Monday, December 10, 2007

ကြယ်..ရှိုက်သံ

ငါဟာ ကြယ်တစ်ပွင့်ရယ်ပါ…

ငါ………

လမ်းပြဖို့ကြိုးစားနေပါတယ်

ဒါပေမယ့်

ငါကိုယ်တိုင် လမ်းပျောက်နေခဲ့တယ် … ။

ငါကြွေရင် ဆုတောင်းပြည့်သတဲ့

သူတို့တွေ

ဆုတွေ တောင်းကြတယ်…

ငါကိုယ်တိုင် ဆုတောင်းပြည့်ချင်ရဲ့

ဘယ်အချိန် ငါဆုခြွေရမှာလဲ … ။

ငါ့ဆုတောင်းတွေ

မပြည့်ချင်နေပါစေတော့…

သူတို့ပျော်ဖို့

ငါ ….. ကြွေပေးပါ့မယ် …။

ဒါဟာ

ကမ္ဘာမြေအတွက်

ငါတတ်နိုင်တဲ့ ပေးဆပ်ခြင်း ပါပဲ…

ငါဟာ ကြယ်တစ်ပွင့် မဟုတ်လား…။ ။

16 comments:

Anonymous said...

အဲဒီကြယ်မကြွေဖို့ ဆုတောင်းရင် ပြည့်မလား။

Anonymous said...

အဲ့ဒီလိုကြယ်လေးတွေ အများကြီးပဲနော်.. မမလေး။
ပေးဆပ်ခြင်းဆိုတာလဲ တကယ့်ကို မွန်မြတ်တဲ့ အလုပ်တစ်ခုပါပဲလေ...

Anonymous said...

ကြယ်တစ်ပွင့်ဖြစ်မှတော့
ရဲရင့်စွာကြွေဆင်းရင်း
နောက်ဆုံးအလင်းတစ်လက်နဲ့
ပေးဆပ်ခဲ့မယ်။

Anonymous said...

မလေးမရေ ကဗျာလေးက အဓိပ္ပာယ်ရှိလိုက်တာ။ ကြယ်တစ်ပွင့်ဖြစ်ရတဲ့ဘ၀မှာ ဆုတောင်းခွင့်မှ မရှိတာနော်။ ပေးဆပ်ခြင်းနဲ့ပဲ ကျေနပ်ရတော့မှာပေါ့။

Anonymous said...

>မျှားပြာ... ဆုတောင်းပြည့်ဖို့ ကြယ်ကြွေရမှာလေ...။

>ကိုသန့် ... ဟုတ်တယ်..ကိုသန့်...ကြယ်လေးတွေ များတော့ ကြွေနေမှန်းတောင်မသိကြတော့ဘူး..။

>မတူးတူး ... ရဲရင့်စွာ ကြွေဆင်း
ငါ လင်းခဲ့တာကို
ပေးဆပ်ခြင်းလို့မှတ်ယူ
စိတ်တူကိုယ်တူ ရှိရင်လေ............။
>မေပျို ... ဒါပေါ့..ဒါပေါ့...။




>

Anonymous said...

မမလေး.... ဒီမှာ ကြယ်တွေ ကြွေတယ်။ သိုးလေးလည်း ဆုတွေ တောင်းနေတယ်။

Anonymous said...

အစ်မရေညီမလည်းဆုတောင်းလိုက်တယ်နော်။

Anonymous said...

>သိုးလေး... ဘယ်ဆုတွေတောင်းလဲ...ပြောပြလေ...။

>မြည်းမလေး... နားရွက်လေးကိုင်ပြီးတောင်းရတယ်တဲ့...။ ဒါမှ ပြည့်မှာ...။

Anonymous said...

ကြယ်ကြွေရင် တခုလောက် ဆုတောင်းမယ်။
ချစ်မလေးမ ချက်ကျွေးသော စွန်တန်ဟင်းချို ဒီတသက်
သောက်ရပါလို၏..........
အတည်ပြောတာ ပါနော်။

Anonymous said...

သေချာဆုတောင်းနော်...။

Anonymous said...

ကြယ်..ရှိုက်သံ ကဗျာကောင်းမှကောင်း။ ကဗျာက ရိုးရိုးရှင်းရှင်း သိမ်သိမ်မွေ့မွေ့လေးနဲ့ လှနေတာ။ နောက်ထပ်ကဗျာများကို ဆက်လက်စောင့်မျှော်လျက် ပျော်ရွှင်ပါစေ :)

Anonymous said...

နာမည်မေ့ကျန်ခဲ့လို့ :D ခုထိကို ကွန့်မန့် ကောင်းကောင်းမရေးတတ်သေးဘူး။ညံ့ပ .. :D

Anonymous said...

ညိမ်းညိုကတော့ လုပ်ပြီ..လောလောလောလောနဲ့ ...။ ကျေးဇူးပဲနော်...။ ကဗျာဆရာက ချီးကျူးသွားတယ်ဆိုတော့ ဘ၀င်တောင်မြင့်သွားပြီ...။

Anonymous said...

တိုးသဲ့သဲ့ ကြားမိ ..... ..... ရှိုက်သံ
ရင်ကြေတဲ့ ကြယ်
မွမွလေး လင်းနေရှာရဲ့ ။ ။

Anonymous said...

ကဗျာလေးကောင်းလိုက်တာ။ :-)

Anonymous said...

ကိုယ့်အတွက်ကိုယ် ဆုတောင်းမရချင်နေပစေ ကြယ်မှန်ရင်တော့လဲ အချိန်တန်ရင် ကြွေကြပေးရတာပဲလေ ၊ ဆုတောင်းရတဲ့သူတွေကလဲ ကြယ်လေးတွေကြွေမှ ဆုတောင်းရတာပဲမို့ ၊ ဆုတောင်းခံရဖို့ ကြွေပေးရတဲ့ကြယ်တွေ ကမ္ဘာမှာ အစင်းစင်း မကတော့ပါဘူး ၊ ကဗျာလေးက တကယ့်ကို ချစ်စရာလေးပါပဲ :)