Friday, August 31, 2007

Blog ကဗျာ...

Blog ကဗျာ
Blog Day တဲ့
မလေးက ဒီလိုလေးရေးခိုင်းတယ်…
Blog Day ဆိုမှ
Blog ဆိုတာဘာလဲ
Blog မှာဘာတွေရေးနေကြလဲ
“ငါ” ဖွဖွလေးတွေးကြည့်တယ် ....၊


Blog ဆိုတာဟာ....
IT နည်းပညာတွေ မျှဝေပေးနေတဲ့
ITဖတ်စာအုပ်တစ်အုပ်.....ဖြစ်ချင်ဖြစ်မယ်......
သိတဲ့လူတွေပြောတဲ့အတိုင်း
မသိတဲ့လူတွေက ...
HTML တွေကို edit လုပ်နေကြမယ်.......၊

Blog ဆိုတာဟာ....
စာရေးဆရာ ကဗျာဆရာတွေအတွက်
လေ့ကျင့်ရေးကွင်းတစ်ခု ဖြစ်ချင်ဖြစ်မယ်.....
ကဗျာတွေသီ စာတွေဆီလို့ ...
လှလှပပလေး ရေးဖွဲ့ နေကြမယ် ......၊
Blog ဆိုတာဟာ...
စားကောင်းသောက်ဖွယ်တွေချက်ပြုတ်.....
မီးဖိုချောင်တစ်ခု.....ဖြစ်ချင်ဖြစ်မယ်....
ချက်ပြုတ်နည်းတွေ ဝေငှ
ဟင်းချက်နည်းစာအုပ်တွေတောင်လက်မှိုင်ချရမယ်.....၊

Blog ဆိုတာဟာ....
ခရီးသွားမှတ်တမ်းလေးတစ်ခု .... ဖြစ်ချင်ဖြစ်မယ်....
ဓါတ်ပုံပြခန်းလေးတစ်ခု .....ဖြစ်ချင်ဖြစ်မယ်.....
မိသားစုကမ္ဘာလေးတစ်ခု ......ဖြစ်ချင်ဖြစ်မယ်.....
Blog ဆိုတာ ......ဖြစ်ချင်ရာဖြစ်မယ် .....
ရောချင်ရာတွေရောထားတဲ့
သုတ်စုံဗန်းလေးတစ်ဗန်းဖြစ်နေလိမ့်မယ်.....၊


ငါ့အတွက်တော့
လေးမ အတွက်တော့
Blog ဆိုတာဟာ....
( ဗိသုကာဆန်ဆန်ပြောရရင်)
အပေါက်လေးတစ်ပေါက်ပါပဲ.....၊

ငါ ၀င်ချင်ဝင်မယ်....
ထွက်ချင် ထားခဲ့မယ်....
တစ်ခုပဲ ငါစိုးရိမ်တယ်....
ဝင်လာတုန်းက ပေါ့ပေါ့လေးပဲ
ပြန်အထွက်မှာ သံယောဇဉ်တွေနဲ့  လေးနေမှာစိုးတယ်......၊

Blog အပေါက်လေးကနေ
သူတို့ အတွေးတွေ ၀င်လာတယ်....
ငါ့အတွေးတွေထွက်သွားကြတယ် ...
တစ်ခုဘဲ ငါစိုးရိမ်တယ်....
သူတို့ အတွေးတွေနဲ့  ငါနွေးထွေးခဲ့ပါတယ်....
ငါ့အရေးတွေနဲ့  သူတို့ အေးခဲသွားမှာစိုးတယ်.....၊

Blog ဆိုတာဟာ...
ငါစိုက်ပျိုးခဲ့တဲ့ သစ်ပင်တစ်ပင်လဲဖြစ်ခဲ့ပါတယ်.....
နှစ်ရှည်လား.....နှစ်တိုလား....
ဘယ်လိုသစ်ပင်လဲ.....ငါမသိပါဘူး....
ဒါပေမယ့် ....သစ်ပင်တော့သစ်ပင်ပါပဲ.....

ဒီလိုနဲ့ 
ဒီလိုနဲ့ 
....

August ဆိုတဲ့....လတစ်လကို
Blog သစ်ပင် နဲ့ စလို့ 
Blog ကဗျာနဲ့  နုတ်ဆက်လိုက်ပါတယ်.....

Blogsphere ကြီး အဓွန့် ရှည်လို့ ....
August 31 တွေ မှန်မှန်လည်ပတ်နေပါစေ.......။ ။
ကိုဘုရင့်နောင်Blog day အမှတ်တရ တစ်ခုခု ရေးပေးပါရှင်....။

6 comments:

Anonymous said...

ရေးပြီးသွားပါပြီလေးမ။ ပျော်ရွှင်စရာ ဘလော့ဂါဒေးလေး ဖြစ်ပါစေ။
ဒီဝိအန့် ဘလော့ဂါဒေးမှာ ပျော်ပျော်ရွှင်ရွှင် အ၀တ်တွေ မလျှော်ရပဲ
ကောင်းကောင်းအနား ယူနိုင်ပါစေဗျာ။ :)

မျှားပြာ said...

အရမ်းကောင်းတဲ့ ကဗျာလေးပဲ လေးမရယ်
ကောင်းတယ် ဟုတ်လည်း ဟုတ်တယ်
အပေါက်လေးလဲ ဖြသ်ချသ် ဖြစ်မှာပါ
ပျော်ရွှင်ပါစေဗျာ..။

Chit Lay Pyay said...

လေးမ ကောင်းလိုက်တဲ့ ကဗျာလေး၊ အမေ ရေ သူများ သားသမီးကျတော့ တော်လိုက်ကြတာနော်၊ (ငါ့သမီးလေး တော်လိုက်တာ ဘယ်သူကပြောတာလဲ အမေက ပြောတာပေါ့) ရပ်သီချင်းနဲ့ ၀င် အားပေးသွားတာ၊ လေးစားပါတယ် လေးမရေ၊

Layma said...

ကိုဘုရင့်နောင်… အ၀တ်တွေမလျှော်လိုက်ရဘူး…ဟီး…ပေးတဲ့ဆုပြည့်သွားတယ်…။

ကိုမျှားပြာ…ကျေးဇူးတင်ပါတယ်…. ပျော်ရွှင်ပါစေရှင်….။

မချစ်လေပြေ…အားပေးသွားတာ…မှတ်ချက်ရေးသွားတာ…လေပြေလေးတိုက်လိုက်သလို….အေး….သွားတာပဲ….။

thamudayanwe said...

nice poem

Layma said...

Thank u so much ....mama