Saturday, December 29, 2007

စိတ်..စွပ်.. ( ၃)

တစ်ခုသော ညမှာ … တစ်ရေးနိုးလာတဲ့ Nasreddin သည် … သူ့ခြံထဲမှာ အိမ်ဘက်ကို ရွေ့လာနေတယ်လို့ထင်ရတဲ့ ဖြူဖြူအရာတစ်ခုကို … မြင်လိုက်ပါတယ်…။

အဲဒါ သူခိုးပဲ ဖြစ်ရမယ် လို့ … တွေးလိုက်မိတဲ့ Nasreddin က ထိုအရာကို သေနတ်နဲ့ ပစ်လိုက်ပါတယ်…။

မှောင်ကြီး မဲကြီးထဲမှာ အိမ်ပြင်ထွက်ရမှာ သိပ်ကြောက်တဲ့ Nasreddin ဟာ အိပ်ရာထဲ ပြန်ဝင် အိပ်နေလိုက်ပါတယ်…။

နောက်တစ်နေ့မနက် ခြံထဲကို ဆင်းတဲ့အခါ အ၀တ်တန်းမှာ သူ့အကျီင်္ဖြူ တစ်ထည် လှမ်းထားတာကို တွေ့လိုက်ရပါတယ်…။ အရင်ရက်က သူ့ဇနီးက လျှော်ပြီးလှမ်းထားတာပါ..။ အခုတော့ အဲဒီ အကျီင်္င်္ရဲ့ အလယ်တည့်တည့်မှာ ကျည်ဆန်ဖောက်သွားတဲ့ အပေါက်တစ်ပေါက် ရှိနေပါတယ်..။ “ ဘုရား..ဘုရား.. မနေ့ညက … ငါ … ကံကောင်းလို့ပါလား..။ မေန့ညကသာ ဒီအက်ီၤ

ဝတ်ခဲ့မိရင် ငါ့ကိုယ်ငါ ပစ်မိတော့မှာ ….။”

န်ခံချက် ။ ။ အမည်နှင့် ရေးသူမသိသော Intermediate story တစ်ပုဒ်ကို လေးမ နားလည်သလို ဘာသာပြန်သည်…။



တစ်ခါတစ်လေမှာ သူ့လို တွေးမိကြဖူးလား…။ လေးမတော့ … တစ်ခါတစ်လေတောင် မဟုတ်ဘူး … မကြာခဏပဲ သူ့လို တွေးပြီး အူကြောင်ကြောင် ဖြစ်နေတတ်တယ်…။ ကိုယ်ကိုယ်တိုင်သာ ပြုလုပ်သူ … ကိုယ်ကိုယ်တိုင်သာ အကျိုးကိုဖြစ်စေတဲ့ အကြောင်းရင်း …. ကိုယ်ကိုယ်တိုင်သာ တရားခံ …. ဆိုတာကို မကြာခဏ မေ့လျော့ သွားတတ်တယ်…။

7 comments:

Anonymous said...

ကိုယ့်အင်္ကျီ ကိုယ်ပစ်မိတာတော့ မကြာခဏပဲပေါ့ဗျာ ။ ကိုယ့်ကိုကိုယ် ပြန်ပစ်မိနေတာလည်း အခါခါပါပဲ ။ ချက်ကောင်းမထိသေးလို့သာပေါ့ ။
ထိလို့ကတော့ တုန်းကနဲပဲ .... ဟဲ .. ဟဲ .. အဲသလို တွေးမိတယ် ။ အဲသလို ရေးမိတယ် ။ ကျေးဇူး .....

Anonymous said...

ဗုဒေါ.. အဲလိုလုပ်နဲ့လေ.. မလုပ်ရဘူးနော်.. မလုပ်ရဘူးဆို :)

Anonymous said...

ပစ်မယ့်ပစ်တော့ ခေါင်းထိအောင်ပစ်တာမဟုတ်ဘူး စက်သေနတ်နဲ့ ဆွဲပစ်ရမှာ

Anonymous said...

မဟုတ်ဘူး ကိုတေဇာရေ. တစ်ခါတည်း ဗုံးပါခွဲပစ်လိုက်ရမှာ.
စိစိညက်ညက်ကို ကြေရောပဲ. (အင်္ကျီ).

ပြောသာပြောတာပါ. လေးမက သေနတ်ထက် စမူဆာနဲ့ ပစ်ဖို့ပဲ စိတ်ဝင်စားတာ. မယုံရင် ဆောင်းအိပ်မက်ကို ပြန်ဖတ်ကြည့်. (ဟတ်ဟတ်)

စိတ်.. စွပ်... ဆိုလို့ စွတ်ပြုတ်လုပ်နည်းအောက်မေ့ပြီး သွားရည်ကျနေတာ. ဘယ်ဟုတ်မလဲ. Suicide Attempt ကြီး ဖြစ်နေတယ်. ကြောက်ချာကြီး...

မသဇင်ဏီပြောသလိုပဲ. လုပ်နဲ့နော် လုပ်ရဘူး. :D

ခင်တဲ့

ရန်အောင်

Anonymous said...

မမလေး...
ဒီပို့စ်လေးက ကောင်းပါ့။ ကွန်မန့်တွေဖတ်ရတာလည်း ကောင်း...
မမလေးရေ... အားပေးနေတယ်။

Anonymous said...

> jerry ... အဲဒါကြောင့် ဂျယ်ရီ့ အကျီင်္တွေ အပေါင်ဆိုင်က လက်မခံတာကိုး...။

>သဇင်ဏီ ... ဗုဒ္ဓေါ ..မလုပ်ပါဘူး..စိတ်ချ...။

>တေဇာ ... စက်သေနတ်က မှာထားတုန်း...။

>ကိုရန်အောင်.. ကြောက်ရမယ်လေ..မကြောက်ရင် ပစ်လိုက်မယ်..( ဆမူဆာနဲ့ )

>သိုးမလေး... အားပေးနေတယ်ဆိုလို့ ကောင်းပ..။

Anonymous said...

ကျွန်တော်ဆို ခဏ ခဏပစ်တာ .. ဒါပေမယ် ကျည်ကာအကျီဝတ်ထားတဲ့ လူတွေက အမြဲတမ်း ရှေ့ ကာထားပေးတယ် ဟတ် ဟတ်