Sunday, July 22, 2007

ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ဒု )

ဒိုင်ယာရီစာမျက်နှာ (၈) ။ ။
Scene (4 )_
ဒီတခါ ဒီဇိုင်းက Library……။ ပုံစံငယ်ပါတင်ရမည်….။ အခန်းထဲက အ၀တ်သေတ္တာ ၊ စာကြည့်စားပွဲ ၊ ခုတင် ပေါ်မှာ ပုံစံငယ်ပြုလုပ်ရန် ပလတ်စတစ်ပြားများ ၊ ပြတင်းပေါက် နေရာတွင်ကပ်ရန် စတစ်ကာ အညို အနက် ၊ လွှ ၊ ဓါး ၊ သံပေတံ ၊ ဇာဂနာ ၊ spray ဗူး ၊ ကော်ရည် ၊ ATM ကော် ၊ ကော်ရည်သုတ်ရန် စုတ်တံ ၊ Drawing များ စတဲ့ ပိုင်ဆိုင်မှုများက အပြည့်အ၀ နေရာ ယူထားပါသည်……။
“ မိ…နင်ဟာလေ….model ချိုးရပါမယ်ဆိုမှ ဒီဇိုင်းကို အ၀ိုင်းကြီးထုတ်တယ်…. တော်တော် မြွေဖမ်းချင်တယ်…..”

“ငါက နင့်လို လေးထောင့်မှ မကြိုက်တာ.....ငါက နူးညံ့ပျော့ပျောင်းတဲ့ လိုင်းကွေးတွေပဲ ကြိုက်တယ်.... နင်သာ ကျောင်းပြီးတော့မယ် square ကနေကို မထွက်တော့ဘူး......”
“ဟဲ့.....ငါက simple ကြိုက်တာ....လက်တွေ့ ဆန်တာ....မာရေကျောရေ ဒီဇိုင်း sense ရှိတာမဟုတ်ဘူး.....နားလည်လား.....”
ဒီလိုနဲ့  မိရဲ့ library အ၀ိုင်းကြီးကို ငြင်းရင်းခုံရင်း နှစ်ယောက်သား model ချိုးကြတယ်......။ အကွေးကြီးရအောင် ပလတ်စတစ်ပြားကို မူရင်းစကေးထက် ဘယ်လောက်ပိုဖြတ်ရမလဲတွက်......၊ စောင်နဲ့  ပတ်.....အပေါ်ကမီးပူနဲ့ ဖိပြီး အပူပေး.....ပျော့သွားတဲ့ အချိန်မှာ ထိုင်ခုံ အ၀ိုင်းလေးမှာ ပြေးကပ်ပြီး ပုံသွင်းရတယ်....။ တကြိမ်မရ နောက်တကြိမ်ထပ်ကြိုးစားရင်း ..... နောက်ဆုံးတော့ မိ ရဲ့ library အ၀ိုင်းကြီး အောင်မြင်စွာ ပုံဖော်နိုင်ခဲ့ပါတယ်.....။ “လေးမ” ရဲ့ ပထမနှစ်ကတည်းက အိမ်ကထည့်ပေးလိုက်တဲ့ မုံရွာချည်စောင်လေးလဲ မီးကျွမ်းသွားပါတယ်....နောက်တော့ ခွေးသားအမိ လက်ထဲထည့်လိုက်ရပါတယ်......။


Scene (5)_
“ ဟေ့….လေးမ တို့  ပုံတွေ ပြီးပြီလား….”
“ ဘယ်ပြီးဦးမလဲ ဟာ ”
“ ငါတို့ လဲ မပြီးဘူး….ဆရာမကို ဂျူရီ ရက်ရွှေ့ ခိုင်းကြရအောင်….”
“ ကောင်းတယ်…..ကောင်းတယ်…..လူစုလိုက်….”
“ အာခီတွေ….အခန်းနံပါတ် (…..) ကိုလာခဲ့ကြပါ…..အရေးပေါ် meeting ”
အဆောင်ရဲ့ ဟိုဘက်ထောင့်…..ဒီဘက်ထောင့်မှ ဟိုဘက် wing ဒီဘက် wing မှာနေသူများသို့ …..အပေါ်ထပ်ဝရန်တာမှ အောက်ထပ်ဝရန်တာသို့  အသံပေးလိုက်တော့ ၅ မိနစ်အတွင်းမှာ လူစုပြီးသားဖြစ်သွားပါတယ်…..။
( တခါကလဲ အုပ်စုလိုက် အတန်းလစ်လို့  ပါချုပ်ဆီမှာ လက်မှတ်ထိုးပြီး အဆောင်ရှေ့မှ ပါချုပ်အိမ်အထိ ပြေးခိုင်းခြင်းဖြင့် အပြစ်ပေးခံခဲ့ရပါတယ်…..ပါချုပ်ကြီး ပြောတာကတော့ တစ်ယောက်ထဲ အတန်းလစ်တာ အပြစ်မရှိဘူး…..အုပ်စုဖွဲ့ တာက အပြစ်ကြီးတယ်တဲ့…..ဒါပေမယ့် လေးမ တို့ က အမှတ်မရှိဘူး….အမြဲတမ်းအုပ်စုလိုက် တိုင်ပင်ပြီးလုပ်တယ်……စည်းလုံးညီညွတ်တာမဟုတ်ဘူး….. သူခိုး သေဖော် ညှိတာ )
၅ မိနစ်လောက် တိုင်ပင်ပြီးတာနဲ့  ဆရာမ အိမ်ကို တအုပ်စုလုံး ချီတက်ကြပါတယ်……။
သေခါနီးမျက်နှာလေးတွေနဲ့  ဆရာမကို ဘယ်လိုပဲ သနားအောင် ပြောပြော အသည်းမာလှတဲ့ ဆရာမက လုံးဝရက်မရွှေ့ ပေးတဲ့အပြင် ပြောရမယ့် နံပါတ်စဉ်ကိုတောင် မဲနှိုက်ခိုင်းလိုက်သေးတယ်……။ ပြန်ရောက်တော့ အစည်းအဝေးပြန်ထိုင်ကြတယ်…..။
“ ဘယ်လို လုပ်ကြမလဲ…”
“ ငါကတော့ လုံးဝမတင်ဘူး…”
“ ငါလဲ အကျခံလိုက်တော့မယ်….မတင်ဘူး….”
“ ဒါဆို တစ်ယောက်မှ ဂျူရီ မ၀င်နဲ့ ….သဘောတူလား….”
“ ယောက္ခမက အဆောင်ကို လိုက်လာမှာပေါ့….”
“ ဟဲ့….ဆရာမက အပျိုကြီးဟာကို…..”

“ အေးလေ….အပျိုကြီးမို့ လို့ ပြောရဲတာပေါ့….”
“ ဒါပေမယ့် ဆရာမ မွေးထားတဲ့ ခွေးကြီး ငညို ရှိတယ်လေ….ဟာ..ဟ ”
“ ဟဲ့….အရေးကြီးပါတယ်ဆိုမှ…..။ ဆရာမ အဆောင်ကို လိုက်လာလို့  ငါတို့ ကိုတွေ့ ရင် ပွဲကြမ်းမှာ…..အဲတော့ ငါတို့ တောခိုမယ်…..”
“ ဘာ….”
“ အော်….အနောက်ဘက်က သရက်တောထဲမှာ သွားပုန်းမယ်လို့  ပြောမလို့ ပါ….”
“ အဆောင်မှာ ၂ ယောက်လောက်တော့ နေခဲ့….အခြေအနေ ကောင်းပြီဆိုရင် သရက်တောထဲကို လာအကြောင်းကြား…..ကျန်တဲ့သူတွေက ထမင်းချိုင့်နဲ့  မနက် ၈ နာရီကတည်းက သရက်တောကို သွားကြမယ်……အပြန်ကျမှ ဆရာ့အိမ်မှာ သွားတောင်းပန်မယ်……ဆရာက ဆရာမလောက် ဒေါသမကြီးတော့ ပြသနာမရှိဘူး….ဆရာမကိုတော့ ၃ ရက်လောက်နေမှ တောင်းပန်မယ်….”

“ OK….good ”
လေးမ နဲ့  မိ ကအဆောင်မှာနေခဲ့တယ်…..။ ကျန်တဲ့သူတွေက သရက်တောထဲမှာ….။
ဂျူရီနေ့ မှာ .....
“ လေးမတို့ ….နင်တို့  ဆရာမ အဆောင်အောက်ရောက်နေပြီ…..”
“ အမယ်လေး….မှန်းထားတဲ့ အတိုင်းပါပဲလား…..လုပ်ကြပါဦး….ငါတို့ ကို အပြင်ကသော့ခတ်သွား…..မဖြစ်သေးဘူးဟ….ဆရာမကလဲ ငါတို့ လိုပဲ ဟိုဘက်ဝရန်တာကနေ ကျော်ပြီးဝင်လာရင် ကွိကနဲမိမှာ…..ပဲပဲတို့  အခန်းထဲမှာ ပုန်းနေမယ်….”
ပဲပဲက လေးမ နဲ့ မိကို အခန်းထဲထည့်ပြီး အပြင်ကသော့ခတ်သွားတယ်…..။
ဆရာမကတော့ သော့ခတ်ထားတဲ့ အာခီိခန်းတွေကို တခန်းချင်းလိုက်ကြည့်ပြီး ဒေါကန်ကန်နဲ့  ပြန်သွားတယ်….။ ညနေ ဆရာ့အိမ်မှာ သွားတောင်းပန်တယ်….။ လေးမ တို့ကအဲလိုပဲ…..။ လုပ်ချင်တာလုပ်ပြီးရင် ထိုင်ကန်တော့နေကျ….။ ။
ဒါတွေကတော့ ဖြတ်သန်းခဲ့ဖူးတဲ့ ဗိသုကာ ကျောင်းသူဘ၀ရဲ့ Scene လေးတွေပါ….။ နောက်ရက်တွေမှာ စိတ်ပါရင် အတိတ်က ရက်စွဲလေးတွေကို ထပ်ပြီးချိတ်ဆက်ပါဦးမည်…။

2 comments:

Anonymous said...

“အုပ်စုဖွဲ့ တာက အပြစ်ကြီးတယ်” .... ဟား ...ဟား ... ဟား ... သိပ်ကြောက်သွားသလား ပါချုပ်ကြီး ... မကြောက်ပါနဲ့ ... လေးမတို့ အုပ်စုဖွဲ့တာ ထုတ်စည်းတိုးမလို့ပါရှင့် ....
တော်တော် ဆိုးခဲ့တဲ့ အာခီကျောင်းသူတွေပဲဗျ ... ၁၉၂၀ ကျော်နှစ်များလောက်ကသာဆို အဲဒီဆရာမနဲ့ ဆရာတွေတော့ လွယ်မယ်မထင်ဘူး ... မလေးမတို့လူစုက ပြောလို့မရဘူးလေ ...
သိတယ်မဟုတ်လား .... အုပ်စုဖွဲ့ ကျောင်းရှေ့သွားပြီး
“ သပိတ် သပိတ် မှောက် မှောက် ” “ ဂျူရီ ဂျူရီ ရွေ့ ရွေ့ ” ဆိုပြီး သွားလုပ်မယ့် သဘောရှိတယ် ... တောခိုတာတွေ ပုန်းအောင်းလှုပ်ရှားတာတွေနဲ့ ယူဂျီသဘောတွေလည်း ပါသေးတယ် ...
အင်း ... တော်ပါပြီလေ ... ဆက်မကျပ်တော့ပါဘူး ... အဟဲ ... :P ပြန်မတိုင်ကြေးနော် ...

Layma said...

Jerry….တိုင်လိုက်ပြီ…ဟား..ဟား…သိပ်ကြောက်သွားလား….U မုန့်  တွေခိုးစားတာ တိုင်လိုက်တယ်လို့ပြောတာပါ…. လာမကြပ်နဲ့ နော်…ဟင်း…