Friday, September 07, 2007

ကျန်စစ်မင်း၏ မေတ္တာ …

ပုဂံမှ ဇာတ်လမ်းများ (သို့ ) မှတ်တမ်းများ (၃) ။ ။
ရတနာရေ … နန်းသုံးစကားတွေကို ... ခဏဘေးမှာထားပြီး … ရိုးရိုးရှင်းရှင်းပဲ... ပြောပါ့မယ် ... ။ နှစ်သိမ့်တာ မဟုတ်ဘူး ... ဆင်ခြေပေးတာ မဟုတ်ဘူး ... အယူခံဝင်တာမဟုတ်ဘူး ... ကျုပ်လုပ်ရပ် ( သမီးတော်ကို စောယွန်းနဲ့  လက်ဆက်ပေးမှု ) နဲ့  ပတ်သက်ပြီး ... မိခင်တစ်ယောက်အနေနဲ့  ... ရတနာ စိတ်နာမယ်ဆို နာသင့်ပါတယ် ... ။ မိဘဆိုတာ ... ကိုယ့်သားသမီး ကောင်းစားတာကို ... မြင်ချင်ကြတာချည်းပဲလေ ... ။ သားသမီး ဒုက္ခရောက်အောင် ... ဘယ်သူမှမလုပ်ကြဘူး …. မိဘအရင်းမှန်ရင်ပေါ့ ... ကမ္ဘာမီးလောင်ရင် သားကိုချနင်းတယ်ဆိုတာ ... မီးလောင်တော့ ... သွေးရူးသွေးတန်းနဲ့ ... လူစိတ်ပျောက် အသိစိတ်ကင်းမဲ့ပြီး .. မလုပ်သင့်မလုပ်ထိုက်တာတွေ လုပ်မိတဲ့ ... တချို့ သော လူနည်းစု မိဘတွေကို ... ဆိုလိုတာပါ ... ။ လူစိတ်ရှိတဲ့ မိဘကတော့ ... သားသမီးကို အသက်နဲ့ လဲပြီး ... ကာကွယ်သွားကြတာပါ ... ။ အဲဒီတော့ ကျုပ်ပြောချင်တာက ... မိဘဆိုတာ သားသမီးကို အကောင်းဆုံးဖြစ်အောင် ... မလုပ်ပေးနိုင်ရင်သာရှိမယ် ... တတ်နိုင်သမျှ ဘေးကင်းအောင် ... ဒုက္ခမရောက်အောင်တော့ ... အားထုတ်တတ်ကြတယ် ... ။ ကျုပ်လဲ အဲဒီမိဘတွေထဲက ... မိဘ တစ်ယောက်ဖြစ်လေတော့ ... ဒီသဘောအတိုင်းပါပဲ ... ။ ဒါပေမယ့် ကျုပ်ရဲ့ ရင်သွေးက “ရွှေအိမ်သည်” တစ်ယောက်ထဲ မဟုတ်ဘူး ... ဟောဒီ...ပုဂံပြည်သူပြည်သား အားလုံးဟာ...ကျုပ်ရဲ့ သားသမီးတွေပဲ ... ။ နိုင်ငံသားအားလုံးကို ...အုပ်ချုပ်သူ မင်းတစ်ပါးအနေနဲ့  ... ကျုပ်ရဲ့ ရင်မှဖြစ်သော သားသမီးများ ... လို့  ကျုပ် သတ်မှတ်ထားတယ် ... ။ ဒီသဘောကို ရွှေစည်းခုံဘုရားမှာ ... ကျုပ်မှတ်တမ်းတင် ထားတယ် ... ။ ကျုပ်ပုဂံထီးနန်းကို အုပ်စိုးခဲ့တာ ... အစဉ်အလာကြောင့်မဟုတ်ဘူး ... အာဏာကြောင့် မဟုတ်ဘူး ... ကျုပ်ဟာ ... အကြိမ်ကြိမ် နယ်နှင်ခံခဲ့ရပေမယ့်လည်း ... စိတ်မနာနိုင်ခဲ့ဘူး ... ။ ပုဂံပြည်မှာ အရေးကြုံ ပြီဆိုတာနဲ့  ...ကျုပ်ရောက်အောင် လာခဲ့တယ် ... ။ ပုဂံပြည်ကို ကျုပ်ချစ်တယ် ... ပုဂံသားတွေကို ကျုပ်စောင့်ရှောက်မယ် ... ကျုပ်ကာကွယ်မယ် ... ။
ရတနာရေ ... လူဆိုတာအမျိုးမျိုးရှိတယ် ... ။ နန်းတွင်းမှာဆို ပိုဆိုးသေး ... ။ ကျုပ်“မင်း”လုပ်တာကို အလိုတူ တဲ့သူ ရှိသလို ... မကြည်ဖြူတဲ့သူ လဲရှိတယ် ... ။ အစဉ်အလာသမားတခိျု့ က ... အနော်ရထာမင်းရဲ့ မိျုးဆက် ကို မှ ... ပုဂံပြည့်ရှင် ဖြစ်စေချင်တယ် ... အဖေရဲ့ထီးနန်းဟာ သားအတွက်ပဲ ဖြစ်ရမယ်လို့ ... ယုံကြည် ထားကြတယ် ... ။ တချို့ ကတော့ တိုင်းပြည်အုပ်ချုပ်တာ ... အုပ်ချုပ်နိုင်တဲ့ အရည်အချင်းပြည့်ဝဖို့ ပဲလိုတယ် လို့ ...ယူဆတယ်...။ ဒီတော့ အမြင်မတူတဲ့ အုပ်စုနှစ်စု ရန်ဆောင်ကြပြီပေါ့ ...။ နန်းတွင်းမှာတင်မကဘဲ ...သူတို့ နဲ့  နီးစပ် ပတ်သက်ရာ တွေက တဆင့် ... အရပ်သူအရပ်သား တွေထဲကို ... ဒီပဋိပက္ခ က ... စိမ့်ဝင်ပြီး သဘောထားတွေ ကွဲလွဲနေကြတယ် ... ။ ဒီအခြေအနေတွေကို ... တိုင်းပြည်ဥသျှောင်ဖြစ်တဲ့ ကျုပ်လို ဘုရင်က မျက်နှာလွဲနေလို့ ရမတဲ့လား ... ။ အနော်ရထာရဲ့ ထီးနန်းကို ဆက်ခံဖို့  သားစောလူးမရှိတော့ ပေမယ့် ... စောလူးရဲ့သားအရင်း ... အနော်ရထာရဲ့ မြေး ... “စောယွန်း” ... ရှိနေသေးတယ်လေ ... ။ ကျုပ်..စောယွန်းကို လက်စတုံးပစ်လို့ ရတယ် ... အကျဉ်းစံ အိမ်နိမ့်စံ ထားလို့ ရတယ် ... ဒါပေမယ့် ကျုပ်က အဲလို မညစ်ပတ်ဘူး ... ကျုပ်တစ်နပ်စားမကြံဘူး ... ကျုပ်တို့ ဟာ ကိုယ့်သမိုင်းကိုယ်ရေးကြရတာ ... ကျုပ်သမိုင်း ကို ... ကျုပ်မဖျက်ဘူး ... ။
ကျုပ်ကိုလိုလားတဲ့ အုပ်စုက ... ကျုပ်သွေးသားကိုဘဲ နောင်ပုဂံမင်းအဖြစ် ... လက်ခံ ချင်တယ် ...။ ဒီတော့ နှစ်ဘက်လုံးကျေနပ်အောင် ကျုပ်စီမံရတော့မယ် ... ။ပြည့်ရှင်မင်းတစ်ပါးအနေနဲ့ ကျုပ်ကို မလိုလားတဲ့သူတွေကို ... ကျုပ်နှိပ်ကွပ်လို့ ရတာပဲ ... ဒါပေမယ့် ကျုပ်မလုပ်ဘူး .. ဒီလိုလုပ်လိုက်ရင် သားကောင်းတွေရှားကုန်လိမ့်မယ် ... ။ “စောယွန်း”ကို ... မသိချင်ယောင်ဆောင်ပြီး ... ကျုပ်သွေးသားကို ထီးနန်းပေးလိုက်ရင်လဲ ရတာပဲ ... ။ ဒီလိုဆို ပြည်သူတွေ နှစ်ခြမ်းကွဲကုန်ကြမယ် ... ။ အိမ်ကြက်ချင်း ခွပ်ရင်..အိမ်နာတယ် ... ။ ကျုပ်ကြောင့်တော့ ဒီလို အဖြစ်မခံနိုင်ဘူး ... ။ ဒီတော့ ကျုပ်သမီး“ရွှေအိမ်သည်” နဲ့  အနော်ရထာမြေး “စောယွန်း”ကို လက်ဆက်ပေးပြီး ... သူတို့ ရဲ့ရင်သွေး ( နောင်အခါ အလောင်းစည်သူဖြစ် လာသည်) ကို ... ထီးနန်းအပ်လိုက်တာဟာ ... အုပ်စုနှစ်စုလုံး လက်ခံကျေနပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ ... ။ ပြည်သူတွေကျေနပ်မှ... စည်းလုံးမယ် ... စည်းလုံးမှညီညွတ်မယ် ... ညီညွတ်မှ သွေးညှီနံ့ ကင်းမယ် ... သွေးညှီနံ့ ကင်းမှ ပြည်သာမယ် ... ပြည်သာမှ ညီညာမယ် ... အရာအားလုံးဟာ အပြန်အလှန် ဆက်စပ်နေတယ် ...။
တိုင်းသူပြည်သားတွေကို ... စည်းလုံးညီညွတ်စေချင်တာ ....၊ သွေးချောင်းမစီးစေချင်တာ ...၊ ပြည်သူတွေ ကြားက အမုန်းမီးတွေကို ငြိမ်းသတ်နေရလို့  ... တိုင်းပြည် တိုးတက်မှု နှောင့်နှေးမှာကို စိုးရိမ်တာ….ဒါတွေဟာ တိုင်းသူပြည်သားတွေ အပေါ်ထားတဲ့ ကျုပ်“ကျန်စစ်မင်း”ရဲ့ မေတ္တာပါပဲ ....။ ။

5 comments:

သန့်ဇော်မင်း said...

အဲ.... မမလေး...
ရေးတက်ပဗျာ.. တကယ်ပါ..
မပန်ပြောသလို လူတစ်ယောက်စီအတွက် အမှန်တရားတစ်ခုစီရှိတယ်.
အင်း.. အကုန်လုံး သူဟာနဲ့သူတော့ မှန်နေကြတာကြီးပဲနော်..

naing said...

လေးမရေ ...

Layma said...

ကိုသန့် ….ဟုတ်တာပေါ့….ကိုသန့်ရယ်..
အမှားဆိုတာ အများက လက်မခံလို့  အမှားလို့ ပြောကြတာပါ…ကာယကံရှင်အတွက်တော့ မှန်ရင်မှန်နေမှာ…။
ကိုနိုင်….ဝေး..ဘာလဲဝေး…။

Anonymous said...

အိမ်း ..... ပေါက် ပြီ ပေါက် ပြီ .... ၂၀၀ ဖိုး ..... အဟဲ
“အိမ်ကြက်ချင်း ခွပ်ရင်..အိမ်နာတယ်”
“ပြည်သူတွေကျေနပ်မှ... စည်းလုံးမယ် ... စည်းလုံးမှညီညွတ်မယ် ... ညီညွတ်မှ သွေးညှီနံ့ ကင်းမယ် ... သွေးညှီနံ့ ကင်းမှ ပြည်သာမယ် ... ပြည်သာမှ ညီညာမယ် ...”
“ပြည်သူတွေ ကြားက အမုန်းမီးတွေကို ငြိမ်းသတ်နေရလို့  ... တိုင်းပြည် တိုးတက်မှု နှောင့်နှေးမှာကို စိုးရိမ်တာ…”
ဂလိုကိုး ကျန်စစ်မင်းကြီးက ..... ကွာပါ့နော် ကွာပါ့ ...... အပုံကြီးကိုကွာတာ .... ခုများတော့ ကွယ်
ငါတို့ ကြက်ဖနိုင်နိုင် cygnus စီးလို့ ဟန်းဖုန်းကိုင်
နင်တို့ကြက်ဖ ရှုံး ရှုံး ......... ဟေ့ ကြာတယ်ကွာ ဆွဲ...... ဆွဲ .... ကားပေါ်ဆွဲတင် #%^@&*$+\!
ဟီး ..... ပြန်မတိုင်နဲ့နော်

Layma said...

ဂျယ်ရီ….အိမ်း…ပေါက်ရင်…တစ်ဝက်ပေး…။
ဟဲ့..ဟဲ့…ကြက်ဖလာမခွပ်နဲ့ လေ … နာ့ဘလော့ နာသွားဦးမယ်…။