Wednesday, August 01, 2007

Blog သစ်ပင်

Blog သစ်ပင်
Photo Sharing and Video Hosting at Photobucket
၂၀၀ရ ခုနှစ်…မေလ ကုန်ခါနီး ကပေါ့….
သစ်စေ့လေးတစ်စေ့….အဝေးကြီးကနေ ရခဲ့တယ်….။
ထုပ်ပိုးထားတဲ့ စက္ကူလေးမှာ
“မလေး” ပျိုးကြည့်ပါ…..တဲ့….။
ထူးဆန်းတဲ့ သစ်စေ့လေး…..ဘာပင်လဲမေးတော့….
ဘာပင်လဲသိချင်ရင် ဒို့ ဥယျာဉ်မှာ ၀င်ကြည့်ပါ…..
ဥယျာဉ်လေးရဲ့ တည်နေရာ “www.???.blogspot.com ” မှာ…..တဲ့ ။
အဲဒီတုန်းက သူ့ သစ်ပင်လဲ ပျိုးသစ်စ….
အကိုင်းအခက်လေးတွေ ထွက်သစ်စ…..။
သစ်ရွက်လေးတွေက အရောင်စုံ….
အပူရောင်…အမြူးရောင်….ထူးတဲ့အရောင်….ရူးမဲ့အရောင်…
အရောင်စုံတွေ ရောယှက်….label တပ်လျက်ပေါ့….။
ထူးဆန်းတဲ့ သစ်ပင်လေး …..
ပျိုးနည်းလေးပေးပါ….ဆိုတော့….
နည်းလမ်းတွေမပေး…..လိပ်စာတွေ တသီကြီးပေးခဲ့တယ်…..
ပေးထားတဲ့ လိပ်စာတွေထဲ ဟိုဝင် ဒီထွက်…ဟိုမှာရှာ…ဒီမှာမေး….
လေးမ သစ်စေ့လေး ပျိုးခဲ့တယ်…..။

Photo Sharing and Video Hosting at Photobucket

ဒီလိုနဲ့ ….
သစ်စေ့လေး အပင်ပေါက်….
သစ်ပင်လေးဘ၀ရောက်ခဲ့ပြီ…..။
အကိုင်းအခက်လေးတွေ အမျိုးမျိုး…
သစ်ရွက်လေးတွေက တန်ခိုးရှိတယ်…..
တချို့ က ရယ်ပြတယ်….တချို့ ကငိုကြတယ်….
တချို့ က တွေးတယ်….တချို့ ကဆွေးတယ်…..
အဖြူရောင်တချို့ …..အနီရောင်တချို့ နဲ့ ….
အပြာရောင်တချို့ လဲ ခြယ်ထားတယ်…..။
သစ်ပင်လေးရှိရာကို ခရီးသွားတွေ အမျိုးမျိုး…
ရိုးရိုးလေးပဲ ရောက်ခဲ့ကြတယ်…..
တချို့ က တမင်လာတယ်….တချို့ က ကြုံလို့ လာတယ်….
တချို့ က မျက်စိလည်လမ်းမှား…..တချို့ ကမတော်တဆ….
တချို့ က လူမှုရေးအရ…..
ဘယ်လိုပင် အကြောင်းပြ…သစ်ပင်လေးကတော့….
(သူတို့ ဆီက) အပျော်တွေမျှ…..ခွန်အားတွေရခဲ့တယ်…..။
တချို့ ကရေလောင်းသွားလို့ ….တချို့ က ရေဖြည့်ခဲ့ကြတယ်….
တချို့ ကပေါင်းသင်….တချို့ ကမြေရှင်းပေးခဲ့ကြတယ်….။
ဒီလိုနဲ့ ….အခုဆိုရင်
၂လသားကျော်ကျော် သစ်ပင်လေးမှာ….
အကိုင်းအခက်တွေ ၁၂…..
သစ်ရွက်တွေ ၄၈ ပါ…..။ ။


Blog သစ်ပင် ဟာ Layma's world ဆိုတဲ့ blog လေးရဲ့ သမိုင်းကြောင်း...ဖြစ်စဉ်...ရပ်တည်မှု ဖြစ်သောကြောင့် သူငယ်ချင်းတို့ ရဲ့ မှတ်ချက်များကို Post နဲ့ အတူတင်ထားပါရစေ...။ ။
သန့် ဇော်မင်းက ဦးဦးဖျားဖျား.....
မမလေးလေးမရေ.... ဘာကြောင့် ဘလော့ရတယ် ဆိုတာလေးကို ဖြေသွားတာ... တမူထူးခြားစွာနဲ့ ကောင်းလိုက်တဲ့ ကဗျာလေးပါလား.. သစ်ပင်လေး ထာဝစဉ်ရှင်သန်လို့ ရောက်လာသမျှ ခရီးသွားတွေကို ပျော်ရွှင်မှုတွေ ပေးဝေနိုင်ပါစေ....
tzm
jerry ကပြောတယ်....
ဘလော့ဂ်သစ်ပင် ... နာမည်ပေးတတ်လိုက်တာ ...ဟုတ်ပါ့ဗျာ ... သစ်ပင်လေးလိုပဲ ... ရွက်သစ်တွေ ဝေလို့ ငြိမ်းအေးချမ်းမြပါစေဗျာ ... လာရောက် အရိပ်ခိုသွားပါတယ်ဗျို့ ...

စာခရီးသည်မှ ကဗျာရေးပေးတယ်....
အို သစ်ပင်ငယ် ...
သင်၏ အရှင် သင့်သခင်၏
စိုက်ပျိုးယုယ ကူလုံ့လကြောင့်
သစ်လွင်ပျိုလို့ စိုခဲ့ပြီ။

မန်းချယ်ရီနှင့် 'မိ' သူငယ်ချင်း
လွမ်းရင်းနဲ့သာ ဖြေရာရှာသည့်
အတိတ်ခြေရာ ခက်ကိုင်းမှာမူ
လွမ်းဖွယ်ရွက်ရည် သီခဲ့သည်မှ
ှပျော်ဖွယ်ရွက်ညီ ချည်ခဲ့သည်။

ဗိသုကာမည် တည်သည့်ကိုင်းထက်
်တတ်သိပညာ ထိုထိုရာကို
မပိုမပီ ရွက်စာစီခဲ့ ။

ကဗျာကိုင်းခက် သိုင်းပတ်ရံသည်
စီရရီ တည့်။
ကာတွန်းမည်ရ ကိုင်းသာစွတွင်
ပြုံးကြည်ရွှင် ၏ ။

ပုံပြင် အတွေး ကိုင်းကလေးမှာ
တွေးစချိုရီ သာယာပေ၏ ။
စာပေကိုင်းထက် အတွေးရွက်မည်
လှုပ်ခတ်လေ၏ ။

သူပြောလိုရာ ကိုင်းခက်မှာလည်း
သူ့စကားရွက် စုံဝဲလက်၏ ။
ရာသီစာမည် ထိုကိုင်းသည်လည်း
မိုးရွက်ဝေလို့ သီခဲ့သည် ။

ခက်လက်ယှက်ဖြာ
ရွက် စိမ်း ၀ါ နဲ့ နီတြာ တင့်မော
သာသည့်ကြောဝယ်
လင်းမြနှင်းပျို ခိုခဲ့တစ်လ
ီရီညို မိုးစက် သက်ခဲ့တစ်ခါ
လက်ဖြာ နေခြည် ဆင်းခဲ့သည်ကြောင့်
သင့်ရိပ်အောက်တွင် ခိုနားဝင်သည်
ကြည်သာရွှင်မြ ရပေ၏ ။

အို သစ်ပင်ငယ် ...
စာခက် ရွက်စုံ
သာသည့် ဘုံဝယ
လက်ကြယ် ရွက်သစ် ဝေဆင့်ပွင့်စေ ...
ခြွေသည့်ဆုမွန် အချွန်နှင့်မ ( အဲ ..ဟုတ်ပေါင်)
ခြွေသည့်ဆုမွန် ဤသ၀ဏ်ကို
သင့်သခင်အားပေးပါလေ ...

enics က တမင်လာတာတဲ့.....
Zorpia မှာစသိပြီးတော့အမရဲ့Blog သစ်ပင်လေးဆီကိုတမင်တကာလာခဲ့တာပါနော်နောက်လည်းဒီထက်မကPostတွေအများကြီးရေးနိုင်ပါစေ


7 comments:

သန့်ဇော်မင်း said...

မမလေးလေးမရေ....
ဘာကြောင့် ဘလော့ရတယ် ဆိုတာလေးကို ဖြေသွားတာ... တမူထူးခြားစွာနဲ့ ကောင်းလိုက်တဲ့ ကဗျာလေးပါလား..

သစ်ပင်လေး ထာဝစဉ်ရှင်သန်လို့ ရောက်လာသမျှ ခရီးသွားတွေကို ပျော်ရွှင်မှုတွေ ပေးဝေနိုင်ပါစေ....

tzm

Anonymous said...

ဘလော့ဂ်သစ်ပင် ... နာမည်ပေးတတ်လိုက်တာ ...
ဟုတ်ပါ့ဗျာ ... သစ်ပင်လေးလိုပဲ ...
ရွက်သစ်တွေ ဝေလို့ ငြိမ်းအေးချမ်းမြပါစေဗျာ ...
လာရောက် အရိပ်ခိုသွားပါတယ်ဗျို့ ...

Layma said...

ကိုသန့် ဇော်မင်းရေ….လေးမ ရဲ့ သစ်ပင်ကို ခုလိုရေလောင်းပြီး မြေသြဇာထည့်သွားပေးတာ ကျေးဇူးပါရှင်…..။
ဂျယ်ရီ….အရိပ်ခိုပြီး ဆုတောင်းပေးသွားတာ ကျေးဇူးပါ….အမြဲရေလာလောင်းတဲ့ သူရှိတော့ သစ်ရွက် အသစ်တွေထွက်တာပေါ့…..။

Anonymous said...

စာခရီးသည်မှ

အို သစ်ပင်ငယ် ...
သင်၏ အရှင် သင့်သခင်၏
စိုက်ပျိုးယုယ ကူလုံ့လကြောင့်
သစ်လွင်ပျိုလို့ စိုခဲ့ပြီ။

မန်းချယ်ရီနှင့် 'မိ' သူငယ်ချင်း
လွမ်းရင်းနဲ့သာ ဖြေရာရှာသည့်
အတိတ်ခြေရာ ခက်ကိုင်းမှာမူ
လွမ်းဖွယ်ရွက်ရည် သီခဲ့သည်မှ
ပျော်ဖွယ်ရွက်ညီ ချည်ခဲ့သည်။

ဗိသုကာမည် တည်သည့်ကိုင်းထက်
တတ်သိပညာ ထိုထိုရာကို
မပိုမပီ ရွက်စာစီခဲ့ ။

ကဗျာကိုင်းခက် သိုင်းပတ်ရံသည်
စီရရီ တည့်။
ကာတွန်းမည်ရ ကိုင်းသာစွတွင်
ပြုံးကြည်ရွှင် ၏ ။

ပုံပြင် အတွေး ကိုင်းကလေးမှာ
တွေးစချိုရီ သာယာပေ၏ ။
စာပေကိုင်းထက် အတွေးရွက်မည်
လှုပ်ခတ်လေ၏ ။

သူပြောလိုရာ ကိုင်းခက်မှာလည်း
သူ့စကားရွက် စုံဝဲလက်၏ ။
ရာသီစာမည် ထိုကိုင်းသည်လည်း
မိုးရွက်ဝေလို့ သီခဲ့သည် ။

ခက်လက်ယှက်ဖြာ
ရွက် စိမ်း ၀ါ နဲ့ နီတြာ တင့်မော
သာသည့်ကြောဝယ်
လင်းမြနှင်းပျို ခိုခဲ့တစ်လီ
ရီညို မိုးစက် သက်ခဲ့တစ်ခါ
လက်ဖြာ နေခြည် ဆင်းခဲ့သည်ကြောင့်
သင့်ရိပ်အောက်တွင် ခိုနားဝင်သည်
ကြည်သာရွှင်မြ ရပေ၏ ။

အို သစ်ပင်ငယ် ...
စာခက် ရွက်စုံ
သာသည့် ဘုံဝယ်
လက်ကြယ် ရွက်သစ် ဝေဆင့်ပွင့်စေ ...
ခြွေသည့်ဆုမွန် အချွန်နှင့်မ ( အဲ ..ဟုတ်ပေါင်)
ခြွေသည့်ဆုမွန် ဤသ၀ဏ်ကို
သင့်သခင်အားပေးပါလေ ...

Layma said...

စာခရီးသည်……သင်၏သ၀ဏ်လွှာအား သစ်ပင်ငယ်မှ ဆက်သလာသောကြောင့် လေးမ လက်ခံရရှိပြီးသကာလ နှလုံးပီတိဂွမ်းဆီထိသကဲ့သို့  ပီတိဝေဖြာ စိတ်ချမ်းသာရလေ၏…..စာခရီးသည်တစ်ယောက် ဘုန်းကြီးလို့  အသက်ရှည်….. ကားစီးလို့  တိုက်နဲ့ နေ နိုင်ပါစေသော်……။

Zaw Htet said...

Zorpia မှာစသိပြီးတော့အမရဲ့Blog သစ်ပင်လေးဆီကို
တမင်တကာလာခဲ့တာပါနော်
နောက်လည်းဒီထက်မကPostတွေအများကြီးရေးနိုင်ပါစေ

Layma said...

sparrow….တမင်လာတဲ့အတွက်ရော… ရေလောင်းသွားတဲ့အတွက်ရော အစ်မက အမြဲကျေးဇူးတင်နေပါတယ်…. zorpia မှာကတည်းက အစ်မရေးတဲ့ post တွေကို sparrow ကအမြဲဖတ်ပြီး comment ပေးခဲ့တာပဲ….။