Wednesday, July 11, 2007

ရေးဖူးတဲ့ ကဗျာ…

“လေးမ ရဲ့ Blog မှာ ကဗျာလဲ မရှိဘူး” လို့  သူငယ်ချင်းတစ်ယောက်က ပြောလို့  မခံချင်တာနဲ့  သစ်ရွက်လှုပ်တိုင်း ကဗျာရေးချင်တဲ့ အချိန်က ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို သော့ခတ်ထားတဲ့ စာအုပ်ထဲကနေ သော့ဖျက်ပြီးတော့ ကူးပေးလိုက်ပါတယ်…….။ ခေါင်းစဉ်ကတော့ အခုမှ ကောက်ခါငင်ခါ ပေးလိုက်တာပါ…….။
myspace layouts, myspace codes, glitter graphics

“လေးမ နှင့် ကောင်းကင်”
“ကောင်းကင်ကို မော့ကြည့်
ငါလျှောက်မိရင် ခလုတ်တိုက်မလား……
ဒါဆိုရင်.....
မြေကြီးကို ငုံ့ ကြည့်
ငါလျှောက်ကြည့် လိုက်မယ်…….။
တခါတရံတော့.....
ကောင်းကင်ကို သတိရ
ငါတမ်းတတဲ့အခါ
ကောင်းကင်က ရယ်မော
ငါကတော့ စိတ်မော…..လို့ …….။
မကြာခဏတော့.....
ကောင်းကင်က ငါ့ကို
လက်ကမ်းလို့  ကြိုတတ်ပါရဲ့…….
ဒါပေမယ့် ငါလေ……
ကမ်းကြိုတဲ့ လက်ကို
လှမ်းခိုဖို့  ခက်နေလို့ ………။

.......
.......
.......
.......
.......
ဒီလိုနဲ့  နောက်ဆုံးတော့လဲ.....
ကောင်းကင်က ပြုံးပြ
ငါကလဲ မုန်းမရတော့
ရုန်းမရတဲ့ အချစ်တွေနဲ့ 
ငါဟာ
မိုက်မဲ…..
လှိုက်လှဲစွာ ချစ်ခဲ့တယ်…….။ ”


11 comments:

Anonymous said...

ကျေးဇူး..ကျေးဇူး..ကျေးဇူး ... များစွာ ..........
“ကမ်းကြိုတဲ့ လက် .....
လှမ်းခိုဖို့  ခက် ”
လှတယ်ဗျာ ...
“ကောင်းကင်က ပြုံးပြ
ငါကလဲ မုန်းမရတော့
ရုန်းမရတဲ့ အချစ်တွေနဲ့ 
ငါဟာ
မိုက်မဲ…..
လှိုက်လှဲစွာ ချစ်ခဲ့တယ်…”
မိုက်မဲ…..လှိုက်လှဲ .... ချစ်ခဲ့တယ် ...
ကောင်းလိုက်တဲ့ ငယ်ကဗျာလေးဗျာ ... အတွေးလည်း ကောင်းတယ် ... စကားလုံးတွေလည်း ကောင်းတယ် ...
မုန့်ဝယ်ကျွေးဖို့ သင့်နေပြီဗျ ... ဟာ ..ဟ ... တကယ်ပြောတာပါဗျာ ...

စာအုပ်ထဲမှာ အကျဉ်းကျနေရရှာတဲ့ ကဗျာလေး ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာ ကျေးဇူးပါဗျာ ...
နှစ်တွေကြာခဲ့ပြီဆိုပေမဲ့ ... လတ်ဆတ်ချိုမြနေတဲ့ ကဗျာလေးပါပဲ ...

ဒီကဗျာလေးကို ဝေမျှပေးတဲ့ အတွက် ကျေးဇူး အထူးပါ ... ကျန်နေသေးတဲ့ ကဗျာ အကျဉ်းသားတွေကိုလည်း လွတ်လပ်ခွင့်ပေးဖို့ တောင်းဆိုပါတယ် ...
ယခုပြုရ ကုသလကြောင့် ကင်းကောင် ကြီးနဲ့ ... အဲ ဟုတ်ပါဝူး ... ကောင်းကင်ကြီးနဲ့ အဆင်ပြေပါစေဗျာ ...
လေးစားစွာဖြင့် ...

pandora said...

လေးမ ပြောင်းပြန်ပဲ ယူရမှာလား.. ကင်းကောင်ကြီးနဲ့ ဆိုတာဟုတ်လား..
ဟဲ နောက်တာပါ.. ကဗျာလေးက ကောင်းတယ်.. ဟစ်ဟော့ပဲ

naing said...

လေတိုက်သော နေ့တစ်နေ့ ။
*သော့ တွေ ပြင်တယ် ၊ ဖျက်တယ် ။* *စာအုပ် ဟောင်းဒွေ ၊ စာရွက် အဟောင်းဒွေ ၊ ကာတွန်းစာအုပ် အဟောင်းတွေ ၊ ဆေးပုလင်းအဟောင်းတွေ ပိုက်တွေ ၀ယ်ဒယ်* *သံတို အစအနတွေ ၀ယ်ဒယ် * *ကြက်ပေါင်း စွပ်ပြုတ်နဲ့ လဲဒယ်* *ပြင်ဒယ်* *၀ယ်ဒယ်* *လဲ...သည်*

Kreator said...

ကောင်းတယ် လေးမရေ နောက်လဲ ရေးနော် အားပေးတယ်

Layma said...

မုန်တိုင်း….မုန့် ကျွေးပါ့မယ်….ဟား…ဟား…လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတဲ့လား… ဟုတ်…စဉ်းစားပေးမယ်…..
မပန်….ကျေးဇူးပါ….စိုင်းစိုင်းကို လက်မတို့ လိုက်နဲ့ နော်….
နိုင်…..ထမင်းကြော်နဲ့ လဲတယ်…..နှင်းဆီပန်းနဲ့ လဲတယ်…..
ခရီရေတာ…..ဟုတ်ကဲ့ ကျေးဇူး….နောက်ရေးဖြစ်ဖို့ ကတော့……

Unknown said...

ိလေးမရေ...

ကိုကင်းကောင်...အဲလေ..ကိုကောင်းကင်အကြောင်း
င်္ဖလိုက်ရမလား...ကောင်းကင်ပေါ်မိုးရွာချတဲ့အကြောင်းလေ...ဟိဟိ..
မီး...ပါဘူးနော်...မီးဘာမှမပြောဘူးနော်...

Unknown said...

ကဗျာလေးက တစ်ပုဒ်ဆို တစ်ပုဒ်ဆိုသလောက် ကောင်းပါတယ်ဗျာ။

လင်းမိုးလက် said...

ကဗျာလေးက လှတယ်နော် . . .
နောက်ထပ် ကဗျာတွေလည်း ဖတ်ချင်သေးတယ် ။

Layma said...

mi…မချွန်နဲ့ နော်….နင်ဘယ်မှာလဲ…ဖုန်းလဲ မဆက်ဘူး….သရဲမ….
ကိုဇင်….ကိုလတ်…မြှောက်နေပြန်ပြီ…..
blue….ကဗျာကလှဆို ဖန်တီးတဲ့သူကလဲ….ဟီး…

ပေါက်ပေါက်ဆုပ် said...

မလေးက...ကဗျာလဲရေးတတ်တာပဲ

Layma said...

ပေါက်ပေါက်ရေ….မလေးက ဟိုစပ်စပ် ဒီစပ်စပ်လေ….