Thursday, December 06, 2007

My world & me (4)

ကိုယ့်ကိုယ်ကို အမည်ပေးခြင်း


ဘလော့ဂ်ကို နာမည်ပေးသလို ဒီဘလော့ဂ်မှာ မွှေမယ့် နှောက်မယ့် လက်ပိုင်ရှင်အတွက်လည်း နာမည်ပေးခဲ့ရတယ်…။


နာမည် အစစ်မသုံးဘူးလေ … အပြင်လောကမှာ သိပ်ကျော်ကြားသွားမှာစိုးလို့ ….( ခိုးကြောင် ခိုးဝှက် ရေးနေတာ )…။


သူများတွေကို အတုခိုးခဲ့ပါတယ်….။

ကိုရန်အောင် ကိုအားကျလို့ …. လေးမက “ မေသန်းနု

မပန်ဒိုရာ ကိုအားကျလို့ …. လေးမက “ အာလာဒင် ”

ပုဂံသား ကိုအားကျလို့ …. လေးမက “ ရန်ကုန်သူ ”

မဂျစ်တူး ကိုအားကျလို့ …. လေးမက “ တာတေ ”

စေတန်ဂေါဒ့် ကိုအားကျလို့ …. လေးမက “ ဗီးနပ်စ် ”

မနိုင်းနိုင်းစနေ ကိုအားကျလို့ …. လေးမက “ အိပ်အိပ်တနင်္ဂနွေ ”

မမေဓာဝီ ဆိုတော့ ကိုအားကျလို့ …. “ ခေမာဝတီ ”


ညီညီ ( သံလွင် ) ကိုအားကျလို့ ….့ လေးမက “ မမ ( ငမိုးရိပ် ) ”



ကိုမောင်လှ ကိုအားကျလို့ …. လေးမက “ မယ်ရုပ်ဆိုး ”

ဘာညာ ကိုအားကျလို့ …. လေးမက “ အာပလာ ”

မိုးညို ကိုအားကျလို့ …. လေးမက “ နေသာ ”

ပေါက်ပေါက်ဆုပ် ကိုအားကျလို့ …. လေးမက “ ကန်စွန်းရွက် ”

မညလေး ကိုအားကျလို့ …. လေးမက “ မွန်းတည့်လေး”

ကိုမျက်လုံး ကိုအားကျလို့ …. လေးမက “ မိနားရွက် ” ..။

ရွေးလိုက်တဲ့ နာမည်အားလုံးက အရမ်းမိုက်နေတော့ ဘယ်နာမည်ပေးရမှန်းတောင် မသိတော့ဘူး ဖြစ်သွားတယ်….။

ဒါနဲ့ ဘ၀ဟောင်းက နာမည် “ မလေးငယ် ” ကို ပြန်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်…။


တိုတိုရှင်းရှင်း မလေး လို့ပဲရေးလိုက်မယ်လို့ စဉ်းစားပြန်တော့ မအိမ့်ကို မလေးလို့ ခေါ်ကြတာ သတိရသွားတယ်…။



ဒါနဲ့ပဲ ဘိုဆန်ဆန် နာမည်လေး “ လေးမ ” လို့ ပေးလိုက် ပ်ါတယ် ….။

မှတ်ချက် ။ ။ ကျော်ကြားသူတို့၏ နာမည်ကို အတုခိုးရန် ကြံစည်ခဲ့သဖြင့် ချိတ်မချိုးကြေး..။ စိတ်ဆိုးတဲ့သူ မုန့်ဝယ်ကျွေး...။



သည်းခံပါရှင်…။ လေးမ ခုတလော နည်းနည်း စိတ်ဂယောက်ဂယက် ဖြစ်နေလို့ ဒီလိုစာတွေရေးနေမိတာပါရှင် ( အရင်ကလည်း စာကြီးပေကြီးတွေ ရေးဖူးတာကျနေတာပဲ)…။ လမကုန်ခင်တော့ စွပ်ပြုတ်တစ်ခွက် တိုက်ပါ့မယ်…။ ။

13 comments:

Anonymous said...

ရေးတတ်လိုက်တာ မလေးရယ် အားကျတယ်ဗျို့ :)

Anonymous said...

စိတ်ဂယောက်ဂယက် ဖြစ်မှာပေါ့ ...
ဟိုဟာတွေလုပ်ပါဆို ဒီဟာတွေလုပ် ၊ ဒီဟာတွေလုပ်ပါဆို ဟိုဟာတွေလုပ်တယ်။
ဟိုဟာတွေ ဒီဟာတွေကတော့ ဘာလဲမသိ ...။
နာမည်လေးတွေကတော့ မိုက်တယ်နော်။ :P

Anonymous said...

ရှုပ်ရှက်ကိုခတ်နေတာပဲ....လိုက်လို့မမှီတော့ဘူးး..စာတွေကလဲ ရေးတတ်လိုက်တာ........မိနာရွတ်လဲ လှတာပဲ...ဒါနဲ့ ကျနော့် ကိုတက်စ်ထားတာက ဘယ်လိုမျိုး ပို့ စ်လဲ ရှင်းပြပါအုံးးး....၅ ခါရှိပြီးဖတ်တာ ...ကျနော်က တုံးပါတယ်ဆို...ဒေါ်အာပလာ

Anonymous said...

နောက်တစ်ခါ နာမည်ပေးဖို့ အရေးကြုံရင် လေးမဆီက အကြံဥာဏ်ယူရမယ်.. ကောင်းလိုက်တဲ့ နာမည်လေးတွေ.. :D

Anonymous said...

“ ဒေါ်ခေမာဝတီ ”... အင်းးး
ဒီနံမယ်.. မဆိုးဘူး.. :D
သီလရှင်ဝတ်ရင်.. အထူးတလည် ဘွဲ့နံမယ် ရှာနေစရာ မလိုတော့ဘူးပေါ့... :P

Anonymous said...

်နာမည်လေးတွေက မိုက်တယ်ဗျာ။ ကျွန်တော်က အိပ်အိပ် တနင်္ဂနွေကို အကြိုက်ဆုံးပဲ။ အိပ်နေချင်လို့ လေ။ နောက် ဆိုရင် နံမယ် အသစ် လိုချင်ရင် အစ်မဆီလာမေးမယ်နော်။ :P

Anonymous said...

တော်တော် ဟာသဥာဏ်ရွှင်တဲ့ အမကြီး။ နာမည်ပေးကလည်း တော်ပါ့။ ဟားဟား တချိန်ကျလို့ ကလေးလေးတွေ ရှိလာရင်
အမည်တောင်းရဦးမယ် အဟတ်ဟတ် ကိုရန်တို့ မျှားပြာတို့လို ရီ
ကြည့်တာ :D ပျော်ရွှင်ပါစေခင်ဗျာ :)

Anonymous said...

နံမည် အပေးတော်တယ် ။ မင်းသင်္ခနဲ့ နင်လား ငါလားပဲ၊ မင်းလူ လိုလို ဘာလိုနဲ့ ၊ နံမည် အားလုံးနဲ့ လိုက်တယ် ၊ နောက်ဆို ဘလော့ဂ်ဂါ လေးမ နံမည်ပေးသည်၊ ကွန်ပျူတာနဲ့ မဟုတ် ရင်တွင်းဖြစ် စစ်စစ်နဲ့ နံမည် ပေးတယ်လို့ ကြော်ငြာလိုက်လေ၊

Anonymous said...

ကိုအတာ... အားမကျပါနဲ့ကိုအတာရယ်...ပေါက်ကရတွေပါ..။

>မျှားပြာ... မသိတဲ့ ဟိုဟာတွေ..ဒီဟာတွေပဲ လုပ်နေတာ ...။ လုပ်နေရင်းနဲ့ ဖောက်သွားတာ...။ :)

>အခွံမောင်မျိုး... ရှင်းနေတာကို ရှုပ်နေပြန်ပါပြီ...။

>မနုစံ ... ပေးမှပေါ့..မရဲ့...။ တစိကြံတစ်ကျပ်လေ...။

>ကိုသန့်... သီလရှင် ဘွဲ့ကရှိပြီးသား...။ ဒေါ်အိမ်သတိရ...တဲ့...။ :P

>ကိုဇီးကွက် ... ရတယ်..လာမေး...အပျံစားလေး စဉ်းစားပေးလိုက်မယ်...။ အခုနာမည်ကိုပြုပြင်ချင်ရင်လဲပြော...။

>ညိမ်းညို ... ကလေးတွေနာမည်..ကြိုပေးထားလည်းရပါတယ်... မောင်မျိုးကလေးတောင် နာမည်ရွေးပြီးပြီ...။ ကေရာဇာညို လို့ပေးလိုက်...။ :P

> မမလေပြေ ... ရင်တွင်းဖြစ်စစ်စ်နဲ့...ဟားဟား...မိုက်တယ်...။ :)

Anonymous said...

ဝေးး မလေးမရေ။ ဘလော့နာမည်ပေးပုံလေး ကောင်းတယ်ဗျို့။ :-)

Anonymous said...

ကိုမျက်လုံး သားလေးအတွက် နာမည်စဉ်းစားပေးရဦးမလား...။

Anonymous said...

ကောင်းတာပေါ့ မလေးမရေ။ အဲဒီနာမည်ကိစ္စ အခုထိ အပြီးသတ်ကို မရွေးရသေးဘူးခင်ဗျာ :-)

Anonymous said...

လေးဆိုတဲ့စာလုံးကို.. ဝေ့စာ့နှစ်လုံးဖြုတ်
မဆိုတဲ့စာလုံးနောက်မှာ....မ တစ်လုံးထည့်လိုက်
အဲ့ဒါ ..စာကလေးက အမကိုပေးတဲ့နာမည်ပဲ
လှတယ်မဟုတ်လား..
ဟိဟိ