွဲစိတ်ဖြတ်တောက်ထားတဲ့ “၀က်” အသေလေးကို မြင်ပြီး “လေးမ” ဖျားတယ်......။ ခြေကားယား...လက်ကားယားလေးနဲ့  ပက်လက်လေး မသေမရှင်အခြေအနေလေးနဲ့  သွေးကြောတွေ အရှာခံနေရတဲ့ ဖားကလေးကို ကြည့်ပြီး အိပ်မက်ဆိုးတွေ မက်ခဲ့တယ်.........။ လူတွေကို ကယ်တင်ဖို့  အရင်းအနှီးတွေ ဆိုတာသိပေမယ့် ဘယ်လိုမှ ရင်ဆိုင်နိုင်စွမ်းမရှိလို့  မိဘတွေရဲ့ ဆန္ဒကို ဆန့် ကျင်ခဲ့ရတယ်.......။ ဖြစ်ချင်တဲ့ ရှေ့နေ လဲမဖြစ်ခဲ့ရပါဘူး....... ရှေ့နေညံ့လို့  အမှားအယွင်းတစ်ခုခု ဖြစ်သွားခဲ့ရင် “ငါ့ကြောင့် ” ဆိုတဲ့ အတွေးကြီးနဲ့  တသက်လုံးမွန်းကြပ် နေမှာကြောက်သွားလို့ ပါ.......။ “လေးမ” ကတော်တော် အတွေးခေါင်တယ်နော်......။ ဟုတ်ပါတယ်......“လေးမ” ငယ်ငယ်က “ကြောင်” မှာဘာလို့  နှုတ်ခမ်းမွှေး ပါတာလဲလို့  ခဏခဏမေးတတ်တယ်တဲ့......( မေမေ ပြောတာ) ။ နောက်တော့ ဘာမှ စဉ်းစားချိန်မရလိုက်ဘဲ အင်ဂျင်နီယာကျောင်းသူ ဖြစ်ခဲ့ရတယ်.......။ အခုတော့ ဟိုမရောက်ဒီမရောက်.....ယောင်ချာချာ အာခီတက်.......။ မေမေကတော့ “နင်ဥာဏ်များလို့  ကြံဖျား စုပ်ရတာတဲ့.....” ။ ။
( သိတယ်မဟုတ်လား......ကြံတွေက အဖျားမှာ မချိုဘူးလေ......)

7 comments: