ပုဂံသားက ရွာခိုင်းလို့  တမိုးတော့ ရွာပြီုးပြီ……..အခုတခါ EOT လုပ်ပေးထားတဲ့ ကျေးဇူးရှင်ကြီး ကိုရန်အောင်က “ စက်မှုတက္ကသိုလ် ကျောင်းသူဟောင်းတစ်ဦးရဲ့ မိုးရွာခဲ့သော ရက်စွဲများ ” ကိုသိချင်ပါတယ်ဆိုလို့  အတိတ်ကို အာရုံခံပြီး ကြိုးစားပမ်းစားထပ်ရွာလိုက်ရပါတယ်……။
M.T.U မှာ ရွာတဲ့မိုး…..
(အဆောင်ခေါင်မိုးပေါ်ကနေ တောင်တွေဘက်ကို လှမ်းရိုက်ထားတဲ့ ပုံပါ.......ဒီခေါင်မိုးပေါ် အဆောင်မှူးမသိအောင် ညဘက်ကြီး ခိုးတက်ပြီး “လေး” နဲ့  “မိ” ကြယ်တွေ ရေခဲ့ဖူးပါသည်......“မိ” က “လေး”
နဲ့  ရန်ဖြစ်တဲ့ အခါ ဒီခေါင်မိုးပေါ်တက်ပြီး စိတ်ကောက်တတ်ပါသည်......)
ဝရန်တာမှာ ထွက်ရပ်ပြီး…..တောင်တွေဆီကို လှမ်းကြည့်လိုက်တယ်……။ အော်…..မိုးရွာနေပါလား……။ “မိ….ရေ……..လာကြည့်စမ်းဟေ့…….တောင်ပေါ်မှာ မိုးရွာနေတာ သိပ်လှတာဘဲ……..”။ တောင်တွေဘက်မှာမိုးရွာနေပေမယ့် “လေးမ”တို့  အဆောင်မှာတော့ မိုးမရွာဘူး…..။ မိုးမရွာတော့ မိုးမပက်ဘူး…….မိုးမပက်တော့ ၀ရန်တာမှာ ထွက်ရပ်
လို့ ရတယ်…….၀ရန်တာမှာ ထွက်ရပ်လို့ ရတော့……. တောင်ပေါ်မှာရွာနေတဲ့မိုးကို ကြည့်ပြီး တယောက်ယောက်ကို လွမ်းလို့ ရတယ်……၊ သီချင်းဆိုလို့ ရတယ်……။
…………………..
“ မိ…..ရေ…..တိမ်ညို တိမ်မဲတွေ တောင်ပေါ်ကဖြတ်ပြီး…. ဒီဘက်ကို ရွေ့ လာ ပြီဟေ့…..ရွာတော့မယ်ထင်တယ်…….” ပြောလို့ မှမဆုံးသေး……… မိုးစက်တွေက ၀ရန်တာပေါ် လွင့်စင်ကျလာသည်………။ အခန်းတခါးကို တဒေါက်ဒေါက် ခေါက်သံကြားရပြန်တယ်………( လေထန်ကုန်းထဲကလို Let me in တော့မဟုတ်ဘူး….)..။ ပဲပဲတို့  အုပ်စု……“ငါတို့ …..မိုးရေချိုးကြမလို့ ……နင်တို့ ရော ချိုးမလား”တဲ့……။ နှစ်ခါမခေါ်ရဘူး……“ အေးလာခဲ့မယ်…….” ။ ဂျင်းဘောင်းဘီ နဲ့ ရှပ် လက်ရှည် …..အမြန်လဲပြီး…..အဆောင်ပေါ်တီကို ပေါ်က ၀ရန်တာ အကျယ်ကြီးဆီကို ချီတက်……..မိုးရေထဲမှာ……မတ်တပ်ရပ်ပြီး……..ခေါင်းမော့…….အဲဒါ…..မိုးရေချိုးတာဘဲ……။ အဆောင်မှူးကတော့……မသိရှာဘူး…..(သူလဲ မိုးအေးအေးနဲ့  ကွေးနေရှာမှာ )…..။
“ ဟယ်…ဟိုမှာ……စစ်ကိုင်းသား……စက်ဘီးကြီးနဲ့  တို့ အဆောင်ဘက်ကို လာနေတယ်…….ဘော်ဘော်တို့ ရေ…….ရန်သူလာတယ်……၀ပ်…..” ….။ လက်ရန်းကို အကာအကွယ်ပြုပြီး
ဝပ်လိုက်ရတယ်…….စပ်စုချင်စိတ်တွေက ချိုးနှိမ်လို့  မရတော့……အသာလေး ခေါင်းထောင်ပြီး ခိုးကြည့်ကြတယ်……..။ ကျေးဇူးရှင်က သစ်ပင်အောက်မှာ စက်ဘီးလေး ဒေါက်ထောက်ပြီး ကျောင်းသူတစ်ယောက်ရဲ့ အခန်း မျက်စောင်းထိုး နေရာလောက်ကရပ်ပြီး……..“ မမရေ…….မမ……မမကိုချစ်တယ်……” တဲ့……။ မိုးရွာထဲမှာလာပြီး ရောဂါသည်းပြနေတာ…….အအေးမိပြီး သေပါစေလို့  ဆုတောင်းပြီး…….“လေးမ” တို့ လဲ ကုတ်ကုတ်…..ကုတ်ကုတ် နဲ့  တပ်ဆုတ် ခဲ့ကြရတယ်……။ မဆုတ်လို့ ဘယ်ရမလဲ…….မိုးရေချိုးတာ မြင်သွား လို့ ကတော့…… ယောက်ျားလေးဆောင်က အရက်ဝိုင်းမှာ မြည်းစရာသတင်းစကား ဖြစ်သွားပြီး…… နောက်တနေ့ …..ကျောင်းသွားတဲ့အခါ ရစရာမရှိအောင် အဖဲ့ခံရမှာလေ…..။ စစ်ကိုင်းသားကတော့ မိုးရေထဲမှာ……“ ဝေဒနာတွေ ရုပ်သိမ်းပါဦး……” တဲ့……ကြွေလို့  ကောင်းတုန်း…….။
…………………..
အဲဒီညက…….မိုးတွေ သည်းခဲ့တယ်……။ မြေကြီးကျင်းတူးပြီး ခွေးသားလေးတွေ ပေါက်ထားတဲ့ အဆောင်ကစားကြွင်းစားကျန်တွေ စားနေကျ ခွေးမကြီးကို စိတ်ပူသွားမိတယ်…….။ မနက်နိုးလာတော့ ဘေးမှာ “မိ” မရှိဘူး……( ခါတိုင်းဆို သူက ၅ မိနစ်…၅မိနစ် ဆိုပြီး ပြန်အိပ်နေကျ)……။ မျက်နှာသစ်ပြီး ၀ရန်တာက ထွက်ကြည့်လိုက်တော့ မိုးဖွဲတွေကြားမှာ မိုးကာအကျီင်္လေးနဲ့  ကယ်ဆယ်ရေးသမား “မိ”ကိုတွေ့ ရတယ်…….။ မြေပြိုပြီး ပိတ်မိနေတဲ့ ခွေးသားပေါက်လေးတွေကို တကောင်ပြီးတကောင် ကယ်ထုတ်ပြီး အဆောင်လှေကားအောက်ကို ပို့ ပေးနေတယ်လေ…….။ “လေးမ….ရေ……. အ၀တ်ဟောင်းတွေယူခဲ့……ဒီကောင်တွေ…..သိပ်ချမ်းနေတယ်” တဲ့……။ “လေးမ” အ၀တ် ၃ ထည် ဒါနလုပ်လိုက်ရတယ်……..။ မိုးတွေစိုနေတဲ့ “မိ” က “လေးမ” အတွက်တော့ “နိုက်တင်ဂေး” လိုဘဲ……..။
…………………..
အဲဒီနေ့ က……..ရန်ကုန်က ဗိသုကာ တစ်ဦးလာပြီး ဟောပြောတယ်…….။ လူမစုံဘူး…….ကျောင်းသားတစ်ယောက်လိုနေတယ်……….မိုးကလဲ ဖွဲဖွဲရွာနေတယ်…… ဟောပြောပွဲပြီးတော့ “လေးမ” တို့ ပြန်လာကြတယ်……..ဟော…….တွေ့  ပါပြီ…..ထိုကျောင်းသား……ကောင်မလေးနဲ့  မိုးကာအကျီင်္ချင်းလဲ ၀တ်ပြီး…….. စက်ဘီးလေးတွန်းလို့ ……မိုးရေထဲမှာ…….MTV ရိုက်နေသလား….မှတ်ရတယ်……။ သူတို့ ကို လှောင်မိပေမယ့် စိတ်ထဲမှာကျိတ်ပြီး အားကျသွားသလား…….မသေချာဘူး…… မမှတ်မိတော့ဘူး……ကြာခဲ့ပြီကိုး…..။
…………………..
နောက်ဆုံးနှစ်ရောက်ပြီ……..မကြာခင်…….သူငယ်ချင်းတွေ……ခွဲကြရတော့မယ်……။ အမှတ်တရဖြစ်အောင် မေမြို့ တက်လည်ကြတယ်………။ လည်စရာကုန်တော့ DSTA (DSIT) ကို ၀င်ကြည့်ချင်လာတယ်…….သူငယ်ချင်းတစ်ယောက်က သူ့ သူငယ်ချင်း တစ်ယောက်ရှိတယ်….. တဲ့……။ DSTA ၀င်းကြီးထဲရောက်တော့……သူတို့  အဆောင်တွေက မိုက်လိုက်တာ……
ငါတို့ အဆောင်တွေနဲ့  တခြားစီဘဲ……ဧည့်တွေ့ ဆောင်လဲ သီးသန့်  ရှိတယ်……မြင်မြင်သမျှ……ကိုယ့်ကျောင်းနဲ့ နှိုင်းယှဉ်ပြီး အားကျခဲ့ရတယ်……..။ ဧည့်မှတ်တမ်းမှာ စာရင်းပေး……သူ့ သူငယ်ချင်းကို စောင့်…….တိုက်ပုံနက်နဲ့  ပုဂ္ဂိုလ်တွေက ကွက်ကြည့် ကွက်ကြည့်…….။ သူ့ သူငယ်ချင်းကပြုံးဖြဲဖြဲနဲ့ ……ကောင်မလေးတွေ တအုပ်ကြီး သူ့ ကိုလာတွေ့ လို့  ဂုဏ်ယူ ၀ံ့ကြွား နေပုံရပါတယ်……..။ တစ်ယောက်နဲ့  တစ်ယောက် မိတ်ဆက်……… သူတို့ ချင်း စကားနဲနဲပါးပါး ပြောပြီးတော့…..ပြန်ခဲ့ကြတယ် ……..မိုးကရွာလာပြီလေ……။ ပြန်ရောက်ပြီး တစ်ပတ်လောက် နေတော့ သူငယ်ချင်းဆီကို ထိုပုဂ္ဂိုလ်ဆီက
ချစ်သ၀ဏ်လွှာရောက်လာတယ်……… မေမြို့ မှာ မိုးရွာခဲ့မိတာကိုး……..။
…………………..
“လေးမ” က “သူ” မိုးမိမှာ သိပ်ကြောက်တယ်…..သူက “လေးမ” ကို မကြင်နာပေမယ့် “လေးမ” က သူ့ ကိုသိပ်တန်ဖိုးထားတယ်………။ မိုးရွာရင် “လေးမ” မိုးစိုချင်စိုပါစေ…..သူ မစိုအောင်ကြိုးစားခဲ့တယ်……..။ “သူ” ဆိုတာ “လေးမ” ဆွဲထားတဲ့ Drawing paper တွေလေ…….။ မိုးရွာရင် Drawing Paper တွေကို ရင်မှာပိုက်……..ပြီးမှ အပေါ်ကမိုးကာအကီင်္ျထပ်ဝတ်ပြီး ကျောင်းသွားရတယ်……..။ ညပေါင်းများစွာ အိပ်ရေးပျက်ခံပြီး ဆွဲထားရတာ…..မိုးစိုလို့  ဘယ်ဖြစ်မလဲ……။
…………………..
အပြင်မှာ မိုးရွာနေတယ်……..။ ပြတင်းပေါက်ပိတ်ထားလို့  မိုးလဲမပက်ပါဘူး……။ ဒါပေမယ့် “လေးမ” မိုးတွေစိုနေတယ်……..အတိတ်က မိုးရေစက်တွေ စိုနေတယ်……။ ။
Saturday, July 07, 2007
နောက်တမိုး (သို့ ) M.T.U မှာရွာတဲ့မိုး
Posted by Layma at 4:42 PM
Labels: Link to the past, Seasonal Post, Tag
Subscribe to:
Post Comments (Atom)
6 comments:
အပြင်မှာ မိုးရွာနေတယ်……..။ ပြတင်းပေါက်ပိတ်ထားလို့  မိုးလဲမပက်ပါဘူး……။ ဒါပေမယ့် “လေးမ” မိုးတွေစိုနေတယ်……..အတိတ်က မိုးရေစက်တွေ စိုနေတယ်……။
ဆိုတဲ့ အဆုံးသတ် စာကြောင်းလေးက သိပ်လှပါတယ်
ကျးဇူးရှင်က သစ်ပင်အောက်မှာ စက်ဘီးလေးဒေါက်ထောက်ပြီး ကျောင်းသူတစ်ယောက်ရဲ့ အခန်း မျက်စောင်းထိုး နေရာလောက်ကရပ်ပြီး……..“
အဲဒီ့တုန်းကပေါ့ဗျာ.
ကျွန်တော့်ကိုသနားလို့တဲ့ တိမ်တွေတောင် ငိုချလိုက်တာ
မိုးကိုသည်းရောပဲ.
မန်းချယ်ရီဆောင်လေး ဘယ်ရောက်သွားပြီလဲဟင်... နာမည်ပြောင်းပစ်လိုက်ပြီလား. ဘူးသီးကြော်ဆိုင်လေးရော ရှိသေးလား. လွမ်းတယ်ဗျာ.
ဘာပဲဖြစ်ဖြစ်ပါဗျာ. ခုလိုမျိုး စက်မှုတက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ မိုးရွာခဲ့တဲ့ရက်စွဲများအတွက် ကျေးဇူးတင်ပါတယ်...
ခင်မင်လေးစားလျက်
ရန်အောင်.
မအိမ့်ချမ်းမြေ့ …..ကျေးဇူးပါရှင်….ဒါနဲ့  မလေးကို မိုးစိုသွားသေးလား…..
ကိုရန်အောင်…….အဆောင်နာမည်က အရင်အတိုင်းပါဘဲ…..ဂိတ်ဝကအကြော်ဆိုင်ကတော့ ၂၀၀၄ အထိရှိသေးတယ်…..အခုတော့ မရောက်တော့ ရှိမရှိ မသိတော့ဘူး….. ပြန်တွေးဖြစ်အောင် တိုက်တွန်းလိုက်တာကျေးဇူးပါ…..မိုးရေချိုးပြီး မှတ်ချက်ပေးသွားတာလည်း ကျေးဇူး……
မလေးကမိုးတွေရွာနေတယ် မိုးမိပီးဖျားလိမ့်အုံးမယ်
ပေါက်ပေါက်က စိတ်ပူတယ်ပေါ့….ကျေးဇူးပါ…
လေးမရေ...
လွမ်းတယ်ဟာ...သိပ်မရွာပါနဲ့အတိတ်မိုးတွေ...
အတိတ်မိုးတွေရွာရင်...သတိရသွားမိတယ်...ပထမနှစ်က..
ထိုင်မရ..ထမရဖြစ်တဲ့ကိစလေ...လေးမရေ...နင်ရဲ့ရေးအသားတွေ
ငါဂုဏ်ယူပါတယ်...သူငယ်ချင်းလေးရေ...ဆက်ကျိုးစားနော်..မိ..
Post a Comment