Tuesday, September 04, 2007

မန်းမှတ်တမ်း …

ဒိုင်ယာရီ စာမျက်နှာ (၁၁) ။ ။

ဒီလမ်း…
(ဘေးမှာ တမာပင်တွေရှိတယ်... ခွန်အားအပြည့်ပေးတဲ့ တောင်ကြီးကို လှမ်းမြင်နေရတယ်...အိမ်ကိုလွမ်းရင် တောင်တွေကိုကြည့်ပြီး အားယူရတယ်...တချို့ ကတော့ ... “တောင်” ကြည့်ပြီး ငိုသတဲ့)

*MTU main road *

ဒီ လမ်းမကြီးပေါ်မှာ ... “လေးမ” ခြေရာတွေ ... ထင်ကျန်ရစ်ပါတယ်...( အခုတော့ ပျက်ကုန်ရောပေါ့ )…..။
ဒီလမ်းမကြီးပေါ်မှာ ... စက်ဘီးကလေးနဲ့  “လေးမ”…. လမ်းဖြတ်ကူးတဲ့ မြွေတွေကို ..ခဏခဏ ရပ်စောင့် ခဲ့ရတယ်…..။
ဒီလမ်းမကြီးပေါ်မှာ... “လေးမ” …ကျောက်စိမ်းရောင် စူပါကပ်လေး ...ဟိုယိုင်ဒီယိုင် ဖြစ်အောင် စီးခဲ့တယ် …။
ဒီလမ်းမကြီးပေါ်မှာ ... dream ဆိုင်ကယ်ထက်…. “မိ” ခါးကို တင်းတင်းဖက်ပြီး ….. ကျောင်းတက် ခဲ့တယ်….။ ဆိုင်ကယ် အိပ်ဇော လောင်ထားတဲ့ အမာရွတ်ကလဲ ... ဒီလမ်းပေါ်မှာပဲ ရခဲ့တာ…..။
ဒီလမ်းမကြီးပေါ်မှာ ... နှင်းတွေဝေတဲ့ မလင်းတလင်း ... ဆောင်းမနက်ခင်းတစ်ခုမှာ ... “လေးမ”….. မှောက်ရက် လဲ ခဲ့တယ် …..။ ဇာတ်လမ်းတွေထဲကလို ဆွဲထူမယ့်သူ ... မရှိခဲ့ပါဘူး….။ အိပ်ပုတ်မ “မိ” ကလဲ အိပ်နေတုန်းပါ….။ “လေးမ” မငိုခဲ့ပါဘူး …. ဒူးမှာ သွေးစက်လက်နဲ့ ... မုန့် တီသုတ် ၂ ပွဲစားခဲ့ပါတယ်…..။ ( အကြောင်းရင်း …. မုန့် တီသုတ်မှာ အလွန်စားကောင်းသောကြောင့် ….. သူများတွေထက်ဦးအောင် ပန်းကန် အသစ်ဖြင့်စားချင်သောကြောင့်…. အပြေးအလွှား ပြေးထွက်လာရာမှ အရှိန်မထိန်းနိုင်ဘဲ ကတ္တရာလမ်းပေါ် ဟတ်ထိုးလဲကျ ဒူးပြဲရခြင်းဖြစ်၏…..)
ဒီလမ်းမကြီးဘေးက ... တမာပင်တွေ ကြားထဲမှာ…..အတွဲတွေ….(သူများတွေ) ….. လမ်းလျှောက် နေတာကို ပြောင်ခဲ့ ဖူးတယ်…… ( တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ်…မောင်ရယ်…လို့ ….) ။
ဒီလမ်းမကြီးပေါ်မှာ … ည ၆ နာရီ … အဆောင်ပိတ်ချိန်ကျရင် …. မခွဲနိုင်မခွာရက် လည်တလှည့်လှည့်နဲ့  အဆောင်ထဲဝင်သွားတဲ့ အဆောင်သူလေးတွေနဲ့ …. လမ်းမပေါ်ကနေ လက်တပြပြ ကဲပြနေတဲ့ ကိုကိုတွေကို … ၀ရန်တာကနေငေးကြည့် …အာလူးကြော်ဝါး … ဟားတိုက်ဝေဖန်ရင်း … ညနေခင်းတွေကို ကုန်ဆုံးစေ ခဲ့တယ်…..။

*workshop ရှေ့က လမ်းပါ…..။*

ဒီလမ်းပေါ်ကနေ ... ညာဘက်ကိုကွေ့ ပြီး ရှေ့နဲနဲဆက်သွားလိုက်ရင် “လေးမ” တို့ ရဲ့ ... ပညာရေနို့  သောက်စို့ ရာ ... ဗိသုကာဌာနလေးကို ရောက်ပါမယ်… ။ ဗိသုကာဌာနက သီးသန့်  ဌာနလေး …။ လွတ်လွတ် လပ်လပ် ….. အေးအေးဆေးဆေး……. သောင်းကျန်းချင်တိုင်း သောင်းကျန်း လို့  ရတယ် ……။

ဒီဇိုင်းစတီရီယို room လို့ ခေါ်တဲ့ ... အခန်းထဲမှာ ... ပုံတွေဆွဲခဲ့ကြတယ် … ။ အခန်းထဲမှာ တစ်ယောက်က သီချင်းတစ်ပုဒ် စအော်လိုက်ရင် ... ကျန်တဲ့သူတွေက နောက်ကဆက်အော်ပြီး ... ပုံတွေဆွဲ ကြတယ်……။ ပုံဆွဲရင်းခေါင်းရှုပ်လာရင် ... အလယ်က courtyard ထဲက ... မြက်ခင်းဘေးမှာ သွားထိုင်ပြီး ... အကြံထုတ်လို့ ရတယ် ... “မိ” နဲ့ ရန်ဖြစ်ရင်လဲ ထွက်ထိုင်ပြီး စိတ်ကောက်လို့ ရတယ် ... ။
ရှားရှားပါးပါး exhibition တစ်ကြိမ်လုပ်ခွင့်ရခဲ့တယ် … ။ အဆောင်မှူးရဲ့ ခွင့်ပြုချက်နဲ့  ဌာနမှာ ပွဲအတွက် ညဘက်ကြီး ပြင်ကြဆင်ကြ ရတာ ပျော်စရာကြီး……။ Exhibition ကိုလာကြည့်တဲ့ ကျောင်းသူကျောင်းသား တွေကို သိသလိုလို တတ်သလိုလိုနဲ့  လျှောက်ရှင်းပြရတာ အရသာရှိလိုက်တာ ….(အမှန်ကဘာမှ သိပ်မသိ သေးတဲ့ ဒုတိယနှစ်ပဲ ရှိသေးတယ် )။

ဒီ Building

* Main Building*

ဒီအဆောင်ကြီးက main building လို့ ခေါ်တဲ့ အဆောက်အဦကြီး….။ ဒီအဆောက်အဦကြီးရဲ့ အောက်ထပ်မှာ ဆရာကန်တော့ပွဲ….. မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေ ... လုပ်ခဲ့တယ်…. ။

ဒီ building ရဲ့အပေါ်ထပ်က ... စာသင်ခန်းတွေမှာ မြို့ ပြဌာနကသင်တဲ့ အတန်းတွေမှာ အိပ်ငိုက်ခဲ့ဖူးတယ်…။ ဆရာစာရေးနေတဲ့ ... အချိန်မှာ လိုက်မကူးနိုင်ဘဲ ... လုံချည်မှာကပ်နေတဲ့ Paper tape တွေကို အသာအယာ ခွာနေတဲ့ ( ပုံဆွဲနေရာကနေ ထလာတာကိုး) အာခီကျောင်းသူကို ... ကောင်လေးတွေက “မြင်မြင်သမျှ စိတ်ပျက်အောင် လှပါတဲ့... အိုဗျ... မအာခီ...” လို့ များ...ကွယ်ရာမှာ ပြောလေမလား ...။ တကယ်ပြောတာပါ ... မျက်တွင်းဟောက်ပက်နဲ့ ... အိပ်ရေးပျက်လွန်းတဲ့ “အာခီပျက်” ပါ....။
ဒီ အပေါ်ထပ်က .... ပါချုပ်ရုံးခန်း ကိုလဲ... ခဏခဏရောက်ခဲ့ပါတယ်... (ဒီလိုပဲ...ပါပါကြီးနဲ့  စကားစမြည် ပြောရတာပေါ့)... ။ အဲဒီအပေါ်ထပ် စာသင်ခန်းရှေ့မှာ “လေးမ” နဲ့ “မိ” …. ကောင်လေးတစ်အုပ်နဲ့ ... ရန်ဖြစ်ခဲ့ဖူးတယ်…. အကြောင်းရင်းက “လေးမ” ... ခလုတ်တိုက်တာကို လှောင်လို့ …. “မင်းကဘာကောင်မို့ လို့  ငါ့ကိုလှောင်ရတာလဲ …. မင်းငါ့ကို ဘာမှတ်နေလဲ… ပါချုပ်နဲ့ တိုင်မယ် ” ဆိုပြီး ရှက်ရမ်းရမ်းပြီး ... သွားချဲခဲ့တာ….။ တိုင်ရတာလွယ်လွန်းလို့  ... ခြိမ်းခြောက်မိတာပါ....။ “မိ” တောင် ဘောလုံးပွဲမှာ “သေစေနိုင်လောက်တဲ့ အကြည့်ဖြင့်ကြည့်ခြင်း ...” ဆိုတဲ့ ပြစ်မှုနဲ့  အတိုင်ခံရသေးတယ် ... အဲဒီလောက်...ဆတ်ဆတ်ထိမခံ အတိုင်အတောထူတဲ့ ... MTU ကျောင်းသားတွေပါ ....။
ဒီအဆောက်အဦမှာပဲ ... ၀တ်ရုံဖားဖားကြီးတွေ ၀တ်ပြီး ... ဒီကျောင်း...ဒီလမ်း...ဒီအဆောင်...ဒီသူငယ်ချင်း တွေကို နောက်ဆုံးနှုတ်ဆက်ခဲ့ရတယ်....။ ( မျက်ရည်တွေပါတွေဝဲလို့ .... မင်းဟာ ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းပါပဲ ..................လို့ ဘယ်သူ့ ကိုမှ မပြောဖြစ်ခဲ့ဘူး...) ။ ။
ဓါတ်ပုံတွေကို ဒီက “မ” လာပါတယ်..။

12 comments:

မျှားပြာ said...

ကိုကိုတို့  မောင်တို့ အကြောင်းလဲ မပါပါလားဗျ..။
မလျှိုရဘူးနော်...။
ရင်နာစရာတွေ ရှိခဲ့လားမသိ...။ ဟတ် ဟတ် ဟတ် ။

Yan said...

ရေးသားချက်တွေကတော့ မိတယ်ဗျာ. လွမ်းတောင် လွမ်းသွားပြီ.
:D

တစ်ထောင့်တစ်ည ဇာတ်လမ်းလေးများ မရှိဘူးလား. စိတ်ဝင်စားလို့. ဟတ်ဟတ်

JulyDream said...

အားကျမခံ YTU အာခီဌာနက လွမ်းစရာ ကျောင်းသား ဘ၀တွေကို ပြန်ရေးပစ်အုံးမယ်။ လာလောဆယ်တော့ မအားသေးဘူးခင်ဗျ။ လာမယ် ကြာမယ်နော်။ ဓါတ်ပုံတွေတော့ တင်ဖြစ်မှာ မဟုတ်ဘူး။ ဘလော့ လေးမှာ စိုးလို့ပါ ခင်ဗျာ။

Layma said...

မျှားပြာ… ကိုကို က မန်းလေးမှာမဟုတ်ဘူး…ရန်ကုန်မှာစောင့်နေတာ…။ မောင်ကတော့ ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့ဆိုလို့  …. ထားခဲ့တယ်….။

ကိုရန်… ကိုရန်ကလွမ်းတယ်တဲ့…မျက်ရည်တောင် ၂ ပိသာရတယ်ဆိုပဲ …. မမသမုဒယကတော့ ရယ်ရတယ်တဲ့….ဆီပုံးမှာ ရယ်သွားတယ်….လေးမကတော့ ငို…ရယ်…မရသောမျက်နှာနဲ့ ရေးပါတယ်….။

ကိုရန် နဲ့  ကိုမျှားပြာ….တဟတ်ဟတ်နဲ့  …လေးမရဲ့ အတိတ်ကို တူးဆွချင်နေကြတယ်ပေါ့….။

Julydream… ရေးပါဦး….အမှတ်တရတွေ …။ လာဖတ်ဦးမယ်…။ အာခီဌာနက လွမ်းစရာ…ဆိုတော့….အာခီကျောင်းသားဖြစ်ခဲ့လို့ လွမ်းတာလား… .အာခီကျောင်းသူ တစ်ယောက်ယောက် ကြောင့်လွမ်းတာလား….။ မှန်၂ ပြော…. မညာနဲ့ …..။

Anonymous said...

လေးမရဲ့ နှစ်ထောင့်နှစ်ည ဇာတ်လမ်းများကို အထူးအထူး စိတ်ဝင်စားပါကြောင်းး) ရေးပါလို့ အထူးအထူး တိုက်တွန်းပါကြောင်းး)

Anonymous said...

မစွာတေး လေးမပေါ့။ နောက်ဇတ်လမ်းတွဲ များကိုလဲ ဖတ်ဖို့ စောင့်မျှော်လျှက်ပါ။

ဒီဝိုင်း (D'vine) said...

ဖတ်လို့ကောင်းတယ်
တိုတိုလေးနဲ့ကောင်းတာဗျး)

Layma said...

မဂျစ်… လေးမရဲ့ ပုံပြင်တွေကိုရေးလိုက်ရင် လည်၂လာတဲ့သူတွေ အထူးအထူးများသွားမှာစိုးလို့  … ဒါရိုက်တာတွေကလဲ ဒီဇာတ်လမ်းတွေကို ကမ်းလှမ်းလာမှာစိုးလို့ … ။

ကိုဘုရင့်နောင်… ဟုတ်ပါတယ်…စွာတေးပါရှင် … နောက်ထပ်ဇာတ်လမ်းက သိပ်တောင်မရှိတော့ဘူး … ဟီး… လွမ်းစရာတွေကုန်ပြီ…။

ကိုဒီဝိုင်း …. ကျေးဇူးအထူးပါရှင် … စိတ်ပါလာရင်တော့ ဒိုင်ယာရီ အဟောင်းတွေပြန်လှန်သွားနိုင်ပါတယ်…ရှင် ။

Pie Min Swe said...

I think our school beats us twice.

Layma said...

yours...
thanks for ur comment...

Ko Boyz said...

MIT 4th Batch ကပါ...။ ပုံတွေ အတွက် ကျေးဇူးတင်ပါတယ်...။ Mian Building ထဲတော့ စာမသင်လြိုက်ရဖူး...။ တမာတောကို ပြန်သတိရလာတယ်...။ ကျောင်းတော်ကြီးကိုတောင် ပြန်လွမ်းလာပေါ့...။ါးပေမဲ့ ဒို့ကျောင်းကတော့ အရင်လို မဟုတ်လောက်တော့ဘူး ထင်ပါ့...။

Layma said...

တွေ့ ရတာ ၀မ်းသာပါတယ်...။ နေပူလေတိုက်..မြွေပွေးကိုက်...တဲ့ MIT က လူမိုက်နောက်တစ်ယောက်ပေါ့..။