Monday, July 09, 2007

ဆေးလိပ်သောက်သူများ မဖတ်ရ….





* Source :ကိုပြူး နှင့် မပြုံး (ကာတွန်းဝိဇ္ဇာ အလင်္ကာကျော်စွာ ဦးဘဂျမ်း)
----------------------------------------------------------------------
ဆေးလိပ်သောက်တယ်.......ကြိုက်လို့ သောက်တယ်.....ပျော်လို့ သောက်တယ်......
ညစ်လို့ သောက်တယ်......လေလို့ သောက်တယ်.......စိတ်လှုပ်ရှားလို့ သောက်တယ်........သောက်ချင်လို့ သောက်တယ်.....။
ဘာကြောင့်ဘဲသောက်သောက် မကောင်းတာတော့ အမှန်ဘဲ ( အရသာတော့ ရှိချင်လဲရှိမှာပေါ့ လေ).....။
ဆေးလိပ်သောက်ရင် ကျန်းမာရေးကို ထိခိုက်တယ် ဆိုတာတော့ လေးမ မပြောတော့ဘူး......။
ဆရာဝန်တွေဘဲ ပြောလိမ့်မယ်.........။ လေးမ ပြောချင်တာက ဆေးလိပ်သောက်ရင် သောက်တဲ့သူကိုယ်တိုင် နဲ့  သူ့ ပတ်ဝန်းကျင်ကိုထိခိုက်တယ်........သူနဲ့ ထိတွေ့ နေတဲ့ အသုံးအဆောင်တွေမှာ အနံ့ တွေ စွဲနေတတ်တယ်.......။ သူကိုယ်တိုင်မှာလဲ အနံ့  တွေစွဲနေတတ်တယ်.......ကိုယ့်ကိုယ်ကို သတိမထားမိပေမယ့် ကိုယ့်ဘေးကလူတွေက ဒီအနံ့ ကို အသက်ရှူ လမ်းကြောင်းထဲ ရှူသွင်းနေရတယ်......။ အားနာပေးလိုက်ပါ........။ ကိုယ့်အတွက်ကိုယ် မစဉ်းစားရင်တောင် ( မရှိသေးတဲ့...ရှိပြီးတဲ့ ) ရင်သွေးငယ် အတွက် စဉ်းစားပေးလိုက်ပါ.......ကိုယ်ဝန်ဆောင်ရမယ့် အမျိုးသမီးတွေမှာဘဲ ဒီတာဝန်ရှိတာ မဟုတ်ပါဘူး.........။ ဖခင်လုပ်မယ့် သူတွေမှာလဲ တာဝန်ရှိပါတယ်.......။ တခါက စီးကရက်သောက်လေ့ရှိတဲ့ ဖခင်ရဲ့ ချီပွေ့ ခြင်းခံရတဲ့.......နမ်းရှုံ့ ခြင်းခံရတဲ့ လသားကလေး ငယ်လေးတစ်ဦး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါနဲ့  အသက်ဆုံးခဲ့ဖူးပါသည်.........။ “လေးမ” ရဲ့ သူငယ်ချင်းတစ်ဦး ငယ်ငယ်က အဆုတ်တွင် ရောဂါရခဲ့ရာ သူမရဲ့အဖေက ယူကြုံးမရဖြစ်စွာဖြင့် ဆေးလိပ်သောက်ခြင်းကို အပြီးတိုင် စွန့် လွှတ် ခဲ့ရပါသည်........။ အဲဒီတော့ လေးမရဲ့ blog ကို လာလည်ကြတဲ့ ဦးဦး၊ ဒေါ်ဒေါ် ၊ ကိုကို ၊ မမ ၊ မောင်လေး ၊ ညီမလေး များနှင့် သူငယ်ချင်းများကို ခင်မင်တတ်သော လေးမ မှ ခင်မင်မိ ပါသောကြောင့် “ဆေးလိပ်သောက်ခြင်းသည် မိမိ ကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်ရှိ သက်ရှိ သက်မဲ့ များကို ထိခိုက်စေပါသည် ” လို့ သတိပေးချင်ပါတယ်.....။ ။
( ကာတွန်းလေးတင်ရင်း ကြုံတုန်း ချရာ လုပ်ကြည့်တာပါ )

5 comments:

Anonymous said...

ကိုပြူးတို့များဗျာ .. ညံ့ပါ့ ...
စစချင်း သောက်စရာ ရှားလို့ ဆေးပြင်းလိပ်မှ သွားသောက်ရတယ်လို့ ... မှောက်သွားရော ..
နည်းတောင်နည်းသေး ... ဟေး .. ဟေး .. စတာပါဗျာ ... ဆေးလိပ်သောက်တာ တကယ်လည်း
မကောင်းပါဘူး ... မလေး ရေးတာဖတ်ပြီး ဆေးလိပ်ဆန့်ကျင်ရေးကြော်ငြာတစ်ခုကို သွားသတိရတယ် ...
ကလေးလေးအခါလည်သားလောက်ကို သူ့အဖေက မန်းမန်းကျွေးတယ် ... အဲတော့
မန်းမန်းခပ်ထားတဲ့ဇွန်းကို ကလေးရဲ့နုတ်ခမ်းနားမှာ တေ့ပြီး မခွံခင် အပူသက်သာအောင် တဖူးဖူး မှုတ်ပေးတယ် ...
ပါးစပ်ထဲတောင် မခွံ့ရသေးဘူး .. ကလေးက ငိုရော ... တခါလည်း မရ နှစ်ခါလည်း မရနဲ့ ... ဘာလို့ပါလိမ့်ပေါ့ ...
ပြီးတော့မှ အဖြေပေါ်တယ် ... ဆေးလိပ်သောက်တဲ့ ဖအေရဲ့ အာငွေ့ကို ကလေးလေးက မခံနိုင်ရှာဘူးလေ ...
ကျနော်ရေးပြတာ မပေါ်ပါဘူးဗျာ .. ရမယ်ဆို အဲဒီကြော်ငြာလေး ပို့ပေးဦးမယ် ..
ကျနော်နဲ့ ဆေးလိပ်ကလည်း ငယ်ပေါင်းကြီးဖော်လိုပဲဗျ ..
ကျနော်ကပဲ ဆေးလိပ်ဖြတ်မလား ..
ဆေးလိပ်ကပဲ ကျနော့်ကို ဖြတ်မလား ...
ကြည့်ကြသေးတာပေါ့ ... ဟဲ ..ဟဲ ...
ကာတွန်း နဲ့ ချရာလုပ်တာ အတွက် ကျေးဂျူးဗျို့ ...

naing said...

ဟုတ်ကဲ့ ပါ ချာမ ။ တီချယ် ဆုံးမပါ ခင်ဗျာ ။

Layma said...

jerry….ဟုတ်လား… u ကဆေးလိပ်သောက်တတ်လား…..ဒါဆို လေးမကို စိတ်ဆိုးမှာဘဲ….sorry..sorry
naing…..လိမ်မာတယ်…..ကျေးဇူးပါ…

eithu said...

ဆရာဦးဘဂျမ်းရဲ့ ကာတွန်းလေးမျှဝေတဲ့ အတွက်ကျေးဇူး ..

ဆေးလိပ်သောက်တာနဲ့ ပတ်သတ်လို့
အိတို့ အသိဦးလေးတစ်ယောက်က တော့ ရီရတယ်..
သူ့သားဦးလေးမွေးယင် ဆေးလိပ်ဖြတ်မယ်တဲ့ သူ့မိန်းမကို ကတိပေးထားတာ..ကလေးရတော့ ဖြတ်ပါတယ်.. ဒါပေမယ့်
ကလေး ၃လ သားအထိပဲ ခံတယ်သိလား ..ပြန်သောက်တာ ပဲ.. အဟား..

အိလည်း အရင်တုန်းက တော့ ဆေးလိပ်သောက်တာ ကို ခါးခါးတူးတူးဆန့်ကျင်ဖူးတယ် ..
နောက်တော့လည်း နားလည်ပေးလို့ရသွားပါတယ် .. သူငယ်ချင်းတစ်ယောက်နဲ့ ဆွေးနွေးပြီး သူပြောတာကို လက်ခံသွားလို့..
အိလည်း ဆေးလိပ်သောက်တာ မကြိုက်ဘူး ..မသောက်ယင်တော့ အကောင်းဆုံးပေါ့နော် ..ဒါပေမယ့် မဖြတ်နိုင်တဲ့သူတွေကိုလည်း အပြစ်မမြင်တော့ဘူး..
အဲဒီလို.. ^.^

----
လေးမရဲ့ ပိုစ့် အဟောင်းတွေကို comment ရေးတာ စိတ်မရှိနဲ့နော်.
ခုမှဖတ်မိလို့ =D

Layma said...

အဟောင်းလေးတွေပြန်ဖတ်သွားတာကို … မှတ်ချက်ရေးသွားတာကို…. လေးမ ကကျေးဇူးအထူးတင်ပါတယ်…