Thursday, December 27, 2007

မခင်နှင်းဆီရဲ့ ထိုကောင်လေး…

Photobucket

လွမ်းရိပ်ဝေသော နွေဦးညများမှာ...

ကောင်လေးရေ … ပူအိုက်တဲ့နွေညတွေမှာ လေညင်းခံရင်း ခင်နှင်းဆီနဲ့ …. ခင်နှင်းဆီရဲ့ အတိတ်ကို လွမ်းသတဲ့လား….။

ခင်နှင်းဆီကတော့ ကောင်လေးကို နှင်းတွေဝေလည်း သတိရတယ် … သစ်ရွက်ကြွေလည်း အမှတ်ရတယ်… မိုးစက်တွေကြားထဲမှာလည်း သတိတရ ရှိနေပါတယ်… ။

ဒီလိုပြောလို့ ကောင်လေးကို လွမ်းနေတာ ... တမ်းတနေတာလို့တော့ မထင်နဲ့နော်…။ ကောင်လေးနဲ့ ခင်နှင်းဆီရဲ့ အတိတ်ရက်စွဲလေးတွေကို မေ့မရနိုင်သေးတာပါ … ။

ကျောင်းနေတုန်းက မြသည်းညှာ...

ခင်နှင်းဆီဟာ တစ်ချိန်က ကောင်လေးရဲ့ အသည်းနှလုံး ဖြစ်ခဲ့ရတယ်ဆိုတာ ရိပ်စားမိယုံကလွဲလို့ တရားဝင် သိခွင့်မရခဲ့တဲ့ မိန်းမတစ်ယောက်ပါကွယ်…။

ဣနြေ္ဒဆင်မှ ယဉ်ရတဲ့ မိန်းမသားဘ၀မှာ ခင်နှင်းဆီရဲ့ အသည်းနှလုံးကို ကောင်လေးကို ပေးအပ်ဖို့ ၀န်မလေးခဲ့ဘူးဆိုတာ ဖွင့်ပြဖို့လဲ အခွင့်မသာ…ခဲ့ဘူး…။

ရေလာဖို့ မြောင်းဖောက်ပေးတဲ့ အတတ်ပညာကိုလည်း စာသင်ခန်းက သင်မပေးလိုက်ဘူးလေ…။

သူနဲ့လည်း ကျောင်းနေစဉ် သူစုထားတဲ့ မုန့်ဖိုးလေးနဲ့ ၀ယ်ကျွေးတဲ့ အရသာကို မမေ့ပြီ…

ကောင်လေးက ခင်နှင်းဆီ ၀ယ်ကျွေးခဲ့တဲ့ မြီးရှည်အရသာလေးကို မမေ့ဘူးဆိုရင် အဲဒီဆိုင်မှာ သွားစားလို့ ရပါတယ်ကွယ်…။

ကောင်လေးနဲ့ အတူစားခဲ့ရတဲ့ အရသာကို မမေ့နိုင်တဲ့ ခင်နှင်းဆီက ဘယ်လိုကုစားရမလဲ ပြောခဲ့ပါဦးလေ…။

ခေတ်စားဆုံးသီချင်းနဲ့ အလှဆုံးမိန်းကလေးပြပါဆိုရင်…

ကျောင်းတုန်းက ခေတ်အစားဆုံးသီချင်းက မခင်နှင်းဆီ …။ အလှဆုံးမိန်းကလေးက မခင်နှင်းဆီ …..။

ဒါပေမယ့် ခင်နှင်းဆီ စေ့စပ်တဲ့ညက အိမ်ရှေ့မှာ မူးမူးနဲ့ ကောင်လေး လာအော်သွားတဲ့ သီချင်းက “ သားလေးမွေးရင် ကိုယ့်နာမည်ကိုပေးလိုက်ပါ ”..

အဲဒီနေ့က အရှက်အရဆုံး မိန်းကလေးက ခင်နှင်းဆီ …။

တဖက်သတ်တိတ်တခိုးလေးနဲ့ ကြိတ်ပိုးဆွေးတဲ့ ကျွန်တော်ရယ်…

ခင်နှင်းဆီကို ကျွန်တော်ချစ်တယ်ဗျာ” ဆိုတဲ့ ပစ္စည်းသက်သေ ... လူသက်သေ ဘာဆိုဘာမှ လက်ဆုပ်လက်ကိုင်မပြနိုင်ခဲ့တဲ့ ခင်နှင်းဆီ … မိဘစီမံရာနာခံခဲ့တဲ့အခါ တစ်ကျောင်းလုံးက မေးငေါ့ကြတယ် …။ ကြိတ်ဆွေးနေတဲ့ ကောင်လေးကို အသနားပိုကြတယ်…။

ကောင်လေးနဲ့ ခင်နှင်းဆီအကြောင်းကို ရာဇ၀င်တစ်ခုလို … ဇာတ်လမ်းဆင်ကြပြန်တယ်…။



အဲဒီဇာတ်လမ်းထဲမှာ အချစ်စာမျက်နှာကို ရေးချခွင့်မရခဲ့တဲ့ ခင်နှင်းဆီရဲ့ မျက်ရည်တွေ အကြောင်းတော့ မပါခဲ့ဘူး …။

အော်……ဟိုအစ်ကိုကြီး……ရဲ့ … မခင်နှင်းဆီ…

ခုချိန်မှတော့ ………. ထိုကောင်လေးက မဆွတ်ခဲ့လို့ မညွတ်ခဲ့ရတဲ့ …. ဟိုအစ်ကိုကြီးရဲ့ … မခင်နှင်းဆီ…ကို လွမ်းမနေပါနဲ့တော့ကွယ်…။

ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်

ပန်းလေးလို ညှိုးမှာကိုလည်း စိုးရိမ်မိသည်

မခင်နှင်းဆီ…မခင်နှင်းဆီ

လှစမ်းပါ ပန်းလောက်စောင့်ကြည့်နေမည်

နောင်တော့သာအလိုမကျရင်…….………..

…..


...။ ။


မှတ်ချက်။ ။ မခင်နှင်းဆီ သီချင်း နားထောင်ရန် Real Player လိုပါသည် ။

10 comments:

Anonymous said...

မခင်နှင်းဆီကို လာရောက် ခံစားသွားပါတယ်၊ အဲလိုမျိုး ဆန်ဆန်လေး တွေ လုပ်ပါအုံး၊ အရမ်းမိုက်တယ်၊ အာဘွား

Anonymous said...

သိပါတယ်..သိပါတယ်နဲ့ဖတ်နေတာ.. သီချင်းကိုး.. :D
ရေလည်လန်းတယ်ဗျာ..

Anonymous said...

ဆန်းဆန်း ပြားပြား ရေးလိုက်ပြန်ပြီးးး သီချင်းလေးတစ်ပုဒ်နဲ့ လဲပို့စ်လေးဖြစ်သွားတာပဲကောင်းတယ်

Anonymous said...

လေးမရေ.. ခင်နှင်းဆီဘက်က အဲလို တွေးလိမ့်မယ်လို့ တခါမှ မတွေးမိဘူး..သီချင်းကိုလည်း အဓိပ္ပာယ်မဖွင့်မိတာပေါ့.. လေးမရေးပြမှပဲ မခင်နှင်းဆီ သီချင်းရဲ့ အဓိပ္ပာယ်ပိုပြည့်စုံသွားတယ်.. တော်တယ်... :D :D

Anonymous said...

>မမလေပြေ ... အရမ်းမိုက်လား... ဒါဆို ..အာဘွား..။ ခရီးတလျှောက် သာယာပါစေ...။

>သဇင် ... စူပါလီမွန်တီးသောက်ရင်း ရေးထားတာလေ...။

>မောင်မျိုး ... ရင်တွင်းဖြစ်မရှိတဲ့လူဆိုတော့လဲ ဂလိုပဲ .. ရှာကြံရေးရတာပေါ့ကွယ်... ။

>မနုစံ ... မရေ .. တချို့ ယောက်ျားတွေက ဣနြေ္ဒထိန်းတာကို မာနကြီးတယ် ဂုဏ်မောက်တယ်လို့ ထင်ကြတယ်... ကြောက်လို့မပြောရဲဘူးတဲ့ ...။ အကြောင်းအမျိုး၂ကြောင့် ပြောဖို့ ဆွံ့အံ့ခဲ့တဲ့ ယောက်ျားတွေက မူးရင်တော့ လျှောက်ပြော ... အသည်းကွဲပြ .. သီချင်းဆိုပြနဲ့ ...။ ခင်နှင်းဆီလို မိန်းမတွေ ဘယ်၂ယောက်များရှိနေလဲမသိဘူး..။

Anonymous said...

ဟိုအရင်တုန်းက မခင်နှင်းဆီ နဲ့ ဟိုအရင်တုန်းက ထိုကောင်လေး ကို ဖတ်ရတာ ဟိုအရင်တုန်းက အဖြူ အမဲ ရုပ်ရှင်ကားကောင်းတစ်ကားကြည့်ရသလိုပဲ ။ အခုလို ဆေးရောင်စုံခေတ်မှာတော့ ...... အဲ့ဒီအကြောင်းလေးတွေ ရေးပါဦးဗျ ။

Anonymous said...

သန်းဖေလေးရေ..သေရွာကနေထကြည့်လှည့်ပါဦးလား..မခင်နှင်းဆီအဖြစ်ကို..

Anonymous said...

>jerry ...ဆေးရောင်စုံ ခေတ်မှာလည်း ဆေးရောင်စုံ ဇာတ်လမ်းလေးတွေ ရှိပါ့..။

>ကိုဒီဝိုင်း ... ဒီမခင်နှင်းဆီက ဦးသန်းဖေရဲ့ မခင်နှင်းဆီ ဟုတ်ဘူး..။ ကို လွှမ်းမိုးရဲ့ မခင်နှင်းဆီ် ...။ :)

Anonymous said...

သမိုင်းတွေ ပြီးတော့ သီချင်းတွေ အလှည့်လား တွေးတတ်ပ ဒေါ်ကိတ်ခြောက်ရယ် ...။

Anonymous said...

Bravo!!
Great Performance!!