Tuesday, December 25, 2007

Online ပေါ်က ညီမလေး...

ဟဲ့..ပေါက်ပေါက်…ဘာတွေလုပ်…


ချက်နေတာ..ချက်နေတာ…မမရဲ့…


ဘယ်သူနဲ့တုန်း


သူငယ်ချင်းနဲ့…


အမယ်…ကြည့်စမ်း… ဟိုတစ်ယောက်က ဘာရေးထားတာတုန်း…


Q လို့ရပြီနော်..အားတယ်…တဲ့..။


FAQ ဆိုရင်တော့ Frequently Asked Questions လေ..။ အဲတော့ question မေးလို့ရပြီ..အားတယ်လို့ပြောတာလား…သူက ဂုရုကြီးလား…။


ဟား…ဟား..ဟား…အဖွားကြီး… ဒါကြောင့် မမကို ခေတ်မမီဘူးလို့ပြောတာ … ကျူလေ..ကျူ..ကျူတာ..သိပြီလား… ။ ကျူတာကို ရှင်းပြရဦးမှာလား … အီတာ…အီတယ်ဆိုတာက အီကြာကွေး…


ငါသိပါတယ်ဟဲ့ … သူက ကျူကို Q နဲ့ရေးထားလို့ နည်းနည်းကြောင်သွားတာပါ…။ အောင်မယ်..အကောင်စုတ်က ကြီးကျယ်လို့ … သူ့ကိုများ ကျူရဦးမတဲ့ … မပြောနဲ့..သူ့ကို…။ ရှင်းထုတ်လိုက်…။


ပေါက်ပေါက်…နင်အွန်လိုင်းမှာ ရည်းစားထားဖို့တော့ မကြံစည်နေပါဘူးနော်…။


ဒါတော့ ဘယ်ပြောနိုင်မလဲ မမရဲ့…။ တချို့ကိစ္စတွေက ကြံစည်မထားလဲ ဖြစ်သွားနိုင်တာပဲလေ…။


အန်


ဒီမယ်…မမ…။ ခေတ်ကပြောင်းသွားပြီ… အချိန်ကရှားသွားပြီ… မမတို့ခေတ်တုန်းကလို ကျောင်းသွားကျောင်းပြန် စက်ဘီးလေးနဲ့ နောက်က တကောက်ကောက်လိုက်ဖို့ အခွင့်အရေးမရှိဘူး…။


ဟုတ်တယ်


မနက် ၆ နာရီ ဖယ်ရီမှီအောင်ပြေးတက်လာတဲ့ စုတ်တိစုတ်ဖွားမိန်းကလေးကို ဖယ်ရီပေါ်ကကျောင်းသားချင်းက စိတ်မ၀င်စားဘူး …။


ဒါပေါ့


ကြပ်ညပ်နေတဲ့ ဖယ်ရီပေါ်မှာ အိပ်ငိုက်နေတဲ့ ကျောင်းသူကျောင်းသားတွေအတွက် တက္ကသိုလ်ကျောင်းက ငွေလမင်း ဆိုတာရှားသွားပြီ…။ အဓိပတိလမ်းက စောင့်ပြီး ကံ့ကော်ပွင့်တွေ ဆက်သတဲ့ ခေတ်လည်းမဟုတ်တော့ဘူး…။ ကြိုက်တဲ့ပုံ ကို free e-card လေး ပို့ပြီး ချစ်ခွင့်ပန်တဲ့ခေတ် … ။ အချိန်ကုန်သက်သာတယ်လေ …။


အင်း .. ဒါလဲဟုတ်တာပဲ


အပြင်မှာဆိုရင် သူငယ်ချင်းတွေ နဲ့ အာရိုက်ဖို့ နေရာ ဆိုတာ လိုတယ်…။ ဦးချစ်ဆိုင်မှာ ထိုင်ရင် …Boat club မှာ ထိုင်ရင် … ကန်တင်းမှာ ထိုင်ရင် ပိုက်ပိုက်ကုန်တယ်….။ ကိုယ်သဘောကျနေတဲ့သူနဲ့ စကားပြောချင်ရင် …တွေ့ ချင်ရင် ဘော်ဒါတွေကို အကြံအဖန်လုပ်ခိုင်းရ..မုန့်ကျွေးရနဲ့ ..ရှုပ်တယ်… ပိုက်ပိုက်ကုန်တယ်….။ အွန်လိုင်းမှာက data တွေရှာရင်း software တွေ download လုပ်ရင်း အချိန်ကို အအားမထားဘဲ စကားတွေ အများကြီး ပြောလို့ရတယ် …။ ဒီခေတ်မှာ ဘာလုပ်လုပ် အမြတ်ထွက်အောင်လုပ်နိုင်မှ လူတော်..။


ဟုတ်သလိုလိုတော့ရှိသား


နောက်တစ်ချက်က ဂျီတော့သုံးတိုင်း မဟုတ်တာလုပ်တာမဟုတ်ဘူး…။ နိုင်ငံရပ်ခြားမှာ မိတ်ဆွေတွေရတယ်… အသိပညာတွေ ..အတွေ့ အကြုံတွေ ဖလှယ်လို့ရတယ်….။ ဖုန်းနဲ့ ခေါ်တာထက် အများကြီး သက်သာတယ်…။ တချိန်တည်း …တပြိုင်တည်း မိတ်ဆွေ သုံးလေးယောက်နဲ့ စကားပြောလို့ရတယ်…။


ဒါတော့ ထောက်ခံတယ်ဟေ့


ဖူးစာပါလို့ဆုံသွားတော့ရောဘာဖြစ်လဲ … အလိမ်မခံရရင်ပြီးတာပဲ … ။ အွန်လိုင်းမှာတွေ့ …ဖူးစာဆုံပြီး… ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်သွားတဲ့ စုံတွဲတွေ အများကြီးပဲ….။


အလိမ်ခံရပြီး ဒုက္ခရောက်တဲ့ ဇာတ်လမ်းတွေလည်းရှိတယ်လေ…


ဒါကတော့ အသိတရားနဲ့ ကိုယ့်ကိုယ်ကို ထိန်းရမှာပေါ့ …။ ဆင်ခြင်တုံတရားမရှိတဲ့သူကတော့ အွန်လိုင်းမသုံးလည်း အလိမ်ခံရမှာပဲ….။


အေး..ဟုတ်တယ်


ဟား..ဟား…ဒါနဲ့ မမဘာလာလုပ်တာလဲ…ကိစ္စရှိလို့လား….


အင်းးးးး……ငါဘာလာလုပ်တာပါလိမ့်…မေ့တောင်မေ့သွားပြီ….။ အော်…နင့်အမေလေ…နင့်ကို စိတ်ပူလို့ အွန်လိုင်းမှာ ရည်းစားထားမှာစိုးလို့…. ငါ့ကို ညီအစ်မချင်း သတိပေးသင့်တာ သတိပေးပါဦးဆိုလို့ ဆရာလာလုပ်တာလေ….။


အော်…ဂလိုလား…ပြောလေ..မမ…ဘာပြောမှာလဲ….


အင်း….ဘာပြောမှာလဲဆိုတော့ အင်း…….. online ပြဲဖစ်ဖြစ် ….offline ပဲဖြစ်ဖြစ် အသိတရား ထိန်းသိမ်းနိုင်စွမ်း ဆင်ခြင်တုံတရားတွေ ရှိပါစေဆိုတာပဲမှာတော့မယ်…. ။ အော်…. ဒါနဲ့ ပေါက်ပေါက် …မမကို သုံးသပ်ပြသလိုမျိုး နင့်အစ်ကို ကို သွားမပြောနဲ့နော် …။ ငါ့ကိုပိုးကြေးပန်းကြေးနဲ့ ကဒ်တွေ..အရုပ်တွေ..မုန့်တွေ ၀ယ်ပေးခဲ့ရတာ ပြန်တွေးပြီး နှမြောနေမှာ စိုးလို့ …။ ။



မှတ်ချက် ။ ။ မြှောက်ပေးခြင်း ၊ ကဲ့ရဲ့ခြင်း စိုးစဉ်းမျှမရှိ….မည်သည့် အသွင်မျှမဆောင်ပါ…။

17 comments:

Anonymous said...

သူ့အတွေးနဲ့သူပြောလိုက်တာဟုတ်နေသားပဲနော်။ ဆုံးမမဲ့လူတောင်ဘာပြောရမှန်းမသိဖြစ်သွားတယ်။ :D ။ ကောင်းတယ်အစ်မရေ။ နောက်လည်းဆက်ရေးနိုင်ပါစေ။

Anonymous said...

ကျနော့် ပြောတော့ ဆညးချက်တယ်တဲ့ တီလေးလဲဆားချက်တာပဲ...ဒါနဲ့ ဘယ်တော့အွန်လိုင်းတတ်တာလဲ ကျနော် addထားတာကျ accept မလုပ်ဘူး.. လိမ်ခံထိမှာကြောက်လို့ လားဗျ..
ပျော်ရွှင်ဖွယ် ခရစ်စမတ်နေ့ လေးဖြစ်ပါစေခင်ဗျာ

Anonymous said...

မလေး/လေးမ/မလေးမ
စာလာဖတ်တယ်နော်။ အခုခေတ်လူငယ် အတွေးတွေကို ပြောပြတာကျေးဇူး။
ဗိုင်းရပ်စ် ကာကွယ်နည်းကို ပို့စ် တစ်ခုအနေနဲ့ တင်မလို့ဟာ ကိုယ်ကလည်း အဲဒီလောက် မတတ်တာနဲ့ မလေးကို ပဲ တိတ်တိတ်လေးလာပြောပြမယ်။ သူငယ်ချင်းတွေ အကြံပေးတာကို ပြောပြမှာနော်။
virsus တွေက USB flash drive, MP3, MP4, Memory card တွေက ၀င်တာများပါတယ်။ အဲဒီတော့ စက်ထဲမှာ antivirus တစ်ခုခု သွင်းထားပါ။ ဘာပဲဖြစ်ဖြစ်ဆိုပေမယ့် Full version ကို တင်စေချင်ပါတယ်။ Trial version တွေက သိပ် effective မဖြစ်လို့ပါ။ Antivirus တွေထဲမှာတော့ NOD 32 နဲ့ Kaspersky ကို ညွန်းချင်ပါတယ်။ Norton က စက်လေးလို့ပါ။
ဲပြီးတော့ အဲဒီ flash drive တွေကို စက်နဲ့ ဆက် လိုက်ရင် Auto run ဆိုပြီး တက်လာပါတယ်။ အဲဒါကို cancel လုပ်ပါ။ ဘာဖြစ်လဲဆိုတော့ virus တော်တော်များများက auto.exe တွေဆိုတော့ ok နှိပ်လိုက်တာနဲ့ စက်ထဲမှာ install ဖြစ်သွားတတ်လို့ပါ။ အဲဒီတော့ flash drive တွေကို ဘယ်လိုဖွင့်ရမလဲ ဆိုရင် My computer ကနေ ကိုယ်ဖွင့်ချင်တဲ့ flash drive ကိုထောက်ပါ။ ပြီးရင် virus scan အရင်လုပ်ပါ။ ပြီးမှ right click>explore နဲ့ဖွင့်ပါ။ အဲဒီနည်းက အန္တရယ် အကင်းဆုံးပါတဲ့။ အဲလို ဖွင့်ချင်းအားဖြင့် virus ပါလာသည့်တိုင်အောင် ကိုယ့်စက်ထဲမ၀င်တော့ပါဘူး။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်မဟုတ်လား။ အဆင်ပြေပါစေ မလေး/လေးမ/ မလေးမ :) (ဘယ်လိုခေါ်ရ မလဲ မသိလို့နော်။ :P)

Anonymous said...

ကိုကောင်းကင်ရေ လေးမ ပို့စ် ကိုလာဖတ်ပါအုံး။ အရင်က ပေးခဲ့တာတွေ အတွက် ပိုက်ပိုက် ပြန်တောင်း :P

Anonymous said...

ဟုတ်သလိုလိုတော့ရှိသား .. မလေးရဲ့.. အခုခေတ်ကလေးတွေဒီလိုလေးတွေတွေးနေတာပေါ့နော်.. ဆင်ခြင်နိုင်စွမ်းရှိကြပါစေပေါ့ .. မလေးရယ်..

Anonymous said...

:)
ဘယ်နေရာမှာ မဆို... စဉ်းစားဆင်ခြင်နိုင်စွမ်းရည် ရှိဖို့က အရေးအကြီးဆုံးပဲလေ။ အွန်လိုင်းပေါ်မှာ ဆိုတော့ ပိုပြီး အရေးကြီးတာပေါ့... လေ့လာအကဲခက်နိုင်စွမ်းကလည်း အရေးပါလာပြီ။ ကံတရားလည်း ပါသေးတယ်...

Anonymous said...

အဟဲ..မိုက်တယ်ဂျာ.. ပေါက်ပေါက်ပြောတာအားလုံးမှန်တယ်နော် တီတီလေး..:P လက်ခံလိုက်ပါကွယ်..နော်..နော်

Anonymous said...

good idea! nice post!

Anonymous said...

မမလေး...
ဒီပို့စ်လေး ဖတ်ရတာ သဘောကျတယ်။ မမလေးထဲ ဗိုင်းရပ်စ်ဝင်နေတယ်လား၊ အဲ ဘွာတေး... မမလေးစက်ထဲ ဗိုင်းရပ်စ်ဝင်နေလို့လားလို့... :) သိုးလေးလည်း kaspersky ပဲ သုံးတယ်လို့ ကြော်ငြာဝင်တာ...

Anonymous said...

မှန်ပါတယ်။ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးပေါ့နော်။

Anonymous said...

လေးမရေ... ရေးပြထားတာ ကောင်းတယ်.. အဓိက ကတော့ အပြင်မှာပဲ ဖြစ်ဖြစ်၊ online မှာပဲဖြစ်ဖြစ် ကိုယ်တိုင် သင့် မသင့်ကို ဝေဖန်ပိုင်းခြားတတ်ရင် အကောင်းဆုံးပါပဲ.. ခေတ်တွေကလည်း ပြောင်းနေပြီကိုး... :D

Anonymous said...

>၀င်္ကပါလေး.. ကောင်းလား ညီမလေး..။ကျေးဇူးနော်..။

>လိမ်ခံထိမှာမကြောက်ပါဘူး... ကြောင်မျိုးမှန်းမသိလို့ cancle လုပ်လိုက်မိတာ..။ ဆောရီး..ဆောရီး..။

>ကိုဇီးကွက် ... လူငယ်တွေကို အပြစ်ကြီးပဲ မပြောချင်ဘူးလေ ...နည်း၂ မျှမျှတတတွေးကြည့်တာ...။ ဗိုင်းရပ်စ်အတွက် ပြောပြသွားတာတွေ ကျေးဇူးပါ..။

>ကိုအတာ .. အချွန်နဲ့  မ နေတယ်...။

>ညို ..ဆင်ခြင်နိုင်အောင် အုပ်ထိန်းသူတွေက သိမ်သိမ်မွေ့ မွေ့  ပြောပြရမှာပေါ့လေ...။

>ကိုသန့် ..ဟုတ်တာပေါ့..အကဲခတ်နိုင်ဖို့နဲ့ ကံတရားကလည်း အရေးကြီးသေးတယ်..။

>သဇင် ... လက်ခံလိုက်ပါပြီ .. ညီမရေ...။

>မမသမုဒယ ...အားပေးတယ်ပေါ့..ကျေးဇူး..မမ...။

>သိုးလေး ... မမလေးကို ဗိုင်းရပ်စ်ဝင်သွားတာ ...သိုးလေး အ၀တ်လျှောခိုင်းလို့လေ...။ သိုးလေးက ကြော်ငြာမင်းသမီးလေးပေါ့...။

>မတူးတူး ... ဒါပေါ့..အဟုတ်ပေါ့... ။

>မနုစံ ... ခေတ်ပြောင်းတာကတော့ မမရေ..လိုက်လို့ကို မမီနိုင်ဘူး..။ :)

Anonymous said...

ဒီလို အချီအချ အပြန်အလှန် ပြောတဲ့ ပုံစံလေး မိုက်တယ်ဗျ ။ အွန်လိုင်းပေါ်က ဒေါ်လေး နဲ့ ဒီတစ်ပုဒ်လို အရေးအသားမျိုး ပေါ့ ။
ပေးချင်တဲ့ message ကို သွက်သွက်နဲ့ ထိရောက်သွားစေတယ် ။ အဲဒါမျိုး
အကြောင်းပေါ်ရင် ထပ်ရေးပါဦးဗျ ။

Anonymous said...

ညီမလေးပြောတာတွေမိုက်တယ်ဗျာ...
စာကလေးတောင် အင်တာနက်..ချက်ရွန်းတွေကနေ..
ဂျပန်ဘာသာစကားကို မွန်းမံသင်တန်း တက်ခဲ့တာအမရ..
သုံးတတ်ရင် အင်တာနက်... ချက်ရွန်းကကောင်းပါတယ်..
Q တာကတော့စာကလေးလိုနောက်တတ်တဲ့သူဆိုရင်
စိတ်ညစ်သွားမယ်...
လွန်ခဲ့တဲ့နှစ်နှစ်လောက်တုံးကချက်ရွန်းမှာစာကလေးကို
မိန်းကလေးမှတ်ပြီးရည်းစားစကားပြောတာ
လူ ၁၀၀ ယောက်ရှိတယ်..ရီရတယ်ဗျ...

Anonymous said...

>jerry... မြောက်ပေးတယ်ပေါ့လေ...။

>sparrow... ဟုတ်လား... စွံလှချည်လား...ယောကျာ်းလေးမှန်း သိသွားတော့ရော ဘယ်နှစ်ယောက် ရည်းစားစကားပြောလဲ..(စာကလေးက ပြောတာ)

Anonymous said...

အဟတ် သိနေတယ် အဲဒါဘယ်သူ့ အာဘော်တွေဆိုတာ ...
လေးစားပါတယ်ဗျို့  ...။

Anonymous said...

ကောင်းတယ်မမရေ။......ဟုတ်တယ်..ဝေလေးလဲပေါက်ပေါက်ပြောတာထောက်ခံတယ်
ဟိ ဟိ
သုံးတတ်ရင်ဆေးမသုံးတတ်ရင်ဘေးတဲ့...ကြူနေတာတွေတော့မသိချင်ယောင်ဆောင်
ထားလိုက်တယ်လေ။လူတိုင်းကကြူနေကြတာတော့မဟုတ်ပါဘူး...
အသိပညာဖလှယ်နိုင်တာအမြတ်ပဲ......ဟုတ်ဘူးလား......ဒါနဲ့မမကိုလည်းinvite လုပ်ချင်
တယ်လက်ခံနော်...တိလား.....:P