Tuesday, October 09, 2007

ကြွက် … ပုံပြင် …

ကြွက်တွင်းကလေးကို ကျောက်တုံးကြီးနဲ့ … ပိတ်ဆို့ ခံလိုက်ရ ပါတယ် … ။ ကြွက်ကလေးတွေ ကြွက်စီကြွက်စီနဲ့ … ဟိုပြေးဒီပြေး ဖြစ်သွားပါတယ် … ။ အ တီး အ တ ကြွက်ကလေးတွေက ငိုယို မြည်တမ်းကြပေမယ့် … ဂျလည် ကြွက်ကလေးများ ကတော့ … အေးအေး ဆေးဆေး ပါပဲ … ။ ဂျလည်ကြွက်ကလေးတွေ ရှာဖွေထားတဲ့ … မြေအောက် လမ်းကြောင်းကနေ … ကြွက်ကလေးတွေ အပြင် ထွက်ခွင့် … လေရှူခွင့် ရခဲ့ပါတယ် … ။ ဂျလည် ကြွက်ကလေးတွေရဲ့ … လမ်းကြောင်းကို ကြောင်ပါးကြီး သိရှိ သွားတဲ့အခါမှာတော့ … ကြွက်ကလေးတွေကို ပိတ်ဆို့ဖို့ … အမဲရောင် ဥာဏ်ကို ထုတ်သုံး လိုက်ပါတော့တယ် … ။ တစ်ပေါက် ပိတ်ရင် တစ်ပေါက် ထပ်ဖောက်ထွက်မယ့် … ပညာရှင် ကြွက်ကလေး တွေကို … အထင်မသေးဝံ့ တော့တဲ့ … ကြောင်ပါးကြီးဟာ … နိုင်ဂံဂျားပြန် ပညာရှင် ကြောင်ဖားကလေး တွေကို … တာဝန်ပေး လိုက်ပါတယ် … ။ နိုင်ငံဂျားပြန် ကြောင် ဖားကလေး တွေဟာ … သင်ယူလာတဲ့ ပညာတွေကို … အစွမ်းကုန် အသုံးချပြီး … ပညာစွမ်း ပြလိုက် ပါတယ် … ။ အဲဒါကတော့ … မြေကြီး အားလုံးကို အင်္ဂတေ ကိုင် လိုက်တာပါ … ။ အ တီး အ တ ကြွက် … ဂျလည်ကြွက် … ကြွက်ငယ်ကြွက်ရွယ် … ကြွက်ကြီးကြွက်လေး … ကြွက်ဖြူကြွက်ညို … အားလုံးသော ကြွက်များ အကြပ်ရိုက် … သွားပါတယ် … ။ အသက်ကြီးသော ကြွက်များက တရား နဲ့ ဖြေနိုင်ပေမယ့် … ကြွက်အငယ်များက … အလွန်ထိခိုက် ကြေကွဲ … သွားကြပါတယ် … ။ ငယ်ရွယ် သူတို့ ဘာဝ အတိုင်း … အပြင်ထွက် ချင်တယ် … လမ်းလျှောက် ချင်တယ် … လေကောင်း လေသန့် တွေ ရှူချင် ကြတယ် … ။ မရဖူးတဲ့ အရာဆိုရင် … ဆုံးရှုံးတယ် ဆိုတာ ခံစားမိမှာ မဟုတ် ပါဘူး …။ ရထားတဲ့ အရာတွေ လက်လွတ် လိုက်ရရင်တော့ … အတော်ကို ကြေကွဲ ရပါတယ်…။ အချို့ သော ကြွက်ကလေးများက … ကြောင်ပါးကြီးနဲ့  ကြောင်ဖားကလေး များကို ဒါတွေ သိစေချင် ပါတယ် တဲ့ … ။ အပိတ်ခံ ထားရတဲ့ တွင်းထဲမှာ …
ကြွက်ဆိုးပေ … ကြွက်တဇောက်ကန်း … ကြွက်တာတေ … ကြွက်ဇွတ်တရွတ် … ကြွက်စွာတေး … ကြွက်စွာစိ … ကြွက်တက်ကြွ တွေပဲ နေကြတယ်လို့ မယူဆလိုက်ပါနဲ့  … ။
ကြွက်ရိုးသား … ကြွက်ငြိမ်းချမ်း … ကြွက်မြုံစိ … ကြွက်ငြိမ်ကုတ် … ကြွက်ငကြောက် … ကြွက်လူပျက် … ကြွက်ပျော်ရွှင် … ကြွက်ငကြွား …ကြွက်ဓါတ်ပုံဆရာ... ကြွက်အနုပညာ … ကြွက်ကဗျာ … ကြွက်ဂီတ … ကြွက်ပညာ … ကြွက်စာပေ ကလေးများလည်း … ရှိနေပါတယ် တဲ့ … ။ အဲဒီ ကြွက်ကလေးတွေ ကိုတော့ လေရှူခွင့် ပြုသင့် ပါတယ် လို့ …. ပြောပြချင်ပါတယ် တဲ့ … ။ အဲဒီ ကြွက်ကလေးတွေ ကိုတော့ မွန်းကြပ် ပိတ်လှောင် … ချောင်ပိတ် …. မထားသင့်ပါဘူး လို့ … အတွန့်တက် ချင်နေကြ ပါတယ် … ။ ဒါတွေကို ကြောင်ဖားကလေး တွေက … ကောင်းကောင်း … သိပါတယ် …။ ဒါပေမယ့် ဘယ်တုန်းကမှ … ကြောင်တွေကို မနိုင်ခဲ့တဲ့ ကြွက်က … ကာတွန်းကား ထဲမှာ ကြောင်ကို ဆော်ပလော်တီး နေတာကို … မြင်တွေ့  နေရတဲ့ ကြောင်တွေဟာ … ကြွက်တွင်းကို ဖွင့်ပေးဖို့ … သတ္တိ မရှိ ကြဘူး … ။
တွင်းထဲမှာတော့ … အချို့  ကြွက်ကလေး တွေဟာ … အင်္ဂတေကြီးကို ဖောက်ထွက်ဖို့  … နည်းလမ်းရှာ နေကြသလို … အချို့ ကြွက်ကလေးတွေ ကတော့ … ပိတ်ထားတဲ့ ကျောက် တုံးကြီး ကို တနေ့ဖယ်ပေးနိုး ဖယ်ပေးနိုးနဲ့ … အပေါက်ဟောင်းမှာ မျှော်လင့်တကြီး စောင့်စား နေကြ ပါတယ် … ။ တချို့ ကြွက် အလတ်ပိုင်းကတော့ … အသက်ကြီးတဲ့ ကြောင် ပါးကြီးက “အို” လို့ … အသည်းမာ နိုင်ပေမယ့် ငယ်ရွယ်တဲ့ ကြောင်ဖားကလေး တွေကတော့ ကိုယ်ချင်းစာ နိုင်ကောင်းပါရဲ့ … လို့ တီးတိုး သုံးသပ် … နေကြပါတယ် … ။ အသည်းနုတဲ့ ကြွက်ကလေး … တချို့ ကတော့ “ ဟို အရင်ချိန်တွေ တမ်းတမက်မော…” လို့ ဆွေးဆွေး မြည့်မြည့်လေး ညည်းနေကြပြီး … လေထွက် ရှူခဲ့ရတုန်းက အကြောင်း တွေကို ပြန်စဉ်းစားရင်း တမ်းတ နေကြ ပါတယ် …။ အချို့ ကြွက်ကလေးတွေ ကတော့ “ “…ဒါဝဋ်ကြွေးပဲ..အချစ်ရယ်…” လို့ ငိုကြွေးပူဆွေး နေကြ ပါတယ် … ။ စိတ်ကူးယဉ်တတ်တဲ့ … ကြွက်ကလေးတွေ ကတော့ ဒဏ္ဍာရီထဲက သူရဲကောင်း တစ်ယောက် တစ်လေများ … ပေါ်လာပြီးတော့ ကယ်တင် လေမလား လို့ … တောင့်တ နေကြပါတယ် … ။ အမှတ်မရှိတဲ့ … တချို့  ကြွက်ကလေးများ ကတော့ လေထွက် ရှူခွင့်ရတဲ့ တနေ့ … လျှောက်လည်မယ့် နေရာတွေ ကို … စာရင်းပြုစုပြီး … လေထွက်ရှူရင် ၀တ်ဖို့ … ၀တ်စုံတွေလဲ စီစဉ် နေကြ တုန်းပါပဲ … ။ ဒီလိုနဲ့  တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသလို … တွင်းထဲက ကြွက်တွေ အားလုံးဟာ … စကန့် တိုင်းမှာ … မျှော်လင့်ချက် အပြည့်နဲ့  … တွင်းဖွင့်မယ့် ရက်ကို စောင့်စား နေကြပါတယ် … ။ လေသန့် ရှူသွင်းခွင့် ဆိုတဲ့ … တောင့်တချက် ကလေးနဲ့ … ပင်ပန်းကြီးစွာ အသက်ရှူ နေရ ပါတယ် … ။ တွင်းနှတ်ခမ်းဝ ကို အသနားခံတဲ့ … မျက်ရည်ဝိုင်းတဲ့ မျက်လုံးတွေနဲ့ မျှော်ကြည့်ရ လွန်းလို့ အမြင်အာရုံတွေလဲ ချို့ ယွင်း … ကုန်ကြပါပြီ … ။ တချို့ ကြွက်ကလေး တွေကတော့ … “နောင်ဘ၀မှာ ကြွက်ဖြစ်ခဲ့ရင် … တွင်းပိတ် ခံရတဲ့ကြွက် မဖြစ်ပါရစေ နဲ့” … “ ဖြစ်နိုင်ရင် … ကြောင်မရှိတဲ့ နေရာမှာ … ကြွက်ဖြစ်ခွင့် ပေးပါ ဘုရားသခင် …”လို့ ဆုတောင်း နေကြ လေရဲ့ … ။ ။
ပုံပြင်လေးကတော့ ဒါပါပဲကွယ် … ။
၂.၁၀.၂၀၀၇

paint နဲ့ဆွဲထားတာ တင်လို့မရတော့ ရတာတင်လိုက်တာ..ဟိ..ဟိ..။

9 comments:

မျှားပြာ said...

အခြေအနေ အမျိုးကြောင့် ကြွက်တွင်းပိတ်တုန်း
အပြင်ရောက်နေတဲ့ ကြွက်ကလေးတွေလည်း အကုန်လုံးနဲ့
အတူတူပါပဲဗျာ ............
ဖြစ်နိုင်မယ်ဆိုရင် ကိုယ်တိုင်သာ အပိတ်ခံလိုက်ချင်ပါတယ်။

Burmar 1988 said...

အားမငယ်ကြပါနဲ့ ။ စည်းလုံးမှု့ က အောင်မြင်ခြင်းပါ။ အောက်က နေရာကို ဆက်သွယ်ကြပါ။ အခုအချိန်မှာ မေတာသုတ်ရွတ်ယုံနဲ့ မရတော့ဘူး။ http://bp3.blogger.com/_63uOqYlI5Kk/RwoChzU0TAI/AAAAAAAAAoM/KJI6fT1sZB4/s1600-h/Message3.gif
ရတနသုတ်ရွတ်ပြီး အပကင်းအောင် လုပ်ရတော့မယ်။ ဗြိစာ သရဲ ဘီလူးတွေ ကြီးစိုးနေတဲ့ အချိန် ကျန်ရစ်မင်းပေါ်လာခဲ့သေး တာဘဲ ဗေဒင်တတ်သူများက လည်း ပါဝင်ကြပါ၊ အောက်လမ်းတတ်သူများလည်း ပါဝင်ကြပါ၊ ငွေရှာနိုင်သူများလည်း ပါဝင်ကြပါ၊ လူကိုယ်တိုင် ပါနိုင်သူတွေ လည်း ပါကြပါ။
မယုံရင် ကြည့်ပါ လက်တွေ့ ကျွဲရိုင်းတွေတောင် စည်းလုံးမှု နဲ့ ခြင်္သေ့အုပ်၊ မိချောင်းရန်ကို ဖြိုဖျက် နိုင်ခဲ့တာဘဲ၊ အားမငယ်ကြပါနဲ့ ။ အပြင်ရောက်နေတဲ့ ကြွက်တွေက အဓိက ကယ်နိုင်မှာပါဘဲ၊ http://www.youtube.com/watch?v=LU8DDYz68kM

သန့်ဇော်မင်း said...

ဒီ ပိုဒ့်လေးကို ဖတ်မိနိုင်ပါစေ ဗျာ...
စိတ်များလည်း ညစ်ပါတယ်...
မမလေးကိုလည်း သတိရတယ်သိလား..
နောက်ဆို သိပ်တွေဖြစ်တော့မယ် မထင်ဘူး...
ကျွန်တော်လည်း ဘလော့ဘက်ကို သိပ်ရောက်ဖြစ်မယ် မထင်တော့ဘူး..
:((((((((((((((((

Unknown said...

လေးမရေ..
ဒီစာလေးဖတ်ပြီး လေးမကို ချစ်ခင်လေးစားမိပါတယ် ..
creative ဖြစ်တာရော ..အရေးအသားရောပါ ကြိုက်မိတယ် ..
ဖတ်ပြီးတော့ လည်း နာကျင် ၀မ်းနည်းရပါတယ် ..
မျှဝေတဲ့အတွက် ကျေးဇူးပါ..

eithu said...

ခုနက ပိုစ့်ရေးတာ အိပါပဲ .. ဘာလို့လဲမသိဘူး.. link မှားနေတယ်..

Layma said...

ကိုမျှားပြာ...တကယ်လား...နောက်မှ အနော်ပြောမိလို့လား မလုပ်နဲ့နော်...။
ဘားမား....ပုံပြင်ကိုဆက်ရေးပေးသွားတာလား...လေးမက ကလေးတွေအတွက် ပုံပြင်ရိုးရိုးလေးရေးထားတာပါရှင်...။
ကိုသန့်...ညစ်ပါနဲ့အေ...ညည်းကလဲ...။
မအိ... အိပ်ရာဝင်ပုံပြင်လေးပါ မအိရယ်....။ကျေးဇူးပါ...။
ပုံပြင်ဖတ်သွားတဲ့ ကလေးများအားလုံးပျော်ရွှင်ကြပါစေရှင်...။

Layma said...

မောင်မျိုး: မမလေးမ..ကြွက်ပုံပြင်လာဖတ်သွားတယ်...တကယ့်ရသမြောက်တဲ့အရေးအသားပဲလေးစားတယ်ဗျာ...ပျှော်ရွှင်ဖွယ်နေ့ ပါ

ကျေးဇူးတင်ပါတယ်...ကိုမျိုးရေ...လေးစားနဲ့ ..မုန့်စားသွား..။ ပျော်ရွှင်ပါစေ....။

ဒီဝိုင်း (D'vine) said...

သယ်...ကြွက်ကတိုးလေးမ..
သင်သည် လျှို့ဝှက်ရမည့် ကြွက်လောကသားများအကြောင်းအား
ကြောင်ကြီးများသိအောင် တကျွိကျွိလုပ်နေသောကြောင့် ယနေ့မှစ၍
တွင်းထွက်ခွင့်ပါမစ်အား အကန့်အသတ်မရှိ ပိတ်လိုက်ပါကြောင်း

ပုံ
ကြွက်မနိုင်ဖွတ်သူခိုးအသင်း
အတွင်းရေးမှုး
ဆယ်တွင်းခေါင်း မောင်ကြွက်

Layma said...

ဟယ်..ကြွက်အချင်းချင်း..ကြွက်ပါးဝပြီး ပါဝါပြချင်တဲ့ ကင်ပေတိုင်ကြွက်... သင် စားပေါက်ပိတ်အောင် ကြွက်မဟာမင်းကြီးများရုံးကို တိုင်စာပို့လိုက်မယ် ... ကြွက်အပေါင်းတို့ လက်မှတ်ထိုးကြလော့...။ ( နာတော့မထိုးဘူး...ဟူး..ဟူး..ဟူး)
ပုံ
ကြွက်ကတိုးလေးမ