Sunday, August 26, 2007

“လေးမ” … ရှင်းလင်းပွဲ (ဒု)

၃။ Blog တွင်သုံးထားသော အရောင်များနှင့် စပ်လျဉ်း၍ …………………………………..
“လေးမ” တွင် အရောင်စွဲမရှိပါ … အကြိုက်ဆုံးအရောင် … အမုန်းဆုံးအရောင် ဟူ၍ မရှိပါ …။ “လေးမ” အရောင်အားလုံးကို ….. ချစ်သည် … စိတ်ဝင်စားသည် … ။ အရောင်တိုင်းတွင် သူ့ တန်ဖိုးနှင့်သူရှိသည် … အစွမ်းကိုယ်စီရှိကြသည် … ထို့ ကြောင့် အရောင်အားလုံးကို …. တန်ဖိုးထားသည် … ။ သို့ သော် …. “လေးမ” ၏ အသုံးအဆောင်အများစုသည် ….. နည်းမျိုးစုံဖြင့် ပြာနေကြသည် … ။ “လေးမ” ကျောင်းသူဘ၀က ….. စာမေးပွဲဖြေလျှင် ….. jury ၀င်လျှင် ….. အပြာရောင် ၀တ်စုံဖြင့် …. ၀င်လေ့ရှိသည် …။ အပြာရောင်သည် “လေးမ” ကို ကံကောင်းစေသည်ဟု …. မသိစိတ်တွင် မှတ်သားထားခဲ့သည် ။ ထိုမသိစိတ်က လွှမ်းမိုးဦးဆောင် နေသော အချိန်များတွင် …. “လေးမ”၏ အသုံးအဆောင်များ …. ပြာသွားကြသည် … ။ ထို့ ကြောင့် “လေးမ”၏ Blog တွင် ပြာသောအရောင်များ …. ပါဝင်လာကြသည် … ။ မြန်မာပြည် ဗိသုကာဘွဲ့  ၀တ်စုံ၏ လိုင်းကြိုးသည် …. ခဲရောင် ဟုခေါ်သော ….. မီးခိုးရောင်ဖြစ်သည် … ။ ထို့ ကြောင့် ခဲရောင်သည် …. ဗိသုကာတို့  ပိုင်ဆိုင်သော အရောင်ဟု….. သတ်မှတ်ကာ ကျောင်းသူဘ၀ကတည်းက ….. ခဲရောင်ကို မိမိနှင့် သက်ဆိုင်သော အရောင်ဟု ….. စွဲလန်းနေခဲ့သည် …။ ထိုမီးခိုးရောင်သည် …. ဗိသုကာ “လေးမ” ၏ Blog တွင် …. နေရာတနေရာ ရခဲ့သည် … ။ ဤသို့ ဖြင့်…. အဖြူ ၊ အပြာ ၊ မီးခိုးရောင်များဖြင့် ….. အခြေခံဖွဲ့ စည်းထားသော …. အခွံတစ်ခုဖြစ်လာခဲ့သည် … ။

၎။ Blog ရေးသူတိုင်း လုပ်လေ့ရှိသည့်အတိုင်း “လေးမ” ၏ post များကို ကဏ္ဍများခွဲ၍ Label များတပ်ထားခဲ့သည် … ။
2 in 1 style - ကဗျာ တလှည့် စာတလှည့် ရေးသားထားသော စာများ......၊
Analysis - လေ့လာဆန်းစစ်မှုဆိုင်ရာ စာများ ......၊

Architecture - ဗိသုကာ ပညာရပ်နှင့် ဆက်နွယ်နေသော စာများ......၊

Cartoons - ကလေးများကြိုက်သော .... လေးမ ကြိုက်သော စာရုပ်စုံများ .....၊
Flower - ပန်းစကား (သို့ ) ပန်းများနှင့် စကားပြောကြည့်ခြင်း ......၊

Link to the past - အတိတ်သို့  ချိတ်ဆက်ခြင်း ....(သို့ ) တမ်းတခြင်း ......၊

News - သတင်း .....၊

Poem - ကဗျာ......၊
Preface - အမှာစကား .....၊
Seasonal Post - ရာသီစာ .....၊
Tag - ခင်မင်မှုဖြင့် သူတို့ တက် သမျှ.....၊
That's what I wanna say - ပြောချင်သော စကားများ .....၊
Thinking from History - ရာဇ၀င်ထဲမှ အတွေးစများ (သို့ ) သမိုင်းကပေးသောအတွေးများ.....၊
Thinkings from novels - ၀တ္ထုဖတ်ပြီး ကျန်ရစ်ခဲ့သော အတွေးစများ .....၊
Thinkings from story - အတွေးပေးသော ပုံပြင်များ .....၊

Wondering - ဟိုတွေး .....ဒီတွေး ....ယောင်ချာချာ ဖြစ်နေသောအခါ ရေးမိသော စာများ ....၊

ဖော်ပြပါအတိုင်း ကဏ္ဍများခွဲ၍ ရေးသားခဲ့သည် .....။ .....balar....balar...balar....။

ရှင်းလင်းပွဲကို သန်းခေါင်ကျော်အချိန်တွင် လက်ခုပ်တီး၍ နိဂုံးချုပ်ပြီးသကာလ ကြွရောက်လာကြသော ပြည်တွင်းပြည်ပမှ blogger များသည် “လေးမ” ခင်းကျင်းပြသထားသော ဓါတ်ပုံများနှင့် မှတ်တမ်းများကို ၀တ်ကျေတန်းကျေ ကြည့်ရှု၍ ပြန်သွားကြပါသည် .....။ ။

သတင်းထောက် “လေးမ”

P.s . နောက်တခါအပြောင်းအလဲ လုပ်ဖြစ်ခဲ့လျှင်လဲ ယခုကဲ့သို့  ရှင်းလင်းပွဲ လုပ်ချင်လုပ်မယ် .... မလုပ်ချင် မလုပ်ဘူး ဟု .... “လေးမ” မှ တိကျစွာပြောကြားသွားပါသည် ....။

5 comments:

သန့်ဇော်မင်း said...

ဖြောင်း.. ဖြောင်း.. ဖြောင်း..
ဟုတ်ကဲ့.. မမလေးလေးမခင်ဗျား... အခုလိုသေသေချာချာ.. နားမလည်အောင် ရှင်းပြပေးတဲ့ အတွက် ကျေးဇူးပါလို့ အရင်ဆုံးပြောပါရစေ။
ကျွန်တော်ကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘလော့ဂါများ အဖွဲ့ချုပ်ရဲ့ အထွေထွေ တောက်တိုမယ်ရ မန်နေဂျာကြီး ဦးတီဇက်အမ်ဖြစ်ပါတယ်... အခုကျွန်တော် မေးချင်တာလေးတွေကို မေးခွင့်ပြုပါခင်ဗျာ။
ပထမဆုံးမေးချင်တာကတော့ .... မမလေးလေးမရဲ့ post များကို ကဏ္ဍများခွဲ၍ Label များတပ်ထားခြင်းက ဘာဖြစ်လို့ သူများတွေထက် များနေရပါလဲ ဆိုတာလေး ပြောပြစေချင်ပါတယ်။
ဒုတိယတခုကတော့.... ခုလို ကမ္ဘာကျော် ဘလော့ဂါကြီးတယောက်ရဲ့ ဘလော့ဇာရှင်းလင်းပွဲကို ခုလို တိတ်တဆိတ် ကျင်းပသွားရတာ ဘာကြောင့်ပါလဲ။ (တိတောင်.. မတိလိုက်ဘူး)။
နောက်ဆုံးတခုကတော့.... အရောင်တွေထဲမှာ အစိမ်းရောင်ကို ကြီုက်ပါသလား.. ကြိုက်ရင်.. ဘာကြောင့်ကြိုက်ရပါသလဲ... မကြိုက်ဘူးဆိုရင် ဘာကြောင့်မကြိုက်ပါသလဲ.. ဆိုတာလေးရှင်းပြပေးစေလိုပါတယ်။
နောက်ထပ် အစစ်အနေနဲ့ မေးချင်တာကတော့... မကြိုက်ဘူးဆိုတာနဲ့ မုန်းတယ်ဆိုတာနဲ့ ဘာကွာပါသလဲ.. သေသေချာချာလေး ရှင်းပြပေးနိုင်မလား... (မှတ်ချက်။ ။အရောင်တွေကိုသာ ဆိုလိုပါသည်။)
ဟုတ်ကဲ့.. ခုလို.. မေးခွင့်ပြုတာ.. အလွန်အင်မတန်မှ ကျေးဇူးတင်ပါကြောင်း.... ဖြောင်း.. ဖြောင်း.. ဖြောင်း..

Layma said...

ဟုတ်ကဲ့…အလွန် အရေးပါသော တောက်တို ဦးတီဇက်အမ်ရှင့် ….
(ပ)မေးခွန်းအတွက် …. အမှန်အတိုင်းဖြေရရင် … သူများတွေနဲ့  မတူဘဲ ဂေါက်ကြောင်ကြောင် ဖြစ်နေလို့ ပါရှင့် ….၊ ကြားကောင်းအောင်ဖြေရရင်တော့ ဟိုဟာနဲ့ လဲဆိုင် …. ဒီဟာနဲ့ လဲဆိုင် … ဟိုလိုလို … ဒီလိုလို post တွေ ဖြစ်နေလို့ ပါရှင့် ….။
(ဒု) မေးခွန်းအတွက် …. တိတ်တဆိတ် ကျင်းပသွားရတာကတော့ …. လူမသိအောင် လုပ်ရတာ (ခိုးလုပ်ရတာ ) အကျင့်ပါနေလို့ ပါရှင့် ….။
နောက်ဆုံး မေးခွန်းအတွက် …. အစိမ်းရောင်ကို ကြိုက်ပါတယ် …. အကြောင်းရင်းကတော့ စိမ်းနေလို့ ကြိုက်တာပါ ….။
အစစ်တိုး မေးခွန်းအတွက် ….. မကြိုက်ဘူးဆိုတာနဲ့ မုန်းတယ်ဆိုတာ ဘာကွာပါသလဲ.. သေသေချာချာလေး ရှင်းပြရရင် post တစ်ပုဒ်ဖြစ်သွားပါလိမ့်မယ် ….တို၂နဲ့  လိုရင်းဖြေရရင်တော့ ….. မကြိုက်ဘူးဆိုတာ ရိုးသားပြီး ….. မုန်းတယ်ဆိုတာ အငြိုးအတေး ပါပါတယ် …။ မကြိုက်ခြင်းသည် …. လူ့ အခွင့်အရေးတရပ်ဖြစ်လို့  တားမြစ်ခြင်းမပြုသင့်ပါ …. မုန်းခြင်းသည် …. အန္တရာယ်များခြင်းကြောင့် မိမိစိတ်ကို မိမိတားမြစ်သင့်သည် …. အမုန်းကြောင့်ဖြစ်သော စစ်ပွဲများကို …. သင် လေ့လာကြည့်နိုင်သည် ….။ (မှတ်ချက် ။ ။ အရောင်တွေ အတွက်သာ ဖြေသွားခြင်း မဟုတ်သည့်အတွက် သည်းခံပါ )

မရှင်းအောင်ရှင်းထားသော ရှင်းလင်းပွဲကို နားမလည်ကြောင်း ရိုးသားစွာ ကျေးဇူးတင်သွားသော UTZM ကို နားလည်စွာ ကျေးဇူးတင်ပါသည် …။ အဖိုးတန်မေးခွန်းများ အတွက် အလွန်ဝမ်းမြောက်မိပါသည် ….။ အရေးတယူ မေးမြန်းသွားသည့်အတွက် အတိုင်းမသိ ခင်မင် ကျေးဇူးတင်မိပါသည် ….။

သန့်ဇော်မင်း said...

ဟီးဟီး.. ခုလို.. တကူးတက ပြန်လည်ဖြေကြားပေးတဲ့ အတွက်.. ကျေးဖူးတင်ရှိပါတယ်။.. မကြိုက်ခြင်းနှင့် မုန်းခြင်းအကြောင်း ခုလို ရှင်းပြပေးတာကိုလည်း အထူးကို ကျေးဇူးတင်ပါတယ်။

Layma said...

UTZM....
ဖြောင်း .. . ဖြောင်း… ဖြောင်း

Anonymous said...

My sister recommended me to have a look layma's blog since she likes the writing style and I have looked thru some posts. Yeahh, You are a genius lady, Layma. Wishing you to be the best.