Monday, December 31, 2007

အမှတ်တရ ... ဒီ ... ၃၁ …

ရင်ခုန်နှစ်သစ် …

၃၁ … ဒီဇင်ဘာ … အဝေးကဖုန်းမြည်သံရယ်…. တစ်နှစ်ကူးချိန် အိပ်မက်မက်တယ်…..

ဒီသီချင်းလေးက ဒီအခန်းထဲမှာ ပျံ့လွှင့်နေတာ ၁ လလောက်ရှိသွားပြီ …။


နိုဝင် ဘာလကတည်းကပေါ့..။


ခပ်တိုးတိုးလေး လိုက်ဆိုနေတဲ့ ၂၂ နှစ်အရွယ် ကောင်မလေးရဲ့ မျက်နှာကို သေချာကြည့်ရင် ပြုံးနေတာကို တွေ့ ရလိမ့်မည် ..။


ပြုံးတာမှ မျက်လုံးလေးတွေပါ ပြုံးနေကြတာ …။ အရည်လေးတွေတောင် တဖျတ်ဖျတ်လက်လို့…။


ဒီဇင်ဘာ ၃၁ ရောက်ရင် … အဖြေပေးပါနော် …တဲ့ …။


ဒီနေ့ ဒီဇင်ဘာ ၃၁ … အဖြေပေးရတော့မယ် … ။


ပေးစရာ အဖြေက အဆင်သင့် .. ဒါပေမယ့် ..ဘယ်လိုပုံစံမျိုးနဲ့ ပေးရမှန်းမသိ …



အဲဒီနေ့က သူငယ်ချင်းနဲ့ တနေရာကို လိုက်သွားမိတယ်…။



၃၁ ည …. မောဟိုက်နွမ်းလျစွာနဲ့ ဖုန်းမြည်သံလေးကို စောင့်စားနေခဲ့တယ်….။


နေ့လည်က ဖုန်းတစ်ခါပြောပြီးသား…


“ ကို ညနေအလုပ်ပေါ်လာလို့ မလာနိုင်တော့ဘူး .. ညကျမှ ဖုန်းဆက်လိုက်မယ်နော်”…တဲ့…။


တီ…တီ …

ဟယ်လို

တကယ့်ကို တောင်းပန်ပါတယ်ကွာ .. အရေးကြီးကိစ္စ ပေါ်လာလို့ပါ …

ရပါတယ်

စိတ်ဆိုးနေလား

ဟင့်အင်း…နားလည်ပါတယ်..

ဆောရီးပါကွာ

ဟုတ်…

ဒီနေ့ အဖြေပေးမယ်လို့ ပြောထားတယ်နော်… ပေးလေ…

အင်း …မပေးတော့ဘူး…

ဟာ…..စိတ်ကောက်သွားတာလား…..အဲလိုမလုပ်ပါနဲ့ … ဒီမှာ သူငယ်ချင်းတွေ စတိတ်ရှိုး ခေါ်တာတောင် မလိုက်ဘူး…

မကောက်ပါဘူး….စဉ်းစားဦးမယ် … နောက်နှစ်မှ ပေးမယ်…

တော်ပြီ…အိုကေ..ဒါပဲနော်…ဖုန်းချလိုက်တော့မယ်…

ဟာ…နေဦး…မရဘူး ….ပြန်ဆက်မှာ…

မဆက်နဲ့ … အားလုံးအိပ်ကုန်ပြီ … ဒီနေ့မပေးဘူးဆိုမပေးဘူးပဲ… ဒါပဲ….။

ဖုန်းချပြီး အိပ်ရာပေါ်ကို လဲချလိုက်တဲ့အခါ လူက တော်တော် နုန်းနေပြီ …။


အိပ်မက်တွေပြိုလဲ … ယဉ်ထားတဲ့ စိတ်ကူးတွေ ကျိုးပဲ့သွားစေတဲ့ တရားခံက ဘယ်သူလဲ လို့ မေးခွန်းထုတ်လိုက်တော့ ကိုယ်ကိုယ်တိုင် ဖြစ်နေပြန်တယ် …။


မနက်က သူငယ်ချင်းနဲ့ ဗေဒင်သွားမေးခဲ့တာကိုး…။


ဒီနှစ်ထဲမှာ အိမ်ထောင်ရေးစဉ်းစားရင် ကံဆိုးလိမ့်မယ် … မွေးနေ့ကျော်ပြီးမှ ကောင်းမယ်….။


အဖြေပေးဖို့တော့ရှိတယ်…ဆရာမ ..ရလား..။


မရဘူး ..နောက်နှစ်မှ ပေးလိုက်ပါ ….။

သေရော … ကောင်းရော ..။

လက်ထပ်မည့်သူကိုပဲ ချစ်သူအဖြစ်လက်ခံမယ်ဆိုတဲ့ မိန်းကလေး အတွက် ချစ်အဖြေဟာ လက်ထပ်ပါမယ်ဆိုတဲ့ အဖြေနဲ့ အတူတူပဲမို့ တစ်ဘ၀လုံးစာ ကံမဆိုးဖို့အတွက် ခဏတာ အချိန်လေးနဲ့ လဲလှယ်ရပေမပေါ့လေ…။

ဒီလိုနဲ့ .. ဒီလိုနဲ့ … ၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ညလေးမှာ အိပ်မက်ထဲမှာ ချစ်သူနဲ့ တွေ့ ဖို့အတွက် မိန်းကလေးတစ်ယောက်ဟာ အိပ်ဆေး တစ်ခြမ်းသောက်ပြီး အိပ်ပျော်သွားပါတော့တယ်။

အဲဒီကောင်မလေး ဘယ်သူလဲဆိုတော့ …. ပြောပြဘူး…. သတ်ချင်သတ်….။ ။

ကိုရန်အောင် က tag လို့ ဆော့ဖြစ်တဲ့ အမှတ်တရ ၃၁ ဆိုတဲ့ Tag Game မှာ လေးမက ပါဝင်ရေးသားစေချင် သူတွေကတော့ ကိုသန့် ၊ မောင်မျိုး ၊ ဂျယ်ရီမနုစံ ၊ သိုးမလေး နဲ့ သဇင်ဏီ တို့ဖြစ်ပါတယ်ရှင်..။

18 comments:

Anonymous said...

အခုတော့ ၂၀၀၇ ဆိုတော့ ကိစ္စပြီးလောက်ပြီထင်တယ်နော်။
ဟို အဖြေတောင်းတဲ့ အကိုကြီး အဖြေရပြီးလောက်ပြီလို့ပြောတာပါ။
၁၂ နာရီကျော်မှ ပေးလိုက်ပြီးရောအမရယ် အဲ့ဒါလည်း နောက်နှစ်ဘဲလေ။
ဟုတ်ဘူးလား။

Anonymous said...

အဲဒါဘယ်သူလဲဆိုတာ သိတယ်။ မေးတော့ဝူး။ ဒါနဲ့ အဖြေကို တကယ်နောက်နှစ်မှ ပေးလိုက်တာလားဟင်။

Anonymous said...

နောက်နှစ်ရောက်မှ အဖြေပေးမယ်ဆိုတော့ ဇန်န၀ါရီ (၁) ရက် မနက် ၁၂း၀၁ မိနစ်မှာ အဖြေပေးလိုက်တာပေါ့နော်.

ဟတ်ဟတ်. တိချင်လို့ပါ.

ဖုန်း ဒိုင်ယာလော့ဂ်လေး ဖတ်ရတာ ရင်ခုန်လိုက်တာ. တကယ်ပါ. သတိရသွားပြီ. တို့လည်း ရေးဦးမယ်.

တို့ကတော့ အဖြေပေးတာဟုတ်ဘူးဗျ. မရရအောင် လိုက်တောင်းတဲ့ ဇာတ်လမ်းလေးပေါ့.

အင်း. ဖြစ်သေးပါဘူးလေ. နောက်နှစ်မှပဲ ရေးတော့မယ်. ရေးစရာတွေများနေတယ်.

သင့်ခယူ လေးမရေ. Tag ပြီး မကြာခင်ပဲ Tag ကြွေးကို ရှင်းပေးလို့.

ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာလေး ဖြစ်ပါစေဗျားးးး

ခင်မင်လေးစားလျက်

ရန်အောင်

Anonymous said...

အယ်.. အဲလိုကြီးလား..သနားပါတယ်တော့်... အဲကောင်ကောင်မလေးကဘူတုန်း.. :D
ဟုတ်ကဲ့.. ရေးမယ်နော်..နောင်နှစ်အထိအကြွေးယူဘူး..
၁ကြောင်း ၂ကြောင်းထပ်လဲ ပိုရေးလို့ရတယ်ဟုတ်... :P

Anonymous said...

ဟီဟီးး..ရှက်လဲရှက်ဘူးဗျ ဒါလဲသွယ်ဝိုက်ပြီး ကြွားနည်တစ်မျိုးပဲ ..ဒါနဲ့  ၂၂ နှစ်မှာ ချစ်သူလေးတစ်ယောက်တော့ ရှိပြီပေါ့နော် ..ကောင်းလိုက်တာ ကျနော့် ဘ၀ များကျ ဆိုးလိုက်တာ ..အဟင့်ဟင့်
ရေးမယ်နော် ကျနော်ကလဲ ရေးချစ်နေတာ....
ပျော်ရွှင်ဖွယ် နှစ်သစ်ကို ကြိုဆိုနိုင်ပါစေဗျာ

Anonymous said...

မှတ်မှတ်ရရ ၃၁ ဒီဇင်ဘာ.. မရှိဘူး.. မမလေးရ..
ရေးပေးမယ်နော်.. ပြီးရင်.. လာပြောမယ်...
------
အားကျစရာပါလားးးးး နော်... :D

Anonymous said...

ဒီဇင်ဘာလမှာပဲ...စာကလေးလဲ....တော်တော်နဲ့ မကြွေတဲ့ခရေပန်းလေးကို
အမပြောသလို အပင်ကိုကိုင်လှုပ် ပြီးကြွေကျအောင်လုပ်ခဲ့ရပါရောလား...
ဟဲဟဲ ဘယ်ရမလဲ သူတောင်ကြွားသေးတာပဲ...စာကလေးလဲပြန်ကြွားလိုက်ပြီနော်..

Anonymous said...

ရေးသားချက်လေးကောင်းပါတယ်။
ဗေဒင်သွားမေးမိလို့ နောက်တနှစ်ကူးပြောင်းသွားတာကိုး။
နှစ်ဟောင်းမှ နှစ်သစ်အကူးအပြောင်းမှာ
ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

•.¸¸.•♥ Happy New Year ♥•.¸ ¸.• ပို့နဲ့တော့ ဆိုင်ဘူး ဟီး ဟီး နှစ်သစ်မှာ အချစ်သစ် အဲ အတွေးသစ်တွေနဲ့ ပို့စ် အသစ်တွေ တင်နိုင်ပါစေ။

Anonymous said...

မမလေး
သိုးလေးကို သတိတရ tag တဲ့အတွက် နှစ်သစ်မှာ အမှန်ကို ပျော်ရွှင်သွားပြီ။ သိုးလေးက ဒီနေ့ ကဗျာလေး လာတင်တာ။ မမလေး tag ကို မြင်လို့ နောက်နေ့မှတင်တော့မယ်။ ဒီနေ့ မမလေးအတွက်၊ ပြီးတော့ အားလုံးအတွက် အမှတ်တရ ၃၁ အဖြစ် ဖန်ဆင်းလိုက်ဦးမယ်။

Anonymous said...

အဟိ.. လေးမရဲ့ ဒီဇင်ဘာ ၃၁ က romantic ဖြစ်တယ်ဟေ့.. :D အဲတော့ ဘယ်တော့ အဖြေပေးလိုက်လဲဟင်.. သိချင်လိုက်တာ.... ဆက်ရန်ရှိသေးလား.. :P

Anonymous said...

ဂျယ်ရီက ကြားညှပ်ပါသေး ။။။ တားတားတို့ ကလေးတွေမှာတော့ အဲ့သာမျိုး မရှိသေး ။။ ဟေး ဟေး ... ရေးလိုက်ပြီ ။။။ မနေ့က .... ရှာသာဖတ်ပေတော့ ။
ဆက်ရန်၇ှိသေးလားတဲ့နော် ။။။ အဲဒါ လုပ်ဦး ။။။ တောင်းဆိုနေ ကြပြီ ။။။

Anonymous said...

ဇာတ်လမ်း အဆက် ... အဖြေဘယ်ချိန်ပေးသလဲ သိချင်သူများရေ ... မတ်လမှာပေးပါတယ်..ရှင်...။

>နှင်းဆီနီနီ... ကိစ္စပြီးပြီပေါ့ ညီမရယ်.. ၁၂ ကျော်အောင်ထိုင်စောင့်နေရမှာ သရဲကြောက်လို့ပါ ညီမလေးရယ်..။

>မေပျို ... တကယ်နောက်နှစ်မှ ပေးတာပေါ့ သရဲ..အဲ သဲရယ်...။

>ကိုရန်အောင်...ဟတ်..ဟတ်..အဲလိုကြီးတော့ မစောင့်ပါဘူး.. ဟတ်..ဟတ်..။ ကြိတ်ပြီးအားကျသွားတယ်ဆိုတာ သဘောပေါက်ပါတယ်...။ ပျော်ရွှင် နှစ်သစ်ဖြစ်ပါစေ...။

>သဇင်ဏီ... အဲကောင်မလေးက ဘူတုန်း ပြောပါဘူးဆိုနေမှ...။

>မောင်မျိုး ...ရှက်တော့ရှက်တာပေါ့ဟာ... ဒါပေမယ့် အမှတ်တရ ဖြစ်ခဲ့ရတဲ့ ၃၁ က ဒါလေးပဲ ရှိတော့ ဒါလေးပဲရေးရတာပေါ့...။

>ကိုသန့် ... အားကျတယ်ဆိုတော့ အဲလို ရက်ရွှေ့ခံချင်တဲ့သဘာရှိတယ်...။ :P

>sparrow ... နေရင်းထိုင်ရင်းကို ကြွားသွားပါလား..ရိုက်မစစ်ရဘူး...။

>ကိုအိမ်ဝေးသူ ... တူညီသောဆုရပါစေရှင့်...။

> ဘလင့် ... အတွေးသစ်နဲ့ ပို့စ်သစ်တွေကတော့ ရေးမိနိုင်ချေရှိပါတယ်... ။ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ...။

>ဖားပူလေး နှင်းနှင်း ... သိုးလေးကို အမြဲပျော်နေစေချင်ပါတယ်..။ အမြဲပျော်ပါစေနော်...။

> မနုစံ ... ဘယ်တော့လဲဆိုတာ ပြောပြထားတယ်နော်...။ ဆက်ရန်တော့ ရှိတော့ဘူး..ဇာတ်သိမ်းသွားပြီ...။

>jerry ... ဖတ်ပြီးပေါ့ တားတားရယ် ...။ သိပါတယ်...တားတို့ကလေးတွေက ဒါမျိုးတွေ မစဉ်းစားဘူးဆိုတာ...။ အဲဒါလုပ်ဦးဆိုတာက ဘာလုပ်ရမှာလဲ..။ ဘာမှ ဆက်စရာရှိဘူး...။ :P

Anonymous said...

အော် အော် တော်သေးတာပေါ့ မောင်မင်းကြီးသားလေ အဖြေလေး တော့ ရသွားသေးတယ်။ ကောင်မလေးလဲ သနားပါတယ် ပေးချင်ရက်နဲ့ ဗေဒင်ကြောင့် အောင့်ထားရတာ။ ကောင်မလေးကို ပိုသနားတယ်နော် လေးမနော်။ အဲဒီကောင်မလေးက လေးမများ ဖြစ်နေမလားပဲ တော်တော် ဆင်နေသလိုပဲ

Anonymous said...

အဲဗျ ဗေဒင်ကို ယုံတယ်လား ... မနုစံပြောသလိုပဲ ..။

Anonymous said...

>မလေပြေ ... ကောင်မလေးက တော်တော်သနားစရာ ကောင်းတာ..မမရဲ့...။ လေးမဆို သနားလို့ ငိုတောင်ငိုချင်တယ်..။

>မျှားပြာ... တခါတလေ ယုံမိတယ်..။

Anonymous said...

တော်ပါသေးရဲ့ ဗေဒင်က နစ်သစ်ကျမှ အိပ်ရမယ် ဆိုတဲ့ ယထြာပေးခဲ့ ရင် တညလုံး ကောင်မလေးတော့ ငုတ်တုပ် ဖြစ်တော့မှာဘဲ . တော်သေးရဲ့ ဗေဒင်ဆြာကို ကျေးဇူးတင်လိုက် ဟ ဟ ဟ

Anonymous said...

ကောင်လေးက သုံးလလောက်တော့ ဆွေးသည်ပဲနော် ၊ ဗေဒင်တွေ ယတြာတွေက တစ်ခါတစ်လေကျတော့လဲ :P :P :P
တစ်နှစ်ပြည့်မှ ဖတ်မိတယ် ဒီပို့စ်ကို တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ဒီဇင်ဘာ ၃၁ အစ်မရေ ..
ကျွန်တော်လဲ ဒီနေ့ ဖုန်းဆက်ဖို့ ကြိုးစားကြည့်သေးတယ် ၊ အဆင်မပြေဘူးဗျ ၊ အစ်မလိုပဲ
ဗေဒင်မေးထားသလား မသိဘူး :P :P :P