Saturday, December 08, 2007

နေမကောင်းလို့

နေမကောင်းပါ ... သို့သော် မဖျားပါ … ။
မနေ့က အလုပ်မသွားခင်ကတည်းက နှာမွန်ုပြီး ဟတ်ချိုး … ဟတ်ချိုး ..ဖြစ်နေတာ ပြန်လည်းရောက်ရော Tissue paper ကို လက်ကချလို့မရဖြစ်သွားတယ်….။ အဆိုးဆုံးက မျက်ရိုးကိုက်တာ….။ ခေါင်းတောင်မထောင်နိုင်ဘူး ( အလကား ညာပြောတာ … Recent comments တွေ … ဆီပုံးက နှုတ်ဆက်သံတွေ အမြန် ခိုးဖတ် လိုက်သေးတယ်… ပြီးမှ နှစ်နှစ်ခြိုက်ခြိုက်ကြီးပြုံးပြီး အိပ်ရာပေါ်တက်တာ…
-ပုံ- ကိုယ်စောင့်နတ်) …
feed တွေ စစ်လိုက်တော့ မိုးချစ်သူလေး ပို့စ်အသစ်တင်ထားတာတွေ့လို့ ဖွင့်ကြည့်လိုက်တော့ … ဟိုက်…တုပ်ကွေးဆိုပါလား….။ ဒါဆို ငါကွေးပြီလားမသိဘူးဆိုပြီး ဆေးသောက်လိုက်ပါတယ်…။ ဘလော့ဂ်တွေလည်း မမွှေနိုင်တော့ပါဘူး…။ မျက်ရိုးနဲ့  ခေါင်းတအားကိုက်လို့ပါ … ( တကယ်က…
ကွန်ပြူတာရှေ့မှာ ဆက်ထိုင်နေရင် နေမကောင်းသူတစ်ယောက်အနေနဲ့ ရရှိတော့မယ့် အခွင့်အရေးတွေ ဆုံးရှုံးသွားမှာစိုးလို့ …… -ပုံ- ကိုယ်စောင့်နတ် ) ..။
ခုတော့ အခြေအနေ ကောင်းလာပါပြီ …။ အနွေးထည်ဝတ်ပြီး အိမ်လည်ထွက်လိုက်ပါဦးမည်…( အဲဒါ အကြွေးတောင်းထွက်တာ…. -ပုံ- ကိုယ်စောင့်နတ် )။ ။
လေးမ

4 comments:

Anonymous said...

နေမကောင်းဘူးဆိုလို့ လာကြည့်ပါတယ် လူမမာကအိမ်လည်ထွက်နေတယ်ဆိုတော့ ပြန်တော့မယ်။

Anonymous said...

ချစ်မကြီး
နေမကောင်းဖူးလားဟင်
စိတ်ပူသွားတယ်။ တကယ်ရော ကောင်းသွားပြီလားဟင်။
မျက်ရိုးကိုက်ရင် အနားယူပါ။ ကွန်ပျူတာတွေသိပ်မကြည့်နဲ့နော်.
ချစ်မ...နေကောင်းအောင်နေပါ။
အိမ်လည်သိပ်မထွက်ပါနဲ့ဦးလေနော်

Anonymous said...

နေမကောင်းဘူးလားဗျ စိတ်မကောင်းဘူး။ ကောင်းသွားပြီဆိုတော့ ပျော်တယ်။ အဆင်ပြေပါစေဗျာ.။

Anonymous said...

>မတူးတူး... ဟဲ..ဟဲ...မုန့်တွေတော့ထားခဲ့နော်...။

>မိုးချစ်သူ ... ဟုတ်ကဲ့...ဒေါက်တာ...။

>မျှားပြာ ... ဟုတ်..အဆင်ပြေပါတယ်...။

အားလုံးကို ကျေးဇူးတင်ပါတယ်...။ သူငယ်ချင်းများ၏ ဂရူစိုက်မှုကြောင့် လေးမ နေကောင်းသွားပါပြီ...။