Thursday, December 06, 2007

My world & me (3)

Blog ကို အမည်ပေးခြင်း… ဘလော့ဂ် စလုပ်တော့ နာမည်ပေးဖို့ တော်တော်စဉ်းစားခဲ့ရတယ်…။ တစ်ယောက်ထဲ အဆိုတင်သွင်းလိုက် … ပယ်ချလိုက်…။

နာမည်ကြီး ဘလော့ဂ်တွေကို လှည့်ဖတ်ထားတော့ သူတို့ဘလောဂ့်နာမည်လေးတွေကို အားကျ အတုခိုးတဲ့ စိတ်နဲ့ လျှောက်ပေးကြည့်တယ်….။



ကိုနေဘုန်းလတ်က “လွတ်ကျခဲ့တဲ့မြို့ ….” ဆိုတော့ လေးမက “ ကောက်ရခဲ့တဲ့ ဘလော့ဂ် ”… လို့ပေးရင်ကောင်းမလား…။

ကိုဇင်..ကိုလတ်က “ Danger Zone ” ဆိုတော့ လေးမက “ Restricted Area ” လို့ပေးရမလား…။

မဂျစ်တူးက “ ဂျစ်တူးဆိုသူ၏ အပိုင်းအစများ” . ဆိုတော့ လေးမက “လေးမဆိုသူ၏ အစုတ်အပြဲများ” …. လို့ပေးရမလား…။

မညလေးက “ အိပ်မက် ဒိုင်ယာရီ” ဆိုတော့ လေးမက “အိပ်ငွေ့ ချထားသော ဒိုင်ယာရီ” … လို့ပေးရမလား…။

မလေးက “ သံစဉ်မဲ့ အလင်္ကာများ” ဆိုတော့ လေးမက “ ပွက်လောရိုက် သံချပ်များ ” …. လို့ပေးရမလား…။

မမယ်လိုဒီမောင် က “ မယ်လိုဒီမောင်၏ ငြိမ်းချမ်းသံစဉ်” ဆိုတော့ လေးမက “လေးမ၏ အေးစက်စက် ရေခဲ သံစဉ်…” လို့ပေးရမလား…။



အဲလို … အဲလိုတွေ စဉ်းစားပြီးသကာလ နောက်ဆုံးတော့ Layma's world ဖြစ်သွားပါတယ်…။

ဒိုင်ယာရီလို့ပေးချင်ပေမယ့် သေချာ စဉ်းစားကြည့်တော့ မဖြစ်ဘူး…။ ဒိုင်ယာရီဆိုတာ အသေးစိတ်ကျတယ်… နေ့တိုင်းရေးရမယ်… အဲဒါမဖြစ်နိုင်ဘူး….။



ကမ္ဘာ..ကမ္ဘာလို့ပေးလိုက်မယ်….။ အွန်လိုင်းမှာ ကမ္ဘာတည်လိုက်တယ် …။This is my virtual world. I'm the Queen in my world လို့တောင်ရေးလိုက်သေးတယ် ….။


လေးမကမ္ဘာမှာ လေးမ ဗိုလ်ပဲ ….။


မကြိုက်တဲ့ ကွန့်မန့်ဖျက်မယ် … အမြင်ကတ်တဲ့လူ ဘန်းမယ် …. မကျေနပ်တာတွေအော်မယ်…. အခွင့်အရေးရတုန်း ပါဝါပြလိုက်မယ် … အဲလို…အဲလို သဘောနဲ့  ဘုရင်မ လုပ်တာ ဟုတ်ပါဘူး….လို့ပြောမလို့….။



လေးမကမ္ဘာကို လေးမ စီမံခန့်ခွဲမယ် ဆိုတဲ့ သဘောနဲ့  ကျွန်မကမ္ဘာမှာ ကျွန်မဘုရင်မ လို့ပြောတာပါရှင်…။



ခုတော့ Layma's Virtual World လို့ပဲပေးထားပါတယ်…။ ဘုရင်မလို့ မအော်တော့ဘူး … ။

wordpress ကြီးကို စီမံခန့်ခွဲဖို့ ဦးနှောက်ခြောက် မခံချင်တော့ဘူး …။


ရှိတာလေးနဲ့ ဖြစ်အောင်သုံး … ရတာလေးနဲ့ အဆင်ပြေအောင်နေပြီး … ရေးချင်တာ တချို့ကို မျိုချသင့်တာမျိုချ …

အန်ချသင့်တာအန်ချ … ၀ါးစားသင့်တာဝါးစားပြီး ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ဆက်နေတဲ့ ကမ္ဘာအတုလေးမှာ ခြောက်ကပ်ကပ် ရယ်မောနေတဲ့ စုန်းမတစ်ကောင်လို့ ကိုယ့်ကိုယ်ကို သမုတ်ချင်တယ်…။ ။


မှတ်ချက်။ ။ သက်ဆိုင်ရာဘလောဂ့်ပိုင်ရှင်များ စိတ်မဆိုးကြေး…။ စိတ်ဆိုးတဲ့သူ မုန့်ဝယ်ကျွေး…။

9 comments:

Anonymous said...

အန်ချသင့်တာအန်ချ … ၀ါးစားသင့်တာဝါးစားပြီး ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ဆက်နေတဲ့ ကမ္ဘာအတုလေးမှာ ခြောက်ကပ်ကပ် ရယ်မောနေတဲ့ စုန်းမတစ်ကောင်လို့ ကိုယ့်ကိုယ်ကို သမုတ်ချင်တယ်…။ ။
ကိုယ့်ကိုကိုယ် နာမည် အမျိုးမျိုးပေးတာ ဒီအဒေါ်ကြီးတစ်ယောက်ပဲ တွေ့ ဘူးသေးတယ် ဟတ် ဟတ်။

Anonymous said...

သြော်.. ဂလိုကိုး.. “လေးမဆိုသူ၏ အစုတ်အပြဲများ” ဆိုရင်တော့ တော်တော် မိုက်သွားမှာ သေချာတယ်.. :D

Anonymous said...

အေးလေ.. ဟုတ်ပ.. နံမယ်ပေး ကင်မွန်းတက်လည်း မလုပ်ပဲနဲ့.. :D

Anonymous said...

သေပြီ။ ဖတ်ပြီးတာတောင် တော်တော်ကြာကြာထိုင်ရယ်နေရတယ်။ လုပ်ရက်တယ်အစ်မရယ်။ ဟာ မောလိုက်တာ။ ဟောဟဲဟောဟဲ။ ရေလာတိုက်တော့။ :P ကောင်းပါတယ် Layma's Virtual World ပဲ။ မဟုတ်ရင်တော့ဒီလာတိုင်းအူတက်နေမှာမြင်ယောင်သေးတယ်။

Anonymous said...

အစောကြီးထဲ က ဘုရင်မဆိုတာ မယုံပါဘူးဗျာ...နာမည်တွေ ရွေးထားတာ လှရဲ့ သားနဲ့  ဘာလို့ ပြောင်းလိုက်တာလဲဗျ... “ ပွက်လောရိုက် သံချပ်များ ” …. များနှင့် ဒေါ်ကိတ်ခြောက် ဆိုအရ်းဂွတ်မှာ...အခုပြင်လိုက်လဲ မှီသေးတာပဲ....ဟာဟားးး.အရမ်းရီ၇တယ်ဗျ ....ကြောက်ပါတယ်ဆို စုန်းမကြီးတဲ့ ..ပြေးပြီဗျို့ ....

Anonymous said...

အောင်မငှီး...စုန်းမကြီးတဲ့ဗျ...

Anonymous said...

စုန်းမကြီးတဲ့လား.....ချစ်မ က စုန်းမကြီးဆို.....
ဆုမွန်လဲ စုန်းမလေးပေါ့...ဟတ်ဟတ်

စုန်းညီအမပေါ့။ ဟားဟား
ဒီပို့စ်လေး အရမ်းဖတ်လို့ကောင်းတယ်။
တို့ချစ်မကြီး ပဲဟာ။ နော်......

Anonymous said...

အရေးအသားတွေက မိုက်တယ်နော်..အားကျတယ်ဗျို့

Anonymous said...

>မျှားပြာ… စုန်းဆိုတာပြုစားတတ်တယ်နော…။

>သဉ္ဖာ… ဟုတ်ပ…လူတွေတော်၂စိတ်ဝင်စားမယ်နော်..။

>ကိုသန့်… လုပ်စရာလား။။ လုပ်ရင်ကျွေးနေရဦးမယ်…။

>၀င်္ကပါ… ညီမလေး..ရေ…ရေ…သောက်လိုက်..ဖြည်း..ဖြည်း..။

>အခွံမောင်မျိုး… ပြေးလို့မလွတ်ပါဘူး…။ ဟား.ဟား..ဟား..။

>ကိုဒီဝိုင်း …ကြောက်ပြီလား။။။

>မိုးချစ်သူ… စုန်းမလေး…ဂွတ်..ဂွတ်…။

>သဇင်ဏီ… ညီမလေး တွေနဲ့ နောက်ပြောင်နေတတ်လို့ပါ…။ ကျေးဇူးနော်..ညီမအသစ်လေး..။.
(နာမည်ရေးဖို့တောင် မေ့သွားတယ်...ခိုးသုံးနေမှန်းသိသာလိုက်တာ)