Sunday, June 10, 2007

အဝေးတမြေမှ သားကောင်းများ

သူတို့  သွားကြသည်...
သူတို့  သွားကြလေပြီ...

အကြောင်း အမျိုးမျိုးကြောင့် သူတို့  သွားကြသည်...ရည်ရွယ်ချက်အမျိုးမျိုး ၊ ခံယူချက် အမျိုးမျိုးဖြင့် သူတို့  သွားကြသည်....။ သူတို့  ထဲမှာ လူတော်တွေပါသွားသည်.....လူကောင်းတွေပါသွားသည်....လူယဉ်ကျေးတွေပါသွားသည်.....လူပေလူတေတွေလည်းပါသွားသည်.....။
နာဆာအဖွဲ့  မှာမြန်မာပါသတဲ့....လကမ္ဘာတက်တဲ့အထဲ မြန်မာပါသတဲ့....အသက်ကယ်မယ့် အဖိုးတန် နည်းပညာတစ်ခု ကမ္ဘာကို ပေးလိုက်နိုင်တာ မြန်မာရူပဗေဒပညာရှင်တဲ့.....Australia က နာမည်ကြီး နှလုံးခွဲစိတ် ဆရာဝန်ကြီးက မြန်မာတဲ့.....America က....အရေးပြားအထူးကု ဆရာဝန်မကြီးက မြန်မာတဲ့.....နိုင်ငံခြား တက္ကသိုလ်တချို့ က ဆရာတချို့ ဟာမြန်မာတဲ့...... Los Angeles ရဲ့ projects တွေအတွက် architectural guidelines တွေရေးဆွဲပေးတာမြန်မာတဲ့ (ဆရာကြီး ဦးမျိုးမြင့်စိန်).....အများကြီးကျန်သေးတယ်....မရေးတော့ဘူး....( ၀မ်းနည်းပက်လက် ဖြစ်ကုန်မှာ စိုးလို့ ).....။
လူငယ်တွေ သွားကုန်ကြပြန်ပြီ.....( ရန်ကုန်စက်မှု တက္ကသိုလ် ဆရာကန်တော့ပွဲကို Singapore တွင်ပြုလုပ်ခဲ့သည်.....ဗိသုကာ သက်ကြီးပူဇော်ပွဲတွင် ကန်တော့မည့် လူငယ်များ နည်းလှသည်.....လူလတ်ပိုင်းတော့ အနည်းငယ်ရှိသည်......။)
Blog ရေးပြီဆိုတော့ Blog တွေလိုက်ဖတ်ကြည့်မိသည်….တွေ့  ရပြန်ပြီ…..အဝေးရောက်မြန်မာပြည်သားတွေ……ကဗျာတွေ ၊ စာတွေ ၊ အတွေးအခေါ်တွေ၊ အရေးအသားတွေ ကောင်းမှကောင်း…..။ သူတို့ …..သူတို့ တွေထဲမှာ…..တချို့ မြန်မာကို လွမ်းကြသည်….. တချို့  မလွမ်းကြ…..၊ တချို့ ပြန်လာချင်သည်….တချို့ မလာချင်ကြ…..၊ တချို့ ပြန်လာကြမည်….တချို့  မလာကြတော့……။ မည်သို့ ပင်ဖြစ်စေ…..မြန်မာပြည်မှာ မွေး…. မြန်မာပြည်မှာ ကြီးပြင်းပြီး မြန်မာပြည်မှာ နေထိုင်လျက်ရှိနေသော လေးမ ကတော့ မြန်မာတွေရဲ့(ဘယ်ကဖြစ်ဖြစ်) အောင်မြင်မှု တွေကို မြင်ရ ကြားရတိုင်း ဂုဏ်ယူဝမ်းမြောက် တတ်ပြီး အဆင်မပြေမှုတွေကို ကြားရတိုင်း ၀မ်းနည်းနေတတ်ပါသည်……။ လူကြီးတွေ ပြောတဲ့ အမျိုးကိုချစ်တဲ့စိတ် ဆိုတာ ဒါမျိုးဟုထင်ပါသည်……..။ ။

8 comments:

Anonymous said...

အင်း... ဟုတ်တယ်ဗျာ ... ကျနော်တို့ဆီမှာ အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်တိုင်းပြည်ကို စွန့်ခွာသွားတဲ့သူတွေများလာပြီ... တစ်ချို့က ခဏတာ၊ တစ်ချို့က တစ်ဘ၀စာ ...မတူကြဘူးပေါ့လေ...
ဆရာကြီး ဦးမျိုးမြင့်စိန် links ကိုကြည့်လိုက်တာ ... ၀ါး... မနည်းပါလားဗျာ... ပြည်ပမှာရောက်နေတဲ့ တကယ့်ပညာတတ်၊ပညာရှင်တွေ ...
"ဆက်မရေးတော့ဘူး..(၀မ်းနည်းပက်လက်ဖြစ်ကုန်မှာစိုးလို့) " အေးဗျာ... သူတို့လည်း အခြေအနေအရပေါ့... ပျော်ရမှာ တော်သလို နေခွင့်မရဘူး ဆိုတော့
တော်ရာမှာ ပျော်သလို နေကြရရှာတာပေါ့... တစ်ချိန်ပြန်လာကြမှာပါ... ဒီ post ကနေ စဉ်းစားစရာလေးတွေရတဲ့ အတွက် အန်တီလေးကို ကျေးဇူးပါဗျာ ...

Layma said...

mn,
စဉ်းစားစရာရသွားတယ်ဆိုလို့  ၀မ်းသာပါတယ်…လေးမကလည်း ဆက်စဉ်းစားစေချင်တာလေ….
လေးမရဲ့ အတွေးတွေကို နားလည်ပေးလို့  ကျေးဇူးပါ……..
Layma

Unknown said...

hey...chit fri...

nice journal..let them fly away..as far as they fly ..they can get more and more knowledge and can observe the different environment..

ur chit fri..mi

Layma said...

my fri Mi,

အင်း….“ပျံသာပျံပါ ထက်အာကာ သို့ ”

Anonymous said...

It's very touching!
Thanks for this post. :)

Layma said...

Thanks for ur comment...
This facts and factors touch my heart so that I made this post....

xXx.Devil.In.Disguise.xXx said...

မလေးမရေ… ဒီpostလေးဖတ်ရတာ မျက်ရေတောင်ဝဲမိပါတယ်…..
အိမ်(အမိမြေ)ကို ပြန်ချင်လှပြီ မမရေ……..

Layma said...

waime…
ငိုချင်ရင် ငိုသာငိုချလိုက် ညီမလေး… မမ မျက်ရည်သုတ်ပေးမယ်… စတာပါ… ပျော်အောင်နေနော်…။