Saturday, December 15, 2007

အိပ်မက်

ဒီအိပ်မက်ကို စဉ်းစားလိုက်တိုင်း ရေးဖို့ Tag တဲ့ ဂေါ်မစွံ ၊ ဂီလာန ၊ အခွံကြောင်မျိုး ရဲ့ ခေါင်းကို ငရုတ်ကျည်ပွေ့ နဲ့  ဆတ်ဆတ်ကလေး ထုချင်တယ်…။

မောင်မျိုး လေ… သူက စိတ်ကူးတွေ ယဉ်ချင်သလောက်ယဉ်ပြီး အိပ်မက်ဆိုပြီး ရေးတယ်…။ ပြီးတော့ လေးမကို Tag တယ် …။

အိပ်မက်ဆိုတာက မေ့သွားတာက ခပ်များများ…။ ဘယ်က ဘာအကြောင်း ရေးရမှန်းတောင်မသိဘူး…။ သူ့လို စိတ်ကူးယဉ်ပြီးရေးဖို့က ပိုတောင်ဆိုးသေး…။ သူ့လိုရေးကြည့်ပါလား… အိမ်ပေါ်က ခေါင်းနဲ့ ဆင်းနေရဦးမယ်…ဟတ်..ဟတ် ( မခံချိမခံသာ ရယ်သံ)…။ အိပ်မက်မက်ဖို့ သတိမရအောင် အိပ်ပျော်တတ်တဲ့ လေးမ မနေ့ညက အိပ်မက်မက်ပါတယ်…။ ကြောင်မျိုး ရေးခိုင်းတာ ဘာရေးရပါ့ … ဒီည အိပ်မက်တစ်ခုလောက်မက်ချင်တယ်ဆိုပြီး စဉ်းစားရင်း အိပ်ပျော်သွားတာ…။

ိပ်မက်ထဲမှာလေ… ဂျစ်ကားတစ်စင်း ခြံထဲကို ၀င်လာတယ်… ။ အလဲ့ … ကောင်းကင်ကြီးမောင်းလာတာပေါ့ …။ ဘေးမှာ အ၀တ်အစား ချွေချွေတာတာ ၀တ်ထားတဲ့ ကောင်မလေး တစ်ယောက်လည်းပါတယ်…။ လေးမ လားမသိဘူးလို့ သေချာကြည့်လိုက်တော့ လေးမလည်းမဟုတ်ပါလား….။

ဒေါသတကြီးနဲ့  …. လေးမ မီးဖိုချောင်ထဲကို ခြေသံပြင်းပြင်း … ရှူးရှူးရှဲရှဲ နဲ့  ၀င်သွားတယ်…( ဓါးသွားယူတာ……………မဟုတ်ဘူး…) ။ မီးဖိုထဲက မကွဲနိုင်တဲ့ အိုးတွေ ခွက်တွေ ရွေးပြီး နံရံကို ပစ်ပေါက် ပိတ်ကန် ပစ်လိုက်တယ်….။

ကောင်းကင်ကြီးက ကုတ်ကုတ် ကုတ်ကုတ်နဲ့  မီးဖိုထဲ ၀င်လာတယ်….( လေးမကို ချော့မလို့ လို့ ထင်လိုက်တာ…. ပိုတောင် ဒေါသထွက်ပြလိုက်သေး…)…။

သူက ကြောင်အိမ်လှပ်ပြီး မြင်းခွာရွက်သုတ် ပန်းကန်လေးကိုင်ပြီး ပြန်ထွက်သွားတယ်….။ လေးမက အလိပ်လိုက်တက်လာတဲ့ ဒေါသတွေနင်ပြီး မျက်လုံးကြီးပြူးပြီး ကျန်ရစ်ခဲ့တယ်….။

ဒါပဲ…အိပ်မက်က…ဒါပဲ….နိုးလာတော့ အိပ်မက်မှန်း သိပေမယ့် တော်တော်မကျေနပ်ဘူး…။ ကိုယ့်ကိုယ်ကို အားမရတာ … အိပ်မက်ထဲမှာတောင် ရန်မဖြစ်တတ်လို့ … ဆွ့ံအနေလို့ …။ ။

လေးမ ကတော့ ညီမလေး ၀င်္ကပါရဲ့ အိပ်မက်လေးကို သိချင်ပါတယ်…။ ညီမလေးရေ…Tag ပြီနော်….လှလှလေးမက်နော်…။

11 comments:

Anonymous said...

ဟာကွာ
ချစ်မကလဲ
ကောင်းကင်ကြီးကို
ဘာမလုပ်လိုက်ဝူးလားလို့
နော်
ချိတ်တိုလိုက်တာ
ဟိဟိ

Anonymous said...

လေးမရေ.. ဒါဆို ဒီညဆက်မက်ပြီး အိပ်မက်ထဲမှာ ရန်တွေ့ပစ်လိုက်.. :D :D

Anonymous said...

မယုံဘူး ရန်မတွေ့ ဘူးဆိုတာ လုံးဝ မယုံပါ ...။
အစ်ကို့ရုပ်က အေးအေးလေး ... ဒေါ်ကိတ်ခြောက်သာ အဲလိုတကယ်ဖြစ်ရင်
ယောင်းမကြီးကိုင်ပြီး အိမ်ဝထဲက လှမ်းပစ်မှာ ဟတ် ဟတ် နောက်တာပါဗျာ ..
အဆင်ပြေပါစေဗျာ အစ်ကိုရော အစ်မရော။

Anonymous said...

အိပ်မက်ကလန်းတယ်... ဖွိုက်ရမှာဗျ...ဟီး

Anonymous said...

>chaos .. မလုပ်လိုက်မိလို့ ချိတ်တိုနေတာ..။

>မ... မြှောက်ပေးတယ်ပေါ့..။ တကယ် ရန်တွေ့ လိုက်ရမလား...။ သင်ပေးဦး..။

>မျှားပြာ ... ဘယ်မှာမြင်ဖူးလို့တုန်း..။ ရမ်းအုပ်နေပြန်ပြီ...။

>သဇင် ... အိပ်မက် လီမွန်ဟိုင်းတီး လိုပဲနော်..။

Anonymous said...

ကောင်းကင်ကြီး ဆိုတာ ကင်းကောင်ကြီး ကို ပြောတာလား။

Anonymous said...

အစ်မအိပ်မက်မက်ပြီးထလာတော့ စိတ်တိုနေလား။ ဟုတ်တော့ဟုတ်တယ်နော်။ အိပ်မက်ဆိုတော့လည်းကိုယ့်စိတ်အတိုင်းမဟုတ်ဘူးဆိုတော့။ tag တာကျေးဇူးပါအစ်မရေ။ မကြာခင်ရေးမယ်နော်။

Anonymous said...

တီလေးရေ့  ...အဲ့လို အိမ်မက်မျိုး မက်သွားတဲ့ အတွက်စိတ်မကောင်းပါဘူးဗျာ...ပြောင်ပြန်ယူလိုက်လေ ဒါဆို အိုကေ မှာ စိုပြည်သွားလိုက်မယ်...ရေးပေးတဲ့အတွက်ကျေးဇူးပါဗျာ...ဒီနေ့ ဝင်လို့ ရတယ်..နက်ဖန်တော့မသိသေးဘူးး...
ဟာဟားးး......ဒီတစ်ခါတော့ နာမည်တွေဖတ်ပြီး မရီနိုင်တော့ဘူးဗျ....ရှက်ရှက်နဲ့ ပြန်သွားတယ်...ကောင်မလေးတွေ တွေ့ ပြီး...ဂီလာန မောင်မျိုးဆို ဘယ်သူက ကြိုက်တော့မှာလဲ...

Anonymous said...

ချစ်မကွာ ညံ့ပ....
ဓါးယူပြီး ကျန်ကျောင်းလို လုပ်ပစ်၇မှာ.......
အဟဲ....ကိုကောင်းကင်ကြီးကို ပြန်အကြောနဲ့ နော်

Anonymous said...

>Rapster88.. ဟုတ်ဘူး..မိုးကောင်းကင်ကိုပြောတာ...။

>၀င်္ကပါ... စိတ်တိုနေတာပေါ့...ညီမရဲ့...။

>မောင်မျိုး... ဟုတ်တယ်နော်..ပြောင်းပြန်ယူလိုက်မယ်...။ ရှက်ပါနဲ့ ဟယ် ... ဂီလာနဆိုတော့ သနားပြီး ကောင်မလေးတွေက....။

>မိုးချစ်သူ... အေးကွာ...တော်တော် ညံ့တယ်...။

Anonymous said...

ဟား ဟား ဟား .... ဖြစ်ရမယ် ။ အဲသလိုပေါ့ဗျာ ။
အေးဗျာ ... အနည်းဆုံး ဗိုက်ခေါက်တော့ ဆွဲလိမ်လိုက်သင့်တာပေါ့ ။
အဲဒီ အိပ်မက်အကြောင်း ဦးဦးကို ပြောပြပြီး ရန်တွေ့လိုက်ဗျ ။ အိပ်မက်တာတောင် မခံနိုင်ဘူးဆိုတဲ့ သဘောပေါ့ ။ အဟဲ .. ဟဲ