Thursday, August 16, 2007

အကြိုက်ဆုံး အဟောင်း ၅ ….

“လေးမ”ကို ကိုဘုရင့်နောင်က Tag ပါတယ်....။ ရေးခဲ့တဲ့ အဟောင်းတွေထဲက အကြိုက်ဆုံး ၅ ခုတဲ့.....။ ၅ခုထဲလား..... နည်းလိုက်တာ.....။ “လေးမ” ရေးခဲ့မိသမျှ အားလုံး ကြိုက်ပါတယ်....။ ကြိုက်တယ်ဆိုတာ စိတ်ကျေနပ်တာကို ပြောတာပါ.... ။ အတွေးတွေ....အရေးတွေ.... ကောင်းချင်မှ ကောင်းပါမယ်..... တွေးချင်တာတွေး...... ရေးချင်တာရေး လိုက်ရတာကို ကျေနပ်နေတာပါ....။ “လေးမ” bloggerမဟုတ်ပါဘူး..... လက်ရေးမလှလို့ ...... စာအုပ်ထဲမှာမရေးဘဲ...... online တက်ရေး နေတာပါ..... ရောဂါ နောက်တဆင့်တက်ပြီး..... သူများတွေရဲ့ ထင်မြင်ချက်တွေ လိုချင်လာလို့  publish လုပ်မိပါတယ်......။

မေ ၊ ဇွန် ၊ဇူလိုင် ၃ လ မှာရေးခဲ့ သမျှ “လေးမ” စိတ်နဲ့  အတွေ့ ဆုံး ၅ ခုကိုရွေးပေးလိုက်ပါတယ်......။ သြဂုတ်လမှာ ရေးထားတဲ့ထဲက နောက်တခေါက်မှ ရွေးတော့မယ်.....။ ကိုရန်ဆီက သင်ထားတဲ့ မာတိကာလေးက ဒီကနေ့  သိပ်အသုံးဝင်သွားပြီ..... ကိုရန်ရေ.....ကျေးဇူး....ကိုဘုရင့်နောင်ရေ....ကျေးဇူး.....။
1. Architect က ဒါတွေ ပေးတယ်.....
(လူသားတို့  မွေးဖွားချိန်မှ သေဆုံးချိန် အထိ ဗိသုကာတို့  ဖန်တီးသော လက်ရာများနှင့် ကင်းကွာ၍ မရဆိုတဲ့ အကြောင်းလေးရေးထားတာပါ....)
2.အမတ်ကြီးနှင့် တိုးတိုးတိတ်တိတ်…..
(နာမည်ကျော် အမတ်ကြီး ဦးပေါ်ဦးနဲ့  စကားပြောကြည့်ထားပါတယ်....)
3. အဝေးတမြေမှ သားကောင်းများ
(အခြေအနေမှန်ကို မြင်တဲ့အတိုင်း.... ခံစားမိတဲ့အတိုင်း မချိတင်ကဲ.... ၀မ်းနည်းစွာရေးချထားတာပါ....)
4. အတုယူကြရအောင်......
(ကိုယ့်ကိုယ်ကို ဆိုဆုံးမ ဖြစ်တဲ့ စကားလေးကို ရေးထားတာပါ....)
5.ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ပ )
ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ဒု )
(ဗိသုကာဘွဲ့ ရဖို့  ဖြတ်သန်းခဲ့တဲ့ ပျော်စရာ.... လွမ်းစရာ....ပုံရိပ်လေးတွေကို မှတ်တမ်းတင်ထားပါတယ်....)
“လေးမ” blog ကိုလာလည်သူတိုင်းကို tag ပါတယ်....။ စိတ်ဝင်စားရင် ရေးပါ.....။ ရေးဖြစ်ရင် အသိပေးပါ..... လေးမ လာဖတ်ချင်လို့ ပါ.....။
By name နဲ့  နားပူနားဆာ လုပ်ချင်တဲ့ ၅ ယောက်ကတော့.....
၁။ အချိန်ရှားတဲ့ မဂျစ်တူး
၂။ အစိမ်းရောင် Pooh ကိုသန့် ဇော်မင်း
၃။ ခရမ်းရောင် Pooh ပုဂံသား
၎။ ခြောက်လွှတ်တဲ့.....နိုင်
၅။ sparrow
Blog မရှိတဲ့ Jerry ကို အထူး နိုးဆော်ပါသည်......ရေးကိုရေးရမယ်...။ အားလုံးပဲ အဆင်ပြေရင်ရေးပြကြပါဦး....။
----------------------------
မနေ့ က ၅ ယောက်ပဲ ပူဆာခဲ့ပါတယ်.....။
ဒုတိယပိုင်းအနေနဲ့  ဒီနေ့  နောက်ထပ် ၅ယောက်ကို Tag ပါတယ်...
၁။ မပန်ဒိုရာ
၂။ ပေါက်ပေါက်ဆုပ်
၃။ မြလွှာ
၎။မရတနာ
၅။ ရွှေပုံ့ 
(ကြာသပတေးနံ နဲ့ စတဲ့ ၃ယောက်.... ဗုဒ္ဓဟူးနံနဲ့  စတဲ့ ၂ ယောက်ကို ဂျောက်ချလိုက်ပါလို့  ဗေဒင်ဆရာက ဟောလိုက်လို့ ပါ.....)
အင်္ဂါနံပါတဲ့လူကို Tag ရင်လဲ ထီပေါက်ကိန်းရှိတယ်ဆိုလို့ ... ကိုဇင်...ကိုလတ် ရေ.... Tag တယ်နော်....။ ။


8 comments:

Anonymous said...

လေးမ ကျေးဇူးတင်ပါတယ်။ လေးမရဲ့ အကြိုက်ဆုံး ပို့စ်တွေက အားလုံးကောင်းတယ်ဗျာ။ နံပါတ် ၃ကို ပိုကြိုက်တယ်။

Anonymous said...

homeless ကိုမှ လာ tag ရတယ်လို့ကွယ် ။ တက်ထားတာက ရေးသူအကြိုက်ဖြစ်သည်။ ခက်သည်က ကျွန်ုပ်မှာ blogger ဘ၀ သို့ မတက်လှမ်းနိုင်သော bloggy တစ်ယောက်သာလျှင် ဖြစ်သည်။ အထူး နိုးဆော်တော့လည်း ရေးရပေမပေါ့ ။ သို့မို့ကြောင့် အိမ်ရှင်အလိုကျစေရန် ဖတ်သူအကြိုက်ကို ရေးလိုက်ပေတော့သည် ။ သူ့ဆီလာလည်ရာကစပြီး သူချိတ်ဆက်ထားတဲ့ တခြား နေရာတွေလည်း ရောက်ဖြစ်သည် ။ ဖတ်ဖြစ်သည် ။ သူ့ကို တက်တဲ့ သူရော သူက ပြန်တက်လိုက်တဲ့ သူတွေရဲ့ စာတွေရော အားလုံးကို ကြိုက်မိရာ ရှာလိုက်တော့သည် ။ ကြိုက်တာတွေ များတဲ့ အထဲက လက်မှီရာ ရွေးရခြင်းဖြစ်ပေသည်။ ကဲ ...... ရော့ <<<<< ရှု့လော့ .........................

၁ ။ မဂျစ်တူး ။ I . ခြေလှမ်းများ http://gyittu.blogspot.com/2007/05/blog-post_31.html
။ II. တနေ့ဆိုသော နေ့တနေ့ http://gyittu.blogspot.com/2007/06/blog-post_16.html
။ III.လျှောက်ခြစ်စာကြောင်းများအားလုံး ( ကျွန်ုပ် နာမည်ပေးလိုသည်က “ ကလေးလေးတစ်ယောက်၏ ပုံဆွဲစာအုပ်” ဖြစ်သည်။ )

၂ ။ ကိုသန့်ဇော်မင်း ။ I. ခေါင်းစဉ်မတွေ့ရ http://paing411.blogspot.com/2007/05/blog-post_30.html
( ဒီစာ က ဖတ်ကြည့်တော့ ဘာမှ မဟုတ်သလိုပဲ ။ သူဘာလုပ်ရမလဲလို့ သူငယ်ချင်းတွေကို အကြံဥာဏ်တောင်းထားတာ ။ အကြံပေးကြတဲ့ သူငယ်ချင်းတွေလည်း မနည်းဘူး ။ ဘာလို့ကြိုက်လဲဆိုတော့ ဖတ်ပြီး ကြည်နူးမိတယ် ။ လေးစားမိတယ် ။ ဖတ်ကြည့်ရင်သိလိမ့်မယ် ။ မပန်ဒိုရာ ရေးတဲ့ မင်္ဂလာတရားတော်နဲ့ အညီ ဘလော့ဂ်တွင် နေထိုင်ခြင်း http://pandora-and-pandora.blogspot.com/2007/08/blog-post_10.html ဆိုတဲ့ စာကို သတိရသွားလိမ့်မယ် ။ သိပ်ကို မင်္ဂလာရှိတဲ့ မြန်မာ ဘလော့ဂ် အသိုက်အ၀န်းလေးရဲ့ ရင်းနှီးခင်မင်မှု ၊ ဖေးမမှု တွေနဲ့ သူတို့ သားအမိနှစ်ယောက်ရဲ့ မေတ္တာ ၊ သူ့ရဲ့ ရှေ့ရေးအတွက် ဒွိဟ ၊ ရသစုံ ခံစားမိသွားလို့ပါ ။ )
II. ။ ဖိုးဖိုးပုံပြောမယ် ၁ + ၂ http://paing411.blogspot.com/2007/06/blog-post_15.html
III. ။ အိပ်မက်အပေါက်နဲ့ ကြယ်ကြွေကောက်သူ http://paing411.blogspot.com/2007/08/seven.html

၃ ။ ကိုပုဂံသား ။ I.theory from alchemy http://baganthar-88.blogspot.com/2007/06/theory-from-alchemy.html
II.စကားပုံ http://baganthar-88.blogspot.com/2007/06/blog-post_3567.html
III. ပြောင်းလဲမှု http://baganthar-88.blogspot.com/2007/07/blog-post.html ( သူ့ အတွေးထောင့်တွေမှာလည်း အနည်းငယ်ထူးခြားသည်။)

၎ ။ ကိုနိုင် ။ I. did and wish http://naing1.blogspot.com/2007/05/did-and-wish.html
။ II. for me http://naing1.blogspot.com/2007/05/for-me.html
။ III. invert color http://naing1.blogspot.com/2007/06/invert-color.html
( ကိုနိုင်ရဲ့ စာမျက်နှာက ရိုးရှင်းသလောက် ( bannar ကြီးမပါ ) သူ့ရေးဟန်၊ အတွေး၊ တင်ပြပုံတွေက ဆန်းသည် ။ အတော်များများကို တော်တော် ကြိုက်သည်။)

၅ ။ sparrow ။ I. ခေါင်းစဉ်မမြင်ရ http://portal-enics.blogspot.com/2007/08/blog-post.html
။ II. lenten memories http://portal-enics.blogspot.com/2007/07/lenten-memories.html
။ III. ခေါင်းစဉ်မမြင်ရ http://portal-enics.blogspot.com/2007/07/blog-post.html (အရေးနည်းပေမဲ့ ရေးသလောက် ကောင်းသည်။ )

ကြိုက်သမျှတွေသာ ရေးရလျှင် အိမ်ရှင်ရော ဧည့်သည်တွေပါ ဖတ်မနိုင်ဖြစ်လိမ့်မည် ။ ထို့ကြောင့် ဖတ်မိသမျှ ထဲက မှတ်မိသမျှ အကြိုက်တွေကို ၃ ပုဒ်စီသာ ရွေးယူလိုက်သည်။
ဒီ tag ကို စတဲ့ ကိုဘုရင့်နောင်ကျော်ထင်နော်ရထာကြီး ကိုတော့ ဘလော့ဂ်နဲ့ပတ်သတ်တဲ့ လုပ်ပုံလုပ်နည်းလေးတွေ အားလုံးကြိုက်တယ် ။ တကယ်အသုံးဝင်လို့လေ ။ ခုထိ မဘလော့ဂ် နိုင်သေးတာပဲ ခက်တယ် ။ http://181bayintnaung.blogspot.com/2007/05/easy-way-to-backup-your-blog.html ဒါမျိုးဆို ဘလောဂါတိုင်း လုပ်သင့်တာပေါ့ ။ အနိစ္စ တို့ သင်္ခါရတို့ ဆိုတယ် မဟုတ်လား ။ ကြိုးစားပန်းစားရေးထားတာလေးတွေ အကြောင်းအမျိုးမျိုးနဲ့ ပျောက်ပျက်ကုန်မှဖြင့် ....... အဟင့် .......
I. စတေးရတယ် http://181bayintnaung.blogspot.com/2006/07/blog-post_24.html
II. ကန်မလေးတွေနဲ့ ပတ်တနာတွေ http://181bayintnaung.blogspot.com/2006/07/problems-with-girls.html
III. ဆုတောင်း http://181bayintnaung.blogspot.com/2006/08/blog-post_09.html

အဆွေတော် အိမ်ရှင်ကြီးရဲ့ စာတွေကတော့ ............... မပြောတော့ပါဘူးဗျာ ။ အားနာတယ် ။ .............. ပြောရင် စိတ်မကောင်းဖြစ်နေဦးမယ် ။ အဟီး ....... အားလုံးကို ကြိုက်သဗျို့ ။ ထမင်းစားကောင်းအောင် ပြောတာ မဟုတ်ပါဘူး ။ တကယ်ပါ ။ သူကိုယ်တိုင်ရွေးထားတာတွေကို ကြိုက်သလို တခြားစာတွေကိုလည်း တမျိုးစီ ကြိုက်တာပါပဲ ။
“ ပါးပါးလေးတွေးသွား ” လို့ သူပြောသလိုပဲ သူစာတွေက ဖတ်ပြီး တွေးမိသလောက် ကောင်းတယ် ။ သူငယ်ချင်း အချင်းချင်းမို့ အကောင်းချည်းပဲ မြင်တာ မဟုတ်ပါဘူး ။ မကောင်းရင်လည်း ဘာရမလဲ ။ ဟင်း ....... ပြောပစ်လိုက်မပေါ့ ။
စာဖတ်သူတစ်ယောက်ရဲ့ အကြိုက်စစ်စစ်တွေ ဖြစ်ပါသည် ။ ကွဲလွဲနိုင်ကြပါသည်။
ကဲ ။။။ ဒီလောက်ဆို ကျေနပ်တော့ဗျာ ။ ဘလော့ဂ် မရှိတဲ့ သူ အတက်ခံရတာ ဒီတခါပဲ ရှိမည်ထင်သည် ။ အရှည်ကြီးကို တက်ပစ်လိုက်သည် ။ သည်းခံကြကုန်လော့ ။
စာကြွင်း။ ။ နောက်ဖြည့်ထားတဲ့ သူတွေရဲ့ စာကိုတော့ လောလောဆယ် မဖတ်နိုင်သေးပါခင်ဗျား ။ အား လား လား ...... ဇတ်ကြောတွေတက်လိုက်တာ ။ ကျွတ် ..... ကျွတ်
ဘလောဂီ ဒုက္ခကလည်း မသေးပါလားနော် ။။။။။။။

Yan said...

ဆင်နင်းတယ် အိပ်မက်မက်လို့ လာကြည့်တာ. ထင်တဲ့အတိုင်းပဲ. အနော့်နာမည်ကို ယူသုံးထားတယ်. တော်သေးတာပေါ့. တို့က Wed Born မှန်း လေးမသိအောင် ဘယ်တော့မှ မပြောဘူးလို့ ဆုံးဖြတ်ထားတာ. ဟတ်ဟတ်ဟတ်

Layma said...

ကိုဘုရင့်နောင်…. အဲဒီ သားကောင်းတွေထဲမှာ ကိုဘုရင့်နောင်လဲ ပါတယ်မဟုတ်လား….။
ကိုရန်…. ကိုးန၀င်း နေ့ တိုင်းစိပ်လို့  ဒီလို အိပ်မက်တွေမက်တာပေါ့နော်….. တွေ့ မယ် နောက်တခါ ကိုရန် ကို ဂျောက်ချမယ်…. လုံးဝ မမေ့ဘူး…. ဘုရားသာ တနေ….။
ဂျယ်ရီ…. တော်၂အကြပ်ရိုက်သွားမှာပဲဆိုပြီး ဂျောက်ချလိုက်တာ ဂျလည်ဂျယ်ရီ က တမူးသာအောင် ထူးပြသွားပါလား…..ကောင်းပရှင်…. ကျေးဇူးကြီးပါပေတယ်… ကြွက်လယ် ဂျယ်ရီ ရယ်…..။

Anonymous said...

ကို Jerry ကျေးဇူးတင်ပါတယ်ခင်ဗျာ။ လေးမရေ ကျေးဇူးတရားဆိုတာကို မိဘတွေက သင်ကြားပေးထားပါတယ်။

Layma said...

ကိုဘုရင့်နောင်….. မှန်ပါတယ်ရှင်…. လေးမတို့ ရဲ့ လက်ဦးဆရာတွေက သင်ပေးလိုက်ပြီးသားပါရှင်….။

Anonymous said...

ဂျယ်ရီရေ.. လာဖတ်တာတွက်ရော.. အဓိကတော့ “ကလေးလေးတစ်ယောက်၏ ပုံဆွဲစာအုပ်” ဆိုတဲ့ နာမည်လေးတွက်ရော သိပ်ကျေးဇူးတင်တယ် ။

အဲဒီနာမည်လေး သိပ်ကြိုက်တာပဲ ။ လေးမပြောတုန်းက ဘယ်သူများ အဲဒီနာမည်လေး ပေးသလဲလို့.. လက်စသပ်တော့ ဂျယ်ရီကိုးး)

Layma said...

လျှောက်လျှောက်ပြီးတော့သာ မရပ်မနား “ချစ် ” ပေတော့……မဂျစ်ရေ ။