Tuesday, December 04, 2007

My world & me … (2 )

လေးမရဲ့ Blogကို ဒီလိုမဖြစ်ချင်ခဲ့ပါဘူး …

ငါ့ဘလော့ဂ် စာမျက်နှာဟာ

ကလောင်လက်နက်တွေ ကိုင်စွဲ

အယူဝါဒတွေ ကွဲလွဲ နေမယ့်

နိုင်ငံရေး စစ်မျက်နှာပြင်တစ်ခု မဟုတ်ဘူး…။

လေးမ Blogger တစ်ယောက်ဖြစ်ဖို့ထက် ပျော်ပျော်ရွှ့င်ရွှင်ခင်ခင်မင်မင် လွတ်လွတ်လပ်လပ်ကမ္ဘာလေးရဲ့ ဘုရင်မ တစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ် ….။

ငါ့အတွက်တော့

Blogger ဟုတ်ဟုတ် မဟုတ်ဟုတ်

သိပ်တော့မထူးပါဘူး…

ငါ့နာရေးစာမျက်နှာမှာ

လေးမ ( Blogger )

၂၈ နှစ်လို့

ရေးပြဖို့မှမလိုဘဲ…

ငါ့လိပ်စာကဒ်မှာလည်း

www. layma-layma.iblogger.org လို့

ငါမရေးဘူးလေ….။

( Blog ကဗျာမှာ အစက အပေါ်က စာတပိုဒ်ရယ် ဒီစာသားတွေရယ် ပါတယ် … ဂျယ်ရီက ဖြုတ်လိုက်ပါ … လေးမကို သူများတွေ မုန်းသွားလိမ့်မယ် … သူငယ်ချင်းကို အားလုံးက ချစ်ခင်ကြတာပဲ မြင်ချင်တယ် … ရန်လိုသံတွေအတွက် လမ်းဖွင့်မပေးပါနဲ့ လို့ ကန့်ကွက်ခဲ့လို့ ဖြုတ်ထားခဲ့တာ …။ အခု ဂျယ်ရီ မလာတော့လို့ အရွဲ့ တိုက်ပြီး တင်ပါတယ် …။ ဘယ်အချိန် ပြန်ဖျက်မိမယ်မသိ …။ )

သူငယ်ချင်းတွေက လေးမရဲ့ Blog ကို ဘာပြောသလဲဆိုရင် …

စာခရီးသည်မှ

အို သစ်ပင်ငယ် …

သင်၏ အရှင် သင့်သခင်၏

စိုက်ပျိုးယုယ ကူလုံ့လကြောင့်

သစ်လွင်ပျိုလို့ စိုခဲ့ပြီ။

မန်းချယ်ရီနှင့် ‘မိ’ သူငယ်ချင်း

လွမ်းရင်းနဲ့သာ ဖြေရာရှာသည့်

အတိတ်ခြေရာ ခက်ကိုင်းမှာမူ

လွမ်းဖွယ်ရွက်ရည် သီခဲ့သည်မှ

ပျော်ဖွယ်ရွက်ညီ ချည်ခဲ့သည်။

ဗိသုကာမည် တည်သည့်ကိုင်းထက်

တတ်သိပညာ ထိုထိုရာကို

မပိုမပီ ရွက်စာစီခဲ့ ။

ကဗျာကိုင်းခက် သိုင်းပတ်ရံသည စီရရီ တည့်။

ကာတွန်းမည်ရ ကိုင်းသာစွတွင

ပြုံးကြည်ရွှင် ၏ ။

ပုံပြင် အတွေး ကိုင်းကလေးမှာ

တွေးစချိုရီ သာယာပေ၏ ။

စာပေကိုင်းထက်

အတွေးရွက်မည် လှုပ်ခတ်လေ၏ ။

သူပြောလိုရာ ကိုင်းခက်မှာလည်း

သူ့စကားရွက် စုံဝဲလက်၏ ။

ရာသီစာမည် ထိုကိုင်းသည်လည်း

မိုးရွက်ဝေလို့ သီခဲ့သည် ။

ခက်လက်ယှက်ဖြာ

ရွက် စိမ်း ၀ါ နဲ့ နီတြာ တင့်မော သာသည့်ကြောဝယ်

လင်းမြနှင်းပျို ခိုခဲ့တစ်လ

ရီညို မိုးစက် သက်ခဲ့တစ်ခါ

လက်ဖြာ နေခြည် ဆင်းခဲ့သည်ကြောင့်

သင့်ရိပ်အောက်တွင် ခိုနားဝင်သည

ကြည်သာရွှင်မြ ရပေ၏ ။

အို သစ်ပင်ငယ် …

စာခက် ရွက်စုံ သာသည့် ဘုံဝယ်

လက်ကြယ် ရွက်သစ် ဝေဆင့်ပွင့်စေ …

ခြွေသည့်ဆုမွန် အချွန်နှင့်မ ( အဲ ..ဟုတ်ပေါင်)

ခြွေသည့်ဆုမွန် ဤသ၀ဏ်ကို

သင့်သခင်အားပေးပါလေ …။

ဂျယ်ရီကတော့ ကောင်းကင်မှာ စိုက်တဲ့သစ်ပင် တဲ့…။



အဲဒီသစ်ပင်လေးမှာ
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေရှိတယ် …
လွမ်းဆွတ်ခြင်း အတိတ်နဲ့ မွတ်သိပ်တဲ့ မနက်ဖြန်တွေ
သက်ဝင်လှုပ်ခတ် စကားလုံးစုတ်ချက်တွေရဲ့ ပန်းချီကားတစ်ချပ်လို
နေ့ဘက်ဆို နေသွားရာလမ်းတလျှောက် လန်းဆန်းတောက်ပတတ်တယ်
ညဘက်ဆို လ နဲ့ကြယ် ငိုရအောင် လင်းလက်ချိုမြ အရိပ်တွေတောင် လှပနေပြန်ရော
သစ်ရွက်တို့ရဲ့ ရနံ့ကို မွှေးရှိုက်လိုက်တော့ တချို့မှာ မျက်ရည်စို၊တချို့မှာ အပြုံးတွေ ခိုလို့
ဒါပေမဲ့လေ … သူသီချင်းဆိုတဲ့ အခါ ခိုနားတဲ့ ငှက်တွေတောင် ဆွံ့အ သွားတတ်သလိုပဲ
တချို့ကတော့ သူ သီတဲ့ တေးကို သူနဲ့ အတူဆိုလို့ စိမ်းစို လတ်ဆတ်လိုက်ကြတာ
တံတိုင်းတွေ ပြိုသွားသလို အချိန်တွေလည်း ပျိုသွားကြလေရဲ့ …
အဲဒီလိုနဲ့ပဲ ဖွင့်ထားတဲ့ ပြတင်းပေါက်တွေလိုမျိုး
ဖြန့်ထားတဲ့ အတောင်ပံတွေလိုမျိုး
ကောင်းကင်မှာ
စိုက်
တဲ့
သစ်
ပင်
လေး
လည်း
မုန်တိုင်းတွေ ကြားမှာ ငြိမ်းအေးစွာ ရှင်သန်ဆဲ ရှင်သန်မြဲ ရှင်သန်နေဦးမယ် ….



ရေးလို့တော့မပြီးသေးဘူး ဒါပေမယ့် Tag လိုက်ဦးမယ်… ကြောင်မျိုး … ဒေါက်မျိုး… ဒေါက်ကြောင် … လို့ လေးမ နာမည်ဖျက်သမျှ စိတ်မဆိုးတဲ့ ...၊ ညိမ်းညိုရဲ့ စတုတ္ထမြောက် ပလက်ဖောင်းဖြစ်ဖို့ ကြံစည်ခဲ့တဲ့ ... အစ်ကိုကြီး အခွံမောင်မျိုး..။

8 comments:

Anonymous said...

အောက်မြက်လေး...လှလိုက်တဲ့ နာမည်တွေ...ကျနော့် ကလေးကျ နာမည်လာရွေးခိုင်းအုံး မှာ...ကိုယ့်ကိုယ် ဒီလောက်ပြောတာ စိတ်မဆိုးတဲ့  မပြင် ရီလိက်ရတာဗျာ..အဟာဟားးးးးးးးးးးးးးး........အဲ ဒါပေမဲ့  ကိုညိမ်းညို၇ဲ့  စတုတ္ထမြောက် ပလက်ဖောင်းဖြစ်ဖို့ ကြံစည်နေတာတော့..မဟုတ်ဘူးဗျ...ကျနော် က အစိမ်းရောင် မြင်ရင် ဖျားတတ်လို့ ပါ....ရေးပေးမယ် ကြာတော့ကြာမယ်...ခွဲစိတ်ခန်း ၀င်စရာ၇ှိသေးလို့  ....

Anonymous said...

လေးမရေ.. ကဗျာလေး တွေ အားလုံးဖတ်သွားတယ်.. ကြံကြံဖန်ဖန်ရေးတတ်တဲ့လေးမ.. ဒီစာသားလေးတွေ ကြိုက်တယ်.. :)
“ငါ့အတွက်တော့
Blogger ဟုတ်ဟုတ် မဟုတ်ဟုတ်
သိပ်တော့မထူးပါဘူး…
ငါ့နာရေးစာမျက်နှာမှာ
လေးမ ( Blogger )
၂၈ နှစ်လို့
ရေးပြဖို့မှမလိုဘဲ…
ငါ့လိပ်စာကဒ်မှာလည်း
www. layma-layma.iblogger.org လို့
ငါမရေးဘူးလေ….။ “

Anonymous said...

မနုစံပြောသလိုပဲ ... နော်ဒေါ်လေးမ ..
ဟတ်ဟတ်ဟတ် အဒေါ်ခေါ်ရမဲ့ အရွယ်မို့လို့ အဒေါ်တာနော်
ချိုတ်ချိုးနဲ့ :P

Anonymous said...

မလေပြေ ပြောချင်တာတွေ မနု-စံက ဦးသွားပြီ၊ ဟုတ်တယ်။ မနု-စံ ပြောသလိုပဲ အဲဒီ စာသားတွေကို အကြိုက်ဆုံးပဲ၊ သိပ်ခိုက်သွားပြီး၊

Anonymous said...

အစ်ကိုစိတ်ညစ်လို့ လျှောက်လည်ရင်း လေးမဆီကိုရောက်လာတယ်။ "ငါ့ဘလော့ဂ် စာမျက်နှာဟာ
ကလောင်လက်နက်တွေ ကိုင်စွဲ
အယူဝါဒတွေ ကွဲလွဲ နေမယ့်
နိုင်ငံရေး စစ်မျက်နှာပြင်တစ်ခု မဟုတ်ဘူး…။" ဟိုက်..... ပြသနာပါလား ငါ့ထက်ဆိုးပြီလားတွေးမိတယ်။ ဆက်ဖတ်ရင်း ဆက်ဖတ်ရင်းနဲ့ ကာရံတွေကလည်း ညှိမှညှိပေါ့

"အို သစ်ပင်ငယ် …
စာခက် ရွက်စုံ သာသည့် ဘုံဝယ်
လက်ကြယ် ရွက်သစ် ဝေဆင့်ပွင့်စေ …
ခြွေသည့်ဆုမွန် အချွန်နှင့်မ ( အဲ ..ဟုတ်ပေါင်)
ခြွေသည့်ဆုမွန် ဤသ၀ဏ်ကို
သင့်သခင်အားပေးပါလေ …။"
အဆုံးသတ် အပိုဒ်လည်း ရောက်ကော မရီပဲနဲ့ကိုမနေနိုင်ဘူး ဖြစ်သွားတယ် လေးမစာတွေက အဲဒီအတိုင်းဘဲ ခပ်တည်တည်နဲ့ နောက်တတ်တယ်လို့ပဲပြောရမလား ပဲ၊ ခံစားရတာလည်းပါတော့ ပါမယ်ထင်တယ်။ ဒါပေမယ့် စိတ်ဖြေတတ်တဲ့စွမ်းရည်တွေ အများကြီးရှိပုံရတယ်။ ကျေးဇူးတင်ပါတယ် ညီမရယ် ရီလိုက်ရတာမနည်းပဲ။

Anonymous said...

မမလေး..
ဘာပြောရမှန်းတောင် မသိတော့ဘူး.. ရေးတက်လိုက်တာလို့ပဲ ပြောရတော့မယ်...။ တကယ်ဗျာ.. စာရေးနည်းလေး သင်ပေးပါလား..လို့

Anonymous said...

>ကြောင်မျိုးရဲ့ ကလေးအတွက် ခုကတည်းက နာမည်ပေးလိုက်မယ်...။ ဘေဘီကြောင် (သို့) ကြောင်ဂျူနီယာ ပေါ့ကွယ်....။ ကြောင်မျိုးက ညိမ်းညိုကို စာပေးတယ်ဆိုတော့ ပလက်ဖောင်းဖြစ်ချင်သလားလို့ပါ....။

>မနုစံ..မျှားပြာ ... မမလေပြေ... လေးမ ရဲ့ နာရေးစာမျက်နှာကို ကြိုက်တယ်ဆိုတော့ ... ငိုတောင်ငိုချင်လာပြီ...။ မေတ္တာထားတယ်လား...။

>ကိုသူပုန် ... အဲဒီကဗျာက လေးမ သူငယ်ချင်းက ကွန့်မန့်မှာ ရေးသွားတာပါ ...။ လေးမက အဲလို ပေါတောတောတွေ မရေးဘူး...။ တည်တည်တန့်တန့်ပဲ ရေးတာ...။ ဟီး။။ဟီး။။။

>ကိုသန့် ... စာရေးနည်းသင်တန်းပေးမယ်...။ တစ်လ မြန်မာ အကြွေစေ့ ၂၀၀ ပေးရမယ်..။

Anonymous said...

လုပ်ချလိုက်ပြန်ပြီ ။ ထင်တော့ထင်ခဲ့သားပါဗျာ ။ ဘာပဲဖြစ်ဖြစ် စိတ်ပွင့်ရာ လွှင့် လိုက်တာ သာယာပါတယ် ။ ခုတော့ တပည့်ကျော် ဂျယ်ရီ ပြန်လည်ရောက်ရှိကြောင်းပါ .. ရှိဖော် :D