Friday, July 20, 2007

သိခဲ့ရဲ့လား….

“ ……ကလေးလေး သိပ်ချစ်တယ်….ကို ဒါလေးဘဲ ပြောတတ်တယ်နော……ဘယ်အချိန်ဘယ်လို စကာ ကိုယ်ချစ်သွားမှန်းမသိပေမယ့် ……….”
ဒီသီချင်းစာသားလေးကို “လေးမ” သိပ်ကြိုက်ခဲ့တာ…. ထူးအိမ်သင်ရဲ့ “စကားလုံးတွေ သိပ်မလိုဘူး…” ထဲကလေ….။ အခုတော့ ဖြိုးကြီး ပြန်ဆိုထားတယ်……။


“ လူတစ်ယောက်ကို ဘယ်တုန်းက စချစ်သွားခဲ့သလဲလို့  အတိအကျ မသိဘူးဆိုတဲ့လူတွေကို ကျွန်တော်တော့ အံ့သြတယ် ” စာမျက်နှာ ၁၉၉ (ချစ်သူလား…စကားတစ်ပွင့် ပွင့်ခဲ့တယ် - ဂျူး)
ဖတ်ဖြစ်ခဲ့တုန်းကတော့ စကားပွင့်တွေကြားမှာ နစ်မျောနေခဲ့လို့  ဒီစာကြောင်းလေးကို အမှုမဲ့ ၊ အမှတ်မဲ့ ပဲ…….။ တနေ့ က “ အချစ်ဆိုတာ ကြိုးနဲ့ သီဖို့ မလိုတဲ့ ပန်းကလေးများ ”ဆိုတဲ့ ၀တ္ထုတိုလေးမှာ ဒီလို အတွေးလေး ပြန်တွေ့ ရတော့မှ ဆရာမ ဂျူး ရဲ့ အမြင်လေးကို သတိထားမိသွားတယ်…..။

“ ချစ်သူတစ်ယောက်ကို ဘယ်အချိန်က စချစ်သွားမှန်းမသိဘူး ဆိုတဲ့လူတွေ တော်တော်ညံ့တာပဲဟု ကျွန်မထင်ပါသည်။ သည်လောက်အရေ့းကြီးသည့် အပြောင်းအလဲတစ်ခုကို သူတို့ ဘာကြောင့် သတိမထားမိကြတာလဲ။” စာမျက်နှာ ၂ (အချစ်ဆိုတာ ကြိုးနဲ့ သီဖို့ မလိုတဲ့ ပန်းကလေးများ-ဂျူး)
ဒီလိုဆိုတော့လဲ “ဂျူး ”ပြောတာဟုတ်သားပဲ…….။ ဘ၀မှာ သမရိုးကျ မဟုတ်ဘဲ ထူးထူးခြားခြား တစုံတရာ ဖြစ်ပျက်သွားတာကို တကယ်မသိလိုက်ကြဘူးလား……။ မသိချင်ယောင်ဆောင်ခဲ့ရတာလား……..။ မသေချာလိုက်တာလား……။ စာရေးဆရာတွေ…..သီချင်းရေးဆရာတွေက သူတို့ ရဲ့ အတွေးတွေ ၊ အယူအဆတွေ ခံစားချက်တွေကို ကလောင်တံ ( Typing ) နဲ့  အသက်သွင်းလိုက်တဲ့ အခါ “လေးမ” တို့  စာဖတ်သူတွေက ကိုယ့်ကိုယ်ကို ပြန်မေးစရာတွေ ၊ တွေးစရာတွေ ၊ သုံးသပ်စရာတွေ ရလာတတ်ပါတယ်…….။ အချစ်တစ်ခုတည်းမှ မဟုတ်ပါဘူး……။ အရာရာတိုင်းမှာ တခုခုပြောင်းလဲသွားတိုင်း သတိထားခဲ့မိပါရဲ့လား…….။


“သိခြင်း ၊ မသိခြင်း
ပုစ္ဆာရှင်းဖို့ 
ထိုင်ရင်း ၊ ငိုင်ရင်း
တွေးခြင်းတွေ စတယ်…။
တခါတုန်းဆီက
အပြုံးတွေ
အရှုံးတွေ
(ငါ) မသိခဲ့တာလား…
မရှိခဲ့တာလား…။
တခါတုန်းဆီက
ရခဲ့ဖူးတာတွေ
မရခဲ့ဖူးတာတွေ
(ငါ) သိဖို့  ရှက်ခဲ့သလား
ရှိဖို့  ခက်ခဲ့သလား…။
(ငါ) တွေးဆဲ မေးဆဲ
မရဲတရဲ ဖြစ်နေတုန်းမှာဘဲ
ငါ့နားကိုကပ်
တိုးတိုးလေး “မှတ်” …တဲ့
“You have No Extra Time”….။ ။

4 comments:

ပြည့်မွန်သျှံ said...

ဟုတ်လိမ့်မယ် ဂျူပြောတာ ... ချစ်သူတို့မှာ ကိုယ်ချစ်တဲ့ သူကို ဘယ်လိုချစ်ခဲ့မှန်မသိလို့လား မသိယောင်ဆောင်ခဲ့တာလားတော့ မသိဘူး .. အခုတော့ တော်တော် ထိတယ် ... ပြောရမှာ ရှက်တာလဲ ဖြစ်ကောင်းဖြစ်လိမ့်မယ် ..

Anonymous said...

“သိခြင်း ၊ မသိခြင်း
ပုစ္ဆာရှင်းဖို့ 
ထိုင်ရင်း ၊ ငိုင်ရင်း
တွေးခြင်းတွေ စတယ်…။”
ဒါကို သဘောကျသဗျာ ...
ဟုတ်ပ ...
ပုစ္ဆာတွေ ရှင်းဖို့ ... တွေးခြင်းတွေက စတယ် ...
ပုစ္ဆာ တွေ ကလည်း အများသားလားဗျ ...
အဲတော့ အတွေးတွေ စဖို့ ထိုင် ရင်း ၊ ငိုင်ရင်း ၊ ငေးရင်းနဲ့ ငိုက်လာပါလေရော ...
ဆိုတော့ ... အိပ်ပျော်သွားသည်ပေါ့ ... အဟီး ... နိုးလာတဲ့ အခါမှာတော့
သိခြင်း ၊ မသိခြင်း တွေ ကို အဖြေရသွားတယ် ... ငါမသိတာတွေ အများကြီးပါလား လို့ သိလိုက်ရတော့တာပဲ ...
အဲဒါနဲ့ ပြန်အိပ်ပစ်လိုက်တာပေါ့ ... အဟဲ ...

တခါတုန်းဆီက ........... အင်း ... ဂလိုပေါ့ဂျာ ... :D

ဆရာမ ဂျူး ပြောတာ ဟုတ်တော့ ဟုတ်တယ်ဗျ ...
ဒါပေမဲ့ ... အင်း ... အဲသဟာလည်း ... ဂလိုပေါ့ဂျာ ... XD
ကိုယ်မသိတဲ့ ကိစ္စတွေမှာ အဲသလို ဂလိုပေါ့ဂျာ ဆိုပြီး လျှောချလိုက်တယ် .. အဟဲ ...
"You have No Extra Time" ဆိုတာတော့ ကြိုက်တယ်ဗျာ ... ဟုတ်တယ် ..
ဘယ်ကိစ္စ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လက်ရှိ ပိုင်ဆိုင်နေတဲ့ အချိန်ဟာ အကောင်းဆုံးပဲ ...
အဲဒီအချိန်မှာ အကောင်းဆုံး လုပ်ကြရမှာပဲ ... အချိန်ပိုတွေ မျှော်လင့်နေလို့ မရဘူး ... ဘ၀ ဆိုတာ .....
ဂလိုပေါ့ဂျာ ... >:)

naing said...

မှတ်သွားပါတယ် ။

Layma said...

ကိုချစ်သူ…..အရင်က မသိခဲ့တာတွေ…မပြောဖြစ်ခဲ့တာတွေ… နောက်ဆိုသိအောင်…ပြောဖြစ်အောင် လုပ်ပေါ့နော်….
ဂျယ်ရီ…..အဲလို လျှောချတတ်ရင် ဟို နေရာမှာ သွားထိုင်လို့ ရပြီ…. သိပ်ကြောက်သွားလား….ဟား..ဟား….မင်းကွန်းခေါင်းလောင်းကြီးနားမှာလို့  ပြောတာပါ…..လေးမ လဲထိုင်နေတယ်….ဘိုးဘိုးဦးပေါ်ဦးနဲ့ တွေ့ မလို့ ။ မိုက်တယ်ကွာ….မသိတာတွေ အများကြီးပဲဆိုတာ သိသွားတော့ ပြန်အိပ်လိုက်သတဲ့…..တော်တယ်…..အဲလိုပဲဖြစ်နေရမယ်…..
နိုင်…..မှတ်သွား…..ကျက်ထား….ကျေးဇူးပါရှင်….