Saturday, August 04, 2007

အမှတ်တရတွေပါ

ဒိုင်ယာရီစာမျက်နှာ ( ၉ ) ။ ။




















နောက်ဆုံးနှစ်တုန်းက သူငယ်ချင်းတွေ ရေးပေးထားတဲ့ အမှတ်တရလေးတွေကို တင်လိုက်တာပါ....။ ဘာရယ်မဟုတ် အမှတ်တရ ရေးခိုင်းခဲ့တာလေးတွေက အခုတော့ လွမ်းစရာလေး...။ “ရေးပေးပါ” ဆိုတဲ့ စာအုပ်ထဲမှာလဲ ဘရုတ်သုတ်ခ စာလေးတွေရှိသေးတယ်.....။

9 comments:

Anonymous said...

လေးမ သူငယ်ချင်းတွေရေးထားတာ ဖတ်ပြီး ပြုံးမိတယ် ။

စိုးဇေယျထွန်း said...

အဲလို သငယ်ချင်းတွေ ရေးထားတာကိုတွေ့ရင် ဘာကို လွမ်းလို့ လွမ်းမှန်းမသိဘူး။ အဖြေရှာလို့ မရအောင် နေရခက်တယ်ဗျာ

သန့်ဇော်မင်း said...

ဟုတ်တယ်မမလေးရေ..
ကျွန်တော်လည်း ဖတ်ရင်းနဲ့ လွမ်းလာပြီ.. ကျောင်းသားဘ၀က သူငယ်ချင်းတွေကို..
အော်.. တွေကြ၊ ကြုံကြ၊ ပြီးတော့လည်း ခွဲခွာကြရတဲ့ ဘ၀ကြီးထဲမှာ အမြဲပြုံးနေနိုင်ပါစေဗျာ..

tzm

Layma said...

မဂျစ်…လေးမလဲ မဂျစ် post မှာ cbox မှာ ရေးထားတာလေးတွေဖတ်ပြီး ခဏခဏပြုံးမိတယ်….။
စိုးဇေယျထွန်း….လွမ်းလို့ ပြန်သွားရတာကို အားနာပါတယ်လေ……ကျေးဇူးနော်…။
သန့် ဇော်မင်း….ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ….တူသောအကျိုးရပါစေ….လွမ်းစရာလေးတွေလဲ ရှိပါစေ…..။

Unknown said...

အေးဟာ . . နင့်လို စေ့စပ်၊ တိကျ၊ မှန်ကန်ပြီး ကြိုးစားတဲ့ သူတစ်ယောက်နဲ့ ခင်မင်ခွင့်ရတာ ၀မ်းသာပါတယ်။ ဒါနဲ့ အင်္ဂလိပ်စာတွေ ပြပေးဦးနော်။

Layma said...

ကိုဇင်…ကိုလတ်လို သံလွင်ကို အိပ်မက်မက်နိုင်တဲ့…အရုပ်တွေ အများကြီးပိုင်တဲ့…လူနဲ့  သိကျွမ်း ရတာ…၀မ်းသာပါတယ်ဟာ… အော် ဒါနဲ့  …အချဉ်ထုပ်တွေ တယောက်ထဲမစားဘဲ ဒီမိုလေးကိုလဲ ကျွေးလိုက်ပါ….။

Thinzar said...

မလေးမကို အပြင်မှာ မမြင်ဘူးပေမယ့်၊ ပိုက်ဆံမချေးဘူးပေမယ့်၊ အင်္ဂလိပ်စာ မပြခိုင်းခဲ့ ဘူးပေမယ့် လေးမ ရေးတဲ့စာတွေဖတ်ရင်း လေးမ ရဲ့ အိမ်ပုံစံလေးတွေကို ငေးရင်း ခင်မင်မိပါတယ်။

Layma said...

မသဉ္ဇာ ….လေးမလဲ မသဉ္ဇာရဲ့ ဟင်းထုပ်တွေကိုကြည့်ပြီး မသဉ္ဇာကို ခင်မင်မိပါတယ်…( ဟိ…စားချင်လို့ )… တကယ်ပါ…တောင်ကြီးသူဆိုတာနဲ့  ခင်ပြီးသား…. တန်ဆောင်တိုင်ကျရင် လာမယ်နော်….

Anonymous said...

can you buy tramadol online legally tramadol 50 mg canine - buy tramadol 6914