Tuesday, December 18, 2007

My world & me ( 5 )

Tag သမျှရေးသည် … ကြွေးကျန်မရှိ

သူများတွေက ကြွေးကျန်စာရင်းတွေ ထုတ်ပြန်နေတဲ့ အချိန်မှာ အကြွေးကင်းရှင်းသူဖြစ်ကြောင်း မင်္ဂလာဝင်ယူလိုက်ဦးမယ်…။ Tag game ကို မလေးက အထုပ်ဖြည်ပြရတာလို့ပြောတယ်… ကိုစိုးထက်က ရေးစရာမရှိရင် အသုံးဝင်တယ်လို့ပြောတယ်… တချို့က ဘလော့ဂ်ဂါ တွေရဲ့ ခင်မင်မှုလေးကိုပြတယ်လို့ မြင်တယ်….။ လေးမလည်း Tag game ကို သဘောကျတယ်…။ အကြောင်းအရာတစ်ခုအပေါ် အားလုံးက ဖွင့်ဟ လို့ရသွားတာပေါ့ …။ Tag ခံရရင် ကျေနပ်တယ်….။ Tag ခံရရင် မနေနိုင်ဘူး…။ ချက်ချင်းရေးချင်တယ်…။ ရေးလက်စ တွေကို ပစ်ထားပြီးတော့ကိုရေးတာ….။

လေးမ ကလည်း ခင်တဲ့သူတွေကို Tag တယ်…။ လေးမ tag တာကိုရေးပေးတဲ့သူတွေကို tag တယ်…။ ရေးပေးမှလည်းကြိုက်တယ် … ။

အမှတ်တရ Tag ခရီးစဉ်

၁။ မိုးတွေရွာရင်

ဘလော့ဂ်ရပ်ဝန်းမှာ ပထမဆုံး tag ခံရတာ…။ ပုဂံသားက tag တာပါ …။ တကယ်ပြောတာပါ. ..။ သိပ်ပျော်သွားတာပဲ…။ ဘလော့ဂ်ရပ်ဝန်းထဲကို ရောက်ခါစ ဘလော့ဂ်ဂါအသစ်လေး တစ်ယောက်အနေနဲ့  အံ့သြသွားပါတယ်…။ ငါ့ကို သူငယ်ချင်းလုပ်မယ့်သူ … လက်တွဲခေါ်တဲ့သူ ရှိပါလား ဆိုပြီးတော့လေ…။ ခုတော့ ပုဂံသားတစ်ယောက် ပျောက်ချက်သားကောင်းနေပြန်ပါပြီ…။

နောက်တစ်မိုး ( သို့ ) MTU မှာရွာတဲ့မိုး

ဘလော့ဂ်ဂုရုကြီး ကိုရန်အောင်က စက်မှုတက္ကသိုလ်ကျောင်းသူဟောင်းတစ်ဦးရဲ့ မိုးရွာခဲ့သောရက်စွဲများကို သိချင်ပါတယ်ဆိုပြီး tag ခံရတာပါ …။ ဘာပြောကောင်းမလဲ …ကိုရန်အောင်က tag တာဆိုတော့ ရေးပြီးသားကို ထပ်ရေးတာ….။

၃။ အကြိုက်ဆုံး အဟောင်း ၅

ကိုဘုရင့်နောင်က ရေးပြီးတဲ့ထဲက အကြိုက်ဆုံး ပို့စ် ၅ ခုရွေးခိုင်းတာပါ …။ လေးမ မသိတာမှန်သမျှ ရှင်းပြတတ်တဲ့ ကိုဘုရင့်နောင်လည်း ခုတော့ ပျောက်သွားလေပြီ….။

၎။ Blog ကဗျာ

Blog Day အမှတ်တရ အနေနဲ့  မလေးလို့ခေါ်တဲ့ မ အိမ့်ချမ်းမြေ့ က တက်တာပါ …။ အမှတ်တရ နေ့လေးမှာပါဝင်ခွင့်ပေးတဲ့ မလေးကို သိပ်ကျေးဇူးတင်တာပဲ…။

၅။ August လမှာ အကြိုက်ဆုံး

မလေးက အကြိုက်ဆုံး ၅ ပုဒ်ရွေးဖို့ tag တာပါ …။ ချစ်ရတဲ့ မမ က ရေးခိုင်းတော့လည်း ရေးပြီးသားပေမယ့် ထပ်ရေးပါတယ်…။

၆။ ဆောင်းအိပ်မက

ဆောင်း မှာ မွေးတဲ့ ပေါက်ပေါက်ဆုပ် လေးက ဆောင်းမှာမွေးတဲ့ လေးမ ကို ဆောင်း အကြောင်းရေးဖို့ tag တာပါ …။ ပေါက်ပေါက်ဆုပ်လေးလည်း မွေးနေ့ကျွေးရမှာကြောက်လို့ ထွက်ပြေးနေလေရဲ့…။

ရ။ မွေးရပ်မြေ

မခွန်မြလှိုင်က မွေးရပ်..နေရပ်နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးရေးခိုင်းတာပါ…။

၈။ ငယ်ငယ်တုန်းက

မမချစ်လေပြေက ငယ်ငယ်တုန်းက ဆိုတော့ ငယ်တုန်းက ပုံစံကို ရေးခိုင်းတယ်မှတ်ပြီးရေးလိုက်တာ…။ မမက တူတူပုန်းတယ်ဆိုတာတော့တွေ့ သား…. ဒါပေမယ့် ကစားခဲ့ဖူးတဲ့ ကစားနည်းတွေရေးခိုင်းမှန်းမသိဘူး…။ မဂျစ်နဲ့  မလေး ရေးထားတော့မှ ကစားနည်းမှန်းသိတယ်…။ မွှားသွားလို့ မမလေပြေရေ…အာဘွား…။

၉။ What's in layma's bag?

မဂျစ်တူးက အိတ်ထဲမှာပါတာတွေမေးထားတယ်…။ မဂျစ်ပို့စ်ဖတ်ပြီးတာနဲ့  လွယ်နေကျ အိတ်ကြီးယူ…မှောက်ချ…. ဓါတ်ပုံရိုက်တော့ ကောင်းကင်ကြီးက ဘာဖြစ်တာလဲတဲ့ …။ မဂျစ်ပို့စ်လေး ပြတော့ လေးမကိုရယ်တယ်…. ပေါက်ကရတွေတဲ့ …။

၁၀။ မိန်းကလေးဆောင်က အစ်ကိုကြီး

ကိုရန်အောင်က Halloween အမှတ်တရ အနေနဲ့  သူရေးထားတာဖတ်တဲ့သူတိုင်းကို tag တယ်ဆိုလို့ ရေးပါတယ်…။

၁၁။ Fearful_Fearless

Chaos လေးက ရေးခိုင်းတာပါ..။ သေချာစဉ်းစားပြီးမှ ရေးတာပါ…။

၁၂။ အနှစ်သက်ဆုံး စာရေးဆရာများ

မိုးချစ်သူလေးက တက်ထားတယ်လို့ လာအော်တာနဲ့  ချက်ချင်း သွားကြည့် …ချက်ချင်းရေး..ချက်ချင်းတင်လိုက်တဲ့ ပိုစ့်လေးပါ…။

၁၃။ အချစ်ဆုံးသို့ အိတ်ဖွင့်ပေးစာ

ကိုဝေ ရေးခိုင်းတာ တော်တော်စဉ်းစားလိုက်ရပါတယ်…( အချစ်ဆုံးက ဘယ်သူပါလိမ့် လို့ စဉ်းစားနေရတာ ) …။ နည်းနည်းကြာသွားတယ်…။

၁၄။ My world & me

ကိုပီကေ … က လူတိုင်းလိုလိုကို ရေးခိုင်းလိုက်တဲ့ ပို့စ်လေးပါ …။ ရေငတ်တုန်းရေတွင်းထဲကျသလို အခွင့်ကောင်းယူပြီး လေးမ မရပ်မနား ရေးနေတဲ့ ပို့စ်လေးပါ…။

၁၅။ အိပ်မက်

မောင်မျိုး က အိပ်မက် မက်ခိုင်းတာ …။ မက်ခိုင်းပြီး အခုသူက လေးမ အိမ်လာလည်လို့ မရဘူးဆိုပြီး ထွက်ပြေးနေတယ် …။

လေးမ မရေးဖြစ်ခဲ့တာ တစ်ခုပဲ ရှိပါတယ်…။ အဲဒါကတော့ ဖတ်သူတိုင်းကို tag သည်ဆိုတဲ့ ကိုမိုးညိုရဲ့ “ ကိုယ်ကျင့်တရားနဲ့  သောက်ကျင့်မကောင်းခဲ့တဲ့ ကျွန်တော် ” …….။

ခရီးစဉ်တစ်လျှောက်ကို ပြန်သုံးသပ်ကြည့်တော့ လေးမ တော်တော် ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းတာကို တွေ့ လိုက်ရပါတယ် …။ စိုသောလက်များ ခြောက်သွားကြလေပြီ လေ….။ လေးမကို ချစ်တဲ့ ခင်တဲ့ tag ခဲ့ကြတဲ့ သူ တော်တော်များများ လေးမနားက တစ်ယောက်ပြီး တစ်ယောက် ပျောက်သွားကြတယ်….။ အမြဲလာဖတ်တတ်တဲ့ ဘလော့ဂ်မရေးတဲ့ ဂျယ်ရီတောင် မလာတော့ဘူး….။ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာ ဖြစ်စေတဲ့ အွန်လိုင်းပေါ်မှာ ပျောက်ဆုံးသွားတဲ့ ခြေရာတွေကို လိုက်ရှာဖို့ကျတော့ ခက်ခဲလိုက်တာ ….။ ။

Q : What kind of ship never sinks ?

A : Friendship ! Right ? ( ခုတလောဒီစာလေးပဲ မျက်စိထဲမြင်မြင်နေလို့ :( )

16 comments:

Anonymous said...

တီလေးရေ့ ....ဒီနေ့ ကံကောင်းလို့ ဝင်လို့ ရတာ..ပို့ စ်တိုင်းမှာ ကော့မန့် ရေးခဲ့တယ်နော်..တက်စ်ဂိမ်း ကပျော်ဖို့ ကောင်းပါတယ်..ကျနော်လဲကြိုက်တယ်...ကိုယ့်လို ပသစ်လေးကို အသိမှတ်ပြုပေးတဲ့ အတွက်လဲကျေးဇူးတင်တယ်။
တက်စ်မှာတော့ အကြွေရှင်းတယ်ပေါ့လေ...အပြင်မှာ ကောဗျ..ကိုကောင်းကင်ကြီး မသိအောင် လိမ်းထိပ်က ဆိုင်မှာ မုန့် ဟင်းခါ ၃ ပွဲ အကြွေးသွားစာထားတယ်မဟုတ်ဘုးလားး...
ဟားး....ပျက်ကျတော့ မယ် အခြေနေမကောင်ဘူးး..
ဘိုင်းး..
မုန့် ဟင်းခါသည် ဒေါ်အေပု ကို အကြွေးသွားဆပ်လိုက်အုံးနော့်

Anonymous said...

ဟုတ်လို့လားဗျ....အကြွေးကင်းတယ်ဆိုတာ....
Cbox မှာရေးခိုင်းဘူးတယ်လေ...
တစ်မိုးတွင်းလုံးစိုစွတ်ခဲ့တဲ့အမ Blog လေးကို
မိုးကုန်ပြီ...နှုတ်ဆက်တဲ့ပိုစ့်ရေးခိုင်းတာကျတော့မရေးပေးဘူး...
စာကလေးအရမ်းစိတ်ဆိုးတယ်နော်....
သူငယ်ချင်းတွေများလာပြီဆိုတော့..ငါရေးခိုင်းတာကိုဘယ်ရေးနိုင်တော့
မလဲဆိုပြိးနေလာတာ...
အစလာဖော်တယ်...

Anonymous said...

ချစ်မရေ

ဆုမွန်လဲ Tag Game လေးကို ကြိုက်တယ်။ ပျော်လို့။

ချစ်မ ပေါင်းသင်းဆက်ဆံရေး ညံ့လို့မဟုတ်ရပါဖူး။
အဲလိုမတွေးပါနဲ့ချစ်မရာ.....ဒီလိုပဲပေါ့.......နော်....

ချစ်မမအမြဲ ပျော်ရွှင်ပါစေ

Anonymous said...

ဂလိုမပြောပါနဲ့ညီမရယ်... ခုနေ ကောင်းကောင်းခြင်းလာပါတယ်။ လာခဲ့အုန်းလေ.. အားရင်ပေါ့

Anonymous said...

အမလည်း Tag game ကို ကြိုက်တယ်.. မဂျစ် tag တော့မှ အိတ်ထဲဘာရှိလဲဆိုပြီး စရေးဖူးတာ..လေးမကတော့ အများကြီးပဲ.. ပျော်စရာကြီး.. tag game က ရေးစရာ စဉ်းစားလို့မရရင် အဲဒါလေး ရေးလိုက်ရတာ အဆင်အပြေဆုံးပဲ.. အဟီး.. အမကတော့ အဲဒီလို tag game တွေက မှ တဆင့် သူငယ်ချင်းအသစ် အသစ်တွေ ရလာတာ... အမယ်.. လေးမက ပေါင်းသင်းဆက်ဆံရေးညံ့တယ်လို့ ဘယ်တူပြောတာလဲကွ... :D :D

Anonymous said...

တစ်နှစ်လုံးနေလို့မှ ပိုစ့်အပုဒ်ရေ ၅၀ မပြည့်တဲ့ စာကလေးကိုအဟောင်းထဲကအကြိုက်ဆုံးပိုစ့် ၅ ခု ရေးပြပါဆိုတာကတော့ ရက်စက်လွန်းပါတယ်ဗျာ...
အဲ့ဒီတုန်းက ဖျစ်ဖျစ်မြည်အောင်စဉ်းစားလိုက်တာ..
တစ်ခုပဲရတယ်.....
သူများတွေက Tag game ကိုကြိုက်တယ်...စာကလေးကတော့
No ပဲ...
ပိုစ့်ရေးရမှာပျင်းတယ်...ဒါကြောင့်လဲ..အပေါင်းအသင်းဆိုလို့
မမလေး တစ်ယောက်ပဲရှိတာဗျို့...

Anonymous said...

မမလေးကိုမကျေနပ်တာရှိသေးတယ်...
Danger of mobile phone(especially for lady) ရေးပေးပါ
ဆိုတုန်းက mobile phone မရှိလို့ဘာရေးရမလဲတဲ့ပြန်မေးတယ်
အိပ်ထဲကဟာတွေလဲထုတ်ပြရော.....
Mobile phone လေးကိုပြူးနေတာပဲ....
ဟွန်းဟွန်း...ဆက်ပြီးမကျေနပ်တာတွေပြောရင်တော့
Comment တွေအကုန်လုံး စာကလေး နဲ့ပဲပြည့်သွားမယ်..
တော်ပြီ :(

Anonymous said...

ချစ်မပေါင်းသင်းဆက်ဆံရေး ညံ့ပါဘူး
ဘယ်သူပြောလဲ
နာ့ချစ်မကို
ချစ်မ က အဲ့လောက်ချစ်ဖို့ကောင်းတာ
ဆေးလိမ်းပေးမယ်ဆိုပီး
လာမလိမ်းပေးတာတစ်ခုပဲ
ဟတ်ဟတ်

Anonymous said...

မမလေးရေ...

ကျွန်တော်လည်း tag game ကို ကြိုက်တယ်.. တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ရင်းနှီးမှုရှိစေတယ်လို့ မြင်လို့....

မမလေးက ပေါင်းသင်းဆက်ဆံရေး ညံ့တယ်ဆိုရင်.. ကျွန်တော်ဆိုရင်တော့.. ပြောစရာကို မရှိတော့ဘူး.... tag မယ့်သူဆိုလို့တောင်.. မမလေး တစ်ယောက်ပဲ ရှိတာ.. :D ကျွန်တော်က တခြားဘလော့တွေကို သိပ်ပြီး လိုက်မလည်နိုင်တော့ သူငယ်ချင်းနည်းတာ.. ဆန်းတော့မဆန်းပါဘူး...။ ဒါပေမယ့်.. သူငယ်ချင်းတွေတော့ လိုချင်သား.. :D

ဒါနဲ့ မမလေးရေ... လောလောဆယ်.. အကြောင်းကြောင်းကြောင့် ကျွန်တော် ပိုဒ့်အသစ် တင်နိုင်ဦးမယ် မထင်ဘူး..

tzm

Anonymous said...

မမလေး...
သိုးလေးလည်း ကို tzm ကြီး လိုပဲ။ ခုနောက်ပိုင်းတော့ သိပ်လုပ်ဖြစ်တော့မှာဟုတ်ဘူး။ အရင်လို ခဏခဏ။ အရှုပ်တွေ လုပ်ရတော့မယ် မမလေးရဲ့။ ဒါနဲ့ မမလေးကို အိပ်မက် မက်တယ်နော်။ မြင်လည်း မြင်ဖူးဘဲနဲ့ ဟိ။ ချမ်းပါတယ်ဆိုမှ သူများဆီမှာ အ၀တ်လာလျှော်တယ်လေ။ သိုးလေးလည်း မမလေး ပျင်းမှာစိုးတာနဲ့ တူတူထိုင်လျှောက်တယ်တဲ့။ ချမ်းလိုက်တာ မပြောနဲ့တော့။ ဟွန့်...

Anonymous said...

စိုသောလက်တွေ ဆောင်းတွင်း အေးလို့မို့ လက်အိတ်စွပ်ထားတာ ထင်ပါတယ်။ :) ခြောက်သွားတာတော့ မဖြစ်နိုင်ဘူး ။ ချမ်းရင် အနွေးထည် ၀တ်ထားခင်ဗျာ ။ ကိုယ်စိတ် ကျန်းမာချမ်းသာပါစေ ခင်ဗျာ ။

Anonymous said...

စာကျက်တိုင်း ဒါချည်းပဲမြင်မြင်နေလို့ ...
Q : What kind of ship never sinks ?

A : Friendship ! Right ?

Anonymous said...

>မောင်မျိုး… ရှူး..တိုးတိုးလုပ်ပါ..ဒေါ်အေးပုံကို အကြွေးပေးပြီးတာကြာလှပြီ…။ ပဲပြုတ်သည် ဒေါ်အာကျယ်ကိုပဲ အကြွေးနဲနဲ ကျန်တာပါ..။

>စာကလေးက အကြံပေးတယ်မှတ်လို့ပါ…ရေးခိုင်းတာဆိုရေးမှာပေါ့… ဒီနှစ်တော့မမီတော့ဘူး…နောင်နှစ် လေးမ ရှိသေးရင်ရေးမယ်နော်…။ Hello..ဆိုတဲ့ပို့စ်က Danger of mobile phone ကိုရေးပေးတာလေ…။ ဖုန်းက စာကလေးရေးခိုင်းတာရေးဖို့ ၀ယ်လိုက်တာ..။

>မိုးချစ်သူ.. ဟုတ်တယ်နော်…လေးမက မညံ့ဘူးနော်.။

>ကြေးအိုးလေး… ဆေးလာလိမ်းပေးမလို့ လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်လို့…။

>ကိုသန့်…အကြောင်းကြောင်းတွေ အိုကေရင် ဘလော့ဂ်ရပ်ဝန်းကို ပြန်လာခဲ့နော…။ Tag ဖို့စောင့်နေတယ်..။

>သိုးလေး… အိမ်မက်ထဲမှာ လျှောက်လည်ကြတယ်ဆိုတော်သေးတယ်… ခုတော့ အ၀တ်လျှော်ကြတယ်တဲ့… ချမ်းပါတယ်ဆိုမှ…။

>နိုင်… စိုစောလက်တွေ လက်အိတ်စွပ်ထားတော့ လက်ဆွဲနှုတ်ဆက်တဲ့အခါ…နွေးထွေးမှုကို ခံစားဖို့ခက်သွားရော…။

>မျှားပြာ … ဒီပုံတိုင်းဆို စာကတော့ ရတော့မှာပဲ..။

Anonymous said...

ကိုယ့်ကိုယ်ကိုတောင် မနည်း ပြန်ရှာနေရလို့ပါဗျာ ။ ခု ပြန်တွေ့တွေ့ချင်း စခန်းကို လာအပ်တာပါ ။ နောက်ဆို ရင် ဆုငွေ ထုတ်ထားဗျ ။
အသေအချာ အားလို့ အသေအချာ စာတွေဖတ်ပြီး comment တွေ တပျော်ကြီး ပေးသွားတယ်ဗျို့ ။

Anonymous said...

မလေးမရေ ပစ်မထားမိပါဘူးရှင်။
သမီးကိုယ်တိုင်ကို ကိုယ့်ဘလောဂ့်ကို မ၀င်ဖြစ်သလို အိမ်လည်း သိပ်ပြီးမလည်ဖြစ်တော့လို့ပါ။ ဖတ်လို့ကောင်းတဲ့ ဘလောဂ့်လေးကို အမြဲသတိရနေပါတယ်။

Anonymous said...

>jerry ... နောက်ဆို နေရာတကာ ဆုငွေထုတ်တဲ့ ကြေငြာတွေ လိုက်ကပ်မယ်..။ ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့တာ
ဝမ်းသာပါတယ်...။

> နှင်းဆီ... ညီမလေးရေ..သတိတရ ရှိနေတာကျေးဇူးပါ...။