Saturday, September 08, 2007

အထူးသတင်း

Virtual world မှ “လေးမ” သည် ယနေ့  မြန်မာစံတော်ချိန် ညအချိန်တွင် ရေးပြီးခဲ့သော...ပဋ္ဋိက္ခရား၏ကျိန်စာ“အပယ်ရတနာ” ၏ ဖွင့်ဟ ၀န်ခံချက်…ကျန်စစ်မင်း၏ မေတ္တာ နှင့် ပတ်သက်၍ “ရှင်းလင်းပွဲ ” ပြုလုပ်မည်ဖြစ်ကြောင်း ... ၊ ပြည်တွင်းပြည်ပမှ bloggers များနှင့် စိတ်ဝင်စားသူများ တက်ရောက်မေးမြန်း ဆွေးနွေးသတင်းယူနိုင်ပါကြောင်း အသိပေးအပ်ပါသည် ... ( အရင်တစ်ခေါက်က တိတ်တိတ်လေး လုပ်သွားလို့ တဲ့..... MBS ရဲ့ တောက်တိုမယ်ရ မန်နေဂျာကြီး က အော်သွားလို့  )....။ ၀ါးတီးမက်သော သူများ ...( ဂျယ်ရီ နှင့် ကို သန့်  .... ) စားချင်တာမှန်သမျှ ..........ကိုယ့်ဟာကိုယ် ယူခဲ့ပါ ...။ မတက်ရောက်နိုင်သူများလဲ comment တွင်မေးချင်တာမေးသွားနိုင်ပါသည် ... ဖြေချင်တာဖြေပါမည် ( အဟီး .... ???????... ) ။ ။
--------------------------------------------------------------------------------
ရှင်းလင်းပွဲ စပြီ….
( ဘယ်က ဘယ်လို ဘာကို ... ရှင်းရမှန်းတောင် မသိဘူး…အဟမ်း…ဟမ်း….နိုင်ငံရှော် စုံထောက်ကြီးကလဲ ချောင်း နေတယ် ဆိုတော့ … အပြောအဆို ဆင်ခြင်မှ …)

ရှင်းလင်းပွဲကို ... စိတ်ဝင်တစား တက်ရောက်လာကြသူများကို ကျေးဇူးတင်ပါသည် …။ ဒီကနေ့ .ရှင်းလင်းပွဲကို “ သမိုင်းဆိုင်ရာ ရှင်းလင်းပွဲ ” လို့ လဲ အမည်တပ်နိုင်ပါတယ်…။ ရေးဖြစ်ခဲ့တဲ့ ပုဂံဇာတ်လမ်းနဲ့  ပတ်သက်ပြီး .. ရှင်းချင်တာပါ …။ ဒီဇာတ်လမ်းကို ရုပ်ပြ …၊ ၀တ္ထု ၊ သမိုင်း မှတ်တမ်းများမှာ ... အတော်များများ ရင်းနှီးပြီးသား ဖြစ်ပါတယ်…။ ဒီဇာတ်လမ်းမှာ ရုပ်ရှင်စကားနဲ့  ပြောရရင် ... အဓိက မင်းသားနဲ့ မင်းသမီး ( ကာယကံရှင် တွေလို့ ပြောချင်တာပါ ) က ... “စောယွန်း” နဲ့  “ရွှေအိမ်သည်” ပါ …။ “လေးမ” ရေးထားတဲ့ ကျန်စစ်မင်း … အပယ်ရတနာ နဲ့  … ပဋိက္ခရား … တို့ ဟာ...ဇာတ်ပို့ နေရာက လူတွေပါ …။ ရုပ်ရှင်မှာ ဇာတ်လမ်းပီပြင်ဖို့  ... ပို့ ပေးရတဲ့ ဇာတ်ရုပ်တွေကလဲ ... အရေးကြီးပါတယ်….။ ရာဇ၀င်မှာ ... မင်း...တွေအများကြီးရှိသလို ... သားတော်သမီးတော်တွေလဲ ... အများကြီးရှိခဲ့ပါတယ် ... ။ မင်းတွေ ... မိဖုရားတွေက ... အကြောင်း အမျိုးမျိုးနဲ့ ... ရာဇ၀င်မှာ နာမည်ထင်ခဲ့ကြပေမယ့် ... သမီးတော်တွေထဲက သမိုင်းမှာ မှတ်မှတ်သားသား ကျန်ရစ်ခဲ့တာ ... ရှားပါတယ် … ။ “ရွှေအိမ်သည်”မင်းသမီးမှာလဲ ... ပဋိက္ခရားမရှိခဲ့ရင် ... ကျန်စစ်မင်းနဲ့  အပယ်ရတနာလို ... ဘ၀အရေးကို ကိုင်တွယ်ဖြေရှင်းသွားတဲ့ ... မိဘတွေသာ မရှိခဲ့ရင် ... ရာဇ၀င်မှာ “ပုဂံနှင်းဆီ” လို့  ... ထင်ရှားကျန်ရစ်ခဲ့ဖို့ ဆိုတာ ... ခက်ပါတယ် ….။ ဒါကြောင့်...ဇာတ်ပို့ တွေ နေရာကနေ “လေးမ” တွေးကြည့် ... ရေးကြည့်တာဖြစ်...ပါတယ် ။ အသေအချာ ထပ်ပြောရရင် ... “လေးမ” ရေးတာ သမိုင်းမဟုတ်ပါဘူးရှင် ... ။ သမိုင်းက ပေးတဲ့အတွေး ... ရာဇ၀င်ထဲမှာ မထားရစ်ခဲ့နိုင်တဲ့ ... အတွေးတွေပါ ။ အဲဒီအတွေးတွေက အဖြူရောင်သက်သက်ပါ ...။ သမိုင်းကို တွန်းလှန်ဖို့  ... သင်ရိုးညွှန်းတန်းတွေကို ဆန့် ကျင်ဖို့ ... လုံးဝမရည်ရွယ်ပါဘူး ။ “လေးမ” တို့ သင်ခဲ့ရတဲ့ ... ကျန်စစ်မင်းကြီးက ... အလွန်တော်…အလွန်မြင့်မြတ် ပါတယ် …တကယ်လဲ တိုင်းပြည်အပေါ်ကျေးဇူးကြီးပြီး ... လေးစားထိုက်ပါတယ် …. လေးလဲ လေးစားပါတယ် ..။ ဒါပေမယ့် ... ကျန်စစ်မင်းကြီး ... ဒီလို လေးစားခံရဖို့  စတေးခဲ့ရတဲ့ ... ဇနီး နဲ့သမီး ကို တွေးကြည့်မိတယ် ... သူတို့ ပျော်ရဲ့လားလို့  …။ ဒါကြောင့် “အပယ်ရတနာ”ကို ... ရေးမိတယ် … ။ ပဋိက္ခရားကရော ... သူလဲ ချစ်တတ်တဲ့ အသည်းနှလုံးနဲ့ လူပဲလေ ... အချစ်မှာမျက်စိမှ မရှိဘဲ ...ချစ်မိသွားတာတော့ ဘယ်တတ်နိုင်ပါ့မလဲ ... ။ ဒီတော့ ...သူ...ဘယ်လိုများနေမလဲလို့ ... တွေးမိတယ် …ရေးချမိတယ် …။ ကျိန်စာကိုထည့်လိုက်တာကတော့ ... စိတ်မကောင်းလို့  ...။ ဘာကိုစိတ်မကောင်းလဲ ဆိုတော့ ... shopping center တွေကိုသွားရင် ... နိုင်ငံခြားသားတွေနဲ့  လက်ချင်းချိတ်ပြီး ... ရုပ်ပျက်ဆင်းပျက် ကဲပြနေတဲ့ ... မြန်မာမတချို့ ကို ... ခဏခဏတွေ့ နေရလို့ ပါ ...။ တစ်နေ့ ကလဲ feel မှာဆုံတယ် ...။ နိုင်ငံခြားသားကမုန့် စားနေတယ် … ဗမာမက ဂါဝန်နဲ့ …ဒါလင်..ဘာညာနဲ့ ရှေ့မှာ ကိုးယိုး ကားယား လာလုပ်နေတယ် ...။ မျက်နှာလွဲလိုက်ပေမယ့် ... မနေနိုင်တဲ့မျက်လုံးက ... ထောင့်ကပ်ပြီး ခိုးကြည့်လိုက်တော့ ... ပိုက်ဆံတစ်ထပ်တောင်းပြီး ... city mart ဘက် ... ထွက်သွားတာတွေ့ ရတယ် ….။ ရင်နာတယ် ... စိတ်ပျက်တယ် ... ကဲ့ရဲ့တာမဟုတ်ဘူး ... ။ ချစ်လို့ ယူထားကြရင်လဲ ... ဗမာပြည်မှာ ... ဗမာတွေရဲ့ မျက်စိရှေ့မှာ ... အမြင်မရိုင်းအောင်တော့ ... နေသင့်တယ်ထင်တယ် … ။ ဒါမျိုးတွေ တွေ့ ရဖန် များလာတော့ ... ပဋိက္ခရား များ ... ကျိန်စာတိုက်သွားလေသလားလို့  ... သံသယ၀င်မိတယ် ... ။ မျိုးချစ်စိတ်နဲ့ ... ဆိုင်တာမဆိုင်တာတွေ ... လုံးဝ ထည့်မပြောဘူး ... အမြင်မတော်တာကို ပြောတာ ….။ “ကျန်စစ်မင်းရဲ့မေတ္တာ” ကတော့ “လေးမ” ကြီး ... မှ သိတဲ့ အသိ...။ ဆရာမကြီးဒေါက်တာမတင်ဝင်း ရေးတဲ့ “ မင်း၁၀ပါးရာဇ၀င်” ကိုဖတ်ပြီးမှ သိတဲ့အသိကို ဆက်ပွားလိုက်တာ ... ။ ငယ်ငယ်က ကျက်ခဲ့ရတာက တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲအောင် ... သမီးတော်ကို စောယွန်းနဲ့  ... လက်ဆက်စေသည် ... ဆိုတာ လောက်ပဲ သိတယ် … စောယွန်းက ဘာလဲ ... စောယွန်းနဲ့လက်ဆက်ရင် ... ဘာလို့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲတာလဲဆိုတာ ... မသိခဲ့ဘူး ... အခုကြီးမှ....သိတယ် ... ။ဒါကြောင့် “လေးမ” လိုပဲ သမိုင်းကို စိတ်ဝင်စားတဲ့သူ ... မသိသေးတဲ့သူတွေရှိရင် ... သိရအောင်လို့  ... ရေးချလိုက်တယ် … သေချာ တွေးကြည့် လိုက်တယ် ...။ ပြောချင်တာကတော့ ဒီလောက်ပါပဲရှင် ...။
ဒီပုဂံဇာတ်လမ်း ဒီမှာ အဆုံးသတ်ပါပြီလို့ ပြောရင်းနိဂုံးချုပ်ပါတယ်…။
သိလိုသည်များမေးမြန်းရာ
မေး - ပဋိက္ခရား က ဒီလို တကယ်ကျိန်ခဲ့တယ်လို့ ထင်ပါသလား...
ဖြေ - မသိပါဘူး …
မေး - ပဋိက္ခရားနဲ့ ရွှေအိမ်သည် ဘယ်မှာချိန်းတွေ့ ကြပါသလဲ...
ဖြေ - မသိပါဘူး...
မေး - ပဋိက္ခရားနဲ့  ရွှေအိမ်သည် ဘယ်လို ဘာသာစကားနဲ့  ပြောဆိုဆက်ဆံကြပါသလဲ...
ဖြေ -မျက်လုံးချင်းသာ စကားပြောခဲ့တယ်လို့  “မင်းကျန်စစ် ကို ချစ်တဲ့သူများ” ထဲမှာရေးထားပါတယ် ... စကားပြန် မုတ္တမသား အဖိုးအိုကတဆင့် လက်ဆောင်ဆက်တယ်လို့ ရေးထားပါတယ်...
မေး - ကျန်စစ်မင်းမှာ သမီးတစ်ယောက်ထဲရှိတာလား...
ဖြေ - သမီးတစ်ယောက် သားတစ်ယောက်ပဲရှိပါတယ်...
မေး - စောယွန်းဟာ သူ့ အဖေ စောလူးလို ယုတ်မာပါသလား...
ဖြေ - စောယွန်းသည် စာပေသမားတစ်ယောက်ဖြစ်ပြီး သိမ်မွေ့ ပါသည်...
မေး-မျက်မှောက်ခေတ်တွင် မြန်မာအမျိုးသမီးများ နိုင်ငံခြားသားများနှင့် လက်ထပ်ခြင်းကို ကန့် ကွက်ပါသလား...
ဖြေ - မကန့် ကွက်ပါ...
မေး -ထိုသို့  လက်ထပ်ခြင်းအပေါ် ဘယ်လိုမြင်ပါသလဲ...
ဖြေ - ဘယ်လိုမှ မမြင်ပါ...
မေး- ကျန်စစ်မင်းကို ဘယ်လိုမြင်ပါသလဲ...
ဖြေ - အရည်အချင်းရှိသော မင်းကောင်းမင်းမြတ်ဟုမြင်ပါသည်...
မေး - အပယ်ရတနာကို ဘယ်လိုမြင်ပါသလဲ...
ဖြေ - ဇနီးကောင်းတစ်ယောက်ပါ...
မေး - ရွှေအိမ်သည်ကို ဘယ်လိုမြင်ပါသလဲ ...
ဖြေ - ကြံ့ခိုင်သော မိန်းမသားတစ်ယောက်...
မေး -နောက်ဆုံးမေးခွန်းပါ … ဒီဇာတ်လမ်းတစ်ခုလုံးကို ခြုံငုံသုံးသပ်မိသော မလေးမရဲ့ အမြင်ကို တိုတိုနဲ့ လိုရင်းဖြေပါ ...
ဖြေ -အတိုဆုံး အရှင်းဆုံး အမြင်ကိုပြောရရင်...
“ သမိုင်းမှာ ရွှေအိမ်သည် နာမည်ကောင်းကျန်ရစ်တာ... အပြစ်တင်မခံရတာ ... ကျန်စစ်မင်းနဲ့  အပယ်ရတနာ ကြောင့်ပါ .... ”

ဖတ်ရှုသွားကြသော... ပြည်တွင်းပြည်ပမှ ... bloggers များနှင့် စိတ်ဝင်စားသူများအားလုံးကို ...ကျေးဇူးတင် ပါတယ်ရှင် … ။ ။

10 comments:

သန့်ဇော်မင်း said...

"ယနေ့  မြန်မာစံတော်ချိန် ညအချိန်တွင်" ဟုတ်ကဲ့ ခုလို အချိန် အတိအကျ ကြေငြာတဲ့ အတွက် လာလို့ အဆင်ပြေတာပေါ့။ :)

"စိတ်ဝင်စားသူများ တက်ရောက်မေးမြန်း ဆွေးနွေးသတင်းယူနိုင်ပါကြောင်း" အိမ်း.. လာရတာပေါ့ဝေ့

"၀ါးတီးမက်သော သူများ ...( ဂျယ်ရီ နှင့် ကို သန့်  .... )" အဲ.. သူများတွေတော့ သိကုန်တော့မှာပဲ.. ကိုဂျယ်ရီရေ.. ပြောပါဦး... :D

"မေးချင်တာမေးသွားနိုင်ပါသည် ... ဖြေချင်တာဖြေပါမည်"
အင်း... ဒါမှ သတင်းစာရှင်းလင်းပွဲ ပီသတာ.. ဂွတ်ဂွတ်..

Thinzar said...

ချိတ်ဝင်ချားတယ်။ နောက်နေ့မှ ရှင်းလင်းပွဲ လာဖတ်တော့မယ်။ အမရဲ့ ဒီပို့စ်တွေ ဖတ်ပြီး ကျန်စစ်မင်း ကြည့်ချင်စိတ်ပေါက်သွားလို့ ရှာပြီး ဒေါင်းလုတ်လုပ်ပြီး ကြည့်လိုက်တယ်။ :D

Anonymous said...

ရှင်းလင်းပွဲသို့ လာရောက်ပါကြောင်း၊ ထိုင်စောင့်နေပါကြောင်း...

Saturngod said...

ကျန်စစ်မင်းဆိုတာက... ဟီး... ကိုညီလင်းဆက်ပြောတာပို မိုက်တယ်..
http://nyilynnseck.blogspot.com/2007/08/raja-kuma.html

သန့်ဇော်မင်း said...

ဟူးးးးးး လမ်းမှာ ခလုတ်တိုက်လိုက်တာ တရန်စဖော်မာ ဆိုတာကြီးပေါက်သွားလို့ :P သတင်းစာရှင်းလင်းပွဲကြီးကို နောက်ပေါက်က ၀င်လိုက်ရတယ်။
မေးချင်ရာမေး.. ဖြေချင်ရာဖြေကိုတောင် မမီလိုက်တော့ဘူး.. စားသောက်ပြီးပဲ ပြန်သွားပြီ.... :D

s_potato said...

သူတို့နှစ်ယောက်ကိုပေးတွေ့ပေးတဲ့ ကံတရားကို မျက်စောင်းထိုးလိုက်တယ်

Anonymous said...

ကိုယ်စားချင်တာ ကိုယ့်ဟာကိုယ် ယူခဲ့ဆိုလို့ ဒီရှင်းလင်းပွဲကိုမတက်တော့ဘူးလို့ စိတ်ကူးတာ ။
တီဗွီက လွှင့်မှပဲ ကြည့်မယ်ပေါ့ ဆိုပေမဲ့ သိတဲ့အတိုင်းလေ ။ တီဗွီ ၀ယ်ထားတာက ကိုရီးယားကားနဲ့ ဘောလုံးပွဲအတွက်ပဲ ဥစ္စာ ။
ဒါနဲ့ ရှင်းလင်းတဲ့ အကြောင်းအရာနဲ့ အဆင်ပြေအောင် လ္ဘက်အုပ်ရယ်၊ကွမ်းအစ်ရယ်၊ပြောင်းဖူးဖက်ဆေးလိပ်ကြီးရယ်။အကြမ်းရည်တစ်အိုးရယ်ယူပြီး တက်ရောက်ရတော့တာပေါ့။ ကွာပါ့ကွာ။ မှော်ဘီညောင်ရိပ်မှာတုန်းကဆို စားရိတ်ငြိမ်းပဲ။အေးအေးဆေးဆေးအိပ်ငိုက်နေပြီး ခေါင်းညိတ်နေလိုက်တာနဲ့ကို ပါမစ်တွေဘာတွေထိတောင်ရသေးတယ်။ထားလိုက်ပါတော့လေ။
ရှင်းလင်းချက်များ၊အမေးအဖြေများကို နားထောင်ပြီးသကာလ အပျော်တမ်းသတင်းထောက်ဂျယ်ရီမှ အထွန့်တက် ဆင်ခြေပေး ကောက်ချက်ချသည်မှာ .....
“ သမိုင်းမှာ ရွှေအိမ်သည် နာမည်ကောင်းကျန်ရစ်တာ... အပြစ်တင်မခံရတာ ... ကျန်စစ်မင်းနဲ့  အပယ်ရတနာ ကြောင့်ပါ .... ”
အင်းပေါ့ဗျာ ။ သူတို့ကြောင့် ရွှေအိမ်သည် ပုဂံနှင်းဆီဖြစ်တာတော့ဟုတ်ပါတယ် ။ သူကလည်း လိမ္မာပေလို့ပေါ့ဗျာ။
“ဖေဖေ နဲ့ မေမေ သမီးမိုက်ကိုခွင့်လွှတ်ပါ။သမီးချစ်သူနောက်ကို လိုက်သွားပါပြီ” ဆိုတဲ့ ခေတ် ဆိုလို့ကတော့ ....။ ခုခေတ်ဆို ပိုဆိုးသေး ။ “တီ..တီ..တီ .. ဒယ်ဒီလား သမီးပါ .. ခု ဘန်ကောက်ကဆက်နေတာ..သမီးချစ်သူနဲ့လေ.. အာ..ဒယ်ဒီကလည်း ပိန်းလိုက်တာ..ခိုးရာလိုက်လာတာပေါ့..ဒါပဲနော် မာမီကိုလည်းပြောလိုက် ” အဲဒီလိုမျိုးသာဆို
....
အဟီး ... တော်ပြီ ..... ကြာရင် မောင်းထုတ်ခံရတော့မယ် .....
ဝါးတီးမပါတာကလွဲရင် အားလုံးကောင်းပါသည် ခင်ဗျား။။။

သန့်ဇော်မင်း said...

“တီ..တီ..တီ .. ဒယ်ဒီလား သမီးပါ .. ခု ဘန်ကောက်ကဆက်နေတာ..သမီးချစ်သူနဲ့လေ.. အာ..ဒယ်ဒီကလည်း ပိန်းလိုက်တာ..ခိုးရာလိုက်လာတာပေါ့..ဒါပဲနော် မာမီကိုလည်းပြောလိုက် ”
ဟား..ဟား... ဟား..
ကိုဂျယ်ရီရေ.. ပြောတက်ပဗျာ.. အမှန်အကန်ကို သဘောကျသွားတယ်။ ဟုတ်ပ အဲလိုဆို ဒုတ်ခ။
ပုဂံခေတ်ကတော့ အစောင့်အရှောက်တွေလည်းများလို့ နေမှာပေါ့နော်

Layma said...

မသဉ္ဇာ… ရုပ်ရှင်ကြည့်ပြီးရင် ပြန်ပြောပြနော်…ညီမလေး…။

ကိုဘုရင့်နောင်…. ထိုင်စောင့်သွားပြီး ..ဘာမှလဲမမေးပါလား…။

ကိုစေတန်….ဟုတ်တယ်နော် …မိုက်တယ်နော် …ကျေးဇူး….ကျေးဇူး….။

ကိုသန့်  … ဆရာကလဲ ခလုတ်ကတိုက်သေးတာကိုး … နောက်ပေါက်က၀င်ပြီး …စားသောက်သွားတာလုပ်နေကြမဟုတ်လား….။

s-potato….ဟုတ်ပ…. မျက်စောင်းကြီး၂ သာထိုးလိုက်…။

Layma said...

ဂျယ်ရီ ….အဲလို မျိုးဆိုရင်..ဒီလိုမျိုးလေးပေါ့ကွယ်…
“တီ..တီ…. သမီးလား…ညည်းကို အမွေပြတ်စွန့် လွှတ်ကြောင်း… အဖေ့ Blog မှာ တင်ထားတယ်… သမီး cbox မှာလဲ လာရေးသွားတယ်….။ ဆွေမျိုးတွေဆီလဲ e-mail ပို့ ပြီးပြီ…. ညည်းဆီလဲပို့ ထားတယ်… အဲဒါကောင်လေးမိဘတွေဆီ forward လုပ်လိုက် …ဒါဘဲ…” ။

ကိုသန့် …. အမှန်အကန် သဘောကျတယ်ဆိုပြီး လာမြှောက်ပေးသွားတယ်ပေါ့….။ ဟုတ်တယ်… အဲဒီခေတ်တုန်းက ခိုးရာလိုက်တဲ့ ဇာတ်လမ်းတွေ မကြားမိဘူးနော်…။