Wednesday, July 25, 2007

အချစ်ငှက်

မဂျစ်ရဲ့ လျှောက်ခြစ်ထဲမှာ “အချစ်ဆိုတာ.. အတောင်ပံနဲ့ငှက်လား...” လို့ မေးထားလို့  ရေးဖြစ်ခဲ့ဖူးတဲ့ ခပ်ညံ့ညံ့ကဗျာတပုဒ်ကို ခပ်လန့် လန့်  နဲ့ ပဲတင်လိုက်ပါတယ်....
“အချစ်ငှက်”
Photo Sharing and Video Hosting at Photobucket
ငါ့ရင်ထဲကို
အချစ်ငှက်လေး
မဖိတ်ခေါ်ဘဲ ၀င်လာဖူးတယ်.....။
ငါ့ရဲ့အချစ်ကို
ရယူပြီးတော့
မနှင်သော်လဲ ပြန်လို့ သွားတယ်.....။
လွမ်းလို့ ကျန်ရစ်
ငါ့အဖြစ်ကို
အချစ်ငှက်လေး
သိပါရဲ့လား သိခဲ့လား.....။ ။

6 comments:

naing said...

လေးမ ထ ထ ၊ ကဗျာတွေ ယောင်ပြီးတောင် ရွတ်နေတယ် ။
ဆရာ လာ နေပြီ ။

Anonymous said...

“““ကြော်ငြာ”””
လောက်လေးခွတွေရမယ် ... လောက်စာလုံးတွေရမယ် ... အပိုအဆစ်အနေနဲ့ ပစ်နည်းပါသင်ပေးမယ် ...
ခေတ်မှီနည်း နှင့် အထူးစီမံပြုလုပ်ထားသော ငှက်ထောင်ချောက်များ၊ လှောင်ချိုင့်များကို လည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေပါပြီ။
ဆက်သွယ်ရန်
မုဆိုးကျော် ဂျယ်ရီဖိုးထော်
လက်ကိုင်ဖုန်း ... လျှောက်ထားဆဲ ( ၂ နှစ်ကျော်ပြီ )
အီးမေးလ် ... ဂျယ်ရီဖိုးထော်@ရိုးမတော.com

hnin said...

ကဗျာတွေကြိုက်တယ်။ အားပေးနေတယ်။ ပြီးတော့ လေးမ ဆိုတဲ့ နာမည်လေးကိုလည်း ကြိုက်တယ်။ လေးလေးပင်ပင် ရှိတယ်လေ။

Layma said...

Naing….ဟင်.ဟုတ်လား..ဒါဆိုပြင်ရွတ်မယ်…“မင်္ဂလာပါဆရာ…ညီညာထကြွ၊ဆုံးမနာယူ ၊ လာမူကြိုဆီး ၊ သင်တွေးအံရွတ် တပည့်ဝတ်ကို မချွတ်လိုက်နာ ဆောင်ရွက်ပါမည်…ဆရာရှင့်”
Jerry….လေးခွ…လောက်စလုံး…လှောင်ချိုင့်…အားလုံးယူရင် ဘာအဆစ်ပေးမလဲ….. ur website ကိုကြည့်ဦးမယ်…address .ပြော….ကြိုက်မှဝယ်မယ်…
Hnin hnin….လေးမကို နာမည်ရော.ကဗျာရောကြိုက်တယ်ပေါ့…. အရမ်းစိတ်ကောင်း ရှိတာဘဲ…..ကျေးဇူးပါရှင်….

Anonymous said...

ဟီဟီ မလန့်ပါနဲ့ လေးမရယ် ။ ဒီလောက် ကောင်းတဲ့ ကဗျာလေးး) ငယ်ရွယ်နုပျိုစဉ်က အချစ်ငှက်လေးကို ဖော်ကျူးနေတယ် ။

Layma said...

မဂျစ်….အချစ်ငှက်လေးက တလှုပ်လှုပ်နဲ့  ပျံနေတာ ချစ်စရာမကောင်းဘူးလား…