Wednesday, August 22, 2007

ဘက်မလိုက် အရောင် (Neutral color )

“အရောင်များ” ဆိုပြီး…အရောင်တွေ အကြောင်းရေးတုန်းက…ဘက်မလိုက် အရောင်လေးတွေ အကြောင်း…ထည့်မရေးဖြစ်ခဲ့ဘူး…..။ အဲဒီအရောင်လေးတွေရဲ့ ဖြစ်တည်ပုံ နဲ့ … သူတို့ ရဲ့ သဘောတရားလေးတွေကို သဘောကျလို့  … သူတို့  အကြောင်းကို…သက်သက်ရေးမယ်လို့  စိတ်ကူးထားခဲ့ပြီး … အခုမှပဲ ရေးဖြစ်တော့တယ်….။
neutral color ၃ ရောင်ရှိပါတယ်….။ ဓါတ်ပြယ်နေတဲ့ အရောင် (သို့ ) ဘက်မလိုက် အရောင်လို့ ပဲ ခေါ်ကြပါစို့ ….။ White , Black , Gray ပါ….။ ဘာလို့  neutral ဖြစ်တာလဲ ဆိုတော့…. အရောင်တွေ ဆတူဖြစ်နေလို့ …. အရောင်အားတွေမျှနေလို့ …. ဘယ်အရောင်ကိုမှ ကိုယ်စားမပြု … အားမပေးတဲ့ … ကြားနေအရောင် ဖြစ်နေလို့ ပါ….။
ဘယ်လိုရလာလဲ…
ဆန့် ကျင်ဘက် အရောင်၂ ခု ( အရောင်စက်ဝိုင်းမှာ မျက်နှာချင်းဆိုင်ရှိနေတဲ့ အရောင်တွေ……) ကို ဆတူရောလိုက်ရင် Gray color ရပါတယ်….. စမ်းသပ်ကြည့်ချင်ရင် ရေဆေး အနီ နဲ့  အစိမ်းကို ဆတူရောပြီး မွှေလိုက်ပါ…. မီးခိုးရောင်….ခဲရောင် ဆိုတဲ့ အနီဘက်ကိုလဲ အားမသာ အစိမ်းလို့ လဲ ပြောလို့ မရတဲ့ ကြားနေအရောင်လေး ရလာပါလိမ့်မယ်….။ အရောင်တွေ ဖြစ်တည်မှုရဲ့ အခြေခံအရောင်တွေ ဖြစ်တဲ့…. မူလ အရောင်လို့ လဲ ခေါ်တဲ့… red , yellow နဲ့  blue တို့ ကို ဆတူ ရောလိုက်ရင်တော့ ဓါတ်ပြယ်နေတဲ့… ဓါတ်မျှနေတဲ့… အနက်ရောင် ကိုရပါတယ်…..။ ဒီသဘောအတိုင်းပဲ……… ရောင်စဉ် ၇ ခု အညီအမျှပါဝင်နေတဲ့ … အဖြူရောင်ဟာလဲ … ဘက်မလိုက် … ကြားနေ အရောင် … ဖြစ်လာခဲ့ပါတယ်…..။
ဒီဇိုင်းမှာ အရောင်ရှိတဲ့ အရောင်တွေက အရေးပါသလို…. အရောင်မရှိတဲ့ ဘက်မလိုက်အရောင်တွေကလဲ elements တွေကို ပေါ်လွင်ထင်ရှားအောင် ပံ့ပိုးပေးတဲ့ အရောင်တွေအဖြစ် အလွန်အရေးပါ ပါတယ်…..။ ။

Ref: Architecture: Drafting and Design ; Donald E.Hepler, Paul R. Wallach , Dana J. Hepler


5 comments:

hnin said...

photoshop နဲ့ လုပ်နေတာပေမဲ့ မမလေး ပြောသလိုမျိုး တစ်ခါမှမတွေးကြည့်မိဘူး။ သိလည်း မသိဘူး။ ဗဟုသုတလည်း ရတယ်။ ဖတ်ရတာ ပေါ့ပါးတယ်။ ကျေးဇူး။

Thet Htoo@Myat Lone said...

ကျေးဇူးပဲခင်ဗျာ။ ကျွန်တော်အရမ်းကြိုက်တဲ့ ခဲရောင်က ဘက်မလိုက်အရောင်ဖြစ်နေတာကို ခုမှသိတယ်။

Layma said...

hninhnin….နဲ့  ကိုမျက်လုံး….
ကျေးဇူးဆိုလို့  ကျေးဇူးပဲ… ဖတ်ရတာ အဆင်ပြေတယ်… ဟုတ်…။

Anonymous said...

ကိုယ့်ကိုကိုယ် ဘာအရောင်မှန်း မသိတဲ့ သူတစ်ယောက်လာဖတ်သွားပါတယ် ။
အရောင်တွေရဲ့ သတ္တိ ခွန်အား၊ အဓိပ္ပာယ်တွေနဲ့ မာယာတွေ အကြောင်းလည်း ရှင်းပြပေးပါဦး ။

Layma said...

ဂျယ်ရီ… ညာတာပါတေးနဲ့  ခိုင်းစားသွားပြန်ပြီ ….။