Sunday, July 01, 2007

လွန်ခဲ့သော ၁၀ နှစ်က….

(ဇွန် ၃၀ ) မနေ့ က ၁၀ တန်းတွေ အောင်စာရင်းထွက်တယ်....။ ဂုဏ်ထူးနဲတယ်လို့  ပေါက်ပေါက်ဆုပ် ကပြောတယ်....။ ရန်ကုန်ကလူတွေပြောတာတော့ သင်္ချာလည်း သိပ်မထွက်ကြဘူးတဲ့......။ ၁၀ တန်းဖြေထားတဲ့သူတွေတော့ ငိုကြ ပျော်ကြ ဦးတော့မှာဘဲ.......။ လွန်ခဲ့တဲ့ ၁၀ နှစ်က ၁၀တန်း အောင်စာရင်းကို “လေးမ”လည်းရင်ခုန်ခဲ့ပါတယ်......။ မနက် ၆ နာရီမှာ နံစော်ညစ်ပတ်နေတဲ့ ကိုယ်လို သူလို လူတွေကြားမှာ
တိုးဝှေ့ပြီးကြည့်ခဲ့ရတယ်.......။ ရင်ခုန်တယ်သာပြောရတာ.....စိတ်က သိပ်မတက်ကြွလှဘူး.......တပြည်လုံး ၁ မှ ၁၀ ၀င်တဲ့ စာရင်းက ထွက်သွားတာကြာပြီကိုး........။ အတန်းဖော် သူငယ်ချင်း ၃ ယောက်ပါသွားတယ်.......။ မြတ်သဇင်အောင်က ၁ ၊ မေနှင်းက ၅ ၊ သော်ကြီးက ၁၀.........။ “လေးမ”က.......ဘာမှမဟုတ်....။ အောင်စာရင်းကြည့်တော့ မြန်မာစာမပါဘူး......။ ၀မ်းမနည်းပါဘူး .......စာစီစာကုံးမှ မရေးတတ်တာ......ဘယ်တုန်းကမှလဲ ဂုဏ်ထူးမရခဲ့ ဖူးပါဘူး.......။ အမေက အမျိုးတွေဆီ ဖုန်းဆက်ပြီးကြွားနေသံကြားရတော့လဲ တယ်ဟုတ်တဲ့ ငါဘာလား ဆိုပြီး ပျော်သွားတယ်......။ အရေးကြီးတာက ဘာလိုင်းလျှောက်မလဲ......ဘာဆက်လုပ်မလဲ......စဉ်းစားရပြီ......။ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ ကတော့ အခုလောက်လဲ ခေတ်မစား......၊ ပိုက်ဆံလည်းမတတ်နိုင်....၊ မိန်းကလေးလည်းဖြစ်တော့......ပယ်ချလိုက်တယ်......။ ပြည်တွင်းကကျောင်းတွေကိုဘဲ စဉ်းစားထားလိုက်တယ်.......။ ဆရာဝန်....အင်ဂျင်နီယာ....လုံးဝ
ဝါသနာမပါဘူး.......။ ဖြစ်ချင်တာက ရှေ့နေ.......။ ဆရာမ ဂျူးရဲ့ “ကြေမွ သွားသောတိမ်တိုက်များအကြောင်း” ဖတ်ပြီး ရှေ့နေရူး ရူးခဲ့တာ......။ မိဘတွေကလည်း အမှတ်စာရင်းထုတ်ပြီးမှ စဉ်းစားတဲ့......။ အမှတ်စာရင်းထုတ်ပြီးတော့ မေမေက “ သမီးရယ်....ဆေးကျောင်းလေးတက်လိုက်ပါ” တဲ့......။ ဘယ်ရမလဲ.....“လေးမ” ဘဲ.....အစကတည်းက အဖေနဲ့  စာချုပ်ချူပ်ထားတာ.....။ အတတ်နိုင်ဆုံးကြိုးစားမယ် ...... ဆေးကျောင်းမတက်ဘူး..... ဆေးကျောင်းတက်ခိုင်းမယ်ဆိုရင် ကောင်းကောင်းမဖြေဘူး.....
လို့  ဆွေးနွေးထားပြီးသား......။ ဘာလို့ ဆရာဝန် မလုပ်ချင်တာလဲဆိုတော့ ကြားကောင်းအောင် ဖြေရရင် ရွံလို့ .....အမှန်အတိုင်းဝန်ခံရရင် ကြောက်လို့ ....။ လူကိုယ်ထဲက ကလီစာတွေ......သွေးသံရဲရဲတွေကို ကြောက်လို့ ......ဆေးရုံမှာ တာဝန်ကျနေတုန်း ညကြီးအချိန်မတော် ဓါးတန်းလန်းကြီးနဲ့  လူနာရောက်လာခဲ့ရင်......ဆိုတဲ့ အတွေးကြီးက တော်တော်ခြောက်ခြားစေခဲ့တယ်.......။ နောက်တချက်က သူများကို ဆေးထိုးဖို့ ....ဓါးနဲ့ ခွဲဖို့  သတ္တိမရှိဘူး....။ ကိုယ်တိုင်သာ ဆေးရုံတက်လိုက်....ဆင်းလိုက်....ခွဲစိတ်ခံလိုက်နဲ့  အမျိုးမျိုးခံနိုင်တာ.....သူများကိုတော့ မလုပ်ရဲဘူး.......။ ဘယ်လောက်ကြောက်စိတ်ရှိလဲဆိုရင် ဆေးကျောင်းသူ အစ်မ ခွဲစိတ်ဖြတ်တောက်ထားတဲ့ “၀က်” အသေလေးကို မြင်ပြီး “လေးမ” ဖျားတယ်......။ ခြေကားယား...လက်ကားယားလေးနဲ့  ပက်လက်လေး မသေမရှင်အခြေအနေလေးနဲ့  သွေးကြောတွေ အရှာခံနေရတဲ့ ဖားကလေးကို ကြည့်ပြီး အိပ်မက်ဆိုးတွေ မက်ခဲ့တယ်.........။ လူတွေကို ကယ်တင်ဖို့  အရင်းအနှီးတွေ ဆိုတာသိပေမယ့် ဘယ်လိုမှ ရင်ဆိုင်နိုင်စွမ်းမရှိလို့  မိဘတွေရဲ့ ဆန္ဒကို ဆန့် ကျင်ခဲ့ရတယ်.......။ ဖြစ်ချင်တဲ့ ရှေ့နေ လဲမဖြစ်ခဲ့ရပါဘူး....... ရှေ့နေညံ့လို့  အမှားအယွင်းတစ်ခုခု ဖြစ်သွားခဲ့ရင် “ငါ့ကြောင့် ” ဆိုတဲ့ အတွေးကြီးနဲ့  တသက်လုံးမွန်းကြပ် နေမှာကြောက်သွားလို့ ပါ.......။ “လေးမ” ကတော်တော် အတွေးခေါင်တယ်နော်......။ ဟုတ်ပါတယ်......“လေးမ” ငယ်ငယ်က “ကြောင်” မှာဘာလို့  နှုတ်ခမ်းမွှေး ပါတာလဲလို့  ခဏခဏမေးတတ်တယ်တဲ့......( မေမေ ပြောတာ) ။ နောက်တော့ ဘာမှ စဉ်းစားချိန်မရလိုက်ဘဲ အင်ဂျင်နီယာကျောင်းသူ ဖြစ်ခဲ့ရတယ်.......။ အခုတော့ ဟိုမရောက်ဒီမရောက်.....ယောင်ချာချာ အာခီတက်.......။ မေမေကတော့ “နင်ဥာဏ်များလို့  ကြံဖျား စုပ်ရတာတဲ့.....” ။ ။
( သိတယ်မဟုတ်လား......ကြံတွေက အဖျားမှာ မချိုဘူးလေ......)

7 comments:

ပေါက်ပေါက်ဆုပ် said...

မလေးက အမှတ်ကောင်းရဲ့သားနဲ့ ဆေးကျောင်းတတ်ခဲ့ဖူးပေါ့
ဟုတ်တော့လဲဟုတ်တာပဲ ၀ါသနာမပါပဲနဲ့  မတတ်တာပဲကောင်းတယ်
မလေးစိတ်ဓါတ်ကိုတော့ချီးကျုးပါတယ် တကယ်

Anonymous said...

အင်း... ဖြစ်ရမယ် .. ခုရော ဒီ ဗိသုကာဘ၀ကို မပျော်ဘူးလားဗျ ... မပျော်ရင်တော့ မဖြစ်သင့်ဘူးဗျနော် ... ကျနော်တော့ တကယ်အားကျတယ်ဗျ... ကျနော်တို့ နိုင်ငံမှာက ဆရာဝန်တွေများပါတယ် ... ဗိသုကာကတော့ ရှားတယ်လေ ... နေရာတကာပေါ့ ...ဒါပေမဲ့ ဒီခေတ်မှာ ဗိသုကာတွေက နေရာ သိပ်မရသေးဘူးလေ ... လွတ်လပ်ရေးဗိသုကာတို့ ငြိမ်းချမ်းရေးဗိသုကာတွေက အစပေါ့ ... ကိုယ်လျှောက်မဲ့လမ်းကို ကိုယ်တိုင်ရွေးခဲ့တာတော့ လေးစားတယ်ဗျာ ...ဆရာဝန် မလုပ်ချင်ခဲ့တဲ့သူဆိုတော့ ဆရာဝန်တွေ လုပ်သမျှခံရတဲ့သူမျိုး မဖြစ်စေနဲ့တော့နော် .. ကျန်းမာရေးဂရုစိုက်ဗျ ... အသေးအမွှားက အစပေါ့ .. ကြုံလို့ ချရာဂျီးလုပ်တာ ... I PAY MY RESPECT TO THE MARTYRS. ဆိုတာတော့ တော်တော် သဘောကျသွားတယ် ... တတ်နိုင်သမျှ အလိမ္မာသုံးပြီးပါဝင်လို့လည်း ချီးကျူးမိတယ် ... ကျေးဇူးဗျာ ...
cbox မှာ ကိုခရီရေတာ ရေးသွားတာ ဟုတ်တယ်ဗျ တီလေး ဘာသာပြန်ကို အကြိုက်ဆုံးပဲ ... ဇောက်ထိုးပြန်သွားတာကိုက မိုက်တာ ... တကယ်ဗျ ...
ဥာဏ်များလို့ ကြံဖျားစုပ်ရတယ်ရယ်လဲ မဟုတ်ပါဘူးဗျာ ... ဥာဏ်ရှင်းလို့ ကြံရင်းစုပ်ရမဲ့ တစ်ချိန်လည်း လာဦးမှာပါ ... အဲဒီအခါမှသာ တီလေး မေမေ ကိုကြွားလိုက်ဗျာ ...

Layma said...

ပေါက်ပေါက်ဆုပ်….Type နဲ့  မချီးကျူးနဲ့ ၊ စားဖို့  ပေါက်ပေါက်ဆုပ် ပို့ လိုက်…( လိပ်စားတဲ့ဟာမဟုတ်ဘူး..လူစားတဲ့ဟာနော်….)

Layma said...

JB,,,,,,ဗိသုကာဖြစ်ခွင့်ရတာ ပျော်ပါတယ်…လက်ရှိ ဘ၀ကိုလည်း ကျေနပ်ပါတယ် အစ်ကိုကြီးရယ်…( မပျော်ဘူးပြောမိရင် အဆူခံရကိန်းမြင်တယ်)…။ ကျန်းမာရေးကို လဲ ဂရုစိုက်လို့  အအေးမိနှာစေး အသေးစားလေးတွေ မဖြစ်ပါဘူးရှင်….။

ပေါက်ပေါက်ဆုပ် said...

အမြန်ဆုံးနီးနဲ့  ပုဂံလုံးစီးပီးပို့ လိုက်မယ်
မျှော်နေနော် :P

Unknown said...

ကျွန်တော့်အမေကလည်း ဗိသုကာပဲဗျ။ ဒါကြောင့် ကျွန်တော်လည်း ဗိသုကာအရမ်းဖြစ်ချင်ခဲ့ဖူးတယ်။ ဟင်း . . . ။

Layma said...

ကိုဇင်…ကိုလတ်....
ဟုတ်လား…..နာမည်ပြောပြလို့ ရမလား……တိုက်ဆိုင်လိုက်ပုံများနော်…..