Saturday, September 15, 2007

မွေးရပ်မြေ ...

အစ်မ ခွန်မြလှိုင် က ရေးဖို့  Tag ထားတာ ကြာလှပြီ ... ။ အစ်မရေးစေချင်တဲ့ပုံစံက မွေးရပ်မြေ (သို့မဟုတ်) နေခဲ့ဖူးတဲ့နေရာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို... ဒေသလမ်းညွှန်အနေနဲ့ ... ရေးစေချင်တာ ...။ အစ်မရေ ... လေးမ သိသလောက် ... ရေးတတ်သလောက်လေး ... ရေးလိုက်တယ်နော် ...။

ရှေးရှေးတုန်းက မွေးရပ်မြေ ...
“လေးမ” ရဲ့ ... ဇာတိချက်ကြွေ မွေးရပ်မြေကို ...တချိန်က “မဟာရန်ကုန်” ...၊ “ရန်ကုန်ရွှေမြို့ တော်ကြီး” ... ဟုခေါ်ပါတယ်...။ ၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ... မြန်မာနိုင်ငံ၏ မြို့ တော်ဟု... သတ်မှတ်ခံ ခဲ့ရသော မြို့ ဖြစ်ပါတယ်...။ ရန်ကုန်မြို့ ဟာ ... မြန်မာနိုင်ငံတောင်ပိုင်း...၊ မြစ်ဝကျွန်းပေါ်ဒေသမှာ တည်ရှိတဲ့အတွက် ... အထက်ပိုင်းမှာရှိတဲ့ မြို့ များထက် ရာသီဥတု မျှတ ပါတယ်...။ တတိယမြန်မာနိုင်ငံကို တည်ထောင်တဲ့ ... ဦးအောင်ဇေယျက “ရန်အပေါင်း ကုန်စင်ပြီ” ဆိုတဲ့ အတိတ်နမိတ်နဲ့  ... “ဒဂုံ” ကို “ရန်ကုန်” လို့ အမည်ပြောင်းခဲ့ပါသတဲ့....။ “လေးမ” က ... “ငွေကုန်” လို့ ... အမည်ထပ် ပြောင်းပေးလိုက်ချင်တယ်... ။ ရန်ကုန်မြို့ ကို ... အလောင်းဘုရားလက်ထက်ကစပြီး ... အောက်မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးအချက်အချာ ဗဟို ဌာန အဖြစ် ... သတ်မှတ်ခဲ့ကြတယ်...တဲ့....။ ၁၈၈၅ မှာ မြန်မာနိုင်ငံကို ... ဗြိတိသျှတို့ သိမ်းပိုက်ပြီးတော့ လည်း ...ဒီလိုပဲဆက် သတ်မှတ်ခဲ့ကြတယ် ...။ ရန်ကုန်မြို့ ရဲ့ အတိတ်မှာ ကိုလိုနီစနစ်ရဲ့ ဆိုးမွေတွေ ...၊ ဂျပန် ခေတ်ရဲ့ နာကျည်းဖွယ်ရာတွေ ထင်ဟပ်နေသလို ... လွတ်လပ်ရေးရ အောင် ကြိုးပမ်းပေးခဲ့တဲ့ ... အာဇာနည် တွေရဲ့ အရိပ်တွေကလည်း ... မမေ့နိုင်အောင် လွှမ်းခြုံထားပါတယ်...။ “....ငါတို့ စစ်မြေပြင်ကို ထွက်ရမယ်... ဆင်းရဲမယ်... ငတ်မယ်... အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်....” ဆိုတဲ့ ... ဗိုလ်ချုပ်ရဲ့ အမှာစကားကို ... ဖေဖေက “တော်လှန်ရေးပန်းခြံ” ရှေ့မှာ ... “လေးမ”ကို ... ရွတ်ဆိုပြ ခဲ့တယ် ... ။ ရွှေတိဂုံဘုရားခြေရင်းက “အာဇာနည်ဗိမာန်” ကိုညွှန်ပြပြီး ... အာဇာနည်တွေ လုပ်ကြံခံခဲ့ရတဲ့ ...သွေးစွန်းခဲ့သော ၁၉ ဇူလိုင် အကြောင်း ... ပြောပြခဲ့တယ်...။ ၁၉၀၁ ဒီဇင်ဘာမှာ ဆောက်လုပ်ခဲ့တဲ့ ... တိရစ္ဆာန်ဥယျာဉ် ကြီးထဲမှာ ... တိရစ္ဆာန်လေးတွေကို ... ချစ်တတ်အောင် သင်ယူခဲ့ရတယ် ... ။ “လေးမ” ငယ်ငယ်ကတော့ အကောင်တွေ အစုံပဲ... အများကြီးပဲ ... ။ မှတ်မှတ်ရရ... လူဝံကြီးက ငုံထားတဲ့ရေတွေနဲ့  လှမ်းထွေးလို့  ... လန့် ဖျား ဖျားသွား သေးတယ်...။ ငါးပြတိုက် မှာလဲ ... ငါးလေးတွေ ... လိပ်လေးတွေနဲ့  စကားပြောခဲ့ဖူးတယ်...။ ရွှေတိဂုံဘုရားနဲ့  ပြည်သူလွှတ်တော် ကြားမှာ ...ရှိနေတဲ့... ကျယ်ပြန့် တဲ့ ... ပြည့်သူရင်ပြင်ကြီး အတွက် စီမံကိန်းဆွဲခဲ့တဲ့ သူတွေကို ... ကျေးဇူးတင်စရာ ကောင်းတယ်... ။ အမြင်ပိတ်ဆို့ မှု မရှိတော့ဘူး ...။ ရင်ပြင်သာ မရှိ ခဲ့ရင် ...အဆောက်အဦ အမြင့်ကြီး တွေ ... ရောက်လာပြီး ... အမြင် ရသကို ... ဖျက်ဆီးဦးတော့မှာ....။ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီး ကတော့ ... shopping mall တွေ ... ဘယ်လောက်များများ ... ပန်းပန်လျက်ပါတဲ့ ...။ ကမ္ဘာလှည့်ခရီးသည်တွေကလည်း မြန်မာပြည်ရောက်ရင် ... ဗိုလ်ချုပ်ဈေးကိုတော့ ... ရောက်အောင်ဝင်ကြ တယ် ... ။ စက်လှေကားတွေ ... ဓါတ်လှေကားတွေ ... တပ်ဆင် ထားတဲ့ ... သူတို့ဆီက ... အဆင့်မြင့် ကုန်တိုက်ကြီးတွေနဲ့ မတူဘဲ ... မြေပြင်ညီမှာ ရုံတွေခွဲပြီး ဆောက်လုပ် ထားတဲ့ ... ဗိုလ်ချုပ်ဈေးထဲမှာ ... လှည့်ပတ် ဈေးဝယ်ရတာ ... အရသာ အသစ် ... ဖြစ်တယ် ထင်ပါရဲ့ ...။ ရန်ကုန်မှာ ...တန်ခိုးကြီးစေတီပုထိုး တွေကတော့ အများကြီးပဲ ... ။ “လေးမ” ... မြန်မာပြည်က မခွာနိုင်ရတဲ့ အကြောင်းတွေ ထဲမှာ ... “ရွှေတိဂုံ” ဘုရားကို ... ရင်ပြင်တော်ပေါ်က ထိုင်ပြီးဖူးရတဲ့ ပီတိကို ... အဆုံးရှုံးမခံနိုင် တာလည်း ... တစ်ခုအပါအ၀င် ပါပဲ ... ။ ရန်ကုန်မြို့ မှာ လေ့လာစရာ ... လည်ပတ်စရာတွေ ...အများကြီးကျန်သေးပေမယ့် ... “လေးမ” ... ဒီလောက်ပဲ ရေးပါရစေ ...။

ဇာတိမြို့ ကလေးနဲ့ ပတ်သက်လို့ ... မှတ်သားထားတာလေးတွေကတော့...

၁၉၀၁ ဒီဇင်ဘာတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် စဆောက် ... ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Hotel ဖွင့် ...၊၁၉၀၃ တွင် ရွှေတိဂုံ ဘုရားပေါ် ကျားတက် ...၊၁၉၀၅ ဒီဇင်ဘာ တွင် Rangoon ( Yangon) Electric Tramway and Supply Co. အိမ်မီးထွန်းရန်နှင့် ဓါတ်ရထားအတွက် လျှပ်စစ်ဓါတ်အား စပေး ...၊ ရန်ကုန်သို့  မော်တော်ကားများ စတင်ရောက်ရှိ...၊ ရန်ကုန် တရားလွှတ်တော်ရုံးချုပ် စဆောက် ... ၊ ၁၉၀၇ ဒီဇင်ဘာ ၁၉ တွင် ရန်ကုန်မြို့ လမ်းများ၌ ရေနံဆီမီးတိုင်များအစား လျှပ်စစ်မီးများစထွန်း... ဒီလမှာပဲ ရန်ကုန်မြို့  မြေအောက် တယ်လီဖုန်းကြိုးများစတင်တပ်ဆင်...၊

ဖော်ပြပါအချက်အလက်များကို ရွက်နုဝေမဂ္ဂဇင်းတွင် ဦးမြဟန်ရေးသားသော “မြန်မာပြည်ဒိုင်ယာရီ” မှကူးယူထားပါသည် ....။

၂၀၀ရ ခုနှစ် ... မွေးရပ်မြေ ...
????????
??????????
???????????????
နောင်နှစ်ပေါင်း ( ??? ) ကြာလေသောအခါ ...မွေးရပ်မြေ ...
????????
??????????
???????????????
မွေးရပ်မြေအကြောင်း မျှဝေစေချင်တဲ့သူတွေကတော့...

13 comments:

Anonymous said...

ငါးလေးတွေ ... လိပ်လေးတွေနဲ့  ဘာတွေပြောခဲ့လဲ လေးမ...။ ရေထဲမှာနေရတာ အေးဘူးလားလို့မေးခဲ့ တာမလား။ :P
ရန်ကုန်မြို့ အကြောင်း ဖတ်ရတာ စိတ်ဝင်စားစရာကောင်းသလို အရေးအသားလဲ ကောင်းတယ်။
Cheers

Anonymous said...

ရန်ကုန်သူလား.. မန်း ကဆို..? ရောကုန်ပြီနော်.. အဟင့် ရှင်း၂ပြောပါလား ရှင်း၂ပြောပါလား.. ခပ်ရှင်း၂ပြောကွယ် .. အဟဲ ညကြီး ကလားအိုကေ ၀င်နေတား)

မျှားပြာ said...

မွေးရပ်မြေကတော့ ဟိုးအဝေးမှာပေါ့ဗျာ......
အလွမ်းပြေသွားသလို
ပိုလွမ်းလာသလို

pandora said...

အေးလေ မန်းကဆို.. ဟွန်း.. ရုတ်ရုတ်ရုတ်ရုတ် မလုပ်နဲ့နော်.. မှန်မှန်ပြော..

thamudayanwe said...

လေးမ..ဒါတောင် ရွှေတဂုံဘုရားကွယ်မှာစိုးလို့အထပ်မြင့်မဆောက်ရ
သတ်မှတ်ထားတဲ့နယ်ပြေတွေရှိတယ်..
အကြီးတန်းလိုင်စင်ရအင်/ယာ စာမေးပွဲဖြေတော့သိတယ်
ဒါပေမဲ့သိတဲ့အတိုင်းပဲ..အခုဆောက်နေကြတော့
တချို့နေရာတွေ ဘုရားကိုမမြင်ရတော့ဘူး..

သန့်ဇော်မင်း said...

မမလေးလေးမက ရန်ကုန်သူထင်ပါတယ်။ မန်းလေးမှာ ကျောင်း ၅နှစ်သွားတက်တာ ဖြစ်မယ်။ ဟုတ်တယ်ဟုတ်.. :D

Anonymous said...

ငွေကုန်သူ ကြီးပေါ့။

Layma said...

ကိုဘုရင့်နောင်…ဘယ်လိုလုပ်သိတာတုန်း..သူတို့ ပြန်ပြောပြတာလား… နင်တို့ ငါ့လို ပိတောက်ပင်တက်ဖူးလားလို့ လဲ ကြွားခဲ့သေးတယ်….။
Thank u so much !!!

မဂျစ်… ရှင်းရှင်းပဲပြောမယ်….ရန်ကုန်သူ…မန်းလေးမှာကျောင်းတက်….။ …မဂျစ်သီချင်းဆိုတာသိပ်နားထောင်ကောင်းတာပဲ…ညတိုင်းဆိုပြပါလား… “ကိုကို ကျနော့်ကို ချာတိတ်လို့ မခေါ်နဲ့ …” ဆိုတဲ့ သီချင်းလေ….။

မျှားပြာ… အလွမ်းပြေသလား…အလွမ်းဝေသလား…လေးမတော့ ရေးချင်တာတွေရေးထားတယ်….။

မပန် … မှန်ရာကို ပြောရရင်….မဂျစ်ကိုပြောသလိုပါပဲ …။ ရုတ်၂ ရုတ်၂ မပြောနဲ့  … လှုပ်၂ လှုပ်၂ တောင် မလုပ်ရဲပါဘူး အရီးလေးရယ်….။

မမသမုဒယ…. ရွှေတိဂုံဘုရားနဲ့  ( ….) မိုင်အတွင်း ၆ ထပ်ထက် မြင့်သော အဆောက်အဦမဆောက်ရလို့  … နောက်ဆုံးနှစ်မှာ သင်ခဲ့ရပါတယ်…။ ဒါပေမယ့်…ဒါပေမယ့်…ပေါ့ မမရယ်….။ ဘလေဇွန်ကြီးကတော့ … ကွယ်….ကွယ်….ကွယ်….။ ငိုချင်တယ်….ငိုချင်တယ်…တယ်…။

ကိုသန့် … သိပ်ဟုတ်တာပေါ့… တော်လိုက်တဲ့ စုံထောက်ကြီး…..ရယ်…။

မပုံရိပ်…. အမှန်ပေါ့….။ သိပ်ဟုတ်…။

hnin said...

မမလေးမ... သိုးလေး ရေးမယ်နော်။ အခုက သိုးလေး ပထမတစ်သုတ် စာမေးပွဲ ဖြေရမှာမို့။ နောက် သုံးရက်လောက်နေရင် အေးအေးဆေးဆေး ရေးလို့ရပြီ။ tag တာ ကျေးဇူး မမ။

Layma said...

သိုးလေး...အေးဆေးရေး...ရတယ်...ရေးပြီးရင် ... အကြောင်းကြားလိုက်နော် ....။

Anonymous said...

လက်စသတ်တော့ ရန်ကုန်သူကိုး ။။။ အောက်ပြည်အောက်ရွာကဆိုပါတော့နော် ။။။ ဒါနဲ့ မေးပါရစေ ။။။ ဟို ကွက်ရှင်မတ်ခ်လေးတွေက ဘာလဲဟင် ??? ဘာသဘောလဲ ??? သိသေးဘူးပေါ့နော် ။။။ အဟဲ ။။။ အဖြေပေါ်တော့မှာပါဗျာ ။။။ သိပ်မကြာတော့ပါဘူး ။။။ ကောင်းသောအဖြေပေါ့ ။။။ ငြိမ်းချမ်းပါစေဗျာ ။။။

Layma said...

??? လေးတွေလား...ဂလိုပေါ့ဟာ...။

ပေါက်ပေါက်ဆုပ် said...

မလေးရေ... မလေးတတ်တာခုထိမရေးရတေးဖူး ဟိ
ဘာတွေအလုပ်ရှုပ်နေလဲ ကိုယ်သူကိုယ်တောင်မတိရဖူး :(
နောက်ရက်သေချာစဉ်းစားပြီးရေးပေးမယ်နော်
လာမည်ကြာမည်နော် မျှော် :D