Sunday, December 16, 2007

မြစ်ထဲက… လှေ

ဘလောဂ့်ဆိုတဲ့


တို့ရပ်ဝန်းမှာ


သံယောဇဉ်မြစ်တစ်စင်း


ငြိမ့်ငြိမ့်လေးစီးဆင်း…။


ငါလည်းလေ

လမ်းကြုံလိုက်မလို့


ပန်းလှေလေးထုတ်လို့


သွက်သွက်လေးလှော်ခတ်


မင်းတို့နောက်လိုက်ခဲ့တယ်…။


တက်ကျိုးလို့

လက်ထိုးလှော်တယ်


ဒါပေမယ့်ကွယ်…


ငါ့လှေမှာ error တက်ပြန်သတဲ့

ပြင်ရဆင်ရ နွမ်းလျလို့


မောလှတယ် ….။


တခါ…တခါတော့

တွေးမိပါရဲ့


ကမ်းကပ်တော့မယ်…။


ဒါပေမယ့်ကွယ်


ရေစီးသံက

တကြော်ကြော်ခေါ်


ပျော်ပျော်ကြီးမျောချင်သေးတယ်….။


ဒါပေမယ့်ကွယ်


တစ်ချိန်မှာတော့

သေချာပါတယ်


ငါ…လေ


….


….


ကမ်းကပ်ရမယ်….။ ။

16 comments:

Anonymous said...

ကပ်သင့်တဲ့ အချိန်ကပ်ပါဗျာ.။ မကပ်သင့်တဲ့ အချိန်တော့ မကပ်ပါနဲ့  ..။
အင်း ဒီလိုတွေကြားရင်ဖြင့် ရင်ထဲမှာ မကောင်းတာ အမှန်ပဲ။

Anonymous said...

ဒီရေစီးထဲမှာ အတူဆက်သွားရအောင်ပါ မထားခဲ့ပါနဲ့။

Anonymous said...

လေးမရေ.. ကမ်းတော့ မကပ်ပါနဲ့... တတ်နိုင်သမျှ ရေစီးနဲ့ ပျော်ပျော်ကြီး သွားရအောင်ပါနော်... ဟုတ်တယ်.. မျှားပြာပြောသလိုပဲ.. အဲလိုမျိုးတွေ ဖတ်ရရင် စိတ်မကောင်းဘူး... ငိုချင်လာပြီနော်.. :(

Anonymous said...

မမလေး...
တစ်ခါတုန်းကပြောဖူးတယ်၊ နှုတ်မဆက်ကြေးတဲ့။ သိုးလေးကလည်း ပြန်ပြောမယ်။ နှုတ်မဆက်နဲ့လို့။ မမလေး နှုတ်ဆက်တာ ဘယ်တော့မှ မကြားချင်လို့။ ရေစီးထဲ ရောက်မှတော တူတူမျောကြတာပေါ့။ ဟုတ်ဘူးလား။ ပျော်စရာကြီးရယ်ပါ။ တစ်ယောက် အဝေးရောက်ရင် တစ်ယောက်က လှမ်းဆွဲ၊ ဒီရေစီးထဲမှာပဲ တူယှဉ်တွဲမျောချင်တယ် မမရယ်...

Anonymous said...

ချစ်မရေ
ရေစီးမှာအမြဲတူတူမျောခွင့်ရချင်တယ်နော်

Anonymous said...

တခါတလေပင်ပန်းရင်တော့
ကမ်းကပ်လို့နားစေကွယ်။

ဒါပေမယ့်လေ..
အဲ့ဒီလှေ ဒီမြစ်ဝယ်ရှိနေသရွေ့
တစ်နေ့တော့ပြန်လှော်
ရေစီးသံတကြော်ကြော်မှာ
ပျော်ပျော်ကြီးမျောပါအုံး။

အဖော်ရယ်မပီ တက်ညီညီမခတ်နိုင်ပေမယ့်
မြုပ်ချီတစ်ခါ ပေါ်ချီတစ်လှည့်နဲ့
လိုက်ခဲ့ပါရစေရွှေနွယ်ရိုး...ရယ်။

(ဟီး..အထုပ်တော့ မပြင်ရသေးဘူး :D )

Anonymous said...

ကမ်းမကပ်နဲ့ဗျ... ကမ်းပါးပျိုလိမ့်မယ်
သတိထားဗျ :)

Anonymous said...

ဖော်ရွေသူအမကြီးရယ်က
ပျော်စေမူ ဇ၀နအသောလေးတွေနဲ့
ဘလော့လောကကိုတဲ့ လာခဲ့တယ်။

နှုတ်ဆက်သူ မိတ်ဆွေအပေါင်းကိုလ
ကြိမ်ခါခါ အားမာန်ပြုပါလို့
ဂရုမှု စာနာအတွေးတွေနဲ့
ဖေးမလို့ ကူခဲ့တယ်။

ခုတဖန်
တပြန်တလှည့်ကွယ် စာနာတွေးပါလို့
စာရေးကာ ခြေရာချန်ခဲ့လေရဲ့
ကမ်းကပ်နဲ့ကွယ်။

(ကမ်းကပ်လျှင်
မဏ္ဍပ်ရှင် ကိုကောင်းကင်ကြီးရယ်က
ဒေါင်းတင်မောင်းတင်နဲ့ ကလောင်ရှင်အမကြီးကိုလ
ဂျောင်းစေ ဂျောင်းစေ လို့ဆိုစေဗျ.. :) အမကြီးရေ စတာဗျနော်
ကမ်းမကပ်ကြပါနဲ့ဦးဗျာ )

Anonymous said...

လေးမလေး ကမ်းမကပ်ပါနဲ့အုံး ၊ တို့တတွေ ပျော်ပျော် ပါးပါး ရေစီးထဲ မျောလို့တောင် မ၀သေးဘူး၊ အချိန်မတန် သေးပါဘူးနော်၊ မောရင် မလေပြေ လေအမြဲတမ်း လာတိုက်ပေးမယ်နော် အေးချမ်းအောင်လို့ လေးမလေး ဖူး..... ဖူး..... အဆင်ပြေပါစေကွယ်

Anonymous said...

ငိုလိုက်မှာနော်အမ...မနောက်နဲ့....
အကိုတွေအမတွေကလည်းဒီလိုမဇြစ်စေချင်ရင်ကူညီပေးလိုက်လေဗျာ...
အမရေ ... ရပြီဗျ....
Cbox ဘက်အခြမ်းကိုအပေါ်ကိုမရမက ဆွဲမတင်နဲ့
အောက်မှာပဲထားလိုက်
အဲ့ဒါဆိုရတယ်....
Code တွေကိုအမပို့လိုက်မှပဲအဆင်ပြေမယ်.....
စာကလေးကူးသွားတာအဆင်မပြေပါ...
ပိုစ့်အသစ်အတွက်...ကျေးဇူးပါဗျာ....
အားမငယ်နဲ့ စာကလေးရယ်....တောင်ကြီးသားကိုကင်းကောင်ရယ်ရှိတယ်... :D

Anonymous said...

မလေးမရယ်.. မကပ်ပါနဲ့ဦးနေပါဦး.. မြစ်ကြောင်းလေးကသာယာပါဘိသနဲ့..

Anonymous said...

>မျှားပြာ..စိတ်ကိုနိုင်အောင်ထိန်းပါကွယ်... :P
ပြာယာခတ်တို့ ကမ်းကပ်သွားတဲ့တစ်နေ့ လေးမတို့တွေက သတိရပြီးကျန်ခဲ့ကြရမှာ...။ ထားသွားတဲ့သူငယ်ချင်းတွေများတော့ အရင်ထားသွားရင် ကောင်းမလားလို့ စဉ်းစားမိတာပါ...။

>ကိုအတာ ...က ပဲ့ကိုင်တက်တယ်...လေးမက ပဲ့မနိုင်ဘူး..ရှင့်..။ ဟိုယိုင်ဒီယိုင်နဲ့ ...။

>မနုစံ...မ က ပျော်ပျော်ကြီးဆိုတော့လဲ ဆက်ပြီးပျော်တာပေါ့..မရယ်..။

>သိုးလေး....မမလေးလက်ကို သေချာဆွဲထားနော်...။

>ဂျီမလေး ... မျောကြတာပေါ့...။

>မတူးတူး ... အထုပ်ပြင်ထားနော်...။

>ကိုလွမ်းစေ... ဟုတ်ကဲ့..သတိပေးတာကျေးဇူးပါရှင့်...။

>မမလေပြေ ... ဂယ်လားဟင်...ညာနဲ့နော်...ကလေးငိုတိတ်အောင် အရိပ်ယောင်ပြနဲ့ နော်..။

>စာကလေး ... အားကိုးပါတယ်...စာကလေးရေ...။

>ညို ... မြစ်ကြောင်းလေးသာပါဘိ ... ၀ဲကရှိ၏...။

>ညိမ်းညို ... ဥာဏ်ကြီးရှင်...၊ ကဗျာကြီးသခင်က...၊ မေ့သခင်ကို ...၊ ဦးတင်လို့...၊ ခြိမ်းခြောက်ရင်တော့ ...၊ အမယ်မင်း...ဟင်း..ဟင်း...၊ ကမ်းကပ်တော့ဘူး...။
...........................................................
လေးမကို ခင်တဲ့သူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်..။

Anonymous said...

တီလေးရေ့ ...ကမ်းမကပ်လိုက်ပါနဲ့ ဗျ..ကျနော့် ဆီကပဲဖြစ်မယ်။
ကျနော်ရတဲံ့ ဆီကနေလာခဲ့မယ်နော်... ဒီအချိန်က ကပ်ရမဲ့အချိန်မဟုတ်သေပါဘူးဗျ..ပျော်၂ပါး၂ လှော်လှော်လို့ ကောင်းတဲ့အချိန်ပဲ....ကျနော့် ကြောင့်စိတ်အနှောင့်ယှက် ဖြစ်သွားရင် ဆော၇ီးနော့
အားပေးလျှက် ..
ပျော်ရွှင်ပါစေဗျာ...
ဒါနဲ့ ..ကိုကောင်းကင်ကြီးနေကောင်းလားဗျ

Anonymous said...

ချစ်မကြီး
ကမ်းအကပ်နဲ့ဦးလေနော်။ ပျော်စရာကြီး
ရေကူးရအောင် လှေထဲကဆင်းပြီး အဟီး....

Anonymous said...

မောင်မျိုး... ပျော်ပျော်ပါးပါး လှော်ရင်း ရေထဲပြုတ်ကျတော့ ဘယ့်နယ်လုပ်မလဲ...။

မိုးချစ်သူ... ရေက ကူးတတ်ဘူးလေ...။

Anonymous said...

အမ်မယ် ..... ကပ်စရာလားဗျ ။
လှော် လှော် လှေကိုလှော် မြစ်ကို ဆန်တက်မနော် ။ ဒါပေါ့ ။
သိပ်မကြာတော့ပါဘူးဗျာ ။ နောက်ဆိုရင်
လှေကလေးကို လှော်မည် ။ ဘေး မသန်းဘဲ အေးချမ်းတော့မည် ။
ဆိုတာမျိုး ဖြစ်လာမှာပါဗျ ။
အဲဒါကတော့ .... မနက်ဖြန် သို့မဟုတ် ဘယ်သောအခါ ပေါ့ကွယ် ။။။