Tuesday, July 10, 2007

Ready-made စွပ်ပြုတ်

ကြက်စွပ်ပြုတ် ချက်ဖို့  “လေးမ” မနက်က ဈေးသွားခဲ့ပါသည်……။ ကြက်သားဈေးလေး မေးကြည့်တော့ ၆၀၀၀ ဈေးပါ….. ။ လေးမ က စေတနာ အလွန်ကောင်းတော့ အရသာရှိအောင် နှစ်ကောင်လောက် ပြုတ်မှ အဆင်ပြေမှာ…….။ ချိန်ကြည့်လိုက်တော့ တစ်ကောင်ကို ၇၀ သား……။ ဒါနဲ့ ဘဲ…….အမွှေးနုတ်ခံထားရတဲ့ အသက်မရှိတဲ့ ကြက်ကို တချက်ငဲ့ကြည့်ပြီး ဈေးသည်ရဲ့ မျက်စောင်းကို ကျေနပ်စွာခံယူရင်း ပြန်လှည့်ထွက် ခဲ့ပါတယ်……။ ဘယ်လိုလုပ်ရမလဲ…….ဟို လူမမာကလဲ လာလာ တောင်းနေတယ်…….။ လေးမ ကလဲ စွပ်ပြုတ်တိုက်ချင်တယ်………ဆိုတော့…..။ အကြံကောင်းရင် တချက်ပါ……။ ဟိုနားက “ ထို Mart ” မှာ အထူးစပယ်ရှယ် discount ဆိုပြီး တစ်ထုတ်ဝယ်ရင် တစ်ထုတ် အလကားရတဲ့ date expire ဖြစ်ဖို့  တလကြီးများတောင် လိုသေးတဲ့ ready-made ကြက်စွပ်ပြုတ် ထုတ်လေး တွေ ပြေး
ဝယ်လိုက်တာပေါ့………။ အခုတော့ ဒီ ready-made လေးဘဲ သောက်ဦးနော်…..။ လခထုတ်ပြီးရင်တော့ ကြက်အစစ်နဲ့  ပြုတ်တိုက်ဖို့  စဉ်းစားပေးပါမယ်…….။

ကုလားထိုင်တစ်လုံးသာ ရွေးထိုင်ပါ
အီတာလျံလူမျိုး နာမည်ကြီးအဆိုကျော် လူစီယာနို ပါဗရော့တီ (Luciano Pavarotti ) ( 1935- ) ၏ ဖခင်သည် မုန့် ဖုတ် သမားတစ်ယောက်ဖြစ်သည် ။ သို့ သော် ဂီတဘက်တွင် အလွန်ထက်သန်သည် ။ သူ့ သားကို အောင်မြင်သော ဂီတပညာရှင်တစ်ဦး ဖြစ်စေလိုသော ဆန္ဒရှိသည် ။ ထို့ ကြောင့် ငယ်ရွယ်စဉ်မှာပင် တေးဂီတ အနုရသများနှင့် ကျွမ်းဝင်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့သည် ။ ဖခင်၏ ပဲ့ကိုင်လမ်းညွှန်မှု ၊ မိမိကိုယ်တိုင် ထက်သန်တက်ကြွစွာ အားထုတ်မှုတို့ ကြောင့် ပါဗရော့တီသည် ကမ္ဘာသိ အဆိုတော်တစ်ဦးဖြစ်ခဲ့သည် ။
အောင်မြင်ခဲ့သော သူ့ ဘ၀နှင့် ဆက်စပ်၍ ပါဗရော့တီက ဤသို့ သုံးသပ်ပြောဆိုခဲ့သည် ။
“ အဖေက ကျွန်တော့်ကို အသံကောင်းလာအောင် တအားလေ့ကျင့်ခိုင်းတာ ၊ အီတလီက ကျွန်တော်တို့ ဇာတိမြို့  မိုနာဒေသမှာ အာရီဂိုပိုလာဆိုတဲ့ အဆိုသင်ဆရာ တစ်ယောက်ရှိတယ် ၊ ကျွန်တော့်လို ညာသံဘဲ ၊ သူက ကျွန်တော့်ကို တပည့် အဖြစ် လက်ခံပြီး သင်ကြားပေးတယ် ၊ အဲဒီလို တေးဂီတ လိုက်စားရင်းနဲ့  ဆရာအတတ်သင် ကောလိပ်လဲ ကျွန်တော် တစ်ဖက်က တက်လိုက်သေးတယ်ဗျ ၊ ကျောင်းဆင်းတော့ အဖေ့ကို ကျွန်တော် မေးတယ် ၊ “ အဖေ ကျွန်တော် ကျောင်းဆရာလုပ်ရမလား အဆိုတော်လုပ်ရမလား ” ဆိုတော့ အဖေကပြောတယ် ။ “ လူစီယာနို” တဲ့ ၊ “ မင်းကုလားထိုင်နှစ်လုံးထိုင်ဖို့  ကြိုးစားရင် အဲဒီကုလားထိုင်နှစ်ခုကြားထဲ လိမ့်ကျမှာပဲ ၊ မင်းဘ၀အတွက် ကုလားထိုင်တစ်လုံးပဲ ရွေးရလိမ့်မယ် ” တဲ့ ။ “အဖေပြောတဲ့ အတိုင်း ကျွန်တော် တစ်လုံးပဲ ရွေးလိုက်ပါတယ် ၊ အဲဒီနောက်မှာ ပညာသည်အဆင့်နဲ့  စင်ပေါ်စတက်ခွင့်ရဖို့  ခုနစ်နှစ်တိတိ လေ့လာရ သင်ကြားရတယ် ၊ စိတ်ညစ်စရာ စိတ်ဓါတ်ကျစရာတွေလည်း အများကြီး ကြုံရတယ် ၊ အဲဒီကမှ တစ်ခါ မက်ထရိုပိုလီတန် အော်ပရာဇာတ်ရုံကြီးမှာ ဖျော်ဖြေခွင့်ရတဲ့ အဆင့်ရောက်ဖို့  နောက်ထပ် ခုနစ်နှစ် ကြိုးစားရတယ်၊ အခုတော့ ကျွန်တော် သဘောပေါက်တယ် ၊ အုတ်စီတဲ့အလုပ်ပဲဖြစ်ဖြစ် ၊ စာရေးတဲ့ အလုပ်ပဲဖြစ်ဖြစ် ၊ ကျွန်တော်တို့ ဘ၀အတွက် ဘယ်အလုပ်ကို ရွေးချယ်ခဲ့သည်ဖြစ်စေ ၊ အဲဒီအလုပ်ထဲကို ကျွန်တော်တို့ ဘ၀တစ်ခုလုံး ထည့်ပေးနိုင်ဖို့လိုတယ် ၊ ကိုယ်ရွေးတဲ့ အလုပ်ထဲမှာ ကိုယ့်ဘ၀ကို မြှုပ်နှံနိုင်မှ အဲဒီ အလုပ်မှာ အောင်မြင်တယ် ၊ ဒါ အောင်မြင်မှုအတွက် အဓိကသော့ချက်ပဲ ၊ အဲဒီတော့ ကြိုက်တဲ့ ကုလားထိုင်တစ်လုံးကို ခင်ဗျားရွေး ၊ ပြီးတော့ အဲဒီမှာ ပြတ်ပြတ်သားသား ထိုင်ဗျ ” ။
( ဆရာဖေမြင့်၏ နှလုံးသားအာဟာရ (၂) မှကူးသည်….မူရင်း-Choose One Chair)

သူငယ်ချင်းတို့ လဲ ထိုင်ခုံတစ်လုံးဘဲ ထိုင်ကြနော်…….ဟိုမှာလဲထိုင်ချင်…..ဒီမှာလဲ လက်မလွှတ်နိုင် ဟိုဟာလေးလဲ ကြိုက်…….ဒီနေရာလေးလဲ ပါချင် ဆိုရင်တော့ …… ပြုတ်ကျလိမ့်မယ်…….။ ပြုတ်ကျခဲ့တဲ့ သူတွေလဲ မနဲတော့ဘူးနော……… ပြုတ်မကျ သေးရင်တောင် “ ဟိုပင် ဒီပင် ကူးပါလို့ ……….” ဆိုတာ ကြားဖူးမှာပါ…..၊ လေးမ ပြောချင်တာ အဲဒါဘဲ…….။ ။

2 comments:

Anonymous said...

အင်း... ဒီစွပ်ပြုတ်ကလည်း ...
သိနေတယ်နော် ... သိနေတယ် ...
“ ဟိုပင် ဒီပင် ကူးပါလို့ ……….”
ဟင်း ...
မျောက်သစ်ကိုင်းလွှတ်သလို ဖြစ်နေသလား
ခွေးနေရာ မရသလို ဖြစ်နေသလား ..ကိုယ့်ဟာကိုယ် ပြန်စဉ်းစားလိုက်ဦးမယ် ...
ပါးပါးလေးကို နှိပ်ကွပ်နေတော့တာပဲ ... :P
ကျေးဂျူးဂျာ ...

Layma said...

storm.M…..ဘာတွေသိနေတာတုန်း….လေးမ က ရိုးရိုးရေးတာပါ….ဘယ်သူ့ ကိုမှ မနှိပ်ကွပ်ပါဘူး….နဲနဲပါးပါးတော့ စောင်းပြောတတ်တာပေါ့….မိန်းကလေးဘဲ…..ဒါပေမယ့် u ကိုပြောတာ မဟုတ်ပါဘူး….