Tuesday, August 21, 2007

အဆုံးမသတ်တတ်တဲ့ ကဗျာ

အဆုံးမသတ်တဲ့ “ည”

အဲဒီည…
ဟိုည…
ထိုည…
ဒီည….
မှောင်မဲနေတဲ့ည
ကြေကွဲနေတဲ့ည…
ဘယ်မှာလဲ “လ”…
ငါ့ကို ဖျားယောင်းလှည့်စမ်းပါ….။

ဘယ်မှာလဲ….
ကြယ်တွေ….
ဘယ်မှာလဲ…???

တပွင့်မှလဲ မရှိပါလား…
ငိုလို့  ရွဲနေတဲ့
ငါ့ အလှကို …
မကြည့်ရက် …
မှေးစက်လို့  အိပ်ကုန်ကြပြီလား….။

ငါ့နံဘေးမှာ
ကွန်ပြူတာစက်သံနဲ့ 
ကီးဘုတ်သံ တချက်ချက်ကလွဲလို့ 
ဘာသံမှမရှိ တိတ်ဆိတ်ခြင်းအတိနဲ့ 
သီချင်းသံလေးတောင်မရှိပါလား….၊

သီချင်းလား….
ငါ မဖွင့်ရဲပါဘူး…
“ကြေကွဲသွားတဲ့ နေ့ညတွေ
တစ်ယောက်ထဲ မင်းထားခဲ့ချိန်တွေ” လို့ 
သူတို့ က ဆိုကြဦးမယ်လေ….။

၁၂ နာရီကျော်လို့ .
ဟိုဘက်ကို ၂ နာရီကူးသွားခဲ့ပြီ….
ကြောင်စီစီမျက်လုံးတစ်စုံနဲ့ 
notebook ဘေးက ဓါတ်ပုံလေးကို
ကြောင်တောင်တောင်ကြည့်ရင်း
ငါ မိုးလင်းသွားတော့မှာလား…..။

ဒီလို ညတွေကြောင့်သာ
ငါ ရူးသွားရမယ်ဆိုရင်…..
ရူးသွားရမယ်ဆိုရင်…..
ရူးသွားရမယ်ဆိုရင်…..
……
……
……


6 comments:

hnin said...

မမလေး... မရူးရဘူး၊ မရူးရဘူးနော်။ ဟဲဟဲ...

Zaw Htet said...

အမလေးဗျာ.......
ကျွန်တော့်အမတော့မရူးပါနဲ့နော်....
စာအရေးကောင်းတဲ့အမရူးသွားရင်
ကျွန်တော်အတွက်တော့နစ်နာသွားနိုင်ပါတယ်အမရေ
ဒါပဲနော်...ရူးရဘူး...... :D

Anonymous said...

ဖတ်တယ်
အသာအယာ ခေါင်းညိတ်မိတယ်
သက်ပြင်း ဖွဖွချမိတယ်
ခပ်ဖြည်းဖြည်း ခေါင်းခါမိတယ်
စာလုံးတွေ စိုက်ငေးမိတယ်
အဆုံးမသတ်တတ်တဲ့ ညကဗျာ
တွေးရတာလည်း မဆုံးစေတော့ဘူး
*sigh*

Layma said...

hninhnin…. နဲ့  enics….….. မရူးတော့ဘူး…. ဒီလို မရူးစေချင်တဲ့ မောင်လေးတွေ ညီမလေးတွေ ရှိနေပြီဆိုတော့ ရူးမဲ့ အစီအစဉ်ကို ဆိုင်းငံ့ list ထဲ ထည့်ထားလိုက်မယ်….။

jerry….. ခေါင်းညိတ်လိုက်… ခါလိုက်…. သက်ပြင်းချလိုက် …. စာသားတွေစိုက်ငေးလိုက်ဆိုတော့ ….. အင်း တူလာပြီ….တော်တော်တူလာပြီ….

Anonymous said...

တမျိုးကြီးဖြစ်သွားတယ်

Layma said...

ဟုတ်တယ်နော်…. တစ်မျိုးကြီးပဲ…. ဘယ်လိုကြီးလဲ မသိဘူး….