Tuesday, September 04, 2007

ခြေလှမ်း...

ကိုနေဘုန်းလတ်နှင့် မြန်မာ Blogger များမှ seminar တစ်ခုကို လှလှပပလွတ်ကျနိုင်ခဲ့ခြင်းကို ...ဂုဏ်ပြု သောအားဖြင့် ....နှစ်ဆယ်ကျော် သုံးနှစ် ပတ်လည်က... သော့ခတ်ထားခဲ့တဲ့ ....ကဗျာတစ်ပုဒ်ကို ...လွတ်မြောက် ခွင့် ပြုလိုက်သည်…..။ ( ဘာမှတော့ မဆိုင်ဘူး...)
အမိန့် အရ
လေးမ
“ခြေလှမ်း”

“ တိုးဆိတ်
ညင်သက်…
နှင်ရခက်သည်….၊

သခင့်ခြေလှမ်း
ဖွဖွမြန်းလို့ 
စမ်းလို့ ဝင်ရောက်
“ငါ” ကြောက်ခဲ့လဲ…....။ ။”

2 comments:

Anonymous said...

ဦးဦးဖျားဖျား ၀င်ရေးသွားပါသည်။ နှစ်ဆယ်ကျော် သုံးနှစ်ပတ်လည်က ဆိုတော့ ဒီကဗျာရဲ့ အကျဉ်းစံသက်က မနည်းဘူးပဲဗျ ။ လုပ်ရဘူးလေ ။ ၀ဋ်လိုက်တတ်တယ်ဗျ။ လွှတ် ”” ခုလွှတ် ”” ကျန်တဲ့ကဗျာတွေခုလွှတ် ””” ချက်ချင်းလွှတ်”””
အကျဉ်းကဗျာများလွတ်မြောက်ရေးအတွက် လမ်းလျှောက်ဆန္ဒပြပါသည်။ အိမ်ရှေ့မှ အိမ်နောက်သို့ ။
“ တိုးဆိတ်
ညင်သက်…
နှင်ရခက်သည်….၊” ))))))
နှင်ရခက်သည် မှာ လိုဏ်သံ ( echo ) ခပ်တိုးတိုးပါသွားသည်။
“သခင့်ခြေလှမ်း
ဖွဖွမြန်းလို့ 
စမ်းလို့ ဝင်ရောက်
“ငါ” ကြောက်ခဲ့လဲ…....။ ။” )))
“ငါ” ကြောက်ခဲ့လည်း ” မှာ လိုဏ်သံ ခပ်သဲ့သဲ့ကြားလိုက်ရသည် ။ :P
သဘောပေါက်ပြီ ။
ငါကြောက်ခဲ့လည်း ........
လဲ ဟုတ်ဘူးထင်တယ်ဗျ ။ လည်း ဖြစ်မယ်ထင်တယ် ။
အင်း “““ ဒီကဗျာ ဖတ်ရတာ တစ်မျိုးပဲ ။ ဘာလိုနေမှန်း မသိဘူး ။ ဆန့်တငန့်ငန့်နဲ့ ။ သည်းထိတ်ရင်ဖို ။ ခြေသံရှပ်ရှပ် ။
အဟီး ..... တော်ပြီ ။ ဒီလောက်ပဲ နှောက်ယှက်တော့မယ် ။ :)

Layma said...

ဆန့် တငန့် ငန့် ဖြစ်လဲ တတ်နိုင်ဘူး…ခြေလှမ်းကဆက်လို့ မရတော့ဘူး…ဒါပဲလေဟာ… ကြောက်ပေမယ့်….ဒီလိုပဲလေ….။