Sunday, December 30, 2007

သူတို့လို ပျော်မိသည် ...






* Source :ကိုပြူး နှင့် မပြုံး (ကာတွန်းဝိဇ္ဇာ အလင်္ကာကျော်စွာ ဦးဘဂျမ်း)



စစ်ကြီးပြီးဆုံး၍ ... အဲ ... ဟုတ်ပေါင်... အဲ..အဲဒါကြီး ပြီးဆုံး၍ ... လေးမ တစ်ယောက် iblogger.org သို့ အရောက်တွင် .... လေးမ blog စလုပ်တုန်းက မိတ်ဆွေဟောင်း တော်တော်များများ လိုက်မလာနိုင်ခဲ့ပါ…။


ခုတော့ ဟောာဒီ..ဒီဇင်ဘာလမှာ မိတ်ဆွေဟောင်းတွေ အတော်များများ ပြန်လာလည် သွားကြပါတယ်…။


နောက်ဆုံးရောက်လာသူကား လေးမ၏ မိတ်ဆွေကြီး ဂုတ်တို အဲ .. ယောင်လို့ … ဂျယ်ရီ ပင်ဖြစ်ရာ .... ဘယ်အရပ်က ပေါ်လာသည်မသိ ... မနေ့က စာကြွေးတွေ တပုံကြီးဖတ် ... comment တွေ တပျော်ကြီး ပေးသွားသဖြင့် ... လေးမမှာ ၀မ်းသာ၍ မဆုံးတော့…။ ။


လေးမ၏ အရည်မရ အဖတ်မရ ... ချောက်တီးချောက်ချက် ... စာမျိုးစုံကို .... ပုံမှန် (သို့) တခါတရံ လာရောက် ၀ါးမျို မှတ်ချက်ပေးသွားကြသော


.... မောင်မျိုး၊ ကိုစာကလေး ၊ ကိုသန့်ဇော်မင်း ၊ ကိုမျှားပြာ ၊ ကိုညိမ်းညို ၊ ကိုလွမ်းစေ ၊ ကိုဂျယ်ရီ ၊ ကိုဒီဝိုင်း ၊ ကိုအတာ ၊ ကိုဇီးကွက်၊ ကိုတော်ကီ ၊ ကိုမျက်လုံး ၊ ဘလင့် ၊ ကိုနိုင် ၊ ကိုသုပုန် ၊ကိုပီကေ ၊ ကိုဘုရင့်နောင်၊ ကိုပုဂံသား၊ ကိုကောင်းကင်ကို ၊ ကိုစိုးထက် ၊ ကိုဂျူလိုင်အိပ်မက် ၊ ကိုရန်အောင်၊ ကိုသင့်ကား၊ ကိုတက်စလာ ၊ ဂျေ ၊ မဂျစ်တူး၊၊ မနုစံ ၊ မမြရွက်ဝေ ၊ မချစ်လေပြေ ၊ သိုးမလေး၊ နှင်းဆီနီနီ ၊ ၀င်္ကပါ ၊ သဇင်ဏီ ၊ မသမုဒယ ၊ မအိမ့်ချမ်းမြေ့ ၊ ညို ၊ ခေးရော့စ် ၊ မအိသူ ၊ မိုးချစ်သူ ၊မမယ်လိုဒီမောင်၊ မတူးတူး ၊ မေပျို ၊သဉ္ဇာ ၊ မညလေး ၊ မပန်ဒိုရာ နှင့်


ဆီပုံးတွင် ဆီဖြည့်ပေးသွားကြသော သူငယ်ချင်းအပေါင်းနှင့် လေးမကို ခင်မင်ကြတဲ့ ဘော်ဘော် အပေါင်း တို့သည်


လေးမကို ပျော်ရွှင်ချမ်းမြေ့မှု ပေးစွမ်းကြသောကြောင့် လေးမ၏ အဖွဲ့သားများ အဖြစ် သတ်မှတ်ထားပါသည် ။


လေးမ၏ အဖွဲ့ သားများ အားလုံး


“နှစ်သစ်ကူး ရွှင်မြူးကြပါစေကြောင်း ၊ ဂေါ်မစွံ လူပျိုကြီးများလည်း ဂေါ်စွံကြပါစေကြောင်း ၊ show room ထဲမှ မမလှလှလေးများ၊ ညီမလေးများလည်း ... စိတ်ချမ်းမြေ့ကြပါစေကြောင်း ”


ခင်မင်တတ်သော လေးမ မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင် …။ ။

17 comments:

Anonymous said...

မလေးမလည်း ပျော်ရွှင်ပါစေနော်။ နှစ်သစ်မှာ ချစ်သူနဲ့လည်း အဆင်ပြေ ပါစေဗျာ။(အခုအဆင်မပြေဘူးလို့ အဆိုလိုပါ။ ဒီထက်ပိုပြီး အဆင်ပြေ စေချင်လို့ဆုတောင်းပေးတာပါ။ ဟတ်ဟတ်ဟတ် )

Anonymous said...

ဝေး ..... ကာတွန်းမဖတ်ရတာ ကြာပကွ ။ လာဟ! ဆိုပြီး ဖတ်လိုက်တာ
ပျော်စရာကြီး ။ ပြီးကာမှ ဆော်ပလော်တီးထားတာတွေ့တော့တယ် ။ ခေါင်းကို ပုဝင်သွားပဲ ။ ဂုတ်တိုဆိုလို့ ... အဟွန်း ဟွန်း ။
ဂုတ်တိုတစ်ကောင်ပျောက်နေတယ်ဆိုတာက ဒီလိုလေ .... ဟိုတလောလေးကပေါ့ ။ လူတွေက ဂုတ်တိုတို့ လည်ပင်းမှာ စာတွေလာဆွဲလိုက်၊ ဓာတ်ပုံတွေ လာချိတ်လိုက် ၊ လည်ပတ်အနီတွေ လာပတ်ပေးလိုက်လုပ်ကြတာလေ ။ အဲဒီမယ် ဟိုလူတစ်အုပ်က(လူဟုတ်မဟုတ် စစ်မစစ်တော့ မသိပါဘူး) ဂုတ်တို တို့ တတွေကို ဖမ်းဟယ် ဆီးဟယ် ရိုက်ဟယ် နှက်ဟယ် မကိုက်ရုံတမယ် လုပ်ကြလို့ ဂုတ်တို တို့ ခဗျာ ပြေးဟယ် လွှားဟယ် ပုန်းဟယ်ရှောင်ဟယ်နဲ့လေ ။ ဟူး .... မောတယ်။ ကံကောင်းလို့ပြန်တွေ့ရတယ်မှတ် ။ စိတ်နာတာကတော့ အဲဒီ လူမဟုတ်ဘာမဟုတ်တွေနဲ့ ခိုင်းနှုင်းခံရတာပဲ ။ ဟွန်း ..ခွေးသိက္ခာကျတယ် ။
ဂျယ်ရီဂုတ်တို :D
မတိုင်ကြေးနော် ..အဟီး :)

Anonymous said...

ကာတွန်းလာဖတ်သွားတယ် .... အာခီကျောင်းသူ မမလေးရေ...
Happy new year u too!!!!!!

Anonymous said...

တီလေးရေ့..ဂေါ်မစွံလူပ်ျိုလေးများလဲ စွံပါစေကြောင်းမပါဘူးလားဗျ။... အရည်မရ အဖတ်မရ … ချောက်တီးချောက်ချက် စာတွေကမှ ဖတ်လို့ ကောင်းတာ နောက်လဲ အမြဲလာဖတ်ပြီး အားပေးနေပါတယ်ခင်ဗျာ...တီလေးလဲ နှစ်သစ်မှာ ပျော်ရွှင်မှု အပေါင်းခ၀န်ညောင်းပြီး သကာလ ချစ်စရာ ရတနာလေးများလဲ များများရပါစေလို့  နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပေးပါတယ.်ဗျာ..
ပျော်ရွှင်ပါစေ ..ကောင်းကင်ကြီး နေကောင်းလားးး

Anonymous said...

စစ်ကြီးမတိုင်ခင်ရော စစ်ကြီးပြီးမှရော လာရောက်ဝါးမျိုနေပါတယ်။
ပေးတဲ့ဆုနဲ့ပြည့်ပါစေ...။
ကင်းကောင်ကြီးနဲ့ အိုအောင်မင်းအောင် ကြောင်မျိုးပြောတဲ့ ရတနာလေးတွေအများအပြားနဲ့
ပျော်ပျော်ပါးပါး လှေလှော်သွားနိုင်ပါစေ...။

Anonymous said...

လေးမ နဲ့အတူ ကောင်းကင်ကြီးလည်း နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေပါစေ.. :D ကာတွန်းလေးက ဖတ်လို့ကောင်းတယ်.. အမကတော့ လေးမရဲ့ စာတွေ မဖတ်ရရင် မနေနိုင်ပါ...ဒါကြောင့် ဖိတ် ဖိတ် မဖိတ်ဖိတ်၊ အိမ်ပြောင်းတိုင်းကို လိုက်မှာပဲ... :D :D

Anonymous said...

"not just a new year but a better year"

Anonymous said...

ဟေးဟေးပျော်လိုက်တာ...jerry ကိုတွေ့ရလို့...
နှစ်သစ်မှာ ကိုတောင်ကြီးသားနဲ့ပျော်ပါစေ...
တူလေးတွေ...တူမလေးတွေလည်းလိုချင်တာ...
ရွစိတက်နေပါတယ်.....

Anonymous said...

သွပ်သွပ်က တို့မကြီးရဲ့ အရေးအသားတွေကို တစ်ကယ်ကြိုက်လို့လာဖတ်တာနော်...
ဘူပြောတုန်း အရည်မရ အဖတ်မရ ချောက်တီးချောက်ချက်လို့.. အဲဒီလူကို ခေါ်လာခဲ့... အအေးတိုက်ပြီး သေချာရှင်းပြလိုက်မယ်... ဟီး :D

Anonymous said...

"လေးမ အဖွဲ့သား".. ဟိဟိ.. :D
အစ်မကို စသိတာ အဲဒီ ကိုပြူးနဲ့ မပြုးံက စတာဘဲ.. အိမ်ကလည်း ခဏခဏပြောင်းလွန်းလို့ မနည်း ပြန်လိုက်ရှာရတယ်..၂၀၀၇ က စပြီး အစ်မ ဘာရေးရေး ရေးသမျှ ဆက်ပြီး အားပေးနေဦးမှာ...

Anonymous said...

သြော်... ကိုဂျယ်ရီတောင် ပြန်ရောက်ပြီလားဗျ... မတွေ့တာတောင် ကြာပေါ့.. အားလုံးအဆင်ပြေပါစေဗျာ...
----------
မမလေးရေ... ကျွန်တော်ဘယ်မှ မရောက်ရင်တောင် မမလေးဆီတော့ ရောက်အောင်လာဖတ်ပါတယ်.. အမြဲအားပေးနေပါတယ်...

Anonymous said...

အမရေ....
blog စလုပ်တုန်းကအမ blog ကိုအရင်ဆုံးလာလည်တဲ့သူ
၁၀ ယောက်ရယ်..
blog စရေးစဉ်ကတည်းကနေခုထိ ရေးသမျှကို comment အများဆုံး
ရေးတဲ့သူ ၁၀ ယောက်ရယ်ကို သိချင်ပါတယ်..
ပိုစ့် တစ်ပုဒ် အနေနဲ့ရေးပြပါ..
နှစ်ဟောင်းကအကြွေး ကိုနှစ်သစကိုယူမသွားကြေးနော်....

Anonymous said...

အဲဒီကာတွန်းလေးကို တွေ့ တော့ လေးမ ကျွန်တော့်ကို ဖတ်ခိုင်းတဲ့ စာလေးတစ်ပုဒ်ကို ပြန်သတိရသွားတယ် ... အဖွဲ့ သားတော့ လုပ်ဖူးနော် ..
ခေါင်းရှောင်ပဲ လုပ်မှာဗျ ..း)

Anonymous said...

>နှင်းဆီ... ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ..။

>ဂျယ်ရီ... ဂုတ်တို မကျေနပ်ရင် .. ဟိုကို စာရေးပြီး တိုင်လိုက်လေ...။

>ကေသူရိန်...ကျေးဇူးပါ..။

>မောင်မျိုး... လူပျိုလေးတွေ မပါဘူး..။ သူတို့က အချိန်ရှိသေးတယ်..။ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ..။

>မတူးတူး... လှေလှော်ရမှာလား...။ ဟုတ်..။

>မနုစံ...ဟဲ..ဟဲ..နောက်ခါပြောင်းရင် အရင်ဖိတ်မှာ..။ ဟီး..မပြောင်းဖြစ်အောင်စိတ်ထိန်းထားပါတယ်..။

>ညို...Thank You !!!

>စာကလေး.. me too.. thank u !! ရေးပြီးပြီနော်..။

>သဇင်ဏီ... တကယ် အအေးတိုက်မှာလား..။ အဲဒီလူက လေးမ လေ...။

>သဉ္ဇာ... အဖွဲ့ သားလေးကလည်း ကာတွန်းကြိုက်တယ်ပေါ့လေ...။ ၂၀၀၇ က ပြီးခဲ့ပြီ...။

>ကိုသန့်... မအားတဲ့ကြားက ရောက်အောင်လာပြီး မှတ်ချက်တွေ ရေးသွားတာ ကျေးဇူးပါ..။

>မျှားပြာ...ဒီမှာက ခေါင်းရှောင်မထားဘူး..။ လေးမ အပါအ၀င် အားလုံးက အဖွဲ့ သားဆိုတော့ ဘီလိုရုတ်မလဲ...။

Anonymous said...

မလေးမရေ။
ခရီးတွေသွားနေတာကော။ နှစ်သစ်မှာ အလုပ်ဟောင်းတွေကို ရှင်းနေတာကော ၊ အဲဒါတွေရှုပ်နေတာနဲ့ပဲ အိမ် မလည်ဖြစ်ဘူး။ အခုမှ အကြွေးတွေလိုက်ရှင်းနေတာ။ :) အဖွဲ့သား အဖြစ် သတ်မှတ်တာကျေးဇူး။ နှစ်သစ်က စပြီး နောင် နှစ်ပေါင်းများစွာအထိ တောင်ကြီးသားနဲ့ ပျော်ရွှင်ပါစေ။

Anonymous said...

ညီမလေးရေ .....မွှား.... အွန်လိုင်းမှာတွေ့ ရင် ချက်(ချဲ)ရအောင်

Anonymous said...

အဖွဲ့ဝင်ဖြစ်ချင်တယ်.........အဖွဲ့ဝင်...........
ဝင်လိုက်ပီနော်...ခေါ်ခေါ်မခေါ်ခေါ်..........
လေးမ၏ အရည်မရ အဖတ်မရ … ချောက်တီးချောက်ချက် … စာမျိုးစုံတဲ့......
ဟုတ်ပါဘူး......မမစာတွေဖတ်လို့ကောင်းတယ်.....ဟဲ ဟဲ
မုန့်ကျွေးနော်.......တိလား...........:D