Wednesday, December 12, 2007

Online ပေါ်က ဒေါ်လေး

တစ်နေ့က ဒေါ်လေး ဖုန်းဆက်တယ်…။

လေးမရေ …ညည်းညီမကိုကြည့်ဆုံးမဦး…။

ဘာလို့လဲ …

ကွန်ပြူတာ ကျောင်းသူမို့လို့ လိုအပ်တယ်ဆိုလို့ သူ့ အဖေရုံးခန်းကနေ ခွဲပေးထားတာ…။

ရှန်…

အင်တာနက်လေ…အင်တာနက်

အော်…

အဲဒါတစ်ချိန်လုံး သုံးနေတယ်…အဲဒီရှေ့က မထဘူး…။ပြီးတော့ အင်တာနက်ဆိုတာကြီးက နင့်ဦးလေး ပြောပုံအရဆို တော်တော်ကြောက်ဖို့ကောင်းတာပဲ … ။ အဲဒါနင့်ဦးလေးက နင်က ဘလောဂ့်တွေဘာတွေ ရေးတယ်ဆိုတော့ အင်တာနက်ကို တော်တော်ကျွမ်းကျင်မှာ…တဲ့…။ နင့်ညီမကို ပညာရပ်ဆိုင်ရာက လွဲပြီး တခြားဆိုဒ်တွေ ကြည့်လို့မရအောင် အိမ်က ကွန်ပြူတာမှာ လာပိတ်ပေးထားပါတဲ့…။

အဲဒါမှ ဒွတ်ခနဲ့ လေးမ တွေ့တာပဲ…။ လေးမက ဘယ်သိပါ့မလဲ…။ ကိုယ်ကချည်း အပိတ်ခံနေရတာဆိုတော့ ကိုယ်က ဘယ်ပိတ်တတ်ပါ့မလဲ …။ သိရင်ပြောသွားကြဦးနော်…။

ပြီးတော့ သူငယ်ချင်းရှာတဲ့ဆိုဒ်တွေလည်း ပိတ်ပေးသွားတဲ့…။

အော်..ဒေါ်လေးရယ်…အဲဒီဆိုဒ်တွေက အများကြီးဟာကို … လေးမ အကုန် ဘယ်သိပါ့မလဲ… ပြီးတော့ အဲဒီဆိုဒ်တွေက သိပ်အန္တရာယ်မရှိပါဘူး…။ လေးမတောင် account လုပ်ဖူးသေးတယ်…။

အိုအေ… ရှုပ်ရှုပ်ယှက်ယှက်တွေပါ … တလောကပဲ ငါမိတ်ဆွေရဲ့ သမီး အင်တာနက်ပေါ်မှာ ရည်းစားရပြီး လိုက်ပြေးသွားတာ အဲဒီအကောင်က အိမ်ထောင်နဲ့ ဖြစ်နေပါရောလား…. ။ အရွယ်ကောင်း …အတက်ကောင်းမှာ သူများ မယားငယ်ဖြစ်ရတာ မိဘတွေဆို ရင်ကျိုးရော…။

စိတ်မပူပါနဲ့ … ဒေါ်လေးရယ်… ညီမလေးလည်း ပညာတတ်တစ်ယောက်ပဲ … စဉ်းစားဆင်ခြင်တတ်ပါတယ်…။

အဲဒီပညာတတ်မို့လို့ပဲ စိတ်ပူရတာလေ… ကျူပ်တို့ငယ်ငယ်တုန်းက ဒီပညာတွေ မတတ်တော့ မိဘတွေ ဘာမှပူစရာမလိုဘူး….။ နယ်ကနေလာ…. အဆောင်မှာထားခဲ့…ပြီးတာပဲ ….။ ငါ့အမေဆို လေးတန်းအောင် …. ပိုတောင် ဘေးကင်းသေး…။ အခုသူတို့က ပညာတွေတတ်…ဥာဏ်တွေပွင့်ပြီး … ဇယားတွေကို ရှုပ်နေတာပဲ….။

စိတ်ထဲက “ ပညာတတ်တော့ ဥာဏ်တွေကောင်း…၊ သူမက ပြောင်းပါသည်…၊ ပျော်တတ်သော ကာလသားကြီးတွေ ကြိုက်ကြသည်” ဆိုတဲ့ ဆောင်းဦးလှိုင်သီချင်းလေးတောင် ဆိုလိုက်မိသေး…။

ဟုတ်ကဲ့..ဟုတ်ကဲ့.. လေးမ ကြည့်လုပ်လိုက်ပါမယ်…။ ဒါပဲနော်…ဒေါ်လေး…။ ။



မှတ်ချက်။ ။ “Online ပေါ်က ညီမလေး…” ကို စိတ်ပါသောနေ့ ဆက်ရေးပါမည်…။ ဘယ်လိုမှတော့မထင်နဲ့ …။ ခုခေတ်…ခုတလော မိဘတွေရဲ့ သောက ကိုချပြတာပါရှင်…။

Ps . ငမျှားချိတ် ပြောတဲ့…. အရည်မရအဖတ်မရ ကချော်ကချွတ်စာရေးတဲ့ ဘလော့ဂ်ဂါအဖြစ်က လွတ်လိုလွတ်ငြား အကျိုးပြု ပညာပေးစာ ရေးကြည့်တာ …။ :)

9 comments:

Anonymous said...

ဟိဟိ.....ချစ်မကြီး .......
ကြည့်လုပ်လိုက်နော်။ အဟတ်ဟတ်

ချစ်မရေးတာ အကုန်ကြိုက်
ကချော်ကချွတ်ရေးရေး....ကြိုက်တာရေး....
အကုန်ကြိုက်တယ်....
ချစ်မ က စာရေး တအားတော်တယ်။

Anonymous said...

ဟုတ်ပ ခုခေတ်ကောင်မလေးတွေနဲ့တော့ ခက်တယ်။ အဟိ
ဟိုငါးမျှားချိတ်ဆိုတဲ့ ရုပ်ချောချောနဲ့ အစ်ကိုကြီးလေ သူလဲ အဲလို အပြောခံရမှာဆိုးလို့ ဆိုလား ဘာမှရေးဘူးတဲ့ အဟီး။

Anonymous said...

အင်တာနက်ပေါ်မှာ ရည်းစားရပီး လိုက်ပြေးသွားတယ်တဲ့...
ဟီး.. အားကျလိုက်တာနော်...

Anonymous said...

ဒါမှ အကျိုးပြုစာပေါ့..လေးမရ.. မျှားပြာကို အလျော့မပေးဘူး.. ငါ့ညီမက အားကျမခံပြန်ပြီး ရေးပြလိုက်တာ ဘယ်ရမလဲနော့.. ဟား..ဟား.. ရီရတယ်.. :D :D

အင်း.. လူကြီးတွေ စိတ်ပူမယ်ဆိုရင်လည်း စိတ်ပူစရာပါပဲ။ တွေးပူတတ်မယ်ဆိုရင် စိတ်ပူစရာတွေချည်းပဲမို့ တချို့အကြောင်းအရာတွေလည်း အရမ်း မလွန်ရင် မသိသလို နေတာ ကောင်းပါတယ်။ စောင့်တော့ ကြည့်နေရမှပေါ့.. သမီးမိန်းခလေးဆိုတော့လည်း.. အင်း..ရင်မောရပါလားနော်... အဲဒါကြောင့် သားသားမီးမီး မယူသေးတာ လေးမရ.. အဟက်... (တခါတည်းဖြေပေးလိုက်ပြီနော်.. )

Anonymous said...

တိုးတက်လာတဲ့ နည်းပညာတွေကို မျက်ခြေ မပျက်လိုက်နိုင်ဖို့က ဟိုဟာပိတ်ပင်၊ ဒီဟာပိတ်ပင် လုပ်ရုံနဲ့တော့ မရဘူး...။ ကိုယ်ပိုင် အသိတရား စဉ်းစားဆုံးဖြစ်နိုင်စွမ်းတွေကိုပါ တိုးတက်လာအောင် လုပ်ပေးဖို့ပဲရှိတယ်...။

ထင်တာ.. လျှောက်ပြောကြည့်တာ.. :D

Anonymous said...

အိုအေ… ရှုပ်ရှုပ်ယှက်ယှက်တွေပါ … တလောကပဲ ငါမိတ်ဆွေရဲ့ သမီး အင်တာနက်ပေါ်မှာ ရည်းစားရပြီး လိုက်ပြေးသွားတာ အဲဒီအကောင်က အိမ်ထောင်နဲ့ ဖြစ်နေပါရောလား…. ။ အရွယ်ကောင်း …အတက်ကောင်းမှာ သူများ မယားငယ်ဖြစ်ရတာ မိဘတွေဆို ရင်ကျိုးရော…။

တကယ်ဆိုရင်တော့
ကြားရတာစိတ်မပါဘူး

Anonymous said...

ပိတ်ချင်ရင်ပိတ်လို့ရပါတယ်....ဒါပေမယ့်မကောင်းပါဘူး...
ကိုယ်တိုင်ခံစားနေရတာသိတယ်မဟူတ်လား.....
ှစာကလေးရဲ့တောင်ပံတွေက ကိုယ်တိုင်ပျံသန်းဖို့မဟုတ်ပါဘူး...
မပျံတတ်သေးတဲ့သူတွေကို...အပျံသင်ပေးဖို့ပဲ....
အမရေ.... error ကိုရှင်းအုံးဗျ.....
တစ်ခါတစ်ခါအမ blog ကိုကြည့်ဖို့အရေး ဟိုဟာလုပ်လိုက်ဒီဟာလုပ်လိုက်နဲ့
အလုပ်ကိုရှုပ်နေတာပဲ.... ဟွန်း....

Anonymous said...

အမရေ... RSS feed က ခေတ်မီတဲ့ website တိုင်းမှာပါလာပြီ
်post တွေကိုပါ feed ယူချင်ရင်... ကျွန်တော်ပြောဖူးတဲ့
sourceforge.net ကနေ ရှာကြည့်ပါလား ရနိုင်လောက်ပါတယ်...

Anonymous said...

>မိုးချစ်သူ...ကြည့်လုပ်လိုက်မယ်...။ သိပ်ချစ်ဖို့ကောင်းတဲ့ ညီမလေးပဲ...။

>မျှားပြာ ... အေးလေ.. ကောင်လေးတွေ တော့ သနားစရာပဲ..။

>သဇင်...အေးနော်..အားကျစရာကြီး..သူများသားသမီးတွေများ တော်လိုက်တာ...။

>မနုစံ... မျှားပြာပြောတာငြိမ်ခံနေရင် ပိုဆိုးမှာပေါ့..။ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်တာ...။ မရေ..ကြားရတာ အားရှိလိုက်တာ...သား၂မီး၂တွေ ယူသေးဘူးဆိုလို့...။

>ကိုသန့်... ဆရာပြောတာ သွေးထွက်အောင်မှန်ပါတယ် ဆရာ...။

>ဂျီအိုးလေး... ဂယ်ပြောတာ...စိတ်မပါဘူးလား...။ ပါရင် ဒုတ်..
ဒုတ်...။

>စာကလေး... အစ်မ မပြင်တတ်...ကူညီမယ့်သူမရှိ...ဆောရီးပါကွယ်...။ Ie 7 , firefox ရယ်နဲ့ ဆိုရမယ်ထင်တယ်..။ တောင်းပန်ပါတယ်နော်...။ feed တွေယူထားတယ်။။။ သတင်းနဲ့  ဘလောဂ့်တွေ...။
>
>