Tuesday, December 04, 2007

My world & me … ( 1 )

ရေးဖို့လမ်းဖွင့်ပေးတဲ့ ကိုပီကေ ကို အထူးကျေးဇူးတင်ပါသည်…။ ကိုပီကေ ရေးစေချင်တာနဲ့  ကိုက်ညီရဲ့လားတော့မသိဘူး…။ လေးမ ကတော့ လေးမရဲ့ ကမ္ဘာအတုလေးနဲ့ပတ်သက်ပြီး … ဖြစ်ခဲ့ …ဖြစ်ဆဲ … ဖြစ်နေဦးမယ့် အဖြစ်အပျက် ခံစားချက်တွေကို အခန်းဆက်ရေးမယ်လို့ စဉ်းစားထားတယ် … ။

လေးမ အကြောင်းနဲ့… လေးမကမ္ဘာရဲ့ ဖြစ်တည်မှု… ရပ်တည်မှုပုံစံကို ဒီမှာ ဖတ်လို့ရပါတယ်…။

Blog ရပ်ဝန်းကို ဘယ်လို ရောက်လာသလဲဆိုတာ … Blogသစ်ပင် မှာ ရေးခဲ့ပြီးပါပြီ…။

၂၀၀ရ ခုနှစ်…

မေလ ကုန်ခါနီး ကပေါ့….
သစ်စေ့လေးတစ်စေ့….


အဝေးကြီးကနေ ရခဲ့တယ်….။
ထုပ်ပိုးထားတဲ့ စက္ကူလေးမှာ
“မလေး” ပျိုးကြည့်ပါ…..တဲ့….။
ထူးဆန်းတဲ့ သစ်စေ့လေး…..


ဘာပင်လဲမေးတော့….
ဘာပင်လဲသိချင်ရင်
ဒို့ ဥယျာဉ်မှာ ၀င်ကြည့်ပါ…..
ဥယျာဉ်လေးရဲ့ တည်နေရာ “www.???.blogspot.com ” မှာ…..တဲ့ ။
အဲဒီတုန်းက သူ့ သစ်ပင်လဲ ပျိုးသစ်စ….
အကိုင်းအခက်လေးတွေ ထွက်သစ်စ…..။
သစ်ရွက်လေးတွေက အရောင်စုံ….
အပူရောင်…အမြူးရောင်….ထူးတဲ့အရောင်….ရူးမဲ့အရောင်…
အရောင်စုံတွေ ရောယှက်….label တပ်လျက်ပေါ့….။
ထူးဆန်းတဲ့ သစ်ပင်လေး …..
ပျိုးနည်းလေးပေးပါ….ဆိုတော့….
နည်းလမ်းတွေမပေး…..လိပ်စာတွေ တသီကြီးပေးခဲ့တယ်…..
ပေးထားတဲ့ လိပ်စာတွေထဲ
ဟိုဝင် ဒီထွက်…ဟိုမှာရှာ…ဒီမှာမေး….
လေးမ သစ်စေ့လေး ပျိုးခဲ့တယ်…..။

ဒီလိုနဲ့ ….
သစ်စေ့လေး အပင်ပေါက်….
သစ်ပင်လေးဘ၀ရောက်ခဲ့ပြီ…..။
အကိုင်းအခက်လေးတွေ အမျိုးမျိုး…
သစ်ရွက်လေးတွေက တန်ခိုးရှိတယ်…..
တချို့ က ရယ်ပြတယ်….တချို့ ကငိုကြတယ်….
တချို့ က တွေးတယ်….တချို့ ကဆွေးတယ်…..
အဖြူရောင်တချို့ …..အနီရောင်တချို့ နဲ့ ….
အပြာရောင်တချို့ လဲ ခြယ်ထားတယ်…..။
သစ်ပင်လေးရှိရာကို ခရီးသွားတွေ အမျိုးမျိုး…
ရိုးရိုးလေးပဲ ရောက်ခဲ့ကြတယ်…..
တချို့ က တမင်လာတယ်….တချို့ က ကြုံလို့ လာတယ်….
တချို့ က မျက်စိလည်လမ်းမှား…..တချို့ ကမတော်တဆ….
တချို့ က လူမှုရေးအရ…..
ဘယ်လိုပင် အကြောင်းပြ…သစ်ပင်လေးကတော့….
(သူတို့ ဆီက) အပျော်တွေမျှ…..ခွန်အားတွေရခဲ့တယ်…..။
တချို့ ကရေလောင်းသွားလို့ ….တချို့ က ရေဖြည့်ခဲ့ကြတယ်….
တချို့ ကပေါင်းသင်….တချို့ ကမြေရှင်းပေးခဲ့ကြတယ်….။
ဒီလိုနဲ့ ….အခုဆိုရင်
၂လသားကျော်ကျော် သစ်ပင်လေးမှာ….
အကိုင်းအခက်တွေ ၁၂…..
သစ်ရွက်တွေ ၄၈ ပါ…..။ ။


လေးမရဲ့ Blog ကိုမြင်တဲ့ အမြင်ကို Blog ကဗျာ မှာ ရေးပြခဲ့ပါတယ်…။



Blog Day တဲ့
မလေးက ဒီလိုလေးရေးခိုင်းတယ်…
Blog Day ဆိုမှ
Blog ဆိုတာဘာလဲ

Blog မှာဘာတွေရေးနေကြလဲ
“ငါ” ဖွဖွလေးတွေးကြည့်တယ် ….၊


Blog ဆိုတာဟာ….
IT နည်းပညာတွေ မျှဝေပေးနေတဲ့
ITဖတ်စာအုပ်တစ်အုပ်…..ဖြစ်ချင်ဖြစ်မယ်……
သိတဲ့လူတွေပြောတဲ့အတိုင်း
မသိတဲ့လူတွေက
HTML တွေကို edit လုပ်နေကြမယ်…….၊

Blog ဆိုတာဟာ….
စာရေးဆရာ ကဗျာဆရာတွေအတွက်
လေ့ကျင့်ရေးကွင်းတစ်ခု ဖြစ်ချင်ဖြစ်မယ်…..
ကဗျာတွေသီ စာတွေဆီလို့ …
လှလှပပလေး ရေးဖွဲ့ နေကြမယ် ……၊


Blog ဆိုတာဟာ…
စားကောင်းသောက်ဖွယ်တွေချက်ပြုတ်…..
မီးဖိုချောင်တစ်ခု…..ဖြစ်ချင်ဖြစ်မယ်….
ချက်ပြုတ်နည်းတွေ ဝေငှ


ဟင်းချက်နည်းစာအုပ်တွေတောင်လက်မှိုင်ချရမယ်…..၊

Blog ဆိုတာဟာ….
ခရီးသွားမှတ်တမ်းလေးတစ်ခု …. ဖြစ်ချင်ဖြစ်မယ်….
ဓါတ်ပုံပြခန်းလေးတစ်ခု …..ဖြစ်ချင်ဖြစ်မယ်…..
မိသားစုကမ္ဘာလေးတစ်ခု ……ဖြစ်ချင်ဖြစ်မယ်…..




Blog ဆိုတာ ……ဖြစ်ချင်ရာဖြစ်မယ် …..
ရောချင်ရာတွေရောထားတဲ့
အသုတ်စုံဗန်းလေးတစ်ဗန်းဖြစ်နေလိမ့်မယ်…..၊

ငါ့အတွက်တော့
လေးမ အတွက်တော့
Blog ဆိုတာဟာ….
( ဗိသုကာဆန်ဆန်ပြောရရင်)
အပေါက်လေးတစ်ပေါက်ပါပဲ…..၊
ငါ ၀င်ချင်ဝင်မယ်….
ထွက်ချင် ထားခဲ့မယ်….
တစ်ခုပဲ ငါစိုးရိမ်တယ်….
ဝင်လာတုန်းက ပေါ့ပေါ့လေးပဲ
ပြန်အထွက်မှာ သံယောဇဉ်တွေနဲ့  လေးနေမှာစိုးတယ်……၊

Blog အပေါက်လေးကနေ
သူတို့ အတွေးတွေ ၀င်လာတယ်….
ငါ့အတွေးတွေထွက်သွားကြတယ် …
တစ်ခုဘဲ ငါစိုးရိမ်တယ်….
သူတို့ အတွေးတွေနဲ့  ငါနွေးထွေးခဲ့ပါတယ်….
ငါ့အရေးတွေနဲ့  သူတို့ အေးခဲသွားမှာစိုးတယ်…..၊

Blog ဆိုတာဟာ…
ငါစိုက်ပျိုးခဲ့တဲ့ သစ်ပင်တစ်ပင်လဲဖြစ်ခဲ့ပါတယ်…..
နှစ်ရှည်လား…..နှစ်တိုလား….
ဘယ်လိုသစ်ပင်လဲ…..ငါမသိပါဘူး….
ဒါပေမယ့် ….သစ်ပင်တော့သစ်ပင်ပါပဲ…..

ဒီလိုနဲ့ 
ဒီလိုနဲ့ ….

August ဆိုတဲ့….လတစ်လကို
Blog သစ်ပင် နဲ့ စလို့ 
Blog ကဗျာနဲ့  နုတ်ဆက်လိုက်ပါတယ်…..။

ဟား … ဟား… လေးမ ဆားချက်တယ်လို့ ပြောချင်နေကြပြီလား…။ ဆားချက်တာမဟုတ်ပါဘူး … အဟောင်းတွေပြန်ဖွရင်း အတိတ်ကို လှုပ်နိုးကြည့်တာပါ …။ ရေးလို့တော့မပြီးသေးဘူး ဒါပေမယ့် Tag လိုက်ဦးမယ်… လေးမ ချောက်တွန်းသမျှ မငြီးမငြူခံတဲ့ ဓါတ်ပုံဆရာ သန့်ဇော်မင်း …. ကဲ… ကိုသန့်ရေ … လာထား… My blog & me ….။

7 comments:

Anonymous said...

အမရေ ရေးလည်း ရေးတက်တယ်နော်။
ကဗျာ ဆန်ဆန်လေး။
သမီးတော့ ကို့လို့ကန့်လန့်ရေးထားတယ်ဗျ။

Anonymous said...

အမ် အဲဒါ ဆားချက်တာ မဟုတ်လို့ဘာလဲ အတိတ်ကို တွေးတယ်လေး ဘာလေးနဲ့ ဟတ်ဟတ် ။။။။ အကုန်ဖတ်ပြီးသားဆိုတော့ .....ကောင်းတယ်။
း)

Anonymous said...

မမလေးရေ.....
အတိတ်ကို သံယောဇဉ်ဖြတ်ထားတာကို ပြန်လွမ်းခိုင်းပြန်ပြီ.. :P
ရေးမယ်နော်.. မနက်ဖန်..

Anonymous said...

နှင်းဆီလေး... ညီမလေးရေ ... ကို့လို့ကန့်လန့်ရေးတတ်ဖို့က တော်တော်ခက်တယ်... ရေးနည်း မရှိဘူးလေ...။

မျှားပြာ ... အဲဒါ ဆားချက်တာဟုတ်ဘူး...။ ထမင်းချက်တာ...။

ကိုသန့် ... အတိတ်ကို မဖြတ်ပါနဲ့ ...။ လွမ်းရတာကောင်းပါတယ်...။

Anonymous said...

Blog အကြောင်းကိုပြောပြချင်တာကတော့အများကြီးပဲ..
comment box မှာမဆံ့လို့ရေးတော့ဘူး...
:D

Anonymous said...

Blog ပေါ်မှာစာတွေရေးတဲ့သူကို... Blogger
Blog ရေးတဲ့သူတွေစုဝေးရာနေရာကို... Blogsphere
Blog ပိုင်ရှင်ကကြည့်ဖို့သင့်တယ်ဆိုပြီး...ချိတ်ပေးထားတဲ့Blog links တွေကို Blog roll
လို့ပြောကြတာကိုတော့ Sparrow မှတ်သားဖူးပါတယ်
အမရေ

Anonymous said...

comment box မှာဆန့်ပါတယ်..အားရပါးရသာပြောသွား..။ ဆီပုံးမှာက စာတွေက ပျောက်သွားတာဆိုတော့ အဆင်မပြေဘူး...။