Sunday, July 29, 2007

“အလှ”အကြောင်း….ကြားခဲ့ရတဲ့ စနေ ၊ တနင်္ဂနွေ

စနေ
စနေနေ့ က “လေးမ” မြန်မာနိုင်ငံ ဗိသုကာများအသင်းရဲ့ Seminar ကို တက်ရောက်ခဲ့ပါတယ်…။ ပထမပိုင်းမှာ ဆရာဦးထွန်းသန်းက “ကျွန်တော်နားလည်သော ဗိသုကာပညာ ” ၊ ဒုတိယပိုင်းတွင် ဦးကျော်ထွန်းမှ “Sustainable architecture ” ဟူသော စာတမ်းများကိုဖတ်ကြားခဲ့ကြပြီး တက်ရောက်လာသော ဗိသုကာများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်….။ တက်ရောက်လာသော လူငယ်ဗိသုကာများနှင့် ကျောင်းသူကျောင်းသားများအတွက် အလွန်တန်ဖိုးရှိသော ဗိသုကာ ဘာသာစကားများကို အားပါးတရ နားထောင်ခဲ့ကြရပါသည်…..။ ဗိသုကာတို့  ဖန်တီးပေးရသောအလှ (အမြင်ရသ) ပိုင်းဆိုင်ရာ အယူအဆများကိုလဲ အသေအချာ နားလည်ခဲ့ရပါတယ်….။
J.Ruskin ၏ Architecture is the rightly placing of sculptures and paintings. ဟူသောအယူအဆ ၊ A. Loos ၏ Ornamentation is Crime ဟူသောအယူအဆ ၊ Do not construct the decoration . Decorate the construction . ဟူသော အတွေးအခေါ်များနှင့် အတူ ၊ စွမ်းအင် အလဟသမဖြစ်စေသော ၊
ပတ်ဝန်းကျင် ကို မထိခိုက်စေသော ဒီဇိုင်းများဖြစ်ရန် ဗိသုကာများတွင် တာဝန်ရှိကြောင်း အသိတရားများနှင့် .....Regional character, National character စသောလက်ရာဟန်များ အကြောင်း တွေးတောစရာ တပွေ့ တပိုက်နှင့် …..၁၈ ရာစုနှစ်သည် ကမ္ဘာမှာ ဗိသုကာပညာ အနိုင်ကျင့်ခံခဲ့ရသော အချိန်ဟူသော ဆရာ၏ စကားတခွန်းကို အထပ်ထပ် ကြားယောင်ရင်း ကမောက်ကမ တွေးနေကျ အတွေးတွေနဲ့ ……၊ မြန်မာမှာ လက်ရှိ သွားနေတဲ့ Architecture trend ဟာ Client-architecture ပါလို့  ပြောသွားတဲ့ သုံးသပ်ချက်တခုကို အပြန်ပြန် အလှန်လှန် စဉ်းစားရင်း…..လေးမ အိမ်ပြန်ခဲ့ပါသည်….။
ကြားဖြတ်သတင်း
စနေမနက်က အိမ်တွင် မနက် ၅နာရီက ၀ါဆိုသင်္ကန်းကပ်….ထို့ နောက် ဘုရားတက်…ပြီးနောက် Seminar တက်….ပြန်ရောက်တော့ Post တပုဒ်ဖတ်….Seminar ကပါလာသောအတွေးများ….Post မှပေးသော အတွေးများဖြင့် “လေးမ” ပလန်လက်သွားသောကြောင့် cbox မှာ နေမကောင်းဟု ရေးခဲ့ရခြင်းဖြစ်ပါသည်….။
တနင်္ဂနွေ
ကုမ္ပဏီတစ်ခု၏ Skin care နဲ့ color care ဆိုင်ရာ product အသစ်များ မိတ်ဆက်တဲ့ ပွဲတစ်ခုကို “လေးမ” စပ်စပ်စုစုရောက်ခဲ့ပြန်ပါတယ်…။ စိတ်ဝင်စားစရာ မေးခွန်းလေးတွေနဲ့  မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားပါတယ်….Skin care ပိုင်းကိုပြောတဲ့ အခါ…. “မွဲခြောက်ခြောက်မျက်နှာ…၀က်ခြံတင်းတိတ်ရှိတဲ့ မျက်နှာနဲ့  အသားအရေကြည်လင်တဲ့မျက်နှာ….ဘယ်လိုမျက်နှာကိုမြင်ချင်လဲ….” ဆိုတဲ့ မေးခွန်းတွေနဲ့ 

အတူ “ကိုယ့်ချစ်သူကို အခုဘဲဝယ်ပေးလိုက်ပါ ” လို့  တိုက်တွန်းရင်း မိတ်ဆက်သွားပါတယ်…။ ကောင်ကလေးတွေတော့ မျက်ခုံးလှုပ်စရာပါဘဲ….။ ကောင်မလေးတွေလဲ မချောင်ရှာပါဘူး….ယောက်ျားနဲ့  မိန်းမ အသားအရေချင်းလုံးဝမတူတဲ့ အတွက် ယောက်ျားလေးတွေက Facial Foam (for men) ကို သုံးရမယ့်အကြောင်း သိုင်းသိုင်းဝိုင်းဝိုင်း တင်ဆက်သွားပြန်ပါတယ်…..။ Color care ပိုင်းကတော့ အရောင်တွေခြယ်ပြတာပါ….။ မော်ဒယ်လေးတယောက်ကို ခြယ်ပြတာပါ….။ မခြယ်ခင်နဲ့  ခြယ်ပြီး တော်တော် ရုပ်ကွာသွားတာကိုတွေ့ ရပါတယ်…..။ လေးမ ကတော့ နုနုငယ်ငယ် မော်ဒယ်လေးကို ကြည့်ပြီး “ ငါတော်တော် အိုသွားပြီ ” လို့ တရားရခဲ့ပါတယ်…..။ Skin ကိုတော့ သေသေချာချာ ထိန်းသိမ်းရတော့မယ် ဆိုတဲ့ အတွေးနဲ့  Facial Foam (For men) တဗူး ၀ယ်ပြီး အိမ်ပြန်ခဲ့ပါတယ်….။ ။

4 comments:

Ko Boyz said...

အန်...လေးမက Facial Foam for men ကို ၀ယ်တယ်ဆိုတော့ လေးမက male or female ?? မန်းချယ်ရီမှာတော့ ကိုယ်တို့ ကျောင်းတက်လာတဲ့ တော်ကလှောက်တော့ ယောက်ျားလေး အဆောင်အဖြစ် ပြောင်းတာတော့ မတွေ့ရ...။ ပြောတတ်ဖူ... နောက်ပိုင်း ဂျူနီယာတန်းတွေမှာ ယောက်ျးလေး အဆောင်မလောက်ရင်တော့ ဖြစ်နိုင်လောက်တယ်...။

Layma said...

brother ရဲ့ blog link လေးပေးပါဦး...။ လေးမ က female...ပါ...။ for men ကတော့ for man ပေါ့...။ လေးမရဲ့ ဒုတိယ အသက်အတွက် ၀ယ်တာလေ..။

Ko Boyz said...

ပျင်းပျင်း ရှိတာနဲ့ ကြည့်ဖူးတဲ့ ရုပ်ရှင်လေးများ အကြောင်းတွေ တင်ထားတဲ့ ကချော်ျကချွတ် ဘလော့ဂ်တော့ ရှိပါ့...။ လေးမကြည့်ချင်သပဆိုတော့လဲ ရှက်ရှက်နဲ့ ပြရမှာပေါ့လေ...။
့http://heartstations.blogspot.com တဲ့လေ...။

ဂျာမုန်းဒန် said...

အလည်ရောက်ပါတယ်ရှင်။
စာလေးတွေဖတ်လို့ကောင်းတယ်။
ပြန်လာလည်မယ်နော်။
ဂျာမုန်းဒန်