Tuesday, January 01, 2008

၂၀၀၇ ပြက္ခဒိန် နှင့် Blog ကို ငဲ့ကြည့်ခြင်း …

၂၀၀၇ ပြက္ခဒိန်ကို ငဲ့ကြည့်ခြင်း …

မောင်လေး စာကလေး က လေးမနှင့်တကွ … လေးမထံလာလည်သော မိတ်ဆွေ အပေါင်းကို ဒီလို ရေးခိုင်းထားပါတယ်…။

ကိုရန်အောင် Tag တာကို ကြိုးစားပမ်းစားရေးပြီးသကာလ ဒီနှစ်အတွက် ငါ ဘာမှ ထပ်မရေးတော့ဘူးဆိုပြီး ပျော်ပျော်ကြီး အနားယူနေတဲ့ လေးမ … စာကလေးက ဆီပုံးနဲ့ ကွန့်မန့်မှာ အော်သွားတဲ့ အခါ မျက်လုံးရော …မျက်ဆံရောပြူးသွားရပါတယ်…။

မရေးလို့မဖြစ်ဘူး… အရင်တစ်ခါက ဒေါကီးထားတာ… ဒီတစ်ခါ ရူးချင်ယောင်ဆောင်နေရင် လေးမ ကွန်ပြူတာဗိုင်းရပ်စ်ကိုက်ရင် ပြင်မပေးဘဲ နေဦးမယ်…။ ရေးပါပြီ စာကလေးရယ်…။

တကယ့်တော့ လူတိုင်းရေးသင့်တဲ့ ပို့စ်လေးပါ ။ ကိုယ့်ဘ၀ရဲ့ ရက်စွဲဟောင်းတွေကို ပြန်ငဲ့ ကြည့်ကြရအောင်ပါ…။

လေးမအတွက် အရာရာတိုင်းဟာ ရိုးရှင်း စွာဖြတ်သန်းခဲ့တာ ဖြစ်တဲ့အတွက် ရက်စွဲတွေက ထူးခြားမှုတော့ သိပ်မရှိလှပါဘူး …။

ဇန်န၀ါရီလမှာ လေးမရဲ့ ချစ်လှစွာသော တူလေး မွေးဖွားပြီး လေးမတို့ အိမ်မှာ ၂ ပတ်ခန့်နေခဲ့သောကြောင့် လေးမ … ကလေး အနှီးများ လျှော်ခဲ့ရသည် … ။

ဧပြီလတွင် ခွင့်ရက်ရှည်ရသော်လည်း သင်္ကြန်ပွဲဆိုတာ ဘာမှန်းမသိစွာ ဖြတ်သန်းခဲ့ရသည်..။

မေလကုန်တွင် လေးမ ကမ္ဘာ ဟူသော Blog ကို တည်ဆောက်နိုင်ခဲ့ပြီး လေးမ၏ အပန်းဖြေမှုပုံစံ အကြီးအကျယ် ပြောင်းလဲခဲ့ပါသည် ။

ဇွန်လ မှာ …. ချစ်သူငယ်ချင်း မိ လုပ်ခိုင်း သောကြောင့် လုပ်ခဲ့ဖူးသော zorpia account ကို ကိုယ့်သဘောနဲ့ ကိုယ် ထာဝရဖျက်သိမ်းခဲ့ပြီး …ဖျက်သိမ်းခြင်းအထိမ်းအမှတ်အနေနဲ့  Blog တွင် သေခြင်း ဟူသော ပို့စ်တစ်ပုဒ်ရေးဖြစ်ခဲ့သည်….။ ထို့နောက် Blog သည်သာ လေးမရဲ့ တစ်ခုတည်းသော နားခိုရာ အဖြစ် သတ်မှတ်ခဲ့ပါသည် …။

စက်တင်ဘာလမှာ မိုးရွာနေသည် ဟူသောပို့စ်ဖြင့် Blog ကို ပစ်ထားခဲ့ရပါသည်…။

အောက်တိုဘာလမှာတော့ wordpress.com ကို ရွှေ့ပြောင်းခဲ့ပါသည် …။

နိုဝင်ဘာလမှာ လက်ရှိနေရပ်ကို ထပ်မံပြောင်းရွှေ့ခဲ့သောကြောင့် အပြောင်းအရွှေ့များသော လေးမ ဟု အမည်တွင်ခဲ့ပါသည် ….။ အလွန်စိတ်မြန်သော… အကျင့်ဆိုးကြောင့် မိတ်ဆွေများ ဟိုလိုက်ရ ဒီလိုက်ရဖြစ်သွားကြပါသည်…။

ဒီဇင်ဘာလတွင်တော့ Online မှ မိတ်ဆွေများကို Online တွင် အလွန်ခင်မင်ပြီး… Tag လျှင် မနေနိုင်သော လေးမသည် လက်ရှိ အချိန်အထိ post ရေးခြင်းဖြင့် နှစ်ဟောင်းကို နှတ်ဆက်ရန်ကြိုးစားနေပါသည်…။

၂၀၀ရ မှ ၂၀၀၈ သို့

ဟေ့ ဒီမှာ

၂၀၀၈ ဆိုတဲ့ ပြက္ခဒိန်ကြီးရေ

ငါ၁၂လနေခဲ့တဲ့ ဟောဒီနံရံကြီးပေါ်မှာ

မိန့်မိန့်ကြီးလာထိုင်လှည့်တော့ …။



ပြုံးပြုံးကြီးမကြည့်ပါနဲ့

မင်းလည်းင့ါလို



တစ်နေ့တော့ ဆင်းပေးရမှာပါ …

သိပ်မကြာတော့ပါဘူး

၁၂ လ တည်းပါ …။

ငါ့ကို ကျရှုံးသူလို



ငဲ့မကြည့်စမ်းပါနဲ့

တကယ်တော့ ငါ အနားရသွားတာ

မင်း မသိလို့ပါကွာ …။

မကြာခင်အချိန်ကစပြီး

မင်းကိုယ်ပေါ်မှာ

ဆော့ပင် အ၀ိုင်းကြီးတွေ ရေးခြစ်ခံရတော့မယ်…

အနီရောင်တွေ…အပြာရောင်တွေ … အစိမ်းရောင်တွေနဲ့



မင်းနဲ့ငါ ဘယ်သူပိုများသလဲ နောက်နှစ်ခါ ဒီအချိန်ကျရင



နှိုင်းကြည့်ဖို့ ငါစောင့်နေမယ်…။



ခုတော့ သွားပေဦးတော့

(နံရံပေါ်မှာ )



မိန့်မိန့်ကြီး မင်းမူပေဦးတော့

၂၀၀၈ရေ….။



လေးမဆီလာလည်တဲ့ မိတ်ဆွေများ အားလုံးကို စာကလေးက ရေးပေးစေချင်ပါသတဲ့ရှင်…။

အားလုံးပဲ




Next One…

Blog ကို ငဲ့ကြည့်ခြင်း …

အမရေ….
blog စလုပ်တုန်းကအမ blog ကိုအရင်ဆုံးလာလည်တဲ့သူ
၁၀ ယောက်ရယ်..
blog စရေးစဉ်ကတည်းကနေခုထိ ရေးသမျှကို comment အများဆုံး
ရေးတဲ့သူ ၁၀ ယောက်ရယ်ကို သိချင်ပါတယ်..
ပိုစ့် တစ်ပုဒ် အနေနဲ့ရေးပြပါ..
နှစ်ဟောင်းကအကြွေး ကိုနှစ်သစကိုယူမသွားကြေးနော်….


တော်တော် ဦးနှောက်စားစရာပဲ…။ ရက်စက်ပါပေ့ စာကလေးရယ်…။

အဟောင်းတွေ ကမန်းကတမ်းပြန်မွှေရတာဆိုတော့ လွဲချော်မှုများရှိခဲ့ရင် သူငယ်ချင်းတို့ နားလည်ပေးကြပါ …။

လေးမ ဘလော့ဂ်ကို ပထမဆုံး လာလည်တဲ့ ၁၀ ယောက်က…

၁။ ဂျယ်ရီနှင့် ဘော်ဒါများ

၂။ စာကလေး

၃။ ကိုအာကာ

၎။ Bad

၅။ Neo

၆။ ကိုရန်အောင်

၇။ ကိုနိင်

၈။ မိ

၉။ ကိုမျက်လုံး

၁၀။ ကိုချစ်သူ

မှတ်ချက်။ ။ ကံစမ်းမဲ ဖောက်ပေးရန် အစီအစဉ်မရှိပါ ။

လေးမ ဘလော့ဂ်မှာ comment အများဆုံးပေးခဲ့တဲ့သူတွေကတော့…. အတိအကျ ပြန်မစစ်နိုင်တော့ဘူး…. ရမ်းအုပ်လိုက်မယ်…။

( ပိုစ့် ၁၃၆ ပုဒ်မှာ ရေးထားတဲ့ ကွန့်မန့်ပေါင်း ၈၀၀ ကျော်ကို ပြန်မွှေရတာ မူးလို့ )

၁။ ဂျယ်ရီ

၂။ အေးချမ်းသူသိုးမလေးနှင်းနှင်း

၃။ သန့်ဇော်မင်း

၎။ မျှားပြာ

၅။ မနုစံ

၆။ မချစ်လေပြေ

၇။ မောင်မျိုး

၈။ စာကလေး

၉။ ခေးရော့စ်

၁၀။ မိုးချစ်သူ လို့ထင်ပါတယ်ရှင်…။

မှတ်ချက် ။ ။ လက်ဆောင်ပေးရန် စိတ်ကူး လုံးဝ..လုံးဝ မရှိပါ…။ ( တိတ်တိတ်လေး မုန့်ကျွေးမယ်နော်… ဘယ်သူ့မှ ပြောနဲ့နော် ) :P

အားလုံးပဲ … စလိုက်ကြစို့ …

16 comments:

Anonymous said...

လက်ဆောင်မပေးလည်း လာမှာပဲ.... :D အရင်ဆုံး Comment ရေးရပြီ.. :P

နှစ်သစ်မှာပျော်ရွှင်ပါစေ လေးမရေ... ကောင်းကင်ကြီးနဲ့အတူပေါ့.. :)

Happy New Year 2008!!!

Anonymous said...

ဟေးး..ကော့မန့် ပေးတဲ့သူတွေထဲအများဆုံးစာရင်းထဲမှာ ကျနော်လဲပါတယ်ဗျ..ပြောပြမယ်နော် ကျနော်လဲ အစောကြီးထဲကဘလော့ရေးရင် ထိပ်ပိုင်းစာရင်းဝင်ပါတယ်ဗျ..နောက်ကျသွားလို့  ..လက်ဆောင်မရလဲ နေပါစေဗျာ...ပျော်စရာကောင်းတဲ့ဘလော့ကို လာရတာ စိတ်ချမ်းသာတယ်

Anonymous said...

မင်္ဂလာပါမလေး!
မင်္ဂလာနှစ်သစ်၂၀၀၈ မလေးအပေါ်ကိုလဲ ကျရောက်နိုင်ပါစေရှင်...
လှပတဲ့ အတိတ်များကိုလည်း ထားခဲ့နိုင်ပါစေ... အေးမြတဲ့အနာဂတ်များကိုလည်း မျှော်မှန်းနိုင်ကြပါစေ...ပေါ့နော် အဟဲ။

Anonymous said...

•.¸¸.•♥☆´¨`☆♥•.¸ ¸.•` HAPPY HAPPY NEW YEAR - 2008 ♥•.¸ ¸.••.¸¸.•♥☆´¨`☆♥•.¸ ¸.• :-)

နှစ်သစ်မှာ ပျော်ရွင်ပါစေ

Anonymous said...

happy new year 2008 ပါ မမလေးရေ..

နှစ်သစ်မှာ ပျော်ရွှင်မှုအပေါင်းနဲ့ ထာဝရပြည့်စုံပြီး သား၊သမီးရတနာလေးတွေ အမြန်ဆုံး ထွန်းကားပါစေလို့....

tzm

Anonymous said...

အလို...ပိုစ့်နှစ်ပုဒ်လုံးမှာ...စာကလေးပါနေပါလား...
တယ်ဟုတ်ပါလား...
မထင်ရဘူးနော်...နဲနဲများလွဲနေသလားဗျ..
comment အများဆုံးပေးတဲ့သူထဲမှာမပါနိုင်ဘူးနော်အမရ...
နှစ်သစ်ရဲ့ပထမဆုံးနေ့ကနေစပြီး လိုသောဆုတောင်းသောဆုများ
ကျွန်တော့်အမနဲ့အကိုပြည့်ပါစေဗျာ....
အမရေပိုစ့်ရေးရင်နဲနဲဆင်ခြင်ရေးအုံးနော်...
အခြေအနေမကောင်းဘူး
စာကလေးဆီကို Warning mail တွေရောက်နေတယ်ဗျ..

Anonymous said...

အင်း .. လောလောဆယ်အထိတော့ ဂျယ်ရီက အများဆုံးပေါ့ဗျာ ။ အရင်က ဂီဂီဆိုတော့လေ ။ နောက်ဆိုရင် သိဘူးဗျ ။ အလယ်က ကဗျာလေး ကောင်းတယ် ။ ကဗျာလေးပါ ပါတယ်ဆိုတော့ 2 in 1 style လည်း ဖြစ်တာပေါ့နော် ။ ကောင်းပ ။ နှစ်သစ်မှာ အေးဆေး ၊ နွေးထွေးပါစေဗျာ ။ အမ် ..... ဘယ်လိုကြီးတုန်းလဲတော့ မမေးနဲ့ ။ တားလည်း မတိဘူး ။ :D ။ ကိုကြီးစာကလေးနဲ့ တခြား ကိုကို မမတွေကိုလည်း ဆုတောင်းပေးပါတယ် ။ ကောင်းသော နှစ်သစ်ဖြစ်ပါစေဗျာ ။

Anonymous said...

>

>မနုစံ... အရင်ဆုံး ကွန့်မန့်ရေးသွားတဲ့ အတွက် မ..ကို မုန့်ကျွေးမယ်..။ မမလေပြေဆီက အီး-မုန့် သွားခိုးလိုက်ဦးမယ်...။

>မောင်မျိုး ... လာရတာ စိတ်ချမ်းသာတယ်ဆိုတာနဲ့တင် တော်တော် စိတ်ချမ်းသာသွားပြီ...။ ကျေးဇူး..။

>အိမ်လေး... အဲဒီဆုတောင်းမျိုး မြင်ဖူးသလိုပဲနော်...နေပြည်တော်ထိတော့ လာနိုင်တော့ပါဘူး ညီမရယ်...။

>နှင်းပွင့်ဖြူလေး... ညီမလေးလည်း ပျော်ရွှင်ပါစေ..။

>tzm ... ပေးတဲ့ဆုနဲ့ပြည့်ရပါစေ...။ ကိုသန့်လည်း ချမ်းမြေ့ပျော်ရွှင်ပါစေ...။

>sparrow ... လွဲလွဲလေးပဲကောင်းပါတယ်..။ ရမ်းအုပ်ပါတယ်ဆို မကျေနပ်ရင် ကိုယ်တိုင်သာ စစ်တမ်းကောက်တော့...။ ပေးတဲ့ဆုနဲ့ပြည့်ရပါစေ...။ စာကလေး အစ်မကြောက်တတ်တယ်နော်...။ ဘာတွေလည်း..။ စောစောစီးစီးပြောနော်...။

>jerry... ပေးတဲ့ဆုနဲ့ပြည့်ပါစေ ...။ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ...။ အမှန်က 3 in 1 ... tag ၂ပုဒ်နဲ့  ကဗျာ နဲ့ ဖြစ်သွားလို့...။

Anonymous said...

တိတ်တိတ်လေး မုန့်ကျွေးမယ်ဆို လို့ ထပ်လာတာ၊ သူက မကျွေး တဲ့ အပြင် မမလေပြေ ဆီက အီး-မုန့် တောင် ခိုးပြီး မျက်နှာ လုပ်အုံးမှာတဲ့ ဟွန့် ၊ တော်တော်လည်တယ်၊ ဘာပဲ ဖြစ်ဖြစ် ကွန်မန့် အများဆုံး ပေးတဲ့ သူစာရင်းထဲမှာ ပါရတာ ဂုဏ်ယူ ၀မ်းမြောက်မိပါ၏

Anonymous said...

နာ့နာမည်ပါတယ်ဟ
ဟိဟိ
ကြော်လိုက်တာ
ချစ်မက
ဟတ်ဟတ်
အမြဲပဲပျော်ရွှင် ချမ်းမြေ့တဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ

Anonymous said...

သိုးလေး ရေးခဲ့တာ များပြီမှန်း မမလေး ပြောမှပဲ သိတော့တယ် :)... သိဘူး တကယ်... သိုးလေးသာ ဒီလိုမျိုးရေးရမယ်ဆို အချိန် အကြာကြီးပေးရမှာ။ အရမ်းမေ့တတ်လို့။ တစ်ခုဆီသာ လိုက်စာရင်းပြုစုရရင် နောက်နှစ် ဟက်ပီးနယူးရီးယား သွားနိုင်တယ် :)

Anonymous said...

အဲဒီကဗျာက ကောင်းတယ် ...။ နောက်တခါ ထပ်ပြီး တိတ်တိတ်လေး မုန့်ကျွေးရင်ေ၇ှ့ဆုံးကများ စားရမလားလို့ ဟတ် ဟတ်

Anonymous said...

ဒီနေ့လဲ ထပ်လာလည်တယ်နော်
ချစ်မရေ ဟိဟိ
နှစ်ခါကွန်မန့် ပေးရင်နောက်တစ်နှစ်ကြရင်
စာလုံးကြီးကြီးနဲ့ ရေးပေးမလားလို့
ဟိဟိ
ချစ်မရေ
ချစ်တယ် ဟတ်ဟတ်

Anonymous said...

>မလေပြေ... မုန့်ခိုးမှာ ဘယ်လိုလုပ်သိသွားပါလိမ့်..။

>မျှားပြာ...အဲကဗျာက ကောင်းလား..နောက်တစ်ခါ ရှေ့ဆုံးက ကျွေးမယ်...။

>သိုးလေး... မမလေးလဲ ရမ်းသန်းမှန်းသန်း ခန့်မှန်းလိုက်ရတာ..။

>chaos... ၂ ခါတောင်လာတယ်..။ ချစ်တယ်ဆိုပါလား..။ ဒါဆို မုန့်ဝယ်ခဲ့...။

Anonymous said...

မီသေးလားဟင် ကံစမ်းမဲဖောက်မယ် ဆိုရင် အခုပဲ ကွန်မန့် ၁၀၀ လောက် ကော်ပီပေ့စ် လုပ်လိုက်မယ်။ ဟီးး..

Anonymous said...

ညက ဆင်နင်းတယ်လို့ အိပ်မက်တယ်.

ဘယ်ဟုတ်မလဲ. လေးမ ကျွန်တော့်နာမည်ကို သုံးထားလို့ကိုး.

ဟတ်ဟတ်..

ခုလိုမျိုးမှတ်မှတ်ရရလေး ရှိနေပေးတဲ့ လေးမကို ကျွန်တော်တို့ကလည်း ရှိရင်းစွဲထက် ပိုမို ခင်မင်လာဆဲပါပဲဗျာ.

လေးမဘလော့ဂ်လေး ၂၀၀၈ မှာ ထူးရှယ်၊ ဂွတ်ရှယ် အောင်မြင်ကျော်ကြား လူသိများပါစေဗျားးးးး

(ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ပြောလေ...)

း)

ကဲ. ကျွန်တော်ကြွလိုက်ဦးမယ်. (ကွိ)

ခင်မင်လေးစားလျက်

ရန်အောင်