Friday, June 22, 2007

Architect က ဒါတွေ ပေးတယ်.....

သူ…..လူ့ လောကထဲစရောက်တော့မည်…….အမေက သူ့ ကို ဆေးခန်းလေးတစ်ခုမှာ လူ့ လောက ထဲကို စတင်ဝင်ရောက် စေခဲ့တယ်…….သူနဲ့ အတူလာတဲ့ သူငယ်ချင်း တချို့ က ဆေးရုံမှာ….. တချို့ က သားဖွားခန်းမှာ…..တချို့ က အိမ်မှာ…….ဒီလိုနဲ့  လူ့ လောကထဲကို နေရာတစ်ခုကို အမှီသဟဲပြုလို့ သူတို့ ရောက်ခဲ့တယ်………။
သူ…..အဖေ့ရဲ့ တိုက်ခန်းလေးထဲမှာ ကြီးပြင်းခဲ့တယ်……။ သူ…..လေးနှစ်သားရောက်တော့ အမေက မူကြို ပို့ တယ်…….။ နောက်တော့ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ကျောင်းတွေမှာ သူ.....ပညာတွေ သင်ခဲ့တယ်.......။ နွေရာသီကျောင်းတွေပိတ်တော့ အားကစားရုံ မှာ ကာရာတေး သင်ရတယ်......ရေကူးကန်မှာ ရေကူးရတယ်......။ အဖေ အလုပ်အားတဲ့ ရက်တွေမှာ ကစားကွင်း ၊ ပန်းခြံ နဲ့  တိရစ္ဆာန်ဥယျာဉ် လိုက်ပို့ ပေးတယ်.......။ ဗဟုသုတ ရစေဖို့  ငါးပြတိုက် ၊ အမျိုးသားပြတိုက် စတဲ့ ပြတိုက်တွေလည်း ပို့ ပေးတယ်........။ သူ......တက္ကသိုလ် ရောက်တော့ ရည်းစား တစ်ယောက် ရတယ်.....။ မကြာခဏ Class လစ်ပြီး ကောင်မလေးနဲ့  ကော်ဖီဆိုင် ထိုင်တယ်.......ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်တယ်.........။ သူ.....ဘိုင်ချောင်နေတဲ့ အချိန်မှာ ကောင်မလေးက နာမည်ကြီး စားသောက်ဆိုင တစ်ခုမှာ ထမင်းလိုက် ကျွေးခိုင်းတာ မကျွေးနိုင်လို့ သူ့ ကို ဖြတ်လိုက်တယ်......။ သူ.....convocation hall မှာဘွဲ့ ယူတော့ အဖေနဲ့  အမေမျက်နှာမှာ ပီတိတွေနဲ့ .........။ သူ......ရုံးတစ်ရုံးမှာ အလုပ်ရတယ်...... ပညာစုံပြီးရင် ကြင်ရာစုံဖို့  လိုတယ်ဆိုလို့ အမေပေးစားတဲ့ မိန်းမနဲ့ ခန်းမ တစ်ခုမှာ မင်္ဂလာဆောင်လိုက်တယ်......။ မင်္ဂလာဦး အထိမ်းအမှတ် အနေနဲ့ ဘိုးဘွားရိပ်သာ နဲ့  မိဘမဲ့ ကလေးများဂေဟာမှာ အလှူငွေ လှူခဲ့တယ်.....။ သူ.......Golf ရိုက်တတ်လာတယ်......စနေ ၊တနင်္ဂနွေ သူဂေါက်ကွင်းသွားတဲ့အခါ မိန်းမက shopping center/mall , super market တွေမှာ shopping ထွက်တယ်......။ အိမ်စရိတ် လုံလောက်အောင် ကြိုးစားရင်း သူ......ကြံတတ်ဖန်တတ်လာတယ်......။ “အစားမတော် တလုတ်” အတွက်ကြောင့် သူ......တရားရုံးမှာ တရားစွဲခံရတယ်..........။ သူ......ထောင် ( အမှားကိုသိ၍ အမှန်ပြင်နိုင်ရန် ထိန်းကျောင်းပဲ့ပြင်ပေးသော နေရာဟု ဆိုသည် ) ကျတယ်.........။ ထောင်ကျနေတုန်း မိန်းမက နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ်.......။ မိန်းမကို လေဆိပ်လိုက်ပို့  ချင်လိုက်တာ......။ ထောင်ကလွတ်တော့ မိန်းမစုဆောင်းလာတာနဲ့  မိဘအမွေလေးတွေ စုပေါင်းပြီး Shop house လေးတလုံးဝယ် လိုက်တယ်.......။ အောက်ထပ်မှာ ဆိုင်ဖွင့်ပြီး အပေါ်ထပ်မှာ လူနေတယ်.......။ ဒီလိုနဲ့  သားသမီးတွေ ရလို့  လူလားမြောက်ကုန်ပြီ......။ သူ.....ဆံပင်ဖြူပေမယ့် သမီး အလုပ်လုပ်တဲ့ Hotel က Fitness center မှာ အမြဲကစားလို့  ကျန်းမာရေး ကောင်းတယ်........။ မိန်းမကတော့ ရိပ်သာ ခဏခဏ ၀င်တယ်......။ တနေ့ တော့.......Fitness center မှာ ဆုံတဲ့ မိတ်ဆွေတွေနဲ့  Bar မှာ သွားသောက်တယ်.......။ မိုးသောက်ယံမှာ ရုတ်တရက် ဦးနှောက်သွေးကြော ပျက်ပြီး သူ.......သေဆုံးခဲ့တယ်.....။ သချိုင်းမှာ သူ့ ကို ဂူသွင်းတယ် ( အရင်ကတည်းက ကိုရီးယားကား တွေကြည့်ပြီး အားကျလို့  ဂူလုပ်ပေးဖို့ မှာထားပြီးသား ) ......။ သူ......ဂူထဲမှာ ကျေနပ်စွာ အနားယူ နေတယ်.......။ ၃ ရက်လောက်နေတော့ သချိုင်းရွှေ့ ရမယ့်သတင်းကြားတယ်.......။ သေတာတောင် အရိုးမဆွေးသေးဘူး နေရာရွှေ့ ရမယ်ဆိုတော့ သူ.......တော်တော် စိတ်ဆိုးသွားတယ်......။ ဘယ်သူ့ ကြောင့်လဲ ဆိုတာ သူစုံစမ်းလိုက်တယ်......။ တရားခံကို သိလိုက်ရတယ်......။ အဲဒီညက......မြို့ သစ်ပုံစံ( Town Planning ) ဆွဲတဲ့ ဗိသုကာကြီးရဲ့ အိပ်ခန်းထဲကို သူဝင်သွားလိုက်တယ်........။ အိပ်ပျော်နေတဲ့ ဗိသုကာကြီးကို အားရပါးရ လည်ပင်းညှစ် လိုက်တယ်........။ မျက်လုံးပြူးကြီးနဲ့  ချွေးပြန်နေတဲ့ ဗိသုကာကြီးကို သူ့  မကျေနပ်ချက်တွေ ပြောပြီး အားရတော့ ပြတင်းပေါက်ကနေ ပေါ့ပေါ့လေး သူ ပြန်ထွက်လိုက်တယ်.......။ ပြန်အထွက်မှာ မနည်းအားယူပြီး ပြောလိုက်တဲ့ ဗိသုကာကြီးရဲ့ အသံကို သဲ့သဲ့ ကြားလိုက် ရတယ်..........။

“.......မင်း.....လူ....မှား.....နေ.....တယ်......” ။ ။

(လူသားတို့  မွေးဖွားချိန်မှ သေဆုံးချိန် အထိ ဗိသုကာတို့  ဖန်တီးသော လက်ရာများနှင့် ကင်းကွာ၍ မရပါ....)
----------------------------------------------------
Architect က ဒါတွေ design လုပ်ပေးရပါတယ်
1. Residential Buildings
2. Education
3. Health
4. Office
5. Transport
6. Commerce
7. Entertainment & cultural
8. Religion
9. Social welfarre
10. Landscaping
11. Interior design
12. Industrial design
13. Town planning & urban design

7 comments:

Anonymous said...

စာကောင်းဆိုတာ ဖတ်သူတွေကို တွေးစေပါတယ်။
ဖတ်ပြီးရင် ပြီးပြီး ပျောက်ပျောက် မေ့သွားတာမျိုးမဟုတ်ဘူး။
တွေးစရာတွေချန်ခဲ့တယ်။ အမျိုးမျိုးတွေးလို့ရတဲ့ စာတွေက ကောင်းပဗျာ လို့ ပြောရမယ်။
ဒီတစ်ခုကို ဖတ်တဲ့ လူတိုင်းက ဒီတစ်မျိုးတည်း တွေးမိတယ် ဆိုတာက ကောင်းတော့ ကောင်းတယ်။
ဒါပေမဲ့... မတူတဲ့ အတွေးတွေ ဖြစ်စေတာကမှ စာကောင်းလို့ ကျနော် ယူဆတယ်။
ခု ... ဒီစာကို ဖတ်ပြီး သိပ်ကို ကြိုက်သွားတယ်။ ဖတ်ရကျိုးနပ်တဲ့ စာပဲဗျာ... ကျေးဇူးပါ။

Anonymous said...

လူတစ်ယောက်ရဲ့ ဖြတ်သန်းမှုမှာ ဗိသုကာ လက်ရာတွေနဲ့ မကင်းတာကို
ဆေးခန်း ကစပြီး သချိုင်းအထိ ရေးပြသွားတာ တော်တော်မိုက်တယ်။
ကျနော်စိတ်ဝင်စားတာ တစ်ခုက အဲဒါတွေကို အရောင် တွေနဲ့ ပြသွားတာကိုပါ။
ဆေးခန်း၊ ဆေးရုံ၊ သားဖွားခန်း ကို အပြာရောင် (health)
အိမ်၊တိုက်ခန်း၊ shophouse ကို ခရမ်းရောင် (residential buildings)
မူကြို၊ ကျောင်း၊ တက္ကသိုလ် နဲ့ convention hall တွေကို ကြည်ပြာရောင် (education )
အားကစားရုံ ၊ ရေကူးကန် ၊ ကစားကွင်း၊ ပန်းခြံ ၊ တိရစ္ဆာန်ဥယျာဉ်၊ရုပ်ရှင်ရုံ၊ ဂေါက်ကွင်း ၊ fitness center တွေက အစိမ်းနုရောင် ( entertainment & cultural )
ရုံး ၊ တရားရုံး ၊ ထောင် က လိမ္မော်ရောင် ( office )
ခန်းမ၊ ဘိုးဘွားရိပ်သာ ၊ မိဘမဲ့ ကလေးများဂေဟာ က ကြက်သွေးရောင် ၊ ( social welfarre )
လေဆိပ်က အစိမ်းရောင် ( transport )
ရိပ်သာ က အနီရောင် ( religion )
သိသာ ကွဲပြားအောင် အရောင်တွေနဲ့ Label ခွဲပြထားတာလား ဒါမှမဟုတ် ဗိသုကာ ပညာမှာ အရောင်နဲ့ ပတ်သတ်ပြီး အဓိပ္ပာယ် ဖွင့်ဆိုမှု ရှိတာလား ...ရှိရင် အဲဒီအကြောင်းကိုလည်း
ရေးပေးပါဦး...
နောက်ဆုံး စာအပြီးသတ်ကို တော့ ကိုယ်လိုရာဆွဲတွေးလိုက်ပါတယ်...
သင်္ချိုင်း အရွေ့ခံရလို့ တရားခံရှာပြီး လည်ပင်းသွားညစ်တဲ့တစ္ဆေကြီး လူမှားသွားတဲ့ အကြောင်းက တွေးစရာအများကြီးရသလို
town planning ဆွဲခဲ့တဲ့ ဗိသုကာကြီးရဲ့ "....မင်း...လူ....မှား.....နေ....တယ်....." ကိုဖတ်ပြီး ပြုံးမိသွားတယ် ...
ကျနော်တို့ ရဲ့ Life planning က ကျနော်တို့ရဲ့ လက်ထဲမှာ ရှိတယ်ဗျ ... အဲဒါတော့ ကိုယ့်တာဝန်ပဲ ... ဒါပေမဲ့ အဲဒီ Life ကို အေးချမ်း ပြည့်ဝ ပျော်ရွှင်စရာကောင်းအောင် planning လုပ်ဖို့ကတော့
right က အဓိကကျတယ်... Right မရှိရင် စိတ်တိုင်းကျတဲ့ LIFE ကို ရမှာ မဟုတ်ဘူး ... ဆိုတော့ ကျနော်တို့ရဲ့ life planning အတွက် right planning လုပ်တဲ့သူတွေအပေါ်မှာ မှီတည်နေတယ်ဗျ ...
သေတာတောင် ရွေ့ပြောင်းပေးနေရတဲ့ တစ္ဆေကြီးလို မတည်မငြိမ်ဖြစ်နေတဲ့ Life တွေအများကြီးရှိတယ် ... လိုတာက RIGHT ပဲ ... HUMAN RIGHT ပဲ ...
ဘယ်သူ့ကို လည်ပင်းညစ်ရမလဲ ???
အချိန်မလွန်ခင် ညစ်မှ ရမှာ ...
လူမှားပြီး လည်ပင်းမညစ်ဖို့လည်း လိုသေးတယ်ဗျ ...
**** ကျနော့် အတွေးသတ်သတ်သာဖြစ်ပါတယ် ... လေရှည်သွားတာ တောင်းပန်ပါတယ် ... ဒီ post အတွက် ဒီဘလော့လေးရဲ့ ဗိသုကာ မလေး ကို ကျေးဇူးတင်ပါတယ် ***

Layma said...

SP & Jerry,,,,လွတ်လပ်စွာ တွေးနိုင်ပါတယ်….( ကိုယ့် အတွေးနဲ့  ကိုယ်ဖတ်ကြသည် ပေါ့ )
Jerry,,,,color တွေမှာ အနွေးရောင်….အအေးရောင်….စတဲ့ ဖွင့်ဆိုချက်တွေ ရှိပါတယ်….အခု သုံးထားတဲ့ အရောင်တွေကတော့ color chart မှာတွေ့ တဲ့အရောင်တွေကို ပြီးစလွယ်ယူသုံးထားတာပါ….မေးလိုက်မှ ရှက်တောင်ရှက်မိတယ်… .ဆရာတစ်ယောက် ကတော့ residential, office….စတဲ့ ဇုံ တွေမှာ color သတ်မှတ်ချက်တွေ ရှိတယ်လို့  ပြောဖူးပါတယ်….ဆရာနဲ့  တွေ့ ခဲ့ရင် မေးထားပါဦးမည်…….။

naing said...

မသိသေးတာတွေ သိရတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ ။ ဆရာ ပြောဖူးတာလေး သတိရပါတယ် ။ ခေတ်တစ်ခေတ်ပါတယ်တဲ့ ။ ကိုရီးယားကား ကြည့်တဲ့ ခေတ်ပဲ ။ ကျွန်တော်လည်း ကိုရီးယားကား ကြည့်ပါတယ် ။

Layma said...

naing,,မှန်ပါတယ်….အဲဒီခေတ်မှာ လူဖြစ်နေတော့လည်း….အဲဒီခေတ်ရဲ့ သရုပ်တွေက ရေးသမျှမှာ အရုပ် လာထင်နေရပါတယ်……။Comment .ပေးသွားတဲ့ အတွက်ကျေးဇူးပါ…..naing ။

Thinzar said...

ဒီပို့စ်လေးကို အရမ်းအရမ်း ကြိုက်ပါတယ်။

Layma said...

မသဉ္ဇာ ….အရမ်း အရမ်းကျေးဇူးတင်ပါတယ်…. လေးမလဲ ဒီပို့ စ်ရေးဖြစ်ခဲ့တာ အရမ်းအရမ်းကျေနပ်ခဲ့ရပါတယ်…..။