Tuesday, October 28, 2008

အစား.. အသောက်...

ဒိုင်ယာရီ စာမျက်နှာ ( ၁၃ ) ။ ။ အစားအသောက် …


မုန့်တီသည်ရဲ့ မုန့် တီသုတ်


သူမ နာမည်ကို လေးမ မသိပါ …။ သူ့ ကို မုန့်တီသည် လို့ ပဲ ခေါ်ကြပါသည် …။ သူ …. မုန့် တီကို ဘယ်လိုရောင်းသလဲ လေးမ မမှတ်မိတော့ပါ ( ဟောဒီက မုန့်တီလို့ ပဲ ရောင်းသလား… မုန့်တီ ရမယ်လို့  အော်သလား… ဘာမှမအော်တာလား… မမှတ်မိတော့ ) …။ မနက် ၅ နာရီခွဲ ၆ နာရီလောက်ဆိုရင် သနပ်ခါး အဖွေးသားလိမ်းပြီး အဆောင်ရှေ့ မှာ သူရောက်နေတတ်ပြီး အဆောင်သူတွေ ၀ိုင်းဝိုင်းလည်နေတတ်ပါတယ်… ။


“ မုန့် တီသည် … မုန့်တီ စပ်စပ်လေးတစ်ပွဲ ”


“ကျွန်တော့်ကို ငရုတ်သီး လုံးဝ မထည့်နဲ့ …”


“ မုန့်တီသည် … ခင်ဗျား မုန့် တီကြီးက ဘာလိုနေမှန်းမသိဘူး… စားမကောင်းဘူးဗျာ… ပြင်ပေး…”


“ ဟုတ်လား… လာခဲ့ … အချိုမုန့်  တစ်ပေါက် နှစ်ပေါက် … ပေါက်လိုက်မယ်…”


အဟုတ်ပဲ … ပုလင်းထဲက အချိုမှုန့်  အတောင့်လိုက်ကြီးတွေ ကျလာပြီးရင် မုန့် တီက ကောင်းသွားပြန်ရော…။


လူရှင်းတဲ့ အခါမျိုးမှာတော့….


“ ဒီမှာ မုန့် တီသည် … ကျွန်တော်တို့  ကျောင်းသူတွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေ… ကျွန်တော်တို့  ကျန်းမာရေးဟာ မုန့် တီသည် အပေါ် အများကြီး မူတည်နေတယ်…”


“အဲဒီတော့ …”


“ ခင်ဗျား မုန့် တီထဲ အချို မှုန့်  မထည့်နဲ့  ဗျာ…”


“ ဘာဖြစ်လို့ တုန်း ကိုယ့်လူ ရဲ့…”


“ အချိုမှုန့် က ကင်ဆာဖြစ်စေတယ်ဗျ… ကင်ဆာဆိုတာ မြန်မြန် သေတဲ့ ရောဂါ ဆိုးဗျ”


“ အချိုမှုန့်  မသုံးရင် ဘာသုံးရမတုန်း…”


“ဒါတော့ ခင်ဗျား စဉ်းစားကြည့်ပေါ့ဗျာ … ကျွန်တော်မှ ဟင်းမချက်တတ်ဘဲ… ဘယ်သိမတုန်း”


သို့ ပေမယ့်လဲ…. ကျောင်းပြီးတဲ့အထိတော့ အချိုမှုန့်  နဲ့  နယ်ထားတဲ့ မုန့် တီသုတ်ကို တစ်ရှိုက်မက်မက် ၀ါးမျိုခဲ့ပါတယ် …။


“ မုန့် တီသည်… အကြွေးမှတ်ထားလိုက်နော်… နောက်မှပေးမယ်… ။ ခင်ဗျား … အတင်းတော့ မအုပ်နဲ့ နော်…”


“ အမယ်လေး… ကိုယ့်လူရယ်… ကျုပ်က အတင်းမအုပ်တတ်ပါဘူး… ဟိုကောင်မလေးဆို… ကျုပ်ကို မုန့်တီကြွေး ပေးရမှာ ၃၀၀၀ တောင်ရှိပြီ… ကျုပ်က မပြောပါဘူး… ။”


စာမေးပွဲ နီးတဲ့အခါ…..


“ မုန့် တီသည် .. ကျွန်တော်တို့  စာမေးပွဲတွင်း စားဖို့  ဟင်းကြော် လုပ်ပေးဦး… အစပ်လျှော့နော်…”


“ အေး.. နက်ဖြန်ညနေလာပို့  လှည့်မယ်…”


“ ခင်ဗျားသား… နေအောင်ကို ပို့ ခိုင်းလိုက်လေ…”


“အဟဲ… အဟုတ်ပြောတာဗျ… မုန့်တီသည်… ခင်ဗျားသားက ချောတယ်… ခင်ဗျားကို ယောက္ခမတော်မယ်ဗျာ …”


အဲသလို စခဲ့ရတဲ့ မုန့် တီသည် သားလေးတောင် မိန်းမ ခိုးပြေးသွားရှာပြီတဲ့…။ ရွှေမိရေ… နင့်ကို မစောင့်နိုင်ဘူးတဲ့…။


မက်မန်းဝိုင်


“ ဟေ့.. မိ နဲ့  လေးမ .. မေမြို့ တက်တဲ့ ကောင်တွေဆီက ၀ိုင်တစ်ပုလင်း ဓါးမြတိုက်လာတယ်… ။ သောက်မလား…။”


“ သောက်တော့ မသောက်ဖူးဘူး… ဒါပေမယ့် သောက်ကြည့်မယ်..”


“ အမယ်လေး .. မိဘတွေ သိရင်တော့ ရင်ကျိုးမယ်… ပညာတတ်ကြီး ဖြစ်စေချင်လွန်းလို့  ကျောင်းတက်ဖို့  လွှတ်လိုက်တာ…”


“ ဒါလည်း သင်ယူရမယ့် ပညာပဲလေ… ပညာစုံအောင်သင်မှ ကျေးဇူးဆပ်ရာရောက်တာပေါ့ …”


“ ရော့.. ဒီမှာ အာလူးကြော်… ဒီမှာ ခွက်… စမယ်…”


“ နေဦး… အလောင်းအစားနဲ့  သောက်မယ်… ဒီမှာ အကြွေစေ့… ခေါင်းပန်းလှန်မယ်… တစ်ကြိမ်မှန်ရင် တစ်ခွက်သောက်…”


တစ်ခွက်


နှစ်ခွက်


သုံးခွက်


“အရက်မူးတယ်ဆိုတာ ဘယ်လို ဟာမျိုးလဲ မသိဘူးနော်…။ အိပ်ချင်လာတာလား…။ မိ… ငါ … အိပ်ချင်လာပြီ…။ ငါ.. မူးပြီထင်တယ်နော်…။ ငါ… အိပ်တော့မယ်… မသောက်နိုင်တော့ဘူး…။”


“နင်ကလည်း အဲဒါမူးတာ မဟုတ်လောက်ပါဘူး…။ နေပါဦး…။”


“မရဘူး… အိပ်မယ်.. အရက်မူးရင် ကျွဲခိုးပေါ်တယ် တဲ့…။ မူးရင် စကားတွေ လျှောက်ပြောတယ်ဆို …။ မျိုထားတဲ့ စကားတွေ ထွက်ကုန်လိမ့်မယ်…။ တော်ပြီ.. အိပ်မယ်…။”


အဲဒီတုန်းကတော့ ၀ိုင်ကို သောက်ဖူးတယ်ရှိအောင် သောက်ကြည့်ခဲ့ပါတယ်…။ အခုတော့ နုပျိုတယ်… သွေးလှည့်ပတ်မှုကောင်းတယ် ဆိုလို့  တခါတရံ သောက်ပါတယ်…။ အဲဒီတုန်းကလိုပဲ မမူးခင် မြန်မြန်ရပ်ပြီး အိပ်ပစ်လိုက်ပါတယ်…။ သူ့ ကို ရစ်မိမှာ စိုးလို့ပါ… ။


ယမ်ယမ်ပုစွန်ချဉ်စပ် ကြက်ဥရော


“ ဟူး. ဗိုက်ဆာလိုက်တာ…”


“ ရသာမှန် ယမ်ယမ်…”


“ ပြုတ်လိုက်လေ … ကြာသလားလို့ … ကြက်ဥ တစ်လုံးကျန်သေးတယ်… ထည့်ပြုတ်လိုက်…”


“… ဒေါက်.. ဒေါက်..”


“ ဝေ…”


“ ဟဲ့.. အဆောင်မှူး အခန်းတွေ လိုက်စစ်နေတယ်… အောက်ထပ်မှာ တွေ့ ခဲ့တယ်…”


“အေး… အေး.. မိ… နင့် ခေါက်ဆွဲ လက်စဖျောက်… ”


“ ဟဲ့.. နင့်ကက်ဆက်ကို ပိတ်လေ…”


….


“ဒေါက်… ဒေါက်… ၇၉ တံခါးဖွင့်…”


“ ဟုတ်ကဲ့ မမ..”


“အေး.. ဘာလုပ်နေကြတုန်း..”


“ ပုံဆွဲနေတာ … မမ..။ project ရှိလို့ …”


“အေး… မိုးချုပ်ထိမဆွဲကြနဲ့ … အိပ်ရေးပျက်ပြီး အတန်းမတက်နိုင်ဘဲနေမယ်…”


“ ဟုတ်… စောစော အိပ်မှာ..မမ…”


“ နင်တို့  အခန်းထဲက ခေါက်ဆွဲပြုတ်နံ့  ရသလိုပဲ…”


( အဆောင်မှူးကလည်း အနံ့ခံတော်လိုက်တာ)


“မမ စိတ်ထင်လို့ ပါ… မရှိပါဘူး…”


“ ငါ… အခန်းထဲ ရှာ ဦးမှပဲ”


“ ဟုတ်… ရှာပါမမ.. အားနာလိုက်တာ… စာရွက်တွေပွနေလို့ …”


ဟိုရှာ ဒီရှာ ဟိုကြည့်.. ဒီကြည့်… ဘာမှမရှိပါ..။


“အေး.. အေး.. အခန်းထဲမှာ မီးမသုံးနဲ့ နော်… ရေနွေးလိုရင် စားဖိုဆောင်မှာ ညနေကတည်းက ဓါတ်ဘူးနဲ့  သယ်ထား.. ကြားလား…။ ဘယ်အခန်းက ပြုတ်နေလဲ မသိဘူး…။ အနံ့ ရတယ်… တစ်ခန်းခန်းတော့ မိမှာပဲ… သွားဦးမယ်


“ဟုတ်.. မမ”


“လေးမ… တံခါးဂျက် သေချာထိုးပြီးပြီလား…”


“အေး..ပြီးပါပြီ.. မြန်မြန် ထုတ်ပါ.. စားချင်လှပြီ…”


ရွှေမိက ကုတင်အောက်က ... စက္ကူဗူးထဲက .... ထမင်းပေါင်းအိုးအလွတ်ထဲက .... ခေါက်ဆွဲပြုတ်ပန်းကန်လေးကို ထုတ်လိုက်ပါတယ်…။


၃ မိနစ်ပဲ.. စောင့်…


တစ်ယောက်တစ်ဇွန်း မြန်မြန်လေး ဖြိုလိုက်တာ ၃ မိနစ်အတွင်းပြိုသွားပါတယ်….။        


ခိုးစားရတဲ့ ခေါက်ဆွဲပြုတ်.. လုစားရတဲ့ ခေါက်ဆွဲပြုတ်… ငတ်နေတုန်း စားရတဲ့ ခေါက်ဆွဲပြုတ်မို့ … အရသာရှိလှသည်…။


လေးမသည် တစ်ခါတစ်ရံ၌ ဘဲဥတွေ… ငါးဖယ်တွေနဲ့ နယ်ထားတဲ့ နန်းကြီးသုတ်ကို စားရင်း ဂေါ်ဖီနဲ့  ပဲမှုန့် ပဲပါတဲ့ အဖြူရောင် မုန့် တီ သုတ်ကို သတိရနေတတ်သလို …


ဝိုင်ဖန်ခွက်လှလှလေးထဲက အနီရောင် အရည်တွေဟာ ပလတ်စတစ်ခွက်အဟောင်းလေးထဲက အနီရောင် အရည်တွေနဲ့   အာနိသင်ချင်း တူမတူ တွေးတောနေတတ်ပြီး ….


လုစားမယ့်သူမရှိတဲ့ ခေါက်ဆွဲပြုတ် ပန်းကန်ကြီးရှေ့ ချပြီး ငူငူကြီး ထိုင်နေတတ်ပါသည် …။ ။

11 comments:

Monday, October 27, 2008

တွေ့ ဆုံ အကြွေးပေးခန်း

အိမ်ရှေ့မှာ Notice စာရောက်နေတယ်…။ တက်စ်ထားတယ် လမကုန်ခင်ရေးပေးပါ နော့် :P …. တဲ့ …။ ပြောင်ပြသွားလိုက်သေး… မခန့်တာပြောပါတယ်…။ ဘာအကြောင်းရေးရမှာလဲ… သွားကြည့်တော့ နောက်တီးနောက်တောက်နဲ ဘာ Tag လည်းတော့ မသိပါ .... တဲ့ …။ လူကြီးကို နောက်ပြန်ပြီ …။ သူရေးထားတာ ဖတ်ကြည့်တော့ ကြယ်ပွင့်များနှင့်တွေ့ ဆုံခြင်းလိုလို ဆိုပါလား…။ အဟိ… ဂလို ဆိုတော့လည်း ရေးရပေမပေါ့ ….။ အောက်ဆုံးမှာတော့ “ အပျင်းထူနေတဲ့ အစ်မလေးမ ဆိုပါလား……။ ဘယ်လိုလုပ်သိသွားပါလိမ့်နော် …။ လမကုန်ခင် မြန်မြန် ရေးပေးမှ ဖြစ်မယ်…။ တော်ကြာ နာမ၀ိသေသန ဆိုးဆိုးတွေ အတပ်ခံနေရဦးမယ်…။



ငွေကြယ်ပွင့် လေးမ နှင့် ဂျာနယ်အလစ်သမား မောင်မျိုး တွေ့ ဆုံ အကြွေးပေးခန်း


(၁)
မေး ..........လေးမ (တဂ်ခံရတဲ့သူ ) နဲ့ မောင်မျိုး (တဂ်တဲ့သူတို့) ဘယ်လိုများ ဆက်ဆံပတ်သက်လည်း မသိဘူးနော်
ဖြေ...........
အင်တာနက် ရင်ပြင်ပေါ်မှာ ပြေးပြေးလွှားလွှား သွားသွားလာလာလုပ်ရင်း ခင်မင်ခဲ့တဲ့ မိတ်ဆွေတွေပါ ။

(၂)
မေး..........သူ့အပေါ် လေးမရဲ့ထင်မြင်ချက် ၅ ချက်လောက်ပြောပြပါလား ?
ဖြေ.........

1 ရုပ်ရည်ကတော့…… ခပ်ပိန်ပိန် … ကောင်လေးတစ်ယောက်ပါ… နှုတ်ခမ်းမွှေးပါပါတယ်… မယုံရင် သူ့ ဘလော့ဂ်မှာ ကြည့်ပါ… ဓါတ်ပုံတင်ထားပါတယ် …။

2 ရေးတဲ့စာက …… အေးကြည်မ ဆိုတဲ့ ကောင်မလေးကို ဘလော့ဂ်မှာ ဖန်တီးပြီး အင်မတန် အနိုင်ယူတတ်ပါတယ် …။ သူ့ အကြောင်း ကို ရိုးသား ပွင့်လင်းစွာ ရေးပြတတ်ပါတယ်…။
3 ရယ်စရာကောင်းတဲ့ အချက်က …... သူ့ ရဲ့ အလွဲတွေ ဖြစ်ပါတယ်….။
4 မကောင်းတဲ့ အချက်ကတော့ တခါတရံ ဘလော့ဂ်ဂါ မိတ်ဆွေ တချို့ နဲ့  စိတ်ကောက်တတ်ပါတယ်….။
5 နောက်ဆုံးထင်မြင်ချက်ကတော့ …. လူချစ်လူခင် အရမ်းများတဲ့ ဘလော့ဂ်ဂါ ဖြစ်ပါတယ်…။

(၃)
မေး....အမှတ်တရ အဖြစ်ဆုံး လေးမ အတွက် လုပ်ပေးခဲ့ဖူးတဲ့ အရာလေးများရှိလား ?
ဖြေ.....
မနှစ်က ဇန်န၀ါရီလမှာ မေးလ်နဲ့  လက်ဆောင် ပို့ လိုက်တာပါ…။


(၄)
မေး……အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့ စကား ?
ဖြေ….
တီကြွက်ရေ့ …. ….

(၅)
မေး………သူသာ ချစ်သူဖြစ်ခဲ့ရင် ဘာလုပ်မလဲ ?
ဖြေ….
ဒီမေးခွန်း … ဆင်ဆာဖြတ်ပါတယ်…။ ဘလော့စပေါ့ ဘန်းခံရတာကိုသာ ကျော်ဝင်လို့ ရမယ်…။ ဒီမေးခွန်းကြောင့် ကောင်းကင်ကြီး လေးမကို အင်တာနက် သုံးခွင့်ဘန်းလိုက်ရင် ကျော်ဝင်လည်းမရတော့ပါ…။

(၆)
မေး..... ချစ်သူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ဘက်က ဘာတွေ ပြုပြင်ဖို့လိုမယ်ထင်လဲ ?
ဖြေ....-



(၇)
မေး.........သူက လေးမ ရန်သူဖြစ်နေမယ်ဆိုရင်ရော ?
ဖြေ.........
သူ့ ဘလော့ဂ် မလည်ဘူးပေါ့…။( ဘလော့ဂ် မလည်တိုင်းတော့ ရန်သူ မဟုတ်ဘူးနော်. အတွေး မမှားနဲ့  နော်)

(၈)

မေး....ရန်သူဖြစ်လာနိုင်စရာအကြောင်းအရင်းကရော ?
ဖြေ....
ရန်စလာရင် ရန်သူဖြစ်သွားမယ် …။

(၉)
မေး.... သူ့အတွက် လေးမ ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေးများရှိလား ?
ဖြေ....
လောလောဆယ် သူရေးခိုင်းတာ ရေးပေးတယ်…။


(၁၀)
မေး….. သူ့အပေါ်ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဘယ်လိုမြင်လဲ ?
ဖြေ….
လူရိုးလေးပါ… ။ ဟီး…( ထင်ရတာပဲ.. သမင်သားမစားဘူးလို့ …. ပြောတာပဲ) ။ ညီမလေးတွေ စိတ်ကူးမလွဲကြနဲ့  နော်….။

(၁၁)
မေး..... ( တကယ်ကို ကမ္ဘာကျော်ပုဂ္ဂိုလ်ဆိုတော့ ) လေးမအပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကိုရော ဘယ်လိုမြင်လဲ ?
ဖြေ....
အကောင်းပြောရင် ကျေနပ်စရာလို့  မြင်ပြီး … မကောင်းပြောရင် ရယ်စရာလို့  မြင်ပါတယ်…။


(၁၂)
မေး… ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ လေးမ ရဲ့ characteristic လေးပြောပြပါလား ?
ဖြေ…
လွတ်လွတ်လပ်လပ်တွေး တဲ့ အကျင့် …။

(၁၃)
မေး.... ဒါဆို ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristic လေးကရော ?
ဖြေ.....
လွတ်လွတ်လပ်လပ် မရေးရဲတဲ့ အကျင့် ….။

(၁၄)
မေး....ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက ဘယ်လိုလဲ?
ဖြေ....
စိတ်ရော လူရော ပေါ့ပေါ့ပါးပါး ရှိတဲ့ လူစားမျိုး ။

(၁၅)
မေးးး ... ချစ်ခင်ဂရုစိုက်တဲ့လူတွေကို ဘာများပြောချင်ပါလဲ ?
ဖြေ...
နှလုံးသားအာဟာရ ဒါနပြုကြတာ ကျေးဇူးတင်ပါတယ်…။ ကျန်းမာရေးဂရုစိုက်ပါ...။

မောင်မျိုးရေ… သတိတရ ရေးခိုင်းတာလေးကို ကျေးဇူးတင်စွာ ရေးပြီးပြီမို့  ဆက်ပျင်း.. ဆက်ပျောက် … လိုက်ဦးမယ်နော်…။



P.S. နောက်.. ဂျောက်ချရမယ့်သူ စဉ်းစားဆဲ…နော်…. အာရုံရရင် ဂျောက်ချမယ်…။ ဟော စဉ်းစားမိပါပြီ.. မီ... ပါ.. ရွှန်းမီ... ပါ... စုံစီနဖာ စာမျက်နှာက ရွှန်းမီ ကို ဂျောက်ချပါတယ်...။





11 comments:

Monday, October 13, 2008

အချစ် ဆိုသည်မှာ …

ကိုဟန်သစ်ငြိမ် က သုံးကိုယ်ခွဲပြီး အချစ်အကြောင်း အပြင်းအထန် ဆွေးနွေးပြီး သကာလ … ကျန်တဲ့ သူတွေကိုလည်း သူခိုးသေဖော်ညှိ .. အဲ.. ဟုတ်ပေါင်… ကျန်တဲ့သူတွေလည်း အချစ်အကြောင်း ဆွေးနွေး ရင်ဖွင့်နိုင်ကြပါစေတော့ရယ်လို့  စေတနာ ရှေ့ထားပြီး တစ်အုပ်တစ်မကြီး ဆက်ရေးခိုင်းပါတယ် …။


လေးမ ရေးပါပြီ…။


အချစ်ရှိတဲ့သူဆိုတော့ အချစ်အကြောင်း ပိုင်ပိုင်နိုင်နိုင်ကြီး မသိပေမယ့် ကောင်းကောင်း ဆွေးနွေးနိုင်ပါတယ် … ။ ချစ်တတ်တဲ့ … အချစ်ငတ်တဲ့…. ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေက အချစ်ကို သူတို့ အမြင်နဲ့  အမျိုးမျိုး ဖွဲ့ ဆိုခဲ့ကြတယ်…။ အဲဒီအမြင်တွေကို မကိုးကား တော့ဘူး… ရိုးသားစွာနဲ့ ပဲ အချစ်ကို ဘာသာပြန်ကြည့်ပါမယ် …။ နိဒါန်းပျိုးနေတာနဲ့  အတော်ကြာနေပြီ…။ (ဘယ်ကစရမှန်းမသိလို့  အချိန်ဆွဲနေတာပါ )။


၁။ မိဘချစ်… သားသမီးချစ်


၂။ ကိုယ့်ကိုယ်ကိုချစ်


၃။ မောင်နှမချစ်


၎။ သူငယ်ချင်းချစ်


၅။ တစိမ်းချစ် ( သို့) ချစ်သူချစ်


၆။ လင်မယားချစ် ( သို့ ) အိမ်ထောင်သည်အချစ်


သေချာ ရေတွက်ကြည့်မယ်ဆိုရင် မြောက်များစွာသောအချစ်တွေနဲ့  လူတွေ “ကန်း” နေကြပါတယ်…။ “ ကန်း” တယ်ဆိုတာ ဘာသာရေးရှုထောင့်က ကြည့်ပြီး “ ကန်း” … တယ်.. “လုပ်ရမယ့်အလုပ်တွေကို မလုပ်ဘဲ… ချစ်နေကြတယ်”… လို့ ပြောတာပါ…။ ဒီစကား ဒီနေရာမှာရပ်မှ…။ တော်ကြာ ဘော်ဒါတွေ ရိပ်သာပြေးကုန်လို့  လေးမတစ်ယောက်ထဲ ဘလော့ဂ် မျက်မဲကြီးထဲမှာ ကျန်နေခဲ့ဦးမယ်…။


အချစ်ဟာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်သလို … မသင်ယူဘဲ တတ်မြောက်ခဲ့ကြတဲ့ အရာပါပဲ…။ ဒါပေမယ့် ချစ်တတ်အောင်တော့ သင်ယူခဲ့ကြရပါတယ်…။ မသိမသာတစ်မျိုး… သိသိသာသာ တစ်မျိုးနဲ့  ချစ်တတ်အောင် သင်ယူခဲ့ကြပါတယ် …။ အချစ်ခံရခြင်း အားဖြင့်လည်း သင်ယူခဲ့ကြသလို .... အချစ်ပေးခြင်း အားဖြင့်လည်း သင်ယူခဲ့ကြရပါတယ်…။ ချစ်တတ်အောင် မသင်ယူခဲ့ဘဲ အချစ်ကို လက်တည့် စမ်းရင်တော့ အမုန်းနဲ့  မျက်ရည်တွေသာ များများရပါလိမ့်မည်…။


အချစ် ၁ ကနေ ၄ အထိက မိရိုးဖလာ အချစ် ပုံစံ ဖြစ်တဲ့အတွက် အငြင်းပွားစရာ ဘာမှ မရှိပါဘူး…။ နံပါတ် ( ၅ ) အချစ် ကတော့ အင်မတန် ထူးဆန်းတဲ့ အတွက် … ငြင်းခုံဆွေးနွေးစရာ ဖြစ်လို့  နေပါတယ်…။ ကိုဟန်သစ်တောင် “အချစ်မှာ မျက်စိရှိမရှိ” ကို မျက်မှန်ကြီးတပ်ပြီး ဆွေးနွေးတာ အဖြေမထွက်ပါဘူး…။


လေးမရဲ့ အမြင်ကို ရေးရရင်တော့ နံပါတ် ( ၅ ) အချစ်ဟာ …. “တိမ်” နဲ့ တူပါတယ်…။


လက်ထပ်ခြင်းဆိုတာနဲ့  နိဂုံးမချုပ်မခြင်း အဲဒီတိမ်က လွင့်မျော နေနိုင်ပါတယ်…။ အချိန်မရွေးနေရာ ရွှေ့  နိုင်သလို အချိန်မရွေး နောက်တစ်ယောက်ကို ချစ်လို့ ရပါတယ်…။ ကန့် ကွက်ကြသလား…။ ဟုတ်ပါတယ်… ကန့် ကွက်ချင်စရာပါပဲ… နောက်တစ်ယောက် ပြောင်းချစ်တာ သစ္စာမဲ့တဲ့ လုပ်ရပ် လို့  လေးမ တို့ သတ်မှတ်ထားကြတာကိုး….။ တကယ်တော့ ကိုယ်နဲ့  အဆင် မပြေနိုင်လို့  … ကိုယ်မချစ်နိုင်တော့လို့ … နောက်တစ်ယောက်ပြောင်းလိုက်တာဟာ…. လက်ထပ်ပြီးမှ အဆင်မပြေလို့  ကွဲကြရတာနဲ့  စာရင် အများကြီး သိက္ခာရှိပါတယ်….။


အချစ်ဟာ တိမ် တွေလိုပဲ အသွင် သဏ္ဍာန် အမျိုးမျိုးနဲ့  ရပ်တည်နေနိုင်ပါတယ်…။ ပေးဆပ်တဲ့အချစ်… ရယူတဲ့အချစ်… ကြမ်းတမ်းတဲ့ အချစ်… သိမ်မွေ့ တဲ့အချစ်… အလိုလိုက်တဲ့ အချစ်… ဗိုလ်ကျတဲ့ အချစ် … ထိန်းချုပ်တဲ့ အချစ်… အဲသလို ပုံစံအမျိုးမျိုးနဲ့  ရှိနေမှာပါ…။


ရာသီဥတု အခြေအနေကို လိုက်ပြီး တိမ်တွေ အရောင်ပြောင်းသလို တစ်ဖက်လူရဲ့ တုံ့ ပြန်မှုနဲ့  အခြေအနေကို လိုက်ပြီး အချစ်ဟာ အရောင်ပြောင်းနိုင်ပါတယ်…။


တစ်ခါတစ်လေမှာ တိမ်တွေဟာ မိုးစက်တွေ အဖြစ်အသွင်ပြောင်းပြီး တိမ် ဘ၀ အဆုံးသတ်သွားသလို…. အချစ်တွေ မျက်ရည်အဖြစ် ပြောင်းလဲပြီး အဆုံးသတ်သွားတတ်ပါတယ်…။


မိုးစက်တွေ ငွေ့ ရည်ဖွဲ့ ပြီး တိမ် အဖြစ်ကို ပြန်ရောက်နိုင်သလို…. ကာလတစ်ခုကြာပြီးတဲ့ နောက်မှာ အချစ်ဟာ အသစ်တဖန် မွေးဖွား လာနိုင်ပါသေးတယ်…။


တိမ်တွေကို မြင်နေရပေမယ့် ပွေ့ ဖက်ဖမ်းဆုပ်ထားလို့  မရ သလို အချစ်ဟာလည်း ဖမ်းဆုပ်ချုပ်ကိုင်ထားဖို့  သိပ်ခက်ပါတယ်…။


ဘယ်လောက် ဆန်းကြယ်တဲ့ အချစ်လဲနော်…။ အဲဒီ ဆန်းကြယ်တဲ့ အချစ်ကို တချို့ တွေက ငွေအတွက်.. ဂုဏ်အတွက်.. ဆန္ဒအတွက် … မိသားစုအတွက်… ခုတုံးလုပ်လာကြတဲ့အခါ အချစ်ဆိုတဲ့ ဝေါဟာရဟာ ပျက်ရယ်ပြုချင်စရာကြီး ဖြစ်လာခဲ့တယ် …။ အချစ်ရဲ့ ဂုဏ်သိက္ခာဟာ မေတ္တာတရားရဲ့ ဂုဏ်ကို မယှဉ်နိုင်ဘူးဖြစ်လာပြန်တယ်…။


ဒါကြောင့် အိမ်ထောင်ရှင်အများစုဟာ… အိမ်ထောင်သည်ဘ၀မှာ “ တိမ်” နဲ့ တူတဲ့ အချစ်ကို ဂူ သွင်းလိုက်ကြပြီး… မေတ္တာ… စေတနာ… သံယောဇဉ်… နားလည်မှုတွေနဲ့  တည်ဆောက်ထားတဲ့ ကောင်းကင်” နဲ့  တူတဲ့အချစ်ကို တည်ဆောက်ကြပါတယ်…။ ဒါပေမယ့် ဂူသွင်းထားတဲ့ အချစ် ကိုလည်း… အမှတ်ရစရာအဖြစ် မကြာခဏ ငဲ့ကြည့်ပေးရပါတယ်…။


နေ့ ဘက်မှာ ရှိသလို ညဘက်မှာလည်း ရှိနေတဲ့ … ရာသီတိုင်းမှာ အမြဲရှိနေတဲ့ ကောင်းကင်ကြီး ကြံ့ခိုင် သလို အိမ်ထောင်သည်အချစ်ဟာ ကြံ့ခိုင်ရပါမယ်…။ ဘယ်တော့မှ ပျောက်ကွယ်မသွားရပါဘူး…။ ကောင်းကင်ကြီးဟာ သူ့ ရဲ့ အရိပ်အောက်မှာ သက်ရှိသက်မဲ့ အားလုံးကို အုပ်မိုးထားနိုင်သလို … အေးအတူ ပူအမျှ … အခြေအနေတိုင်းမှာ မပျောက်မပျယ်တဲ့ အချစ်တွေ တည်ဆောက်ရင်း အိမ်ထောင်သည် အချစ်တွေနဲ့  ပြသာနာတိုင်းကို ချုပ်ကိုင်အုပ်မိုး နိုင်ရပါမယ်..။


အချစ်ဆိုသော အရာကို (အခုချိန်အထိ) လေးမ… အဲသလို နားလည်ထားပါတယ်…။ ။


ကိုသင်္ကြန် ၊ ကို ညိုထက်ညို ၊ ရာဟုမလေးရဲ့ကိုကို ( ဘိုတင့် ) တို့ကရော “ အချစ်ဆိုသည်မှာ…” ဘာလို့  ရေးကြမလဲ သိခွင့်ရှိရင်… သိချင်ပါတယ်…။

21 comments:

Friday, October 10, 2008

စလုံးရေစ … စွပ်ပြုတ်

စလုံးက စာကလေးက


စွပ်ပြုတ်သောက်ချင်တယ်လို့ 


စီဘောက်စ်မှာ ခဏခဏပူဆာလို့ 


စိတ်အာဟာရ ဖြစ်စရာ


စွပ်ပြုတ်တစ်ခွက်ကို


စာကလေးနဲ့ တကွ


စိတ်ဝင်စားတဲ့သူသောက်သုံးဖို့ 


စိတ်ပါလက်ပါ ကူးပေးလိုက်တယ်


စိတ်ချလက်ချ သုံးဆောင်ပါ


အဆိပ်မပါ


ဆရာဖေမြင့် ဘာသာပြန်ထားတာ…။


နှလုံးသားအတွက် တစ်သက်တာ အာဟာရ 


အတန်းထဲက


အမှတ်မထင်လေ့ကျင့်ခန်းကလေးသည်


တစ်သက်တာမမေ့နိုင်စရာ


သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့သည်။


ရက်သတ္တပတ်တစ်ခုလုံး သင်္ချာသစ်သင်ခန်းစာတစ်ခုကို အတန်းသားများ အကြိတ်အနယ် ကြိုးပမ်းတွက်ချက်ခဲ့ကြရသည်။ သင်ခန်းစာက ခက်တော့ ကလေးတွေ စိတ်ပင်ပန်းကာ တစ်ဦးပေါ်တစ်ဦးလည်း ခါတိုင်းလို သည်းမခံနိုင်ဘဲ အလွယ်တကူ စိတ်တိုနေကြသည် ။သို့ နှင့် အခြေအနေတွေ ဒီထက် ဆိုးရွားမသွားခင် ထိန်းသိမ်းရန် အစီအစဉ်တစ်ခု ကျွန်မ ပြုလုပ်သည် ။


ကျွန်မ အစီအစဉ်က အတန်းသား တစ်ဥင်္ီးချင်းအား မိမိ အတန်းဖော်များ၏ အမည်ကို တစ်ခုနှင့်တစ်ခု နည်းနည်းစီချဲ၍ တန်းစီလျက် ဗလာစာရွက်တွင် ရေးချစေသည်။ ထို့ နောက် အမည်တစ်ခုစီ၏ အနီးတွင် ချန်ထားသည့် ကွက်လပ်အသီးသီး တွင် အတန်းဖော်သူငယ်ချင်းနှင့်ပတ်သက်၍ မိမိမြင်သည့် အကောင်းဆုံးအချက်တစ်ခုစီကို စဉ်းစားရေးသားကြစေသည် ။ ထိုနေ့ က ကျန်ရှိသည့် စာသင်ချိန်ကလေးမှာ ထင်မြင်ချက်များရေးသားကြရင်းပင် ကုန်ဆုံးသွားသည်။ အတန်းပြီးသည့်အခါ ကျောင်းသူကျောင်းသားအားလုံး သူတို့  စာရွက်ကလေးတွေ ကိုယ်စီ ကျွန်မဆီ အပ်ပြီးပြန်ကြသည် ။


အဲသည် စနေနေ့ မှာ ကျောင်းသားကျောင်းသူ တစ်ဦးစီ၏ အမည်ကို စာရွက်လွတ်တစ်ရွက်စီ ထိပ်တွင်ကျွန်မရေးထိုးပြီးနောက် တစ်ဦးစီနှင့် ပတ်သက်သည့် အတန်းဖော် သူငယ်ချင်းအသီးသီးတို့ ၏ မှတ်ချက်များကို စီတန်းရေးချသည်။တချို့  အတွက် တစ်ရွက်ရေးရသည်။ တချို့ အတွက် ၂ ရွက် ။


တနလာင်္နေ့ ရောက်သောအခါ အဲသည် စာရွက်များကို သက်ဆိုင်သူ အသီးသီးသို့  ကျွန်မ ဖြန့် ဝေ ပေးလိုက်သည်။သည်စာရွက်တွေ ဖတ်ကာ မကြာမီ တစ်တန်းလုံးပြုံးလာကြသည်ကို တွေ့ ရသည် ။


“ ဟယ် … တကယ်လား…၊ ငါက သူများတွေ ဒီကိစ္စ သတိထားမိမယ်တောင် မထင်ဘူး…”


“ ငါ့ကို သူများတွေ ဒီလောက် သဘောကျလိမ့်မယ်လို့ လုံးဝ ထင်မထားဘူး”  စသည့်တီးတိုးမှတ်ချက်ချသံများ ကျွန်မကြားရသည်။


သို့ သော်နောက်ပိုင်းမှာတော့ သည်စာရွက်များနှင့်ပတ်သက်၍ မည်သူ့ ထံကမျှ စကားတစ်ခွန်း တစ်ပါဒ မကြားရတော့ပါ။ စာသင်ချိန်အပြီးမှာ သူတို့  အချင်းချင်း ဆွေးနွေးပြောဆိုကြတာ၊ အိမ်မှာ မိဘတွေကို ပြောကြတာရှိမလားတော့ မပြောတတ်ပါ။


အဲသည် ဝေဖန်ဆွေးနွေးမှုတွေ ရှိမရှိက အရေးမကြီးပါ ။ အရေးကြီးသည်က သည်စာရွက်တွေ ပေးလိုက်ပြီးသည့်နောက်ပိုင်း သူတို့ တစ်တွေ ပြောင်းလဲသွားခြင်းဖြစ်ပါသည်။ အတန်းသူအတန်းသားတွေ အားလုံး ရွှင်ရွှင်ပျပျ ဖြစ်လာပြီး တစ်ဦးကိုတစ်ဦးလည်း ယခင်ကနည်းတူ ခင်ခင်မင်မင် ပြန်လည်ဆက်ဆံလာကြပါသည်။


သည်လိုနှင့် အချိန်တန်တော့လည်း မာ့ခ်တို့  အုပ်စု ကျွန်မလက်ကထွက်ကာ အတန်းသစ်အဆင့်ဆင့်တွေ တက်သွားကြပါသည် ။


ကြားမှာ နှစ်ပေါင်း အတော်ကြာခဲ့သည်။တစ်နေ့  ကျွန်မ အပန်းဖြေ ခရီးက ပြန်လာတော့ မိဘများက ကျွန်မကို လေဆိပ်မှာ လာကြိုပါသည် ။


………………….


အဖေက ချောင်းတစ်ချက်ဟန့် ကာ စကားစသည်။


……………….


“ မာ့ခ် ဗီယက်နမ်မှာ ကျသွားတယ်…၊ နက်ဖြန် သဂြိုဟ်မှာ ၊ သူတို့ မိသားစုက သမီးကို အသုဘ လိုက်ပို့ စေချင်ကြတယ်”


………………..


……………….


အားလုံးနောက်တွင်မှ ကျွန်မ မာ့ခ် ရုပ်ကလာပ်ကို ကောင်းချီးမင်္ဂလာပေးသည်။ ခေါင်းတလားအနီး ကျွန်မရပ်နေဆဲ စောစောက ခေါင်းတလား ထမ်းရာတွင် ပါဝင်သည့် စစ်သားလေးတစ်ယောက် အနားရောက်လာကာ “ မာ့ခ်ရဲ့ သင်္ချာဆရာမ လားခင်ဗျာ” ဟုမေးသည်။ ကျွန်မက ခေါင်းညိတ်ပြကာ ခေါင်းတလားကို မမှိတ်မသုန်ကြည့်နေမိသည်။ “ ဆရာမ အကြောင်းသူအမြဲပြောတယ် ” သူက ဆက်ပြောတယ်။…..


……………..


“ဆရာမကို ပြစရာ တစ်ခုရှိတယ်” မာ့ခ်၏အဖေက ဆိုကာ သူ့ ပိုက်ဆံအိတ်ကို ထုတ်သည်။


“မာ့ခ်ကွယ်လွန်တဲ့ အချိန်သူ့ ကိုယ်ပေါ်မှာ ဟောဒီဟာလေး တွေ့ ရတယ်လို့  ဆိုတယ်၊ ဆရာမ မှတ်မိလိမ့်မယ်လို့  ထင်ပါတယ်”


သူက ပိုက်ဆံအိတ်ကို ဖွင့်ကာ နွမ်းကြေစုတ်ပြတ်နေပြီဖြစ်သော ဗာလာစာရွက်စ နှစ်ခုကို ဂရုတစိုက် ထုတ်ယူသည်။ စက္ကူစများက ဖြန့် လိုက်ခေါက်လိုက် လုပ်ပါများသဖြင့် ခေါက်ရိုးနေရာမှ ပြတ်တောက်ကာ တိပ်စများနှင့်ပင် အကြိမ်ကြိမ် ပြန်ကပ်ထားခဲ့ရပုံပေါ်နေသည်။ ကျွန်မသေသေချာချာပင် ကြည့်စရာမလိုပါ။ အတန်းဖော်သူငယ်ချင်းများ ရေးသည့် မာ့ခ်အကြောင်း အကောင်းဆုံးမှတ်ချက်တွေကို စုစည်းပေးထားသည့် မှတ်တမ်းစာရွက်များဖြစ်ကြောင်း ကျွန်မသိပါသည်။


“ ဒီအတွက်ဆရာမကို အများကြီး ကျေးဇူးတင်ပါတယ် ၊ ဆရာမမြင်တဲ့အတိုင်း သူက ဒီဟာလေးကို သိပ်တန်ဖိုးထားတာ” မာ့ခ် ၏ မိခင်ကဆိုရှာပါသည်။


မာ့ခ်၏ အတန်းဖော်တွေ ကျွန်မအနီးသို့  ချဉ်းကပ်လာကြသည် ။ ချပ်က ရှက်ပြုံးကလေးပြုံးကာ “ ကျွန်တော်လည်း ကျွန်တော့် စာရွက်ကလေးကို သိမ်းထားပါတယ် ၊ အိမ်က ကျွန်တော်စားပွဲ အပေါ်ဆုံးအံဆွဲထဲမှာ အမြဲရှိတယ်။”


“ချာလီကလည်းသူ့ စာရွက်ကလေးကို ကျွန်မတို့  လက်ထပ်ပွဲ အယ်လ်ဘမ်ထဲမှာ ထည့်ထားခိုင်းတာ” ချာလီ၏ ဇနီးက ၀င်ပြောသည်။


“ ကျွန်မမှာလဲ ရှိတယ် ၊ဒိုင်.ယာရီထဲ ညှပ်သိမ်းထားတယ်” ဟု မာရီလင်က ဆိုသည်။


နောက်ထပ် အတန်းဖော်တစ်ဦး ဖြစ်သူ ဗစ်ကီက လက်ပွေ့ အိတ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်ဖွင့်ပြီး သူ့ စာရွက် ကြေကြေမွမွလေးကို ထုတ်ပြသည်။ “ ကျွန်မကတော့ ဒါလေးကို အမြဲ ကိုယ်နဲ့ မကွာ ဆောင်ထားတယ် ၊ ကျန်တဲ့ သူငယ်ချင်းတွေ အားလုံးလဲ သူတို့ စာရွက်တွေ ရိုရိုသေသေ သိမ်းထားကြမှာပါ” ဟု သူကဆိုသည်။


သည်ဟာတွေ ကြားပြီးသည့်နောက်တွင်တော့ ကျွန်မ လုံးဝ ထိန်းထားနိုင်စွမ်းမရှိတော့ပါ။ အဲသည်နေရာမှာပင် ထိုင်ကာ ကျွန်မ ငိုချလိုက်မိပါသည်။ မာ့ခ်အတွက်ရော မာ့ခ်ကို နောက်ထပ် ဘယ်သောအခါမျှ တွေ့ နိုင်ကြမှာ မဟုတ်တော့သည့် သူ့ သူငယ်ချင်းများအတွက်ပါ ကျွန်မ ငိုလိုက်မိခြင်းဖြစ်ပါသည်။


ဝန်ခံချက်။ ။Helen P. Mrosla ၏ All The Good Things ကို ဆရာဖေမြင့် ဘာသာပြန်ထားတာပါ…။ စာအုပ်ကြည့်လိုက်.. မော်နီတာ ကြည့်လိုက်… ကီးဘုတ်ကြည့်လိုက်နဲ့  ရိုက်ရတဲ့ လေးမကို သနားရင် တစ်ပုဒ်လုံး အပြည့်အစုံမကူးဘဲ လို ချင်တဲ့ စာသားတွေပဲ ရွေးကူးပေးထားတာကို ခွင့်လွတ်ပေးကြပါ …။


လေးမတို့  ငယ်ငယ်က အော်တိုစာအုပ်လေးတွေမှာ အမှတ်တရရေးခိုင်းတဲ့ အတွေ့ အကြုံလေးတွေ ရှိခဲ့ပါတယ်…။ နောက်ပိုင်းတော့ “ရေးပေးပါ” စာအုပ်လေးပေါ်လာပြီး ရေးဖြစ်ခဲ့ကြတယ်….။ ဒါပေမယ့် ဒီလိုလေးနက်တဲ့ ခံယူချက်မျိုးမရှိခဲ့ဘဲ ပေါ့ပေါ့တန်တန် ပေါ်ပင် သဘောမျိုးပဲ ရေးခဲ့… ရေးခိုင်းခဲ့မိပါတယ်…။ ဒါကြောင့် အထက်တန်းတုန်းက အော်တိုစာအုပ်... လေးမမှာ မရှိတော့ပါဘူး…။ တက္ကသိုလ်တုန်းက စာအုပ်လေးတွေတော့ ကံကောင်းထောက်မစွာ ကျန်နေသေးလို့ scan ဖတ်ပြီး  A Story in MTU  မှာ တင်ထားပါတယ်.. ( လောလောဆယ်တော့ ပုံတွေ ပျောက်နေတယ်.. ဟီး..ဟီး.. အချိန်များများရတဲ့တစ်နေ့ မှ ဘလော့ဂ်က ပုံတွေကို ပြန်တင်ရဦးမယ်) ။


အခုလည်း လေးမ အွန်လိုင်းမှာ ရေးတယ်… ဖတ်တယ်… လည်တယ်… ရေးတယ်….။ ကွန်မန့် တွေ ရတယ်… ကွန်မန့် တွေ ရေးတယ်….။ အရင်ကတော့ တော်တော်များများ ပြောကြ… ခံယူထားကြသလိုပဲ …. “ကွန်မန့် တွေဟာ ရေးသူအတွက် အားဆေး… စာမူခ… ” အဲလို ခံယူခဲ့ပါတယ်…။ ဒါပေမယ့် အင်တာနက်ကို ကာလအကြာကြီး ဘယ်မှာမှ သုံးလို့ မရတော့တဲ့ အခြေအနေကို ရင်ဆိုင်လိုက်ရတဲ့ အချိန်မှာ ရခဲ့ဖူးတဲ့ ကွန်မန့် တွေဟာ အရင်က ထင်ခဲ့… ခံယူခဲ့တာထက် အများကြီး ပေးဆပ်နိုင်ခဲ့ပါတယ်….။ မာ့ခ်တို့ လောက် စိတ်လှုပ်ရှားစရာ စွမ်းဆောင်ချက်မဟုတ်ပေမယ့် လေးမ အတွက်တော့ သူငယ်ချင်းတွေရဲ့ အပြုသဘော … ဝေဖန်စနောက်… ကောင်းချီးပေးသွားတာလေးတွေ ပြန်ဖတ်ရတာ အင်မတန် ကြည်နူးမိတယ်….။ သေချာ ဖိုင်နဲ့  သိမ်းထားမိတဲ့ ကိုယ့်ကိုယ်ကို လည်း ကျေးဇူးတင်မိပါတယ်…။


ဒီိလိုရေးလို့  လေးမ ကွန်မန့် တွေ ရေးခိုင်းနေတာလားလို့  မေးရင် ဟုတ်ပါတယ် … လို့ ပဲ ဖြေရပါမယ်…။ လေးမ ကွန်မန့် တွေကို ချစ်ပါတယ်…။ ဒါပေမယ့် အရာရာတိုင်းမှာ ဘေးထွက် ဆိုးကျိုးဆိုတာ ရှိပါတယ်…။ ၀တ်ကျေ တန်းကျေ ( ကိုပီကေ ရေးသလို ... အထာနဲ့ ပေါ့ ) ကွန်မန့် တွေကတော့ ဘလော့ဂ်ရေးသူကို စိတ်ကသိကအောက် ဖြစ်စေပါတယ်…. ။ ကံကောင်းတာကတော့ အဲလို ကွန်မန့် မျိုး လေးမ မရသေးဘူး… မရေးသေးဘူး …. ထင်ပါတယ် ( ရှိတော့ ရှိမယ်… နည်းနည်းလေးပါပဲ) …။


မိတ်ဆွေသူငယ်ချင်းတစ်ယောက် ရင်ဘတ်နဲ့  ရေးထားတဲ့ ပို့ စ်တစ်ပုဒ်အတွက် … ကိုယ့်အကြိုက်နဲ့  ကိုက်ညီပြီး ... နှစ်သက်လို့  …. ကွန်မန့်  ရေးဖို့ လည်း လွယ်တဲ့ အခြေအနေမျိုးမှာ …. အပန်းလည်းမကြီးဘူးဆိုရင် …… ကိုယ့်ရင်ဘတ်ထဲက စကားတွေ ချရေးပေးခဲ့တာ  ဘလော့ဂ်ပိုင်ရှင်အတွက်တော့ နှလုံးသား အာဟာရတစ်ခုပါပဲ ….။ ။


 

18 comments:

Saturday, October 04, 2008

လွတ်လပ်ခြင်း

ကျွန်မ လွတ်လပ်သွားပြီ …


ကျွန်မ လွတ်မြောက်ခွင့်ရခဲ့ပြီ …


သူ.. ကျွန်မကို စွန့် လွှတ်လိုက်ပြီ…


မဟုတ်ဘူး… ကျွန်မက သူ့ ကို စွန့်ခွာခဲ့တာ …


ဒီလိုနေ့ မျိုးကို ကျွန်မ စောင့်နေခဲ့တာ သိပ်ကြာပြီ … ကျွန်မကို သိပ်ထိန်းချုပ်လွန်းတဲ့ သူ့ ဆီမှာ ကျွန်မ မွန်းကြပ်နေခဲ့တာ ကြာခဲ့ပြီ… ။ သူ့ စိတ်နဲ့  ကျွန်မကိုယ်ဖြစ်ခဲ့ရတာ ကြာခဲ့ပြီ …။ လက်တွဲစကတော့ ဒီလိုညနေခင်းတွေမှာ သူနဲ့ အတူ ရှိနေရတာ… သူ ပျော်အောင် …သူခိုင်းသမျှ.. လုပ်ပေးနေရတာ ကျွန်မ သိပ်ကျေနပ်ခဲ့ပါတယ် …။


ဒါပေမယ့်တဖြည်းဖြည်းနဲ့  ကျွန်မ ကိုယ်ကျွန်မ ပျောက်ဆုံးလာခဲ့တယ်…။ ကျွန်မ ကိုယ် ကျွန်မ ( ကျွန်မစိတ်.. ခံစားချက်… ဆန္ဒ … ပျော်ရွှင်မှု ) ရှာမတွေ့ တော့မှာ ကျွန်မ သိပ်ကြောက်လာတယ် … ။ ကျွန်မ အရင်က သိပ်ထက်မြက်တယ်လေ… ကျွန်မ က လှတယ် … တော်တယ်… လွတ်လပ်စွာ သွားလာနေထိုင်တတ်တယ်… အခု .. သူ့ လက်ထဲရောက်မှ … သူ့ ဆန္ဒနဲ့  ရှင်သန်နေရတယ်…။ သူမသွားနဲ့ ဆိုရင် ကျွန်မ မသွားရဘူး… ပြန်ခဲ့တော့ဆိုရင် ကျွန်မ ပြန်ရတယ် … အခုသွားဆိုရင်လည်းသွားရတယ်… သွားရင်းလာရင်း မိတ်ဆွေတွေနဲ့  ဆုံမိ… စကားလက်ဆုံကျမိရင်လည်း … သူက ခပ်ကြမ်းကြမ်း ဆွဲခေါ်ပြန်တယ် …။


ဒီနေ့ တော့ ကျွန်မရဲ့ ထိန်းချုပ်ခံရမှုတွေ အားလုံး အဆုံးသတ်သွားပါပြီ …။ လမ်းသရဲပုံစံ … ခပ်ကြမ်းကြမ်း ကောင်လေး တစ်ယောက်က သူနဲ့ ကျွန်မကြားက သံယောဇဉ်ကြိုးကို တိခနဲ ပြတ်သွားအောင် ဆွဲဖြတ်လိုက်တယ်…။


ကျွန်မ ပျော်လိုက်တာ …။ သူ့ ရဲ့ နှမြောတသစွာ ကျွန်မကို ငေးကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ ကျွန်မစိတ်တွေ ယိုင်လဲမသွားခင် ကျွန်မ အမြန်ဆုံးပြေးထွက်ခဲ့ပါတော့တယ်…။


အခုတော့လွတ်လပ်ပေါ့ပါးလိုက်တာလေ … သူခွင့်မပြုခဲ့တဲ့ နေရာတွေ ကို ကျွန်မသွားတယ် …။ လမ်းတစ်လျှောက် တွေ့ သမျှ အရာ အားလုံးနဲ့ ကျွန်မ မိတ်ဆွေဖွဲ့ တယ်…။ စကားပြောတယ်…။ ကျွန်မကိုယ်ကျွန်မ ပြန်ရှာတွေ့ လိုက်ရတယ်…။ ကျွန်မ သိပ်ပျော်တယ်…။ ကျွန်မသွားချင်ရာ သွားတယ်… ပြောချင်ရာပြောတယ် … ပျော်ချင်သလိုပျော်တယ်….။ ငါ့ကိုယ်ငါ ပိုင်ဆိုင်ပြီဟေ့ လို့  အသံတိတ် ဟစ်ကြွေးနေမိတယ် … ။


မှောင်ရီပျိုးလာတဲ့အချိန်မှာ ကျွန်မရဲ့အပျော်တွေဟာ အလင်းနဲ့ အတူ တဖြည်းဖြည်း ပျောက်ကွယ်စပြုလာတယ်…။ အမှောင်ဝင်လာရင်… ကျွန်မ ဘယ်ကို ပြန်ရမှာပါလိမ့် … အရင်ကတော့ ဒီအချိန်ဆို သူ့ ရင်ခွင်မှာ မှီပြီး ကျွန်မ အိမ်ပြန်နေကျ..။ အခုတော့ ကျွန်မမှာ နားခိုရာ မရှိတော့ဘူး…။ အေးစက်စက် အမှောင်ထုအောက်မှာ ကျွန်မတစ်ယောက်ထဲ ယောင်ချာချာ ဖြစ်နေခဲ့ပြီ …။


မနက်ဖြန်ရော … ကျွန်မ ဘယ်တွေသွားပြီး… ဘာတွေလုပ်ရမှာပါလိမ့် … သူ့ ရဲ့လမ်းညွှန်မှုနဲ့  ကျင့်သားရနေခဲ့တဲ့ကျွန်မအတွက် ကိုယ်ပိုင်ဆန္ဒနဲ့  ဆုံးဖြတ်ချက်ဆိုတာ အတော်ခက်ခဲတဲ့ အရာပါလား…။ ကျွန်မ မျက်ရည်ကျလာခဲ့တယ်… တကယ်ဆို ကျွန်မ ပျော်နေရမှာမဟုတ်လား … ။ ခိုကိုးရာမဲ့နေတဲ့ ခံစားချက်တွေနဲ့  ကျွန်မ အသက်ရှူကြပ်လာတယ်…။ ကျွန်မဟာ တစ်ယောက်ထဲ မနေတတ်တော့ပါလား…။ သူမပါဘဲ ခရီးမဆက်နိုင်တော့ပါလား…။


ကျွန်မ ဘ၀ဟာ အခုမှ တကယ်ကို သေဆုံးသွားပါပြီ …။ မနက်ဖြန်ကို ကျွန်မ ဘယ်လိုရင်ဆိုင်ရမလဲ…။


ကျွန်မတို့ အတူရှိခဲ့ဖူးတဲ့ ဒီ မြက်ခင်းပေါ်မှာ ကျွန်မ ငြိမ်သက်စွာ လဲလျောင်းရင်း အသစ်တစ်ယောက်နဲ့  ပျော်နေမယ့်သူ့ ကို ငေးမော ကြည့်နေရမလား…. ကောင်းကင်မှာ ပျံဝဲနေတဲ့ ရောင်စုံစွန်လေးတွေ နဲ့  သက်ဆိုင်သူကိုယ်စီကို ကြည့်ရင်း မနာလို ဖြစ်နေရမလား…။ သူနဲ့ အတူ ရှိနေတုန်းက ကောင်းကင်မှာ လှလှပပလေး မော်ကြွားနိုင်ခဲ့တဲ့ ကျွန်မက အခုတော့ အသုံးမ၀င်တော့တဲ့ စက္ကူစုတ် တစ်ရွက် ဖြစ်သွားခဲ့ပြီလား…။


တစ်ယောက်ယောက်က ကောက်ယူသွားရင်တော့ ငါ ကောင်းကင်ပေါ် ပျံဝဲနိုင်မှာပါလို့  ကိုယ့်ကိုယ်ကို အားပေးမိပြန်တယ်…။ ကောက်ယူတဲ့ သူဟာ သူသာဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးလေးနဲ့  မနက်ဖြန်အတွက် ကျွန်မ အသက်ရှူဖို့  ကြိုးစားနေပါတယ် ….။ ။


မှတ်ချက်။ ။ စွန် ရာသီရောက်ပြီဖြစ်လို့  ကောင်းကင်မှာ စွန်တွေ ပျံဝဲနေကြတယ်…။ ကြိုးဖြတ်ခံလိုက်ရတဲ့ စွန်လေး တစ်ခုနေရာက စိတ်ကူးယဉ်ကြည့်ထားပါတယ်…။ တဆက်တည်းမှာပဲ ယောက်ျားတွေဟာ မိန်းမတွေကို စွန်ကြိုးကစားသလို အလျှော့အတင်းနဲ့  ထိန်းချုပ်ရတယ်ဆိုတဲ့ ဘယ်နေရာမှာ ဖတ်ဖူးမှန်းမသိတာလေး သတိရလို့  စွန်လေးကို မိန်းမတစ်ယောက်ပုံစံရေးမိပါတယ် … ။ ဒါပေမယ့် တကယ်တမ်းပြောချင်တာကတော့ စိတ်ဆိုတာ လွတ်လပ်တိုင်းမကောင်းပါ… အသိတရားဆိုတဲ့ ချုပ်ကိုင်မှုလေးနဲ့  ဒွန်တွဲနေသင့်ပါတယ် … ဆိုတဲ့ အတွေးလေးပါ…။ လေးမအတွက်တော့ အတော်လေး ခက်ခဲနေသေးတဲ့ အရာပါပဲ …။ ထိန်းချုပ်ဖို့ နေနေသာသာ မြန်လွန်းတဲ့ စိတ်နောက်ကို အသိ..နဲ့  သတိက လိုက်လို့  မမီနိုင်ဘူးဖြစ်နေတယ်…။

24 comments:

Thursday, October 02, 2008

ပြန်လာပါပြီ

 


“ ကိုယ်ပြန်လာပြီ…


သူငယ်ချင်းတွေ စိုးစီစိုးစီ..


စီဘောက်မှာ မြည်


ကျန်းမာပါရဲ့လားလို့  …”


သီချင်းဆိုပြီး ပြန်လာပုံကိုကြည့်ပါ…။ နေကောင်းကျန်းမာသွားပါပြီ… ရှင်…။ အဖွဲ့ သားများအားလုံး မုန့်လာကျွေးချင်ရင် ကျွေးလို့ရပါပြီ…။


ဟို.. ညစ်နေတဲ့ မဲဆောက်ကြွက်… စိတ်ညစ်ရင်.. ၀မ်းနည်းရင် သီချင်းဆိုပြီး ကပြပါ…။


ဘိုနှစ်ဘို.. ဘိုညိမ်း နဲ့ ဘိုတင့်… ပြုစုမယ့်သူရှိတော့ ဒဏ်ရာကိုမပျောက်အောင် လုပ်နေတာလားအစ်မ ၊ အိမ်အလုပ်တွေ မလုပ်ရတော့ဘူး..တို့.. ဟွန်း… အထင်နဲ့ မှန်းအုပ်နေတယ်…။ ဟင်းလေးဘာလေး ချက်ပို့ဖို့တော့မစဉ်းစားကြဘူး..။ ကေ နဲ့ ရာဟုကို ချက်ကျွေးဖို့ ဟင်းချက်ကျင့်နေတာ မသိဘူးမှတ်နေလား.. ဖွလိုက်ရမလား…။


 မီ.. မွန်.. စိုးမိုးလေး.. ကြေးအိုးလေး… မမကို သတိရတယ်ဆိုပြီး ဇီးထုပ်တွေ လှိမ့်စားနေကြသလား…။         


မှော်ဆရာ.. အညာသား.. ကျန်စစ်… လွမ်းလုင် … သီဟညိမ်း… မောင်မင်းတို့  စာမေးပွဲ ချိကြဘူးလား..။ နက်ကောင်းနေကြတယ်ပေါ့… ။ ဟိ… ခင်လို့ .. စတာ…။


ဟန်လင်း.. မီးလေး.. ခေါင်ခေါင်..ထိုက်မင်း… လာလည်သွားကြတာ ကျေးဇူးတင်ပါတယ်ရှင်..။


မလင်းလက်.. ကိုသင့်… မင်္ဂလာပါရှင်..။


87 … ကိုယ့်ဆရာတဲ့.. ခေါ်ပုံကိုက …. ဆိုက်ကားဆရာကို စကားပြောတဲ့ လေသံနဲ့ တူလိုက်တာ…။


….ဒွတ်ခပါပဲ.. လက်ခိုက်မိတာ.. ခေါင်းကြောင်သွားပြီထင်တယ်… စီဘောက်နဲ့  ပို့စ်ရေးရမယ့်နေရာ မှားရေးမိသွားပြီ…။ SORRY !

11 comments: