Thursday, July 05, 2007

အမတ်ကြီးနှင့် တိုးတိုးတိတ်တိတ်…..

မင်းကွန်းခေါင်းလောင်းကြီးနားမှာ “လေးမ” ထိုင်နေသည်........။ ပွဲထဲက ၀န်ကြီးအကျီင်္
ဝတ်ထားသော ဘဘကြီးတစ်ဦး အနားရောက်လာသည်.........။ သူ့ နားက နားကပ်ကြီးကလည်း အကြီးကြီး..... ခုခေတ်ချာတိတ်တွေတပ်သလို စိန်နားကပ်သေးသေးလေးလဲ မဟုတ်ဘူး......။ ကျောက်နားကပ် အကြီးကြီးနဲ့ ........မျက်နှာကပြုံးရွှင်ရွှင်......အကီင်္ျကြီးဖားလျားဖားလျားနဲ့  ဘဘကြီးကိုကြည့်ပြီး “လေးမ” ပြုံးစိစိဖြစ်သွား၏ .......။
အကင်းပါးလှသော ထိုဘကြီးက “ဟဲ့ သူငယ်မ.....ဘယ်အတွက်ကြောင့်....သင်ပြုံးသနည်း......”
လေး - “ ဘကြီးကလဲ ဇာတ်ကပြီး အကျီင်္မလဲဘဲ ထွက်လာတော့.....ရယ်ချင်တာပေါ့.....”
“ တယ်.....ငါ့ ကိုတောင်မသိဘူးလား ဟဲ့.......ထူးတော်မြူးသည့် ဦးပေါ်ဦး ဆိုတာငါဘဲ.......”
လေး- “ တကယ်ပြောတာလား......ဒါဆို မှန်မမှန် စစ်ဆေးမယ်.....ဒီခေတ်မှာ အတုအယောင်တွေကများလွန်းလို့ ........လွယ်လွယ်နဲ့ တော့ လက်မခံနိုင်ဘူး.....”
ပေါ်- “ စစ်ချင်ရင်လဲ စစ်လရော့ဟယ်.....ဘယ်ဘက်ကစစ်စစ်.......ညာဘက်ကစစ်စစ်.....အဖြစ်မရှိတဲ့ ဦးပေါ်ဦး မဟုတ်ဘူး.....”
လေး- “ သိပ်တော့ မခက်ပါဘူး.......ဟိုနားက ခြင်္သေ့ကြီး နှစ်ကောင်ကို ဦးပေါ်ဦးက ဘာပြောခဲ့ သလဲ....ဆိုတာလေးဘဲ မှန်အောင်ဖြေ....”
ပေါ်- “ ဟဲ့....သူငယ်မရဲ့......စစ်ဆေးတယ်လဲ ဆိုသေးတယ်.....ဒီလောက် ပြီးစလွယ်မေးရသလား.......နင်တို့ ခေတ် လူငယ်တွေ.....တယ်ခက်သကိုးကွဲ့ .......မေးလည်းမေးချင်သေး......မေးလဲမမေးတတ်ဘူး......ခြင်္သေ့ကြီး နှစ်ကောင်ကို ဘာပြောသလဲဆိုတာ ဘိုးတော်ဦးဝိုင်း မရောက်လာခင်မှာလား......ရောက်လာပြီးမှလား.......ဘယ်အချိန်မှာ ပြောတဲ့ စကားကို သိချင်တာလဲ.....”
လေး-“ နှစ်ခုစလုံးဘဲ.....အဘရာ......” (လေးမ ကလဲ ထုံးစံအတိုင်း ကိုယ်တလွဲလုပ်တာ မသိသာအောင် စကားကို လုံးချလိုက်သည် )
ပေါ်- “အိမ်း......ဘုရင် မရှိတုန်းကတော့ ကဲ့ရဲ့မလို့ ဘဲ.......ဘုရင် အနားရောက်လာပြီး.....ဟဲ့ ပေါ်ဦး....နင်က...ငါ၏ ခြင်္သေ့ကြီးများကို
ဘယ်သို့ ကဲ့ရဲ့ အံ့နည်းဆိုတော့ လဲ.......... အရှေ့ဘက်ကမ်းသို့  ခုန်တော့မည့် အသွင်ဆောင်နေကြောင်းပါ လို့ ပြောခဲ့သကွဲ့ ......”
လေး- “ ဒါဆိုရင်တော့ ဦးပေါ်ဦးအစစ် ဆိုတာ လက်ခံလိုက်ပြီ.......။ ဟား....ဟား......အမတ်ကြီးကလည်း....ဘိုးတော်ဦးဝိုင်းကို သိပ်ကြောက်တာဘဲနော်......”
ဘဘကြီးမျက်နှာမှာ ချိုရာမှတည်.....တည်ရာမှပြုံး.....ပြုံးတုံးတုံးနဲ့  တခုခုကို ဖွင့်ဟချင်တဲ့ အရိပ်အယောင်တွေ မြင်နေရသည်.......။ “လေးမ” ကလည်း အကင်းပါး ပါသည်......။
လေး-“ ဘယ်လိုတုန်း ဘဘရဲ့.....ကြောက်ရင်လဲ ကြောက်တယ်ပေါ့.....
ဝန်ခံလိုက်စမ်းပါ.......” (အဲသလို ဆွပေးလိုက်သည်.....)
ပေါ်-“ ခုမှတော့ ဦးဝိုင်းလဲ သေသွားပါပြီ....တိုးတိုးတိတ်တိတ် ပြောပြရသေးတာပေါ့ကွယ်.....ကျုပ်က...
ဦးဝိုင်းကို ကြောက်လို့ မဟုတ်ဘူး......သူငယ်မရဲ့......”
“လေးမ” မျက်လုံးပြူးသွားပြီး အယောင်ယောင်အမှားမှားနှင့် ဘေးဘီဝဲယာကို ကြည့်မိသွား၏.......။
ပေါ်- “ကျုပ်က......တကယ်တော့........ခြင်္သေ့ကြီးတွေကို ကြောက်လို့ ......”
လေး- “ ဘဘကလဲ.....အရုပ်ကြီးတွေကို......ဘာကြောက်စရာရှိလဲ........”
ပေါ်- “ ဟဲ့.......သူတို့ က အရုပ်ဆိုပေမယ့် ဘုရားနားကခြင်္သေ့လေ.......”
လေး- “ ဘာမှလဲ....မဆိုင်ဘူး.....”
ပေါ်- “ ပိန်းလှချည်လား......သူငယ်မရယ်.......ဘုရားနားနေတော့ တန်ခိုးရှိသပေါ့.....ကွဲ့ .......”
လေး- “ အော်......အဲသလို.......လား......”
“လေးမ” မျက်စိထဲတွင် ခြင်္သေ့ကြီးက တန်ခိုးဖြင့် “အားချလောင်း” ဟု မန်းမှုတ်လိုက်သောကြောင့် လက်က ခြေထောက်နေရာ ရောက်သွား၍ ခြေထောက်က လက်နေရာ ရောက်သွားသော အမတ်ကြီးဦးပေါ်ဦးကို မြင်ယောင်ကြည့်ပြီး ရယ်ချင်လှသောကြောင့် ပါးစပ်ကို အုပ်ထားရသည်......။
..........
ကျင့်သားရနေသော မျက်လုံးတစ်စုံက အလိုလို ပွင့်လာသောကြောင့် နာရီကိုကြည့်လိုက်တော့.....မနက် ၆နာရီ......။ နာရီဘေးမှာက ညက ဖတ်လက်စ “ ထူးတော်မြူးသည့် ဦးပေါ်ဦး လျှောက်ထုံးပုံပြင်များ” စာအုပ်ကလေး........။ စာအုပ်အဖုံးပေါ်က ဦးပေါ်ဦး က “လေးမ” ကို ပြုံးတုံးတုံး ကြည့်နေသည်......။ “လေးမ” ကလည်း.......သိနေတယ်နော်.....ဆိုတဲ့ ပုံစံနဲ့  အမတ်ကြီးကို ပြုံးပြလိုက်ပါသည်.....။ ။

2 comments:

naing said...

ဟား..ဟား..ဟား ...ပြုံးတုံ့ မပြုံးတုံ့...မဟုတ် ။

Layma said...

ရယ်တာ….သွားမပေါ်စေနဲ့ နော်….သွားပေါ်အောင်ရယ်ရင်ခြင်္သေ့ကြီးက လုပ်လိမ့်မယ်…..ကြောက်ဖူးလား……ပျော်ရွှင်ပါစေ…..